25.8.15

ချင်းပြည်နယ် ပြန်လည် ထူထောင်ရေးအတွက် ကျပ်ဘီလီယံ ၂ဝ ကျော် တင်ပြတောင်းခံထားဟုဆို


ချင်းပြည် နယ် ပြန်လည်ထူထောင်ရေးအတွက် ကျပ်ဘီလီယံ ၂ဝ ကျော်တင်ပြတောင်း ခံထားကြောင်း ချင်းပြည်နယ် ပြန် လည်ထူထောင်ရေးကော်မတီဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဒေါက်တာဘမောင် က ပြောသည်။
ချင်းပြည်နယ်တွင် ဇူလိုင်လ အတွင်းက မိုးသည်းထန်စွာရွာသွန်း ခြင်းကြောင့် မြေပြိုမှုများဖြစ်ပေါ်ခြင်း၊ လမ်းများ၊ တံတားများ၊ နေအိမ်များ၊ စာသင်ကျောင်းများ၊ လယ်ယာမြေ များအပါအဝင် ဆုံးရှုံးမှုတန်ဖိုးငွေ ကျပ် ဘီလီယံ ၂ဝကျေ်ရှိကြောင်း သိရသည်။
လူမှုရေးဝန်ကြီး ဒေါက်တာ ဘ မောင်က ''အခုအချိန်မှာ ပြန်လည်ထူ ထောင်ရေးကော်မတီဖွဲ့ပြီး လုပ်ကိုင် ဆောင်ရွက်နေပါတယ်။ သဘာဝဘေး ကြောင့် အခုချိန်ထိ ပျက်စီးဆုံးရှုံး မှုဘီလီယံ ၂ဝ ကျော်ရှိပါတယ်။ အဲ့ဒါ ကြောင့် ဒီလောက်တော့ ပျက်စီးဆုံး ရှုံးမှုရှိပါတယ်။ ပြန်လည်ထူထောင် ရေးအတွက် ဘီလီယံ ၂ဝ ကျော်ကုန် ကျမယ်ဆိုပြီး ပြည်ထောင်စုအစိုးရအ ဖွဲ့ကို တင်ပြတောင်းခံထားပါတယ်''ဟုပြောသည်။

ချင်းပြည်နယ်ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို အမြန်ဆုံးလုပ် ကိုင်နိုင်ရန်အတွက် သက်ဆိုင်ရာဝန် ကြီးများနှင့် ဌာနပေါင်းစုံပါဝင်ပြီး ချင်း ပြည်နယ် ပြန်လည်ထူထောင်ရေး ကော်မတီကို ဖွဲ့စည်းဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါက်တာဘမောင်က ''ဘယ် လုပ်ငန်းတွေကို ဦးစားပေးပြီးလုပ် မယ်။ ဘာပြီးရင် ဘာလုပ်မယ်ဆိုတာမျိုး တော့ စီမံကိန်းရေးဆွဲထားတာတော့ ရှိတာပေါ့။ အရင် ဦးစားပေးအနေနဲ့ တော့ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ သူတွေ ကို အမြန်ဆုံးပြန်လည်တည်ဆောက် ပေးနိုင်ဖို့ ဦးစားပေးလုပ်ရမယ်။
နောက် တစ်ဆက်တည်း လမ်းပန်းဆက်သွယ် ရေးကောင်းမွန်ဖို့တွေ၊ အသက်မွေးဝမ်း ကြောင်းလုပ်ငန်းတွေပြန်ပြီး လုပ်ကိုင် နိုင်ဖို့၊ ကျောင်းဆိုရင် ကျောင်းပေါင်း ခြောက်ဆယ်လောက် ပြန်ဆောက်ရ မယ်။ အဲ့ဒါကိုတော့ သက်ဆိုင်ရာအ စိုးရအဖွဲ့က ပြန်လုပ်ပေးဖို့တော့ မျှော် လင့်ထားတယ်။
တချို့ကျောင်းတွေ ကျတော့လဲ ဒုက္ခသည်စခန်းတွေအ ဖြစ်ရှိနေတယ်။
စာသင်ကျောင်းတွေ ကို ပိတ်တော့မထားဘူး။ အဆင်ပြေ သလို
သင်ကြားပေးနေရတယ်။ တံ တားဆိုရင်လဲ အစင်းပေါင်း ၃ဝဝ ကျော်လောက်ပျက်စီးသွားတော့ ပြန် လည်ထူထောင်ရေးက မူလအခြေအ နေရောက်ဖို့ တော်တော်လုပ်ယူရဦး မှာပါ''ဟု ဆက်လက်ပြောသည်။

Credit To >>> Democracy News

0 comments:

Post a Comment