ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

29.5.15

လှေစီးဒုက္ခသည်များ၏ ဇစ်မြစ်သည် မြန်မာနိုင်ငံဖြစ်ကြောင်း ကုလ စွပ်စွဲ

အရှေ့တောင်အာရှ လှေစီးဒုက္ခသည်များ ပြဿနာ၏ ဇစ်မြစ်သည် မြန်မာနိုင်ငံဖြစ်ကြောင်း ကုလသမဂ္ဂ စွပ်စွဲပြောကြားချက်ကို မြန်မာဘက်မှ ငြင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

ငပလီကမ်းခြေကို ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်လာစေရန် ဘန်ကောက်မှ ငပလီသို့ တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲရန်စီစဉ်

မြန်မာနိုင်ငံ၏ အလှပဆုံးကမ်းခြေ တစ်ခုဖြစ်သည့် ငပလီကမ်းခြေကို ခရီးသွားလာမှု လမ်းညွှန်တစ်ခုဖြစ်သည့် Trip Advison ၀က်ဘ်ဆိုက်မှ ကမ္ဘာ့အကောင်းဆုံးကမ်းခြေ ၂၅ ခုစာရင်းတွင် ဖော်ပြခြင်းခံရသဖြင့် ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်လာစေရန် ဘန်ကောက်မှ ငပလီသို့ တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း MTF မှသိရသည်။

“ငပလီကမ်းခြေက ကမ္ဘာ့အကောင်းဆုံးကမ်းခြေ ၂၅ ခုထဲမှာ တစ်ခုအပါအ၀င်ပါ။ အဓိက,က ထိုင်းခရီးသွားတွေနဲ့ ထိုင်းနိုင်ငံကိုလာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေပါ ၀င်ရောက်နိုင်ဖို့အတွက် ရည်ရွယ်ပြီး လုပ်ဆောင်တာပါ။ ဒီလေကြောင်းလိုင်း တိုက်ရိုက်ပြေးဆွဲဖို့က ဒီနှစ်ကုန်လောက်မှာ ဖြစ်နိုင်ပါတယ်။ ပြီးတော့ ငပလီကမ်းခြေမှာ ခရီးသွားလုပ်ငန်းတွေလည်း အများကြီးတိုးတက် လာနိုင်ပါတယ်” ဟု MTF မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထို့ပြင် ငပလီကမ်းခြေသည် ကမ်းခြေတစ်လျှောက်ရှိ သုံးကီလိုမီတာခန့်တွင် ခရုခွံများ၊ ကျောက်တုံးများနှင့် ပျံကျဈေးသည်များမရှိဘဲ တိတ်ဆိတ်ငြိမ်သက်သည့် ကမ်းခြေဖြစ်ခြင်းကြောင့် ယခုစာရင်းတွင် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

28.5.15

နိုင်ငံရေးဆွေးနွေးပွဲအတွက် ပြင်ဆင် ဖို့ NCCT ဆွေးနွေးဆုံးဖြတ်

ethnic-armed-laywah-305.jpg
ကရင်ပြည်နယ် လောခီးလာမှာကျင်းပမယ့် တိုင်းရင်း သား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင် အစည်းအဝေးမှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးရင်၊ ဆက်လက် ဖြတ်ကျော် ရမယ့် နိုင်ငံရေးဆွေးနွေးပွဲ အခက်အခဲတွေအပါအဝင်၊ စည်းစနစ်ကျဖို့ မူဘောင်ရေးဆွဲ တင်ပြသွားမယ်လို့ NCCT ခေါင်းဆောင်တွေ ဆွေးနွေးဆုံးဖြတ်ခဲ့ပါတယ်။

သူရဦးရွှေမန်း ရွေးကောက်ပွဲဝင်ရန် သေချာသော်လည်း သမ္မတဦးသိန်းစိန် ပြန်အရွေးခံရန်မှာ မသေချာသေးဟုဆို


ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရ ဦးရွှေမန်း ၂ဝ၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် သေချာနေ သော်လည်း နိုင်ငံတော်သမ္မတဦးသိန်း စိန် ရွေးကောက်ပွဲဝင်ရန် မသေချာ ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှု ဆောင်တစ်ဦးက ရန်ကုန်တိုင်းမ်ဂျာ နယ်သို့ ပြောသည်။

27.5.15

ကုန်ဈေးနှုန်းကို ထိန်းချုပ်ရန် ပြည်သူများ သပိတ်မှောက်သင့်ဟု ဘဏ္ဍာရေး ဒုဝန်ကြီးပြော

 
လစာတိုးမြှင့်တိုင်း ကုန်ဈေးနှုန်းများ မြင့်တက်နေ ခြင်းကို ထိန်းချုပ်နိုင်ရန် ပြည်သူ များက ဈေးကြီးကုန်ပစ္စည်းများ ၀ယ်ယူခြင်းမပြုဘဲ သပိတ်မှောက် ပူးပေါင်းပါဝင် ဆောင်ရွက်သင့် ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ မောင်မောင် သိမ်းက ပြောသည်။

တရုတ်တွင်အပ်နှံထားသည်ဆိုသော ဦးဖုန်ကြားရှင်ငွေများကိစ္စမှန်းဆ ချက်သာဖြစ်သဖြင့် နှစ်နိုင်ငံဆက်ဆံရေးပိုင်းအရ တရားဝင်ပြော ဆိုတားဆီးပေးရန်နှင့် ကိုယ်တိုင်သွားစစ်ရန်မဖြစ်နိုင်ကြောင်း USDP ဒုဥက္ကဋ္ဌဆို

 
တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွား နေသည့် ကိုးကန့်၊ လောက်ကိုင်ဒေသ အတွင်း ဖုန်ကြားရှင်ဦးဆောင်သော သောင်းကျန်းသူများအား များစွာ အထောက်အပံ့ပေးနေသည်ဟု ပြင်ပတွင် မှန်းဆချက်များ ထွက်ပေါ်နေသည့် ဦးဖုန် ကြားရှင်ငွေများ တရုတ်တွင်အပ်နှံထား သည်ဟူသောကိစ်္စမှာ ခိုင်မာတိကျသော သတင်းအရင်းမြစ်မှ ထွက်ပေါ်လာသည် မဟုတ်ဘဲ မှန်းဆချက်များသာဖြစ်နေ သဖြင့် တရုတ်နှင့်မြန်မာ နှစ်နိုင်ငံကြား ဆက်ဆံရေးပိုင်းတွင် တရားဝင်အားဖြင့် ထိုငွေများအား တားဆီးပေးရန် တောင်း ဆိုမှုမှာ လုံးဝမဖြစ်နိုင်ကြောင်း အာဏာရ တရုတ်ကွန်မြူနစ်ပါတီနှင့် အထူးဆက်ဆံ ရေးကောင်းမွန်သည့် ပြည်ခိုင်ဖြိုး(USDP) ပါတီ ဒုတိယဥက္ကဋ္ဌ(၁) ဦးဌေးဦးက တရားဝင်ပြောကြားလိုက်သည်။

26.5.15

“စစ်တပ် သိမ်းထားတဲ့မြေများ ပြန်ပေးပါ။ အကျိုးတူ ဖက်စပ်တူမြေပြန်ပေးပါ”

http://burma.irrawaddy.org/wp-content/uploads/2015/05/Aung-Myint.jpg
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ ကွန်လုံကျေးရွာအုပ်စု ရေပူရွာရှိ ကျေးရွာသူ ကျေးရွာသားများ၏ လယ်ယာမြေဧကပေါင်း မြောက်မြားစွာကို ၂၀၀၄ ခုနှစ်တွင် မတရားသိမ်းယူခဲ့သည်။ မြေသိမ်းယူ ပြီး နောက် လယ်ယာ မြေများကို စစ်တပ်နှင့်နီးစပ်သော စီးပွားရေးကုမ္ပဏီများထံသို့ အငှားချခဲ့သည့်အပြင် မြေယာတချို့ကို အပြီး အပြတ် ရောင်းစား ခဲ့ကြသည်။

အွန်လိုင်းပေါ်တွင် MPU ကတ်မှ တစ်ဆင့် ဖုန်းငွေဖြည့်ခြင်း ပထမဦးဆုံး ဆောင်ရွက်နိုင်


Myanmar Payment Union (MPU) ကတ်မှတစ်ဆင့် ဖုန်းငွေဖြည့်ခြင်းကို အွန်လိုင်းပေါ်တွင် စတင် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း Soft-Gate Technology Co.,Ltd မှ သိရသည်။

https://mpu.topup.com.mm မှတစ်ဆင့် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး MPT GSM,CDMA 800, CDMA 450, MECTel, Telenor, Ooredoo စသည့် ဖုန်းအော်ပရေ တာများမှ ဖုန်းအမျိုးအစားများ အားလုံး အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အသုံးပြုနိုင်ရန်အတွက် မိမိတို့၏ MPU ကတ်များအား သက်ဆိုင်ရာဘဏ်များသို့ E-Commerce အသုံးပြုခွင့် ဖောင်ဖြည့်သွင်းထားရန် လိုအပ်ကြောင်း သိရသည်။

22.5.15

ရေကူးအသံလွှင့်ရုံတင်ဒါ ဆိုင်းငံ့ရန် အရေးကြီးအဆိုတင်

 ဧက ၉၀ ရှိ ရေကူးအသံလွှင့်စက်ရုံကို ပုဂ္ဂလိက အားလွှဲပြောင်းပေးမည့် ကိစ္စကို  ပြန်လည်သုံးသပ်ပြီး စီမံကိန်းဆောင်ရွက်ရန်သင့်မသင့်ဆုံးဖြတ်နိုင်ရန်အတွက်  ခေတ္တဆိုင်းငံ့ထားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းသည့် အရေးကြီးအဆိုကို မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းက ယနေ့မေလ ၂၂ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလိုက်သည်။

လှေစီးဒုက္ခသည် ဘင်္ဂါလီများကို လက်ခံသွားရန် အသင့်ရှိကြောင်း ဂမ်ဘီယာအစိုးရ ကြေညာ

 အရှေ့တောင်အာရှ နိုင်ငံအချို့အတွက် ပြဿနာတစ်ရပ် ဖြစ်လာသည့် ဘဂါင်္လီ လှေစီးဒုက္ခသည်များကို လက်ခံသွားရန် အသင့်ရှိကြောင်း ဂမ်ဘီယာ နိုင်ငံက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

လှေစီးဒုက္ခသည်အားလုံး မြန်မာနိုင်ငံမှ ဖြစ်ကြောင်းပြောကြားချက်ကို လက်မခံနိုင်ဟု သမ္မတဦးသိန်းစိန် တုံ့ပြန်ပြောကြား

ပင်လယ်ပြင်အတွင်း လှေစီးဒုက္ခသည်များ မြန်မာ့ရေ ပိုင်နက်တွင် တွေ့ရှိပါက စောင့် ရှောက်စိစစ်မှုများပြုလုပ်မည်ဖြစ် သော်လည်း ယင်းလှေစီးဒုက္ခ သည်အားလုံး မြန်မာနိုင်ငံမှဖြစ် ကြောင်း ပြောကြားချက်ကို လက် မခံနိုင်ကြောင်း သမ္မတဦးသိန်းစိန် က အမေရိကန် ဒုနိုင်ငံခြားရေး ၀န်ကြီးအား ပြောကြားလိုက် သည်။

လှေစီးသွားလာသူ အများစု မြန်မာမှ မဟုတ်ဟု ဒုတိယသမ္မတပြော

 ကပ္ပလီပင်လယ်နှင့် မလက္ကာရေလက်ကြားတို့တွင် ရောက်ရှိနေသည့် လှေစီးသွားလာသူများတွင် မြန်မာနိုင်ငံမှ အနည်းငယ် ပါဝင်နိုင်သော်လည်း အများစုမှာ မြန်မာနိုင်ငံမှ မဟုတ်သည်ကို ပြတ်ပြတ်သားသား ပြောကြားလိုသည်ဟု နိုင်ငံတော်ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ပြောကြားသည်။

21.5.15

"အကြွေးဝယ်ကတ်တွေ ပြန်သုံးရဦးမည်"

ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ၁၀ စုနှစ်တစ်ခုကျော် အချိန်အတွင်း အကြွေးဝယ်ကတ်စနစ်ကို
ကမ္ဘောဇဘဏ်မှ ပထမဆုံးအကြိမ် ပြန်လည်စတင်မည်ဖြစ်သည်။

20.5.15

ဖွဲ့စည်းပုံပြင်မရအောင် တင်ခဲ့ခြင်း မဟုတ်ဟု ဦးရွှေမန်းဆို


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်တဲ့ ဥပဒေပြဋ္ဌာန်းဖို့ အဆိုတင်သွင်းခဲ့တာဟာ ဖွဲ့စည်းပုံပြင်မရအောင် တင်ခဲ့တာမဟုတ်ဘူးလို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ပြီးခဲ့တဲ့မိနစ်ပိုင်းအတွင်းမှာ ရေးသားဖော်ပြလိုက်ပါတယ်။

ကချင်ပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ရွေးကောက်ပွဲကျင်းပပေးရန် ဒေါက်တာတူးဂျာတောင်းဆို

 
လာမည့် ၂၀၁၅အထွေ ထွေရွေးကောက်ပွဲတွင်  ကချင် ပြည်နယ်ရှိ မဲဆန္ဒနယ်များအားလုံး ၌  ကျင်းပပေးရန်  ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဋ္ဌ  ဒေါက်တာတူးဂျာက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့  တင်ပြလိုက်ကြောင်းသတင်းရရှိသည်။

NCA လက်မှတ်ထိုးရန် အစိုးရ အသင့်ရှိကြောင်း သမ္မတ ဦးသိန်းစိန် ပြော

တိုင်းရင်းသား ခေါင်းဆောင်များ ဘက်မှ အဆင်သင့်ဖြစ်သည်နှင့်တပြိုင်နက် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို အပြီးသတ် လက်မှတ်ရေးထိုးရန် အစိုးရက အဆင်သင့်ရှိကြောင်း သမ္မတ ဦးသိန်းစိန်က မေလ ၁၈ ရက်က နိုင်ငံရေးပါတီ များနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲ FPTP ရွေးကောက်သည့် စနစ်ကိုသာ ကျင်သုံးမည် ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဠ အတည်ပြု ပြောကြား

၂၀၁၅ ရွေးကောက်ပွဲ FPTP ရွေးကောက်သည့်စနစ်ကိုသာ ကျင်သုံးသွား မည် ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဠ ဦးတင်အေး ကပြောသည်။

19.5.15

အစိုးရသစ်အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်နိုင်ငံ မတည်ဆောက်နိုင်ပါက ဆန္ဒပြမည်ဟု ဦးစိုးသိန်းပြော

 လာမည့်ရွေးကောက်ပွဲ တွင် အနိုင်ရမည့်အစိုးရသည် ဒီမိုကရေစီနိုင်ငံနှင့် ဖက်ဒရယ် နိုင်ငံကို တည်ဆောက်ရမည့် တာဝန်ရှိပြီး ယင်းသို့ မလုပ် ဆောင်ပါက ၎င်းကိုယ်တိုင် ဆန္ဒပြ မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

ရွှေ့ပြောင်းအခြေချလှေပေါ်တွင် အစားအစာလုရင်း သတ်ဖြတ်မှုများဖြစ်ပွားကာ လူ ၁၀၀ နီးပါးသေဆုံး


ပင်လယ်ကိုဖြတ်၍ နိုင်ငံရွှေ့ပြောင်းအခြေချမည့် လှေပေါ်တွင် လိုက်ပါ လာသော လူများ လက်ကျန်အစားအစာကို အချင်းချင်း လုယက်မှုကြရာမှ သတ်ဖြတ်မှု များဖြစ်ပွားကာ လူ ၁၀၀ နီးပါးသေဆုံး ကြောင်း အင်ဒိုနီးရှား ကမ်းလွန်တွင် နစ်မြုပ်မည့်ဘေးမှ ကယ်ဆယ်ခဲ့ရသည့် ရွှေ့ပြောင်းလှေတွင် ပါရှိသူများ ကပြောကြ သည်။

18.5.15

ကျောင်းကြိုပို့လိုက်ထရပ်ယာဉ်များကို မီနီဘတ်စ်များဖြင့် အစားထိုးရန် အသင့်မဖြစ်သေး

ကျောင်းကြိုပို့ယာဉ်များ ကို မီနီဘတ်စ်ယာဉ်များဖြင့် အ စားထိုးရန် စီစဉ်ထားသော်လည်း အသင့်မဖြစ်သေး၍ လိုက်ထရပ်ယာဉ်များကိုဆက်လက်သုံးစွဲခွင့် ပြုမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

IS ထိပ်တန်းတပ်မှူးကြီး တယောက်ကို အမေရိကန်သုတ်သင်


ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းမှာ အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေက IS စစ်သွေးကြွအဖွဲ့ ထိပ်တန်းခေါင်းဆောင်တဦးကို သုတ်သင်နိုင်ခဲ့ပြီး သူ့ဇနီးကို ဖမ်းဆီးခဲ့တယ်လို့ သမ္မတအိမ်ဖြူတော်နဲ့ ပန်တဂွန်စစ်ဌာနချုပ်က ဒီကနေ့မှာ ပြောပါတယ်။

ပြည်တွင်းငြိမ်းချမ်းအောင် ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့လို


အမှန်တကယ် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ လိုလားတယ်ဆိုရင် အစိုးရအနေနဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဆွေးနွေး အဖြေရှာဖို့လိုတယ်လို့ တိုင်းရင်းသားခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာက တိုက်တွန်းပြောဆိုလိုက် ပါတယ်။

15.5.15

အခုနှစ်ရွေးကောက်ပွဲမှာ လေဆာ တံဆိပ်တုံးတွေ အသုံးပြုမည်


လာမယ့်၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ မဲသမာမှုတွေကို ကာကွယ်တားဆီးဖို့အတွက် လေဆာ တံဆိပ်တုံးတွေ ရိုက်နှိပ်ပြီး မဲပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

Power Bank တစ်လုံးကို ရွေးချယ် ဝယ်ယူမယ့်သူတွေ သိထားသင့်တဲ့ အချက် (၇) ချက်


ယနေ့ခေတ်၌့ မိုဘိုင်းဖုန်း သုံးစွဲသူတွေ အတော်လေး များပြားလာပါပြီ ဖုန်းတစ်လုံး၏ သုံးစွဲနိုင်သည့် သက်တမ်းမှာ ဖုန်းအရည်အသွေးနှင့် ထုတ်လုပ်သူပေါ်လိုက်၍ ကွာခြားလေ့ ရှိပါသည်။ ဖုန်းသုံးစွဲသူ အများစုမှာ ခရီးသွားလျှင် ဖုန်းအားထပ်မံ ဖြည့်သွင်းနိုင်ရန်အတွက် အလုပ်ရှုပ်မခံ လိုကြသောကြောင့် အလွယ်တကူ အားဖြည့်သွင်းနိုင်သော Power Bank များကိုသုံးစွဲ လာကြသည်။ Power Bank များ၏ လျှပ်စစ်အား သိုလှောင်မှုနှင့် ရေရှည်သုံးစွဲနိုင်မှုမှာ အမှတ်တံဆိပ်ပေါ် မူတည်၍ ကွာခြားသည်။ Power Bank ဝယ်ယူလိုသူများ အနေဖြင့် မိမိစိတ်ကြိုက် ရွေးချယ်ဝယ်ယူ နိုင်ရန်နှင့် သုံးစွဲစဉ် သိထားသင့်သော အချက်များကို စုပေါင်း၍ဖော်ပြ ပေးလိုက်ပါသည်။

"၂ဝ၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေးစင် အသင်း တရုတ်နှင့် ထိုင်းသို့ သွားရောက် ခြေစမ်းမည်"

၂ဝ၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေးစင် အသင်း အနေဖြင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ သွား ရောက်၍ လေ့ကျင့် ခြေစမ်းပွဲများ ကစား သွားမည်ဖြစ်ကြောင်း သိရသည်။

အရန်မီးသတ်များကို အထူးရဲတပ်ဖွဲ့ ခန့်အပ်ရန် ပြင်ဆင်

 ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား မလုံလောက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်းစုံမှ အရန်မီးသတ်ဝင်များကို အထူးရဲတပ်ဖွဲ့ အဖြစ် သုံးလ တာဝန်ထမ်းဆောင်ရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းဗိုလ်က ပြောကြားသည်။

14.5.15

မြန်မာ့ပတ္တမြားကို ကမ္ဘာ့စံချိန်တင်ဈေး အမေရိကန်ဒေါ်လာသန်း ၃ဝ ဖြင့် ဂျီနီဗာတွင် လေလံတင်ရောင်းချခဲ့


၂၅ ဒသမ ၅၉ ကာရက်ရှိ ခို သွေး ပတ္တမြားကို ဂျီနီဗာတွင် မေ ၁၂ ရက်၌ လေလံတင်ရောင်းချရာ အမေရိကန်ဒေါ်လာ ၃ဝ ဒသမ ၃၃ သန်းရရှိရာ ¤င်းမှာ ကမ္ဘာတွင် စံချိန်တင် ဈေးရရှိခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရှားပါးသော ပန်းရောင်စိန် သည်လည်း အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၉ သန်းရကြောင်း၊ ထို စိန်မှာ တစ်ခါက နပိုလီယန်၏တူ ပိုင်သည်ဆိုကြောငှ်းသအ့နဘပဒျ လေလံပစ်လုပ်ငန်းကဆိုသည်။

ကမ္ဘာ့ဘဏ်မှ ကန်ဒေါ်လာသန်းလေးရာချေးရန် ပြည်ထောင်စုလွှတ်တော်အတည်ပြု

  နှစ်ပေါင်း ၂၅ နှစ် အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဘဏ်အကူအညီဖြင့်စတင် မည့်  လူထုအခြေပြုစီမံကိန်း ဆောင်ရွက်ရန်  အမေရိကန် ဒေါ်လာသန်းလေးရာချေးယူခွင့် ရရန်  သမ္မတ၏တင်ပြလာမှုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ကြောင်းသတင်း ရရှိသည်။

 ကမ္ဘာ့ဘဏ်မှချေးယူမည့် အမေရိကန်ဒေါ်လာသန်းလေးရာ သည်  အတိုးမဲ့ချေးငွေဖြစ်ကာ ဆိုင်းငံ့ကာလ  ခြောက်နှစ်နှင့်ပြန်ဆပ်ကာလ  ၃၂  နှစ်ဖြစ်ပြီး ထောက်ခံမဲ ၄၉၂ မဲ၊ ကန့်ကွက်မဲ ၅ မဲ၊ ကြားနေမဲ ၁၂ မဲ ရှိသော ကြောင့် ထောက်ခံသူများသဖြင့် ငွေချေးယူခွင့်ကို ပြည်ထောင်စုလွှတ်တော်က သဘောတူညီခဲ့သည်။

13.5.15

တစ်လလျှင် မြွေဆိပ်ဖြေဆေး အလုံးတစ်သိန်း ထုတ်လုပ်နိုင်သည့် ဆေးဝါးစက်ရုံ သြဂုတ်လတွင် ဖွင့်လှစ်မည်

မြွေကိုက်ခံရသူများကို ဆေးဝါးမရှိသဖြင့် အသက်ဆုံးရှုံးမှု မရှိစေရန် ရည်ရွယ်၍တစ်လလျှင် မြွေဆိပ်ဖြေဆေး အလုံးတစ်သိန်း ထုတ်လုပ်နိုင်သည့် မြွေဆိပ်ဖြေဆေး စက်ရုံကို အင်းစိန်မြို့နယ်၌ သြဂုတ်လတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း စက်မှုဝန်ကြီး ဌာနမှ သိရသည်။

နီပေါငလျင်ကြောင့် ၅၀ ကျော် သေဆုံး


 
နီပေါနိုင်ငံအတွင်း မေ ၁၂ ရက်နေ့က ပြင်းအား ၇.၅ နဲ့ ၆.၂ ရှိတဲ့ အင်အားပြင်းငလျင်ကြီး ၂ ခု လှုပ်ခတ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ ပတ်က အင်အား ရစ်ချတ်တာစကေးလ် ၈.၁ ရှိတဲ့ ငလျင်လှုပ်အပြီး ရှင်သန် ကျန်ရစ်သူ တွေဟာ ယာယီ တဲတွေထဲမှာပဲ ရှိနေဆဲပါ။

၂၀၁၅ တွင် အနားယူမည့် ပင်စင်စား ဗိုလ်ချုပ်ကြီးများ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ ဝင်ပြိုင်ဦးမည်

U-Htay-Oo၂၀၁၅ ခုနှစ်အကုန်တွင် တပ်မတော်မှ ပင်စင်ယူမည့် ဒုတိယ ဗိုလ်ချုပ်ကြီးများနှင့် ဗိုလ်ချုပ်အချို့တို့သည်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များအဖြစ်  ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ် ပြိုင်နိုင်ဖွယ် ရှိသည်ဟု ပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးက ပြောသည်။

မြောက်ကိုရီးယား စစ်ဦးစီးချုပ် ကွပ်မျက်ခံရဟု တောင်ကိုရီးယား ပြော

မြောက်ကိုရီးယား စစ်ဦးစီးချုပ် ရွှန်ဟုန်ချူကို အမိန့်မနာခံမှုနှင့် သစ္စာဖောက်မှုများဖြင့် ပြုံယမ်းရှိ စစ်သင်တန်းကျောင်းတခုတွင် ကင်ဂျုံအွန်းက ကွပ်မျက်ခဲ့သည်ဟု တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးအဖွဲ့က ပြောကြောင်း Yonhap သတင်းဌာနက သတင်းရေးသားထားသည်။

12.5.15

မန်မာ ကျပ်ငွေ ဈေး နှုန်း ကျ ဆင်း ခြင်း နှင့်ပတ်သက်၍ ဗဟိုဘဏ်က စတင်အရေးယူ ဆောင်ရွက်ရန် စီစဉ် ….


 မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် မြန်မာကျပ်ငွေ ဈေးနှုန်း ကျဆင်းခြင်းအား အရေးယူ ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရန်ကုန် ဘဏ်ခွဲ၌ ယနေ့ နေ့လယ်ပိုင်းတွင် ကျင်းပရာ မြန် မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူများ၊ နိုင်ငံခြားသုံးငွေ ရောင်းဝယ် ကောင်တာ ဖွင့်ခွင့် လိုင်စင်ရ ပုဂ္ဂလိက ဘဏ်များမှ တာဝန်ရှိသူများ၊ ဘဏ်မဟုတ်သော ပုဂ္ဂလိက အဖွဲ့အစည်းများ ၏ ငွေလဲလှယ် ကောင်တာများမှ တာဝန်ရှိသူများ တက်ရောက်သည်။

ကျိုင်းလပ်မြို့ပြဖွံ့ဖြိုးရေးစီမံချက် အမြန်ရေးဆွဲအကောင်အထည်ဖော်ရန် သမ္မတညွှန်ကြား

 
 မြန်မာ-လာအိုချစ် ကြည်ရေးတံတားအနီးရှိ ကျိုင်း လပ်မြို့ကို မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အမြန်ဆုံး ရေးဆွဲအကောင်အထည်ဖော်ရန် မေလ ၁၁ ရက်တွင် ပြုလုပ်သည့် ကျိုင်းလပ်ဒေသဖွံ့ဖြိုးရေးအစည်းအဝေး၌ နိုင်ငံတော်သမ္မတက ညွှန်ကြားခဲ့ကြောင်း သတင်းရရှိသည်။

ဆရာကြီးဦးသန်းဦးအား ဟာဝိုင်အီတက္ကသိုလ်က လူမှုအကျိုးပြုဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ပေးအပ်

မြန်မာ့ပညာရေးလော ကတွင် ထင်ရှားသည့် အသက် (၈၈)နှစ်အရွယ် ဆရာကြီး ဦးသန်း ဦးသည် အမေရိကန်နိုင်ငံ ဟာဝိုင် အီတက္ကသိုလ်က ပေးအပ်သော လူမှုအကျိုးပြုဂုဏ်ထူးဆောင်စာ ပေပါရဂူဘွဲ့ကို မေလ ၁၆ ရက် တွင် ကိုယ်တိုင်သွားရောက်လက် ခံရယူမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

6.5.15

မကြာမီပြန်စမည့် လွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းအပါအ၀င် အမျိုးသားပညာရေးနှင့် မျိုးစောင့်ဥပဒေကြမ်းများကို အဓိကဆွေးနွေးမည်

မကြာမီပြန်စမည့် (၁၂) ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းအပါအ၀င် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် မျိုးစောင့်ဥပဒေကြမ်းများကို အဓိကဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းက The Daily Eleven သတင်းစာကို ပြောကြားသည်။

5.5.15

လွှတ်တော်ပြန်လည်ကျင်းပမည့် မေ ၁၁ ရက်နောက်ပိုင်းမှသာ ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး ဖြစ်နိုင်မည်ဟု ဒေါက်တာအေးမောင် ပြောကြား


ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး လွှတ်တော်အစည်းအဝေးများ ပြန်လည်ကျင်းပမည့် မေ ၁၁ ရက် နောက်ပိုင်းမှသာ ဖြစ်နိုင်မည်ဟု တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ ကိုယ်စားပြုပါဝင်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောကြားသည်။

ဂါဇာတွင် လက်နက်ရှိရော လက်နက်မဲ့ရော တွေ့သမျှ ပစ်သတ်ရန် အစ္စရေး အမိန့်ပေးခဲ့

Gazans
(ဂါဇာ)။ ။ ဂါဇာကမ်းမြောက်တွင် အစ္စရေးတို့နောက်ဆုံး ကျုးကျော်ထားသည့် နေရာများတွင် တွေ့သမျှမည်သည့်ပုဂ္ဂိုလ်မဆို ပစ်သတ်မိန့် ထုတ်ထားကြောင်း အစ္စရေး စစ်သားများက သက်သေထွက်ဆိုထားသည်။

အပျက်အစီးများအောက် တစ်ပတ်ပိတ်မိခဲ့သည့် အသက် ၁၀၁ နှစ်ရှိ နီပေါအဘိုးအို သေကံမရောက်


ခတ္တမန္ဒူ၊ မေ ၄။    အိမ်အပျက်အစီးများအောက်တွင် သီတင်းပတ်တစ်ပတ်ကြာ ပိတ်မိခဲ့သော အသက် ၁၀၁ နှစ်အရွယ် အဘိုးအိုတစ်ဦးကို ရဲတပ်ဖွဲ့က အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရ အရာရှိ ကာမယ်ဆင်းဘမ်က CNN သတင်းဌာနကို ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် ကားတင်သွင်းမှု ၉၀ ရာခိုင်နှုန်း ကျဆင်းသွားဟု ၀န်ကြီးချုပ်ပြော


 ရန်ကုန်မြို့တွင် ယာဉ်ရပ်နားရန်နေရာရှိမှသာ ကားတင်သွင်းရန် သတ်မှတ်လိုက်ပြီးနောက် ယခင်က တစ်လလျှင် အစီးရေ ၁၅,၀၀၀ မှ ၂၀,၀၀၀ ကြား ၀င်ရောက်နေရာမှ ယခု ကားအစီးရေ ၁,၅၀၀ မှ ၂,၀၀၀ ကြားသာ ၀င်ရောက်လျက်ရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောသည်။

4.5.15

ငလျင်ဒဏ် ခံစားခဲ့ရသော နီပေါနိုင်ငံအတွက် tool တစ်ခုကို Google ဖန်တီး


Google သည် ငလျင်ဒဏ် ခံစားခဲ့ရသော နီပေါနိုင်ငံအတွက် လူရှာဖွေသည့် tool တစ်ခုဖန်တီး ပေးခဲ့ကြောင်း APAC ဘလော့က ဖော်ပြခဲ့သည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်လက်မှတ်နှင့် အောင်လက်မှတ်မိတ္တူ လျှောက်လွှာပုံစံများကို အွန်လိုင်းမှတစ်ဆင့်ယူကာ လျှောက်ထားနိုင်


တက္ကသိုလ်ဝင်တန်း/ အခြေခံပညာ အထက်တန်း စာမေးပွဲ အောင်လက်မှတ်နှင့် အောင်လက်မှတ် မိတ္တူများကို ထုတ်ယူရန်အတွက် လျှောက်လွှာ ပုံစံများကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနဝက်ဘ်ဆိုက် ဖြစ်သော www.moemyanmar.net မှတစ်ဆင့် ဒေါင်းလုပ်ပြုလုပ်ကာ ဖြည့်စွက်လျှောက်ထား နိုင်မည်ဖြစ်ကြောင်း သိရသည်။

‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်းမြို့နယ်ရှိ ယခင် ဗကပ ဗဟိုဌာနချုပ်နေရာအား ပြည်ပဧည့်သည်များ အပါအ၀င် ခရီးသွားများ လာရောက်ကြည့်ရှုနိုင်ရန် ပြင်ဆင်မွမ်းမံရန်ရှိ


‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်းမြို့နယ်ရှိ ယခင် ဗကပ ဗဟိုဌာနချုပ်နေရာအား ပြည်ပဧည့်သည်များ အပါအ၀င် ခရီးသွားများ လာရောက်လည်ပတ် ကြည့်ရှုနိုင်ရန် ပြင်ဆင်မွမ်းမံသွားရန် အစီအစဉ်ရှိကြောင်း ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။