3.6.16

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးအတွက် ပံ့ပိုးမှုမဟာဗျူဟာ အဖြစ် အီးယူ-မြန်မာဆက်ဆံရေး မြှင့်တင်မည်

ပြုပြင်ပြောင်းလဲရေးလမ်းစဉ်ကို လျှောက်လှမ်းနေသော
မြန်မာနိုင်ငံနှင့် အီးယူအကြား ပူးပေါင်းဆောင်ရွက်မှုတွင်
ပိုမိုကောင်းမွန်သော အနာဂတ်ကို မျှော်မှန်းသောအားဖြင့်
နိုင်ငံခြားရေးနှင့် လုံခြုံ ရေးမူဝါဒဆိုင်ရာ အထူးကိုယ်စား
လှယ်နှင့် ဥရောပကော်မရှင်တို့က ပူးတွဲကြေညာချက်
တစ်ရပ်ကို ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း
European Commission ၏ ဝက်ဘ်ဆိုက်တွင်
ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် အချိုးအကွေ့တစ်ခု၌
ရောက်ရှိနေသည့်အလျောက် အစိုးရသစ်ကလည်း ဒီမိုကရေစီလမ်းကြောင်းမှတစ်ဆင့် ပြည်သူများအတွက်
ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးရန်
ဆန္ဒရှိသည်ကို တွေ့ရှိရကြောင်း၊ သို့ဖြစ်၍ အီးယူအနေဖြင့်
မြန်မာနိုင်ငံတွင် ဒီမိုကရေစီထွန်းကားရေး၊ ပိုမိုကောင်းမွန်
သော အုပ်ချုပ်ရေးစနစ်ဖြစ်ထွန်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့်
ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် လူ့အခွင့်အရေးများ
ရရှိရေး၊ ဆင်းရဲနွမ်းပါးမှုကို ဖြေရှင်း ရေး၊ ကုန်သွယ်မှုမြှင့်တင်
ရေးတို့ကို အဓိကထားလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း
အီးယူ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အထူး
ကိုယ်စားလှယ်နှင့် ဥရောပကော်မရှင် ဒုတိယဥက္ကဌ ဖက်ဒရီကာ မော်ဂါရီနီက ပြောကြားခဲ့သည်။
ဒီမိုကရေစီခိုင်မာတောင့်တင်းရေး၊ ငြိမ်းချမ်းရေးအဓွန့်ရှည်
ခိုင်မြဲရေး၊ သာတူညီမျှ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေး
နိုင်ရေးနှင့် လူမှုရေးအရ မျှတမှုများကို ရရှိအောင် အစိုးရ၏
အလေးထားဆောင်ရွက် ချက်များနှင့် ပြည်သူတို့၏ ဆန္ဒများနှင့်
လျော်ညီစွာ ဆောင်ရွက်သွားနိုင်ရေးကို မျှော်မှန်းကာ ယခု
ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Credit To >>> The Myanmar Times

0 comments:

Post a Comment