ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

31.8.15

လွှတ်တော်အမတ်များ၏ အီးမေးလ် ၅ဝဝကျော်အား ဖောက်ထွင်းရယူခဲ့သည့်အဖွဲ့အား ဇမ္ဗူသီရိရဲစခန်းတွင်အမှုဖွင့်

သူရဦးရွှေမန်းနှဇင်င့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ် တော်ကိုယ်စားလှယ်အယောက် ၅ဝဝ ကျော် ၏အီးမေးလ်အချက်အလက်များ ဖောက် ထွင်းသွားသည့် တရားခံများကိုဖော်ထုတ် ပေးရန် ပြည်သူ့လွှတ်တော်ကနေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရဲစခန်းတွင်အမှုဖွင့်ထား ကြောင်း သိရသည်။

ရွေးကောက်ပွဲဆိုသည်မှာ ကိုယ်စားလှယ်ရွေးခြင်းမဟုတ်၊ နိုင်ငံအုပ်ချုပ်မည့်အစိုးရကို ရွေးချယ်ခြင်းဖြစ်ဟုဆို


-ရွေး ကောက်ပွဲဆိုသည်မှာ ကိုယ်စားလှယ် ကို ရွေးချယ်ခြင်းမျိုးမဟုတ်ဘဲ နိုင်ငံ ကိုအုပ်ချုပ်မည့်အစိုးရကို ရွေးချယ် ခြင်း မျိုးဖြစ်၍ ကိုယ့်ဘဝမည်သို့ဖြစ် မည်ကို တိုင်းတာဆုံးဖြတ်ပေးခြင်းဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က နေပြည်တော်တွင်ပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၌ ပြောကြားလိုက်သည်။

ဥပဒေနှင့်မညီသော မဲဆွယ်စည်းရုံးမှုများ ဥပဒေဘောင်အတွင်းမှ ဒီချုပ်ကန့်ကွက်မည်

 ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများက မဲဆွယ်စည်းရုံးရေးကာလမရောက်မီ စည်းမျဉ်းစည်းကမ်းနှင့်မညီသော မဲဆွယ်ခြင်းများပြုလုပ်ပါက ဥပဒေဘောင်အတွင်းမှ ကန့်ကွက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။

သတင်းမီဒီယာများကို မဲရုံပရဝုဏ်အတွင်း သတင်းယူခွင့်ပြုမည်


အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် သတင်းမီဒီယာဌာန တစ်ခုလျှင် သတင်းသမားသုံးဦးအထိ မဲရုံပရဝုဏ်အတွင်း သတင်းရယူခွင့်ပြုမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သဘောတူညီကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

28.8.15

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကို ပစ်မှတ်ထား ဖိနှိပ်ချုပ်ခြယ်မှုများ အမြန်ဆုံးရပ်တန့်ရန် AAPP ထုတ်ပြန်


လူ့အခွင့်အ ရေး ကာကွယ်စောင့်ရှောက်သူများ ကို ပစ်မှတ်ထားဖိနှိပ်ချုပ်ခြယ်မှုများ ကို အမြန်ဆုံးရပ်တန့်ရန်နှင့် ဥပဒေ နှင့်တရားစီရင်ရေးကို အားကောင်း လာစေရေးလုပ်ဆောင်ရန် အဓိကလို အပ်ကြောင်း မြန်မာ့အရေးပူးပေါင်း ဆောင်ရွက်သူများအဖွဲ့နှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း မြန်မာနိုင်ငံ (AAPP)တို့မှထုတ်ပြန်သည့်အစီရင်ခံစာအ ရ သိရသည်။

ပြည်ပရောက် ကြိုတင်မဲပေးရန် လျှောက်ထားသူ စင်ကာပူနှင့် တောင်ကိုရီးယားမှ အများဆုံးဖြစ်ဟုဆို

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်မဲပေးရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားသော ပြည်ပနိုင်ငံများသို့ တရားဝင် ရောက်ရှိသူများ မဲစာရင်းတွင် စင်ကာပူနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံများမှ လျှောက်ထားမှု အများဆုံးဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မျိုးသန့်က ပြောကြားသည်။

ချင်းပြည်နယ် တွန်းဇံ မြို့ ၏ လက်ရှိအခြေအနေ


ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် ယနေ့ မနက်သုံးနာရီက စပြီး မိုးသည်း ထန်စွာ ရွာသွန်းခဲ့တာ ကြောင့် တွီ့ခိန်ဇန်ကျေးရွာ အပေါ်တွင်ရှိသည့် သဘာဝတောင်ပေါ်ရေကန် ရေလျံ ကျိုးပေါက် ခဲ့ကြောင်းသိရသည်။

ရုရှားနိုင်ငံမှ Su-35 တိုက်လေယာဉ် ၂၄ စင်း တရုတ်ဝယ်ယူမည်


ရုရှားနိုင်ငံမှ Su-35 တိုက်လေယာဉ်များ ၀ယ်ယူရေး အတွက် ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိပြီး နှစ်နိုင်ငံ အနေဖြင့် သဘောတူညီချက် မရရှိသေးသည့် အချက်များ ကျန်ရှိ နေသေးကြောင်းနှင့် အဆိုပါ ဆွေးနွေးမှု ရလဒ်အား MAKS 2015 နိုင်ငံတကာ လေကြောင်း ပြပွဲတွင် ထုတ်ဖော်ပြောကြား သွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးပို့လှူဒါန်း


 မြန်မာနိုင်ငံအတွင်း ပြီးခဲ့သည့် ဇူလိုင်လနှင့် သြဂုတ်လ လဆန်းပိုင်းတို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ ရေကြီးရေလျှံမှုများ ၊ မြေပြိုမှုများဖြစ်ပွားခဲ့သည်။ ထိုသို့ သဘာဝဘေးဒဏ် သင့် ဒေသများရှိ ပြည်သူများအတွက် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ယနေ့နံနက်ပိုင်း တွင် Ilyushin-76 လေယာဉ် ၂ စီးဖြင့် ထောက်ပံ့ပစ္စည်းများကို နေပြည်တော်လေဆိပ်သို့ လာရောက်လှူဒါန်းသည်။

တစ်ရက်တာ အသုံးပြုသူ အရေအတွက် တစ်ဘီလီယံထိ ရှိလာကြောင်း Facebook ကြေညာ

တစ်ရက်တာအတွင်း Facebook အသုံးပြုသူ တစ်ဘီလီယံ (သန်းတစ်ထောင်)ထိ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ကြောင်း Facebook ဝက်ဘ်ဆိုက် ထူထောင်သူ မာ့ခ်ဇူကာဘာ့ဂ်က ပြောကြားလိုက်သည်။


အဆိုပါ အမှတ်တရ အောင်မြင်မှုသည် ဩဂုတ် ၂၄ ရက်က လက်တွေ့ အထမြောက်ခဲ့ကြောင်း ဇူကာဘာ့ဂ်က ဆိုသည်။ ကမ္ဘာ့လူဦးရေသည် ၇ ဘီလီယံမျှ ရှိနေရာ ယခုအခါ ကမ္ဘာပေါ်တွင် လူ ၇ ဦးရှိတိုင်း ၁ ဦးက Facebook အသုံးပြုနေသည့် သဘောလည်း ဖြစ်လာခဲ့သည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ ပြန်လည်ရောက်ရှိ

ထိုင်းနိုင်ငံ၌ရောက်ရှိနေသည့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည်

နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခွင့်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် (၅၂/၂ဝ၁၅)
၁၃၇၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက်
(၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်)
နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခွင့်

အွန်လိုင်းသေနတ်မှောင်ခိုဂိုဏ်းအားတရုတ်ရဲတပ်ဖွဲ့ ဖြိုခွင်း

အွန်လိုင်း လက်နက်အရောင်း ကွန်ရက်တစ်ခု၌ သံသယဖြစ်ဖွယ်ရာ ပါဝင်သူ ၁၇ ဦးကို တရုတ်နိုင်ငံ မြောက်ပိုင်း ဟီဘေးပြည်နယ်ရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့ကြောင်း ဟန်ရှူးပြည်သူ့လုံခြုံရေးဗျူရိုက သြဂုတ် ၂၇ ရက်တွင် ပြောကြားသည်။

မြို့တွင်းခရီးသည်တင် ယာဉ်စီးခများ မူလထက် အများဆုံး ကျပ် ၃၀၀ အထိ မြင့်တက်ဖွယ်ရှိ


ရန်ကုန်မြို့တော်အတွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းများ၏ အသစ်ပြောင်းလဲ သတ်မှတ်ရန် ရှိသည့် ယာဉ်စီးခ နှုန်းထားများမှာ မူလနှုန်းထားများနှင့် အများဆုံး ၃၀၀ ကျပ်အထိ ကွာဟမှု ရှိနိုင်ကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ (ဗဟို) အတွင်းရေးမှူး ဦးဘမြင့်က ပြောကြားသည်။

27.8.15

တောင်သမန်အင်းအတွင်း ရေဆိုးစွန့်သည့် စက်ရုံ ၂၇ ရုံ ဖွင့်ခွင့်မရသေး

တောင်သမန်အင်းအတွင်း ငါးများ အစုအပြုံလိုက် သေဆုံးမှုများကြောင့် ရေဆိုးစွန့်ပစ်သည့် စက်ရုံ ၂၇ ရုံ လည်ပတ်ခွင့်ကို မေလ ပထမပတ်အတွင်းက ပိတ်သိမ်းထားခဲ့ပြီး ဇွန်လ ပထမပတ်တွင်း ယာယီလည်ပတ်ခွင့် ပြန်လည်ခွင့်ပြုပေးခဲ့သော်လည်း တရားဝင် လည်ပတ်ခွင့်ကိုမူ လက်ရှိအချိန်ထိ မရရှိသေးကြောင်း အဆိုပါ စက်ရုံတာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။

ဆန်ပြည်ပတင်ပို့မှု စက်တင်ဘာ ၁၅ ရက်အလွန် ခွင့်ပြုမည်


 မြန်မာနိုင်ငံ အနှံ့ရေကြီး ရေလျှံခြင်းကြောင့် တစ်လကြာ ရပ်နားထားသည့် ပြည်ပသို့ဆန်တင်ပို့မှုကို လာမည့် စက်တင်ဘာ ၁၅ ရက်နောက်ပိုင်းတွင် ပြန်လည်တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ   ဆန်စပါးအသင်းချုပ်မှ သတင်းရရှိသည်။

ပြည်ထောင်စုလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်များ ယခုတစ်ပတ်အတွင်း နားမည်

ကျင်းပနေဆဲ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ယခုလ ၂၈ ရက်တွင် ရပ်နားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေထားသည့် ပြည်ထောင်စုလွှတ် တော်အစည်းအဝေး လျာထား ချက် အစီအစဉ်များအရ သတင်း ရရှိသည်။

အမေရိကန်ဒေါ်လာ အသုံးပြုမှု ဗဟိုဘဏ် စိစစ်မည်

အမေရိကန်ဒေါ်လာ, ဗဟိုဘဏ်, ကျပ်ငွေ, The Pizza Company
ပြည်တွင်း ကျပ်ငွေဖြင့် အရောင်းအဝယ် ပြုလုပ်နိုင်သည့် စီးပွားရေး လုပ်ငန်းများတွင် အမေရိကန် ဒေါ်လာ တွင်တွင်ကျယ်ကျယ် အသုံးပြုခြင်းကို စိစစ်အရေးယူနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်က ပြောသည်။

မြန်မာကျပ်ငွေ အကျပ်အတည်း ကြုံနေရပြီ

ပ်ငွေ, ငွေလဲနှုန်း, ဗဟိုဘဏ်, IMF
ပြီးခဲ့သည့် အပတ်အတွင်းက ငွေလဲလှယ်နှုန်းက တဒေါ်လာလျှင် ကျပ် ၁၃၀၀ ၀န်းကျင်အထိ မြင့်တင်လာခဲ့သည်။ မြန်မာ အစိုးရက ငွေလဲနှုန်းကို နှုန်းရှင်အဖြစ် ထားရှိလိုက်သည့် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ နောက်ပိုင်းတွင် ငွေလဲနှုန်း အမြင့်ဆုံး သို့ ရောက်ရှိသွားခြင်းဖြစ်သည်။

ရွေးကောက်ပွဲမတိုင်မီ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးခြင်း မပြုရန် KNU ကိုယ်စားလှယ်နှင့်တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


KNU ကိုယ်စားလှယ်အဖွဲ့နှင့် သြဂုတ်လ ၂၂ ရက်က ရန်ကုန်မြို့တွင် တွေ့ဆုံစဉ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမတိုင်မီ အပစ်ရပ်စာချုပ်လက်မှတ် ရေးထိုးခြင်း မပြုရန် တိုက်တွန်းခဲ့ကြောင်း သတင်းရရှိသည်။

26.8.15

ရခိုင်ဝန်ကြီးချုပ်(ငြိမ်း) ဦးမောင်မောင်အုန်း အမ်းမြို့နယ်က ဝင်ပြိုင်မည်


အငြိမ်းစားယူသွားသော ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း နေရာတွင် ခေတ္တဝန်ကြီးချုပ်အဖြစ် စီးပွားရေး/ စီမံကိန်း ပြည်နယ်ဝန်ကြီး ဦးမြအောင်က တာဝန်ယူ သွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင် ဦးလှသိန်းက ပြောကြားသည်။

ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေ ဝန်ကြီးဌာန နှစ်ခုရ


 မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တို့အတွက် ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း၄၀၀ ချေးယူခွင့်အား သြဂုတ်လ ၂၅ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြု လိုက်ပြီဖြစ်သည်။

နှစ် ၄၀ နီးပါး ပြန်ဆပ်ရမည့် ချေးငွေများချေးနေမှုသည် နောက်အစိုးရရှစ်ဆက်အထိ အကြွေးများရှိနေမည်ဖြစ်သည့်အတွက် မလိုအပ်သည့် စီမံကိန်း၊ အသုံးစရိတ်များကို ဖြတ်တောက်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဆွေးနွေး


နှစ် ၄၀ နီးပါးပြန်ဆပ်ရမည့် ချေးငွေများချေးနေမှုသည် နောက်အစိုးရရှစ်ဆက်အထိ အကြွေးများရှိနေမည်ဖြစ်သည့်အတွက် မလိုအပ်သည့်စီမံကိန်း၊ အသုံးစရိတ်များကို ဖြတ်တောက်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ပြောကြားသည်။

တပ်မတော်က ထောက်ခံပေးရန် နိုင်ငံရေးပါတီအချို့ တပ်ချုပ်ထံစာပို့ ဟုဆို


၂၀၁၅ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် တပ်မတော်က ထောက်ခံပေးရန် နိုင်ငံရေးပါတီအချို့က စာပေးပို့ တောင်းဆိုထားကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

လွှတ်တော်ရပ်နားရန်ရှိသော်လည်း ကျန်ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း သူရဦးရွှေမန်းပြောကြား

 ရွေးကောက်ပွဲ စည်းရုံးရေးကာလများတွင် လွှတ် တော်အစည်းအဝေးရပ်နားထား ရန်ရှိသော်လည်း ပြဋ္ဌာန်းရန် ကျန် ရှိနေသည့် ဥပဒေများကို အကြွေးကျန်မရှိအောင် ဆောင်ရွက်ရန် လွှတ်တော် ကော်မတီများက ဆောင်ရွက်ရန်လိုကြောင်း ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေ မန်းကပြောကြားသည်။

သံလွင်မြစ်ပေါ်မှ ရေကာတာများ ရှမ်းပြည်နယ်လူထု နှစ်သောင်းကျော်က လက်မခံကြောင်း လက်မှတ်ထိုးပြီး ဩစတြေးလျကုမ္ပဏီထံပေးပို့


 သံလွင်မြစ် ပေါ်တွင် တည်ဆောက်မည့် ရေကာ တာများနှင့်ပတ်သက်ပြီး ရှမ်းပြည် နယ်ရှိ ပြည်သူလူထု နှစ်သောင်း ကျော်က လက်မခံကြောင်းနှင့် ဆန့် ကျင်ကြောင်း လက်မှတ်ရေးထိုးပြီး ရန်ကုန်အခြေစိုက်SMEC ဩစတြေး လျကုမ္ပဏီထံသို့ ဩဂုတ် ၂၅ရက် တွင် ပို့ပေးလိုက်ကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများအဖြစ်ခန့်အပ်သည့် ဒုတိယဗိုလ်ချုပ်ကြီးနှစ်ဦး လွှတ်တော်၌ကတိသစ္စာပြု

ကာကွယ်ရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်ခြင်းခံရသည့် ဒုတိယဗိုလ်ချုပ်ကြီးနှစ်ဦးသည် သြဂုတ် ၂၅ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက၏ ရှေ့မှောက်၌ ကတိသစ္စာပြုခဲ့ကြသည်။
   
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းသည် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေသည် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်ခံရခြင်းဖြစ်သည်။
   
အဆိုပါဝန်ကြီးနှစ်ဦးအား ခန့်အပ်ရန်အတွက် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတရုံးမှ ပေးပို့ထားမှုအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂၊ ပုဒ်မခွဲ (က) ပါ အရည်အချင်းနှင့် မပြည့်စုံကြောင်းကို သက်သေအထင်အရှားပြ၍ ကန့်ကွက်လိုသူရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခဲ့သော်လည်း ကန့်ကွက်ချက်တစ်စုံတစ်ရာမရှိ၍ သြဂုတ် ၂၄ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၀န်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူခဲ့ခြင်းဖြစ်ပြီး သမ္မတကလည်း ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
Credit To >>> Eleven Media Group

PR လျှောက်ထားသူများအနက်မှ ၁၃၁ ဦးကို အမြဲနေထိုင်ခွင့် ပေးအပ်ပြီးနောက် ဒုတိယအသုတ်တွင် ပါဝင်သည့် လျှောက်ထားသူ ၅၀ ကျော်အား ထပ်မံခွင့်ပြုမည်

မြန်မာနိုင်ငံ၌ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် (PR) စနစ် လျှောက်ထားသူများအနက်မှ ၁၃၁ ဦးကို အမြဲနေထိုင်ခွင့် ပေးအပ်ပြီးနောက် ဒုတိယအသုတ်တွင် ပါဝင်သည့်  လျှောက်ထားသူ ၅၀ ကျော်အား ထပ်မံခွင့်ပြုသွားရန် စီစဉ်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သတင်းရရှိသည်။

အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးရာတွင် အားလုံးပါဝင်ရေး ညှိနှိုင်းမည့် သမ္မတအပါအ၀င် နှစ်ဖက်ခေါင်းဆောင်များတွေ့ဆုံပွဲ စက်တင်ဘာလသို့ရွှေ့ဆိုင်းရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအဆိုပြု

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး တစ်ပြိုင်နက်တည်း ပါဝင်ရေးကိစ္စညှိနှိုင်းမည့် နိုင်ငံတော်သမ္မတအပါအ၀င် အစိုးရခေါင်းဆောင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များတွေ့ဆုံပွဲကို သြဂုတ်လအတွင်း ပြုလုပ်ရန် စီစဉ်ထားသော်လည်း ယင်းတွေ့ဆုံပွဲကို စက်တင်ဘာလသို့ ရွှေ့ဆိုင်းပေးရန် တိုင်းရင်းသားလက်နက်ကိုင် အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD) က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းထံသို့ သြဂုတ် ၂၅ ရက်တွင် စာပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။

ဆွမ်ပရာဘွမ်တွင် တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲထပ်ဖြစ်

ကချင်ပြည်နယ် ဆွမ် ပရာဘွမ်မြို့နယ်ရှိ လောဒ်မိုင်ယန်ကျေးရွာအနီးတွင် သြဂုတ် ၂၅ ရက် နံနက်က ကေအိုင်အေ တပ်ရင်း (၇)နှင့် တပ်မတော်တို့ အကြား တိုက်ပွဲများပြန်လည်ဖြစ် ပွားခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလမ်းကြောင်းအပေါ် စိုးရိမ်မှုများရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အတိုက်အခံအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလမ်းကြောင်းအပေါ် စိုးရိမ်မှုများရှိကြောင်း AFP သတင်းဌာနနှင့် တွေ့ဆုံစဉ် သြဂုတ် ၂၅ ရက်က ပြောကြားသည်။

25.8.15

ဝေဖန်မှုများနေသော ရန်ကုန်မြို့သစ်စီမံကိန်း ပွင့်လင်းမြင်သာမှု ရှိမရှိ တင်ဒါဖွင့်ဖောက် စိစစ်မည့်နေ့တွင် သွားရောက် စောင့်ကြည့်မည်ဟု ဒေါက်တာညိုညိုသင်း ပြောကြား


ဝေဖန်မှုများပြားနေသော ရန်ကုန်မြို့သစ်စီမံကိန်း ပွင့်လင်းမြင်သာမှု ရှိမရှိ တင်ဒါဖွင့်ဖောက် စိစစ်မည့်နေ့တွင် သွားရောက် စောင့်ကြည့်မည်ဟု ဗဟန်းမြို့နယ်မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

နိုင်ငံရေး ရပ်တည်ချက် ကွဲပြားခြင်း မရှိကြောင်း NLD နှင့် ၈၈ ပူးတွဲကြေညာ

လာမည့် အထွေထွေရွေးကောက်ပွဲတွင် တိုင်းပြည် တည်ငြိမ်အေးချမ်းစွာ ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နှင့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအကြား နိုင်ငံရေးရပ်တည်ချက် ကွဲပြားခြင်း မရှိကြောင်း နှစ်ဖက်အဖွဲ့အစည်းများက ပူးတွဲ ထုတ်ပြန်ကြေညာသည်။

ကျောက်စိမ်းလုပ်ကွက် ဧရိယာနည်းပြီး အထွက်လျော့၍ လုပ်ကိုင်လိုသူ နည်းလာ


ဖားကန့်ရှိ ကျောက်စိမ်း တူးဖော်ရေးလုပ်ကွက်များတွင် ထပ်မံတူးဖော်ရန် လုပ်ကွက်ဧရိ ယာနည်းပါးသွားပြီး ကျောက် ထွက်ရှိမှုလျော့ကျလာ၍ လုပ်ကိုင်လိုသည့် ကုမ္ပဏီများနည်းပါး လာကြောင်း သတ္တုတွင်းဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြောသည်။

ယာဉ်ရပ်နားခွင့်နေရာများတွင် လေလံရရှိထားသော လုပ်ငန်းရှင် ၁၇ ဦး စည်းကမ်းဖောက်ဖျက်၍ သတိပေးခံရ

မန္တလေးမြို့တော်စည် ပင်သာယာနယ်နိမိတ်အတွင်း ယာဉ်ရပ်နားခွင့် နေရာများတွင် သတ်မှတ်ဧရိယာအတွင်း ယာဉ် များ အပ်နှံကောက်ခံရေးအတွက် လေလံစနစ်ဖြင့် ငှားရမ်းလုပ်ကိုင် နေသော ပုဂ္ဂလိကလုပ်ငန်းရှင်များ လေလံစည်းကမ်း ဖောက်ဖျက်မှု ဖြင့် သတိပေးခံရကြောင်းသတင်း ရရှိသည်။

နိုင်ငံခြားငွေဖြင့် ၀န်ဆောင်မှုနှင့်ကုန်ပစ္စည်းရောင်းချမှုများကို အရေးယူမည်ဟုဆို

 ပြည်တွင်း၌ အမေရိကန် ဒေါ်လာတန်ဖိုးမြင့်တက်မှုကို လျှော့ချရန် ကုန်ပစ္စည်းများ၊ ၀န် ဆောင်မှုများအား နိုင်ငံခြားငွေဖြင့်ရောင်းချမှုကို အရေးယူရန်စီစဉ် နေကြောင်း မြန်မာနိုင်ငံဗဟိုဘဏ် မှ သတင်းရရှိသည်။

တရုတ်စီးပွားရေး နှေးကွေးမှုကို စိုးရိမ်နေကြချိန်တွင် အာရှ၌ စတော့ဈေးနှုန်းများ ကျဆင်း၊ ရေနံဈေးနှုန်း ဆက်လက်ကျဆင်းပြီး ဒေါ်လာ ၄၀ အောက်သို့ ရောက်ရှိ


တရုတ်စီးပွားရေး နှေးကွေးမှုက ကမ္ဘာ့စီးပွားရေး တိုးတက်မှုကို ရိုက်ခတ်လာနိုင်ကြောင်း စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ရှန်ဟိုင်းစတော့ဈေးကွက်၌ ရှစ်နှစ်အတွင်း အဆိုးဆုံး ရှယ်ယာဈေးနှုန်းများ ကျဆင်းမှု ဖြစ်ပွားခဲ့ပြီး အာရှစတော့ဈေးကွက်သည် သြဂုတ် ၂၄ ရက်က သိသိသာသာ ကျဆင်းခဲ့သည်။

ချင်းပြည်နယ် ပြန်လည် ထူထောင်ရေးအတွက် ကျပ်ဘီလီယံ ၂ဝ ကျော် တင်ပြတောင်းခံထားဟုဆို


ချင်းပြည် နယ် ပြန်လည်ထူထောင်ရေးအတွက် ကျပ်ဘီလီယံ ၂ဝ ကျော်တင်ပြတောင်း ခံထားကြောင်း ချင်းပြည်နယ် ပြန် လည်ထူထောင်ရေးကော်မတီဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဒေါက်တာဘမောင် က ပြောသည်။
ချင်းပြည်နယ်တွင် ဇူလိုင်လ အတွင်းက မိုးသည်းထန်စွာရွာသွန်း ခြင်းကြောင့် မြေပြိုမှုများဖြစ်ပေါ်ခြင်း၊ လမ်းများ၊ တံတားများ၊ နေအိမ်များ၊ စာသင်ကျောင်းများ၊ လယ်ယာမြေ များအပါအဝင် ဆုံးရှုံးမှုတန်ဖိုးငွေ ကျပ် ဘီလီယံ ၂ဝကျေ်ရှိကြောင်း သိရသည်။

24.8.15

ဂျပန်နှင့် အာဆီယံလေးနိုင်ငံသို့ လေ့လာရေးသွားရောက်မည့် အရှေ့တောင်အာရှနှင့် ဂျပန်လူငယ် သင်္ဘောခရီးစဉ်သို့ မြန်မာလူငယ် ၂၉ ဦး လိုက်ပါမည်ဖြစ်ပြီး ခရီးစဉ် ၅၁ ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရ



ဂျပန်နိုင်ငံနှင့် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မြန်မာ၊ မလေးရှား စသည့်အာဆီယံလေးနိုင်ငံသို့ လေ့လာရေးသွားရောက်မည့် အရှေ့တောင်အာရှနှင့် ဂျပန်လူငယ် လေ့လာရေး ခရီးစဉ်သို့ မြန်မာလူငယ် ၂၉ ဦး လိုက်ပါမည်ဖြစ်ကြောင်း သိရသည်။

ရှေ့နေများအသင်း ဗဟိုကော်မတီဝင် ရွေးချယ်

  မြန်မာနိုင်ငံ ရှေ့နေများ အသင်းတွင် ဗဟိုကော်မတီဝင်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၃) ခုတွင်  ရွေးချယ်ပြီး ဖြစ်ကြောင်း အသင်း ဖြစ်မြောက်ရေး ကော်မတီဝင်ရှေ့နေ ဦးကိုနီက ပြောသည်။

NCA တွင် တိုင်းရင်းသားလက်နက်ကိုင်များ အားလုံးပါဝင်ရေး ဆွေးနွေးပွဲရက် ထပ်တိုး


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဆွေးနွေးလျက်ရှိရာ NCA တွင် တိုင်းရင်းသား လက်နက်ကိုင်များ အားလုံး ပါဝင်နိုင်ရေးအတွက် ဆွေးနွေးစရာများ ကျန်နေသောကြောင့် ဆွေးနွေးပွဲကို တစ်ရက် ထပ်တိုးလိုက်ကြောင်း တိုင်းရင်းသားအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင် ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။

မြန်မာနိုင်ငံတွင် ကျရောက်ခဲ့သည့် သဘာဝဘေးဒဏ်ကြောင့် ကျပ် ၁၃၆ ဘီလီယံ ဆုံးရှုံးခဲ့ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ပြောကြား


မန်မာနိုင်ငံ တွင် ပြီးခဲ့သည့်လပိုင်းအတွင်း ကကျ ရောက် ခဲ့ သည့် သဘာဝဘေးဒဏ် ကြောင့်ကျပ် ၁၃၆ ဘီလီယံဆုံးရှုံး ခဲ့ရကြောင်း နိုင်ငံတော်သမ္မတ ဦး သိန်းစိန်က ဩဂုတ် ၂၃ ရက်တွင်ပြု လုပ်သည့် ကလေးဒေသရေဘေး သင့် ပြန်လည်ထူထောင်ရေး လူထုတွေ့ ဆုံပွဲ အခမ်းအနားတွင် ထုတ်ဖော် ပြောကြားလိုက်ကြောင်း သိရသည်။

ဘူးသီးတောင်အမတ် ဦးရွှေမောင်ကိုကိုယ်စားလှယ်လောင်းအဖြစ်မှကော်မရှင်ပယ်ချ

လာမည့် ရွေးကောက်ပွဲတွင် ဘူးသီးတောင်မဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းသူ၊ ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်(ခ) အဒူရော်ဇောက်ကို ၎င်း၏ မိဘများမှာ နိုင်ငံသားမဟုတ်ခဲ့သဖြင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။

ဟားခါးမြို့ပြောင်းရွှေ့ရေး ပြည်နယ်အစိုးရအဖွဲ့နှင့် ဘူမိဗေဒပညာရှင်တို့ ယနေ့ဆွေးနွေးဆုံးဖြတ်မည်


ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ ပြောင်းရွှေ့ ရန် မြေပြင်ရှာဖွေရေးဘူမိဗေဒ ပညာရှင်အဖွဲ့နှင့် ချင်းပြည်နယ် အစိုးရအဖွဲ့တို့ သြဂုတ် ၂၄ ရက် တွင် ဆွေးနွေးဆုံးဖြတ်မည်ဖြစ် ကြောင်း ချင်းပြည်နယ် လျှပ်စစ် ၀န်ကြီး ဦးကျင်လျန်ပေါင်ကပြော သည်။

21.8.15

အဖွဲ့အားလုံးပါဝင်မှသာ အပစ်ရပ်စာချုပ်တွင် ကေအိုင်အေလက်မှတ်ထိုးစေလိုကြောင်း ကချင်ပြည်သူဆန္ဒရှိဟု KBC တာဝန်ရှိသူပြော

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်မှသာ တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)ကို လက် မှတ်ရေးထိုးရန် ကချင်ပြည်သူလူထုက သဘောတူကြောင်း ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)အတွင်းရေးမှူး ဒေါက်တာဆမ်ဆွန်က ပြောကြားသည်။

တိုင်းရင်းသားလက်နက်ကိုင်ထိပ်သီးအစည်းအဝေး စတင်

 
တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဒီကနေ့စတင်ဆွေးနွေးနေကြပြီဖြစ်သည်။

ပါတီကိစ္စတွင် သမ္မတဦးသိန်းစိန်ဘက်မှ ရပ်တည်နေခြင်းမရှိဟု တပ်ချုပ်ပြော

ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲကိစ္စတွင် သမ္မတဦးသိန်းစိန်ဘက်မှ ရပ်တည်နေသည်ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

မြန်မာ့နိုင်ငံရေးတွင် ဗိုလ်ချုပ်မှူးကြီး(ဟောင်း)သန်းရွှေ ပါဝင်မှုမရှိဟုဆို



မြန်မာ့နိုင်ငံရေးတွင် ဗိုလ်ချုပ်မှူးကြီး(ဟောင်း) သန်းရွှေ ပါဝင်မှု၊ သြဇာလွှမ်းမိုးမှု မရှိဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာရ်အက်ဖ်အေ သတင်းဌာနကို ပြောကြားလိုက်သည်။

17.8.15

မြေဆီလွှာစစ်ဆေးမှုလုပ်ငန်း ခြောက်ခုအား လိုင်စင်စတင်ထုတ်ပေး


အထပ်မြင့်များတည် ဆောက်ရန် မြေဆီလွှာစစ်ဆေး မှု(Soil Test)လုပ်ငန်းကို YCDC လိုင်စင်ရှိမှသာ ခွင့်ပြုမည်ဖြစ်ရာ လက်ရှိတွင် Soil Test ကုမ္ပဏီခြောက်ခုကိုစတင်လိုင်စင်ထုတ်ပေးလိုက်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ သတင်းရရှိသည်။

ရွေးကောက်ပွဲယှဉ်ပြိုင်ရန် အမတ်လောင်း ၆,၀၀၀ ကျော် အမည်စာရင်းသွင်း


၂၀၁၅ အထွေထွေရွေး ကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် လွှတ်တော် ကိုယ်စားလှယ် လောင်း ၆,၀၀၀ ကျော် အမည် စာရင်းတင်သွင်းထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သြဂုတ် ၁၆ ရက်တွင်သတင်းထုတ်ပြန်သည်။ ထို့ကြောင့် နိုဝင်ဘာ ၈ ရက်ရွေး ကောက်ပွဲသည် အမတ်လောင်း အများဆုံး ယှဉ်ပြိုင်သော ရွေး ကောက်ပွဲဖြစ်လာတော့မည် ဖြစ် သည်။

နိုဝင်ဘာ ၈ ရက် တွင်ကျင်းပ မည့် အထွေထွေရွေးကောက်ပွဲ ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း ၁,၇၇၂ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်း ၉၁၃ ဦး၊ တိုင်းဒေသ ကြီး/ပြည်နယ်လွှတ်တော် ကိုယ် စားလှယ်လောင်း ၃,၅၀၄ ဦး (တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်း ၁၆၃ ဦး အပါအဝင်)စုစုပေါင်း ကိုယ်စား လှယ်လောင်း ၆,၁၈၉ ဦးရှိကြောင်းပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန် ထားခြင်းဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၃,၀၀၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ကိုယ် စားလှယ်လောင်း ၂,၃၀၀ ခန့်ဝင် ရောက်ယှဉ်ပြိုင်ခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ် လောင်း အမည်စာရင်းတင်သွင်း ကြရာတွင် အချို့သောလွှတ်တော် မဲဆန္ဒနယ်များ၌ လွှတ်တော်မဲဆန္ဒ နယ်တစ်ခုတည်းအတွက်ပင် နိုင်ငံရေးပါတီ တစ်ခုတည်းကို ကိုယ်စားပြု၍ အမည်စာရင်းတင် သွင်းသူ နှစ်ဦး ရှိနေကြောင်းနှင့် လွှတ်တော်မဲဆန္ဒနယ်တစ်ခုတွင် ယှဉ်ပြိုင်ရွေးချယ်ခံရန် အမည်စာရင်းတင်သွင်းပြီးသည့်နောက်မှ ၎င်း၏အမည်စာရင်းတင်သွင်း လွှာကို ရုပ်သိမ်းပြီး အခြားလွှတ် တော်မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်းထပ်မံ တင်သွင်းမှုများရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်က စိစစ်တွေ့ရှိနေရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် လွှတ်တော်ကိုယ် စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ များက သြဂုတ် ၁၈ ရက်မှ စတင် ပြီး သြဂုတ် ၂၇ ရက်အထိ စိစစ်မှု များပြုလုပ်မည်ဖြစ်သည်။
ထို့ပြင် လွှတ်တော်ကိုယ်စား လှယ်လောင်းအမည်စာရင်းတင် သွင်းလွှာများကို စိစစ်ရာတွင် မှန် ကန်မှုရှိစေရေး၊ နှောင့်နှေးကြန့် ကြာမှုမရှိစေရေး၊ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ် လောင်းများ နစ်နာမှုမရှိစေရေးတို့ အတွက် အမည်စာရင်းတင်သွင်း လွှာများကို စိစစ်ရန် သတ်မှတ် ထားသည့် နေ့ရက်၊ အချိန်နှင့် နေ ရာသို့ အမည်စာရင်းတင်သွင်း ထားသော လွှတ်တော်ကိုယ်စား လှယ်လောင်းများကိုယ်တိုင်အ လေးထား၍ သွားရောက်နိုင်ရေး ကိုလည်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က တိုက် တွန်းထားသည်။
Credit To >>> 7Day News

တပ်မတော်ဘက်မှလည်း အချုပ်အခြာအာဏာကို ထိပါးလာသည့်ကိစ္စများမှအပ စစ်ဆင်ရေးကြီးများ ပြုလုပ်ရန် ရည်ရွယ်ထားခြင်းမရှိဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန် သမ္မတ၏ ဖိတ်ခေါ်စာတွင် ဖော်ပြထား


ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်ရန် အလို့ငှာ တပ်မတော်ဘက်မှလည်း အချုပ်အခြာ အာဏာကို ထိပါးလာသည့် ကိစ္စများမှ အပ စစ်ဆင်ရေးကြီးများပြုလုပ်ရန် ရည်ရွယ်ထားခြင်းမရှိဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေး ထိုးကြရန် ဖိတ်ခေါ်သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်စာတွင် ဖော်ပြထားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သီးခြားတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အဆောက်အအုံ ဥက္ကဋ္ဌရုံးခန်း၌ ယနေ့ နံနက် ၁၀ နာရီက စတင်တွေ့ဆုံနေကြောင်း ပြည်သူ့လွှတ်တော်သို့ ရောက်ရှိနေသည့် The Voice သတင်းထောက်က သတင်းပေးပို့သည်။
Credit to>>>The Voice Weekly

နိုင်ငံတော်သို့ ရွှေပေးသွင်းရန် ကျန်သည့် ကုမ္ပဏီ ၂၁ ခုအား တရားစွဲမည်ဟု သတ္တုတွင်းဝန်ကြီးဌာန ထုတ်ပြန် နိုင်ငံတော်သို့ ရွှေပေးသွင်းရန် ကျန်ရှိသည့် ကုမ္ပဏီ ၂၁ ခုအား တရားစွဲမည်ဟု သတ္တုတွင်းဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

သတ္တုတွင်းဝန်ကြီးဌာန အမှတ်(၂) သတ္တုတွင်းလုပ်ငန်းနှင့် ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားသည့်စနစ်ဖြင့် ရွှေသတ္တုအသေးစားထုတ်လုပ်မှုလုပ်ငန်းအား စာချုပ်ချုပ်ဆို လုပ်ကိုင်ခဲ့ကြသည့် ကုမ္ပဏီများအနက် ကုမ္ပဏီ ၂၁ ခုသည် လုပ်ငန်းသဘောတူစာချုပ်အရ နိုင်ငံတော်သို့ ပေးသွင်းရမည့် ရွှေစင်များအား ပေးသွင်းရန် ပျက်ကွက်ခဲ့ကြောင်း အဆိုပါဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ချယ်ရီ FM ရေဒီယိုအား မိမိဆန္ဒအလျောက် ခေတ္တရပ်နားလိုကြောင်း စာတင်ရန် ပြန်ကြားရေးဝန်ကြီးဌာန၏ ညွှန်ကြားမှုကို လုပ်ဆောင်မည်မဟုတ်ဘဲ ဥပဒေအရသာ ရင်ဆိုင်မည်ဟု သိရ


အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ တာဝန်မှ ဖယ်ရှားခံရသည့် သူရဦးရွှေမန်း၏ ချွေးမဖြစ်သူ ဦးဆောင်နေသည့် ချယ်ရီ FM ရေဒီယိုအား မိမိဆန္ဒအလျောက် ခေတ္တရပ်နားလိုကြောင်း စာတင်ရန် ပြန်ကြားရေးဝန်ကြီးဌာန၏ ညွှန်ကြားမှုကို လုပ်ဆောင်မည်မဟုတ်ဘဲ ဥပဒေအရသာ ရင်ဆိုင်မည်ဟု သတင်းရရှိသည်။

NLD ကိုယ်စားလှယ်လောင်းတွေရဲ့ ကိုယ်ရေး SB တောင်း


 ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော် ကိုယ်စားလှယ် လောင်းတွေရဲ့ ကိုယ်ရေး ရာဇဝင်တွေ ကို Special Branch ရဲ အထူးသတင်း တပ်ဖွဲ့ က စစ်ဆေးဖို့ တောင်းယူနေတယ်လို့ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ပြောပါတယ်။

12.8.15

ရွေးကောက်ပွဲဝင်မည့် တပ်မတော်အရာရှိ ၅၀ ကျော်အငြိမ်းစားယူ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၀င်ရောက်ယှဉ်ပြိုင်ရန် အတည်ပြုလိုက်သည့်
တပ်မတော်ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ အပါအ၀င် တပ်မတော်သား ၅၀ ကျော် ကို ကာကွယ်ရေး
ဦးစီးချုပ်ရုံးက အငြိမ်းစား ယူခွင့်ပြုလိုက်ပြီဖြစ်သည်။

ဒီချုပ် နှင့် ၈၈ တို့၏ ကတ္တီပါလမ်းခွဲ


ရွးကောက်ပွဲ နီးကပ်လာချိန် မြန်မာ့နိုင်ငံရေးဇာတ်ခုံတွင် မထင်မှတ်သည့် အလှည့်အပြောင်းအချို့ ထွက်ပေါ်လာသည်။

11.8.15

ဒုတိယဗိုလ်ချုပ်ကြီများနှင့် ကာကွယ်ရေးဦးစီးချုပ် ( ရေ ) တို့ ကိုတပ်မတော်မှအငြိမ်းစားယူခွင့်ပြု

အနားပေးလိုက်သော ဒုတိယဗိုလ်ချုပ်ကြီးများမှာ( ကာကွယ်ရေးဝန်ကြီးဌာနစစ်ဆင်ရေးအထူးအဖွဲ့ မှူး) တာဝန်ထမ်းဆောင်နေသော
ကစထမှူး ( ၁) ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး
ကစထမှူး ( ၂ ) ဒုတိယဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်
ကစထမှူး ( ၃ ) ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး
ကစထမှူး (၄) ဒုတိယဗိုလ်ချုပ်ကြီးလှမင်း နှင့်
စစ်ရာထူးခန့်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းမြင့်
ရေတပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးသူရသက်ဆွေတို့ ဖြစ်ပါတယ်။

လစ်လပ်သွားသော ဒုတိယဗိုလ်ချုပ်ကြီးများနေရာများမှာ
ကစထမှူး ( ၁ ) နေရာအတွက် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်
ကစထမူး ( ၂ ) နေရာ အား တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်
ကစထမူး ( ၃ )နေရာအား တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ကျော်ဇော နှင့်
ကစထမူး ( ၄ ) နေရာ ကို အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မင်းနောင်တို့ ကို ဒုတိယဗိုလ်ချုပ်ကြီးရာထူးတိုးမြှင့်ခန့်လိုက်ပြီး တာဝန်ပေးအပ်လိုက်ကြာင်း တပ်မတော်နဲ့ နီးစပ်သူတွေကတဆင့် သိရပါတယ်။
စစ်ရာထူးခန့်ချုပ်နေရာအား အနောက်တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် လူအေး ( နတခ တိုင်းမှူး )
လေ့ကျင့်ရေးအရာရှိချုပ်ရာထူးအား နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် မောင်မောင်အေး
ကာကွယ်ရေးဦးစီးချုပ်ရာ ( ရေ ) ထူးအား စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ်တင်အောင်ဆန်းနှင့်အစားထိုးခန့် လိုက်ပြီး

အခုအနားပေးလိုက်တဲ့တပ်မတော်အရာရှိကြီးများဟာ မကြာခင်အသက် ၆၀ ပြည့်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရသက်ဆွေ ဟာ ပြည်ခိုင်ဖြိုးပါတီပြည်သူ့ လွတ်တော် ကိုယ်စားလှယ် အဖြစ် ကိုးကိုးကျွန်းမြို့ နယ်က ၀င်ရောက်အရွေးခံမှာဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးကို စစ်ကိုင်းတိုင်း ၀န်သို မြို့ နဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်ကို ရှမ်းပြည်နယ် လောက်ကိုင်မဲဆန္ဒ နယ်က ၀င်ပြိုင် ဖို့ လျာထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Credit To >>> BBC news

ပြည်သူ ၅၁ သန်းကျော်၏ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရန် အသင့်ရှိနေသည့်အပြင် ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်အား ကောင်းစွာကိုင်တွယ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ပြည်သူလူထု ၅၁ သန်းကျော်၏ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရန် အသင့်ရှိနေသည့်အပြင် ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်ကိုလည်း ကောင်းစွာကိုင်တွယ်နိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

10.8.15

စက်တင်ဘာမှာ မြန်မာပြည်ကိုလာမယ့် ရှောင်ကင်စတန်


ဂျမေကာနှင့် အမေရိ ကန်အဆိုတော်ရှောင်ကင်စတန် သည် လာမည့်စက်တင်ဘာ ၆ ရက်တွင် ည ၇ နာရီမှ ၉ နာရီ ၄၅ မိနစ်အထိ ရန်ကုန်မြို့ မင်းဓမ္မ လမ်းရှိ MCC စင်တာ၌ ကျင်းပ ပြုလုပ်မည့် ဖက်ရှင်နှင့် တေးဂီတ ပွဲတော်တစ်ခုဖြစ်သော Yangon Runway Girls Collection ပွဲတွင်ပါဝင်ဖျော်ဖြေမည်ဖြစ်သည်။

7.8.15

သဘာဝဘေးအန္တရာယ် ကျရောက်ခြင်းနှင့် စပ်လျဉ်း၍ ရွေးကောက်ပွဲရွှေ့ဆိုင်းရန် အကြောင်းမရှိဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ပြောကြား

သဘာဝဘေးအန္တရာယ် ကျရောက်ခြင်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရွှေ့ဆိုင်းနိုင်သည်ဟု ပြဋ္ဌာန်းထားသော်လည်း ယခုဖြစ်စဉ်မှာ ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်နှင့် ရက်ပေါင်း ၉၀ ခန့် ဝေးကွာသေးသဖြင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် အကြောင်းမရှိပါကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီနှင့် အဖွဲ့အား သြဂုတ် ၆ ရက် နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၌ လက်ခံတွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း ပြန်ကြာရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ဆောင်ရွက်နေမှုများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း တင်သွင်းမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စိစစ်ကြေညာခြင်း၊ မဲဆွယ်စည်းရုံးခြင်း လုပ်ငန်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာ မစ္စရန်ဟီလီက အခြေခံမဲစာရင်း အမှားများ၊ သဘာဝဘေးအန္တရာယ် ကျရောက်နေသည့် ဒေသများရှိ မဲဆန္ဒရှင်များ မဲစာရင်းကြည့်ရှု ပြင်ဆင်ရန် အခက်အခဲ၊ ၎င်းဒေသများအား ရွေးကောက်ပွဲရွှေ့ဆိုင်းရန် ရှိ မရှိ၊ နယ်မြေအေးချမ်းမှု မရှိသော ဒေသများတွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည့် အခြေအနေ၊ ကြိုတင်မဲပေးခြင်းကိစ္စ၊ စစ်ဘေးရှောင် စခန်းများရှိ မဲဆန္ဒရှင်များ မဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ တပ်ဧရိယာအတွင်းရှိ မဲရုံများသို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ ၀င်ရောက်ကြည့်ရှုခွင့် ရှိ မရှိ၊ ယာယီသက် သေခံလက်မှတ်များ သိမ်းဆည်းပြီးနောက် ထုတ်ပေးသည့် အစိမ်းရောင်ကတ် ကိုင်ဆောင်ထားသူများ ဆန္ဒမဲပေးခွင့် ရှိ မရှိတို့အား မေးမြန်းခဲ့သည်။
ထိုသို့မေးမြန်းမှုအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက မဲစာရင်းနှင့် စပ်လျဉ်း၍ အခြေခံ မဲဆန္ဒရှင်စာရင်းကို ၂၀၁၅ ခုနှစ် နှစ်စပိုင်းမှစတင်၍ လေးကြိမ်ကပ်ထား ကြေညာခဲ့ကြောင်း၊ ကော်မရှင်အနေဖြင့် မဲစာရင်း မှန်ကန်ရေးအတွက် ဆောင်ရွက်နေပြီး အခြေခံမဲစာရင်းများ ရှိထားပြီးဖြစ်ကြောင်း၊ မဲစာရင်းမှားရုံဖြင့် မဲပေးခွင့် မဆုံးရှုံးကြောင်း၊ မဲပေးခွင့်ရှိသူ အမှန်ဖြစ်ကြောင်း တာဝန်ခံ ပြောကြားသူရှိလျှင် ပြင်ဆင်ရေးမှတ်၍ မဲပေးခွင့်ပြုရမည်ဟု လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများ ၅၀ (ဂ) တွင် အတိအလင်း ပြဋ္ဌာန်းထားပါကြောင်း၊ ကော်မရှင်အနေဖြင့် မဲစာရင်းတွင် ပါရှိသည့် မဲဆန္ဒရှင်များအား မဲဆန္ဒရှင် သက်သေခံ လက်မှတ်များ ထုတ်ပေးရန် ဆောင်ရွက်ထားသဖြင့် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း ပျောက်ဆုံးသော်လည်း မဲဆန္ဒရှင် သက်သေခံလက်မှတ်ဖြင့် မဲပေးနိုင်အောင် ဆောင်ရွက်ထားကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒနယ်မြေများ သတ်မှတ်ကြေညာထားပြီး ဖြစ်ပါကြောင်း ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နယ်မြေလုံခြုံရေးအခြေ အနေအရ လွတ်လပ်မျှတသော ရွေးကောက်ပွဲ ကျင်းပရန် မဖြစ်နိုင်ပါက ရွှေ့ဆိုင်းနိုင်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ လုံခြုံရေးအရ မဲဆန္ဒနယ်တစ်ခုလုံးအား ရွှေ့ဆိုင်းခြင်းမပြုဘဲ မဲဆန္ဒနယ် တစ်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်သည့် ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် ကျင်းပပေးပြီး လူထုကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ကြိုတင်မဲနှင့်ပတ်သက်၍ အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက် မဲဆန္ဒရှင်များ၊ မဲဆန္ဒနယ် ပြင်ပရောက် ဆေးရုံတက်၊ သင်တန်းတက်များ အနေဖြင့် ကြိုတင်ဆန္ဒမဲ ပေးလိုပါက ပုံစံ (၁၅) ဖြင့် တောင်းခံရမည် ဖြစ်ကြောင်း၊ ကြိုတင်မဲပေးသူ စာရင်းကိုပြုစုပြီး သက်ဆိုင်ရာ မဲရုံများတွင် ကြေညာထားမှာ ဖြစ်ကြောင်း၊ မဲရုံပိတ်ချိန် ညနေ ၄ နာရီတွင် ကြိုတင်ဆန္ဒမဲ လက်မှတ်များအား ရေတွက်ပြီး ညနေ ၄ နာရီ နောက်ပိုင်းရောက်ရှိသော ကြိုတင်ဆန္ဒမဲများအား ရေတွက်ခြင်းမပြုဘဲ ပယ်မဲအဖြစ် သတ်မှတ်ရန် နည်းဥပဒေတွင် ပြင်ဆင်ပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
စစ်ဘေးရှောင်စခန်းရှိ မဲဆန္ဒရှင်များ မဲပေးနိုင်ရေးနှင့် စပ်လျဉ်း၍ စခန်းရှိစာရင်းများတွင် မူလနေထိုင်ရာဒေသ စာရင်းများ ရှိပါကြောင်း၊ ၎င်းဒေသများအလိုက် အုပ်စုခွဲ၍ သက်ဆိုင်ရာ ကိုယ်စားလှယ်များအား မဲပေးနိုင်ရေး ဆောင်ရွက်နိုင်ပါကြောင်း၊ သို့မဟုတ် ၎င်းတို့အနေဖြင့် ရက်ပေါင်း ၁၈၀ ကျော်လွန် နေထိုင်ပါက ပုံစံ (၃-က) ဖြင့် လျှောက်ထားပြီး ရောက်ရှိဒေသမှ ကိုယ်စားလှယ်ကိုလည်း မဲပေးရွေးချယ်နိုင်ပါကြောင်း၊ ၎င်းနှစ်ချက်အနက် မဲဆန္ဒရှင်၏ ဆန္ဒအတိုင်း ဆောင်ရွက်စေမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။
တပ်ဧရိယာအတွင်းရှိ မဲရုံများသို့ ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၊ မဲရုံကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၊ မီဒီယာများကို ၀င်ခွင့်ပြုရန်နှင့် ခွင့်မပြုနိုင်ပါက တပ်ဧရိယာပြင်ပတွင် မဲရုံဆောက်လုပ်ရန် တပ်မတော်နှင့် ညှိနှိုင်းထားပြီး ဖြစ်ပါကြောင်း၊ ဥပဒေအရ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများကိုသာ မဲပေးခွင့်ပြုထားပါကြောင်း၊ ယခုထုတ်ပေးထားသော အစိမ်းရောင်ကတ်မှာလည်း မဲပေးခွင့်ပြုခြင်း၊ မပြုခြင်းကို ဥပဒေအရ ပြဋ္ဌာန်းထားခြင်းမရှိ၍ မဲပေးခွင့်ပြု၍ မရကြောင်း၊ ကော်မရှင်အနေဖြင့် ဥပဒေအရသာ ဆောင်ရွက်ခွင့်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။
Credit To >>> Eleven Media Group

“ဒေါက်တာညိုညိုသင်း တစ်သီးပုဂ္ဂလအနေဖြင့် ဗဟန်းမြို့နယ်မှဝင်ပြိုင်မည်”


လက်ရှိရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းသည် ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအနေဖြင့် ဗဟန်းမြို့နယ်ကို ကိုယ်စားပြုကာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ယနေ့ (သြဂုတ်လ ၇ရက်) တွင် သတင်းထောက်များကိုပြောကြားလိုက်သည်။
ဗဟန်းမြို့နယ်ကိုယ်စားပြု၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ရွေးကောက်ပွဲဝင်ရန် ကိုယစားလှယ်လောင်းလျှောက်ထားခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ်လောင်းများစာရင်း ထွက်ရှိလာသောအခါ ဒေါက်တာညိုညိုသင်းအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)မှ ရွေးချယ်ခဲ့ခြင်းမရှိပေ။
Credit To >>> 7 Day News

သဘာဝဘေးခံစားခဲ့ရသည့် ရခိုင်ပြည်သူများ စိတ်ဓာတ်မကျရန်နှင့် လိုအပ်သည့်အကူအညီများပေးသွားမည်ဟု နိုင်ငံတော် သမ္မတ ပြောကြား

 
ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားခဲ့သည့် သဘာဝဘေး အတွက် စိတ်ဓာတ် ကျမနေဘဲ ပြန် လည်ထူထောင်ဖို့ ကြိုးစားရမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဩ ဂုတ် ၆ ရက်တွင် ရခိုင်ပြည် နယ် မြောက် ဦးမြို့ အလိုတော်ပြည့် ဘုန်းတော်ကြီး ကျောင်း ရေဘေး ဒုက္ခသည်စခန်းရှိ ဒုက္ခသည်များအား ပြောကြားခဲ့ကြောင်း သိရသည်။

6.8.15

သမ္မတဦးသိန်းစိန် ဒုတိယသက်တမ်း ဆက်လက်တာဝန်ထမ်းဆောင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လေးဖွဲ့က တိုက်တွန်း


လက်ရှိနိုင်ငံတော်သမ္မတ ဦးသိန်း စိန်အား ဒုတိယသမ္မတသက်တမ်း ဆက် လက်တာဝန်ထမ်းဆောင်ရန် ငြိမ်းချမ်း ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ် ရေးဆိုင်ရာ ကတိပြုချက်လက်မှတ်ရေး ထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့လေးဖွဲ့မှ တိုက်တွန်းခဲ့ကြောင်း သိရသည်။

အပစ်ရပ်မည့် အဖွဲ့များကို နိုင်ငံရေး၊ စစ်ရေး အာမခံချက်ပေးနိုင်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ပြော

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်, NCA,  ငြိမ်းချမ်းရေး
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပေါ် အဆင့်အတန်း မခွဲခြားဘဲ စစ်ရေး၊ နိုင်ငံရေး အာမခံချက် ပေးနိုင်ကြောင်း ပြောဆိုလိုက်သည်။

5.8.15

ရန်ကုန်-ပြည်လမ်းတွင် အောင်လံမြို့ အနီး၌ ရေကျော်


အောင်လံမြို့တွင် ဧရာဝတီမြစ်ရေ နှစ်ပေကျော်ခန့် ထပ်မံတက်လာပြီး ရန်ကုန်-ပြည် လမ်းပေါ်တွင် ရေကျော်နေသောကြောင့် ယနေ့ နံနက်ပိုင်းတွင် သွားလာမှု အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။

ယူနိုက်တက်လက်ဘော်ရေထရီနဲ့ ဗျူတီးပဲလေ့ (စ)ကုမ္ပဏီတို့စီးပွားရေးလုပ်ငန်းသစ်တစ်ခု သဘောတူ

အခုတော့ တစ်ပတ်အတွင်း စီးပွားရေးသတင်းအလှည့်ပေါ့ရှင်၊ ဖိလစ်ပိုင်နိုင်ငံက ယူနိုက်တက် လက်ဘော်ရေထရီနဲ့ ပြည်တွင်းက ဆပ်ပြာ၊သွားတိုက်ဆေးနဲ့ ကျန်းမာရေးသုံးကုန်ပစ္စည်းတွေထုတ်လုပ်တဲ့ ဗျူတီး ပဲလေ့ (စ)ကုမ္ပဏီတို့ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းသစ်တစ်ခုတည်ထောင်ဖို့ နှစ်ဦးသဘောတူလိုက်ပြီဖြစ်ပါတယ်။

" ရေဘေးဒုက္ခ တတ်နိုင်သမျှ ကူညီကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။"

၁။ မြန်မာနိုင်ငံအနှံ့အပြားတွင် ရေဘေးအန္တရာယ်များ တွေ့ကြုံနေရသည့် ရေဘေးဒုက္ခသည်များအား တတ်နိုင်သော အကူအညီများပေးရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

4.8.15

ဇေကမ္ဘာဝင်းအတွင်း ဖမ်းမိသော စိတ်ကြွဆေးပြား သယ်ဆောင်လာသည့် ယာဉ်၏ပိုင်ရှင်မှာ မြောက်ဒဂုံတွင် နေထိုင်သည်ဟု စုံစမ်းသိရှိ ထားသော်လည်း ဖမ်းဆီးရမိခြင်း မရှိသေး

ဇေကမ္ဘာဝင်းအတွင်း စိတ်ကြွဆေးပြား သယ်ဆောင်လာသည့် ယာဉ်၏ပိုင်ရှင်မှာ မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သည်ဟု စုံစမ်းသိရှိရသော်လည်း ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း မင်္ဂလာဒုံမြို့နယ်မှ မြို့နယ်မှူး ရဲမှူးဝင်းရွှေက ပြောကြားသည်။

3.8.15

အမြန်လမ်းပေါ်၌ သီးကုန်းအရေးပေါ်ရှေးဦးပြု စုစခန်း တည်ဆောက်လျက်ရှိ

 
ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ် မိတ္ထီလာမြို့အနီးရှိ သီးကုန်း(၂၈၅)မိုင် ယာဉ်ရပ်နားစခန်းအနီးတွင် အရေး ပေါ် ရှေးဦးပြုစုစခန်း အဆောက်အအုံ သစ်ကို Steel structure ဖရိန်များဖြင့် တည်ဆောက်လျက်ရှိပြီး ခြောက် လခန့်အတွင်း ပြီးစီးအောင်တည်ဆောက်သွားမည်ဖြစ် ကြောင်း သိရသည်။