18.5.15

ကျောင်းကြိုပို့လိုက်ထရပ်ယာဉ်များကို မီနီဘတ်စ်များဖြင့် အစားထိုးရန် အသင့်မဖြစ်သေး

ကျောင်းကြိုပို့ယာဉ်များ ကို မီနီဘတ်စ်ယာဉ်များဖြင့် အ စားထိုးရန် စီစဉ်ထားသော်လည်း အသင့်မဖြစ်သေး၍ လိုက်ထရပ်ယာဉ်များကိုဆက်လက်သုံးစွဲခွင့် ပြုမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

လိုက်ထရပ်ယာဉ်များကို လာမည့်ကျောင်းဖွင့်ရာသီတွင်အ သုံးပြုခွင့်မပေးတော့ဘဲ လုံခြုံမှုရှိ မည့် မီနီဘတ်စ်ကဲ့သို့သော ယာဉ် များဖြင့် အစားထိုးပြေးရန် စီစဉ် နေသော်လည်း ယခုအချိန်ထိ တိ ကျသည့်ဆုံးဖြတ်မှုမျိုး မချမှတ် နိုင်သေး၍ လိုအပ်ချက်အရ ဆက် လက် အသုံးပြုခွင့်ရနိုင်သည်ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင် ခင်က မေလ ၁၇ ရက်တွင် ပြော သည်။
‘‘မီနီဘတ်စ်အစားထိုးဖို့ အ ဆင်သင့်ဖြစ်သွားရင်တော့ လိုက် ထရပ်ကို ဆက်သုံးခွင့်မပေးပါ ဘူး။ ကျောင်းဖွင့်ရာသီအထိ အ စားထိုးဖို့ အဆင်သင့်မဖြစ်ရင် တော့ လိုအပ်ချက်အရ ဆက်သုံး ခွင့်ပေးရမှာပေါ့။ အခုအထိတော့ ညှိနှိုင်းမှုတွေလုပ်နေတုန်းပဲ။ အ ဆင်သင့်တော့ မဖြစ်သေးဘူး’’ ဟု ၎င်းကပြောကြားသည်။

ရန်ကုန်မြို့တွင် ကျောင်း ကားအဖြစ် အသုံးပြုနေသော လိုက်ထရပ်ယာဉ်အရေအတွက် ရာကျော်ရှိနေပြီး ယာဉ်ပိုင်ရှင်အ များစုမှာ မီနီဘတ်စ်ပြောင်းလဲအ သုံးပြုမှုအပေါ် လိုလားခြင်းမရှိဘဲ လက်ရှိယာဉ်များသာ ဆက်လက် အသုံးပြုလိုကြကြောင်း ယာဉ်ပိုင် ရှင်များထံမှ သိရသည်။

သို့သော် လိုက်ထရပ်ယာဉ် များမှာ လုံခြုံမှုအားနည်းသည်ဟု ဆိုကာ မီနီဘတ်စ်များဖြင့်ပြောင်း လဲအသုံးပြုရန် တိုင်းဒေသကြီးအ စိုးရက ယခုနှစ်ကျောင်းပိတ်ရာသီ မတိုင်မီကတည်းက စီစဉ်ခဲ့ပြီး ပြည်တွင်းကုမ္ပဏီတစ်ခုကလည်း အဆိုပါမီနီဘတ်စ်ကျောင်းကား များ ရောင်းချရန် ပြင်ဆင်မှု ပြု လုပ်ထားခဲ့သည်။ ယာဉ်ပိုင်ရှင် များအနေဖြင့် မီနီဘတ်စ်ကား ပြောင်းလဲအသုံးပြုပါက ကုန်ကျ စရိတ်ပိုမိုလာနိုင်ပြီး ကျောင်းသား မိဘများအနေဖြင့်လည်း ယခု ယာဉ်စီးခနှုန်းထက် ပိုကျသင့်နိုင် ၍ ပြန်လည်စဉ်းစားပေးရန်တောင်းဆိုမှုများ ပြုလုပ်ထားသည်။

‘‘လိုက်ထရပ်တောင်အကြွေး နဲ့ဝယ်ထားတာမကျေသေးဘူး။ မီ နီဘတ်စ် ထပ်ပြောင်းရမယ်ဆို တော့ အစ်ကိုတို့အတွက်က အ ဆင်မပြေဘူး။ မီနီဘတ်စ်ဆိုရင် အခုတောင်းနေတဲ့ယာဉ်စီးခအ တိုင်း ယူလို့မရတော့ဘူး။ အဲဒါဆို ရင် ကျောင်းသားများတဲ့မိဘတွေ ဒုက္ခရောက်မယ်။  ဒါကြောင့် ဒီအ ချိန်မှာ မပြောင်းစေချင်သေးဘူး’’ ဟု လသာမြို့နယ်မှ ကျောင်းကား မောင်းသည့် ယာဉ်ပိုင်ရှင်တစ်ဦး ကပြောသည်။
ပြောင်းလဲရန်အဆင်သင့်မ ဖြစ်ပါက လိုက်ထရပ်ယာဉ်များကို ဆက်လက်အသုံးပြုခွင့်ပေးမည် ဆိုသည့်အပေါ် ကြိုဆိုထောက်ခံ ကြောင်း ယာဉ်ပိုင်ရှင်များကဆို သည်။

ကျောင်းကားများကို မဖြစ် မနေပြောင်းလဲအသုံးပြုရမည်ဆို ပါက လက်ရှိလုပ်ကိုင်နေသူအ များစုမှာ ဆက်လက်လုပ်ကိုင်နိုင် ခြင်းမရှိ၍ အခြားလုပ်ငန်းသို့ ပြောင်းရွှေ့သွားကြရန် ရှိသည်ဟု လည်း ၎င်းတို့ကပြောသည်။

ရန်ကုန်မြို့တွင် တစ်ဦးချင်း ကျောင်းကြိုပို့အိမ်ကားများကြောင့် မြို့တွင်းလမ်းမတန်းရှိ ကျောင်း များ၌ကျောင်းတက်၊ကျောင်းဆင်း ချိန်များတွင် ယာဉ်ကြောကျပ် တည်းမှု ဖြစ်ပေါ်လေ့ရှိသည့်အ တွက် လာမည့်ကျောင်းဖွင့်ရာသီမှ စ၍ အိမ်စီးကားများကြောင့်ယာဉ် ကြောပိတ်ဆို့မှုမရှိစေရန် ကားပါ ကင်များစနစ်တကျထွက်ပေါ်လာ ရေး ကြိုတင်စီစဉ်ဆောင်ရွက်နေ သည်ဟု သတင်းရရှိသည်။
 Credit to>>>7Day Daily

0 comments:

Post a Comment