ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

13.5.13

အမေရိကန်နိုင်ငံ နယူးအော်လန်းမှ အမေများနေ့အခမ်းအနားတွင် ပစ်ခတ်မှုဖြစ်ပွား



၁၃.၅.၂၀၁၃၊ တနင်္လာနေ့



တနင်္ဂနွေနေ့က အမေများနေ့ အခမ်းအနားအတွက် စုရုံးနေသူ တချို့ကို ဦးတည်ကာ သေနတ်သမားများက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံ၊ နယူးအော်လန်းတွင် ယမန်နေ့က ဖြစ်ပွားသော ပစ်ခတ်မှုအတွင်း လူ(၁၉)ဦး ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။ အမေများနေ့တွင် ဖြစ်ပေါ်လာသော ရုတ်ရုတ်သည်းသည်း အခြေအနေနှင့် ပတ်သက်ပြီး နယူးအော်လန်း ရဲတပ်ဖွဲ့က အကြမ်းဖက် တိုက်ခိုက်မှုမျိုး မဟုတ်ဘဲ လမ်းပေါ်တွင် ဖြစ်ပွားသည့် ပစ်ခတ်မှု တစ်ခုဟုသာ ယူဆထားကြောင်း ဆိုသည်။ တနင်္ဂနွေနေ့က အမေများနေ့ အခမ်းအနားအတွက် စုရုံးနေသူ တချို့ကို ဦးတည်ကာ သေနတ်သမားများက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ FBIက ယခုကိစ္စသည် လမ်းပေါ်တွင် ဖြစ်ပွားသည့် အကြမ်းပတမ်း လုပ်ရပ်ဟု ပြောဆိုထားပြီး အခြေအနေကို ဆက်လက် စုံစမ်းနေကြောင်း ကြေညာထားသည်။

ဗီဒီယို မှတ်တမ်းအချို့တွင် သေနတ်ကျည်ဆန် ထိမှန်ခြင်း ခံရသူ အချို့တို့သည် ပလက်ဖောင်းပေါ်တွင် သွေးအလူးလူးဖြင့် လဲကျနေသည်ကို တွေ့မြင်နေရသည်။ ဒဏ်ရာရသူများအနက် (၃)ဦးမျှသည် အခြေအနေ ဆိုးကြောင်းလည်း သတင်းများက ဆိုသည်။ ကျန်ဒဏ်ရာရသူ အများစုမှာမူ ပွန်းပဲ့ရုံမျှသာ ဖြစ်ပြီး စိုးရိမ်စရာ မရှိဟု သိရသည်။ FBIက ဒဏ်ရာရသူ အများစုသည် အသက်ဘေးအတွက် စိုးရိမ်ရလောက် ပြင်းထန်မှု မရှိဟု ပြောကြားထားပြီး အသေအပျောက်လည်း မတွေ့ရဟု အတည်ပြုခဲ့သည်။

ဒဏ်ရာရသူများအနက် (၁၀)ဦးသည် အမျိုးသားများ ဖြစ်ကာ (၇)ဦးသည် အမျိုးသမီးများဟု ဆိုသည်။ ထို့အပြင် ယောက်ျားလေးငယ် (၁)ဦးနှင့် မိန်းကလေးငယ် (၁)ဦးတို့လည်း ပါဝင်ပြီး အသက်(၁၀)နှစ်စီသာ ရှိသေးကြောင်း သိရှိရသည်။ ရဲတပ်ဖွဲ့က အခင်းဖြစ်ရာ နေရာမှ လူ(၃)ဦး ထွက်ပြေးသွားသည်ကို သတင်းရထားကြောင်း ပြောဆိုခဲ့သည့်တိုင် လက်ရှိ အချိန်ထိ မည်သည့် မသင်္ကာသူကိုမျှ ဖမ်းဆီးခြင်း မပြုသေးပေ။ မြို့တော်ဝန် မစ်ခ်ျလန်ဒရူးက "ဒီလို လုပ်ရပ်မျိုးကို ခွင့်လွှတ်ဖို့ အဖြေမရှိဘူး။ တစ်ယောက်ယောက်က တစ်ခုခုကို သိရင် ထုတ်ပြောလာဖို့ တိုက်တွန်းပါတယ်။ ဒီလို အကြမ်းပတမ်း လုပ်ရပ်မျိုးကို တားဆီးဖို့ဆိုတာ အားလုံးမှာ ပူးပေါင်းရမယ့် တာဝန်ရှိပါတယ်"ဟု ပြောကြားသွားသည်။  

Planet News 

ဖာဂူဆန် Old Trafford ကို နှုတ်ဆက်



၁၃.၅.၂၀၁၃၊ တနင်္လာနေ့
 

အင်္ဂလန်ပရီမီယာလိဂ် ဘောလုံးပွဲတွေမှာတော့ မန်ချက်စတာယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ နည်းပြအဖြစ်နဲ့ အိုးလ်ထရက်ဖို့ဒ် ပရိသတ်တွေကို တနင်္ဂနွေနေ့က နှုတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ဆွမ်စီးနဲ့ ကစားတဲ့ပွဲဟာ ဆာအဲလက်စ် အတွက် အိုးလ်ထရက်ဖို့ဒ် ကွင်းမှာ နောက် ဆုံးပွဲပါ။ အဲဒီပွဲမှာ ၂ သင်းစလုံးက ကစားသမားတွေက အရင် ထွက်လာခဲ့ပြီးတော့ ဖာဂူဆန်ကို Guard of Honour ပေးပြီး ဂုဏ်ပြုခဲ့ကြသလို အိုးလ်ထရက်ဖို့ တကွင်းလုံးမှာရှိတဲ့ ပရိသတ်တွေအားလုံးကလည်း အလံတွေ ဝှေ့ ယမ်းပြီး၊ သီချင်းတွေ သံပြိုင်သီဆိုပြီး ဖာဂူဆန်ကို နောက်ဆုံး နှုတ်ဆက်ခဲ့ကြပါ တယ်။ ဒီပွဲမှာ မန်ယူအသင်းက ဆွမ်စီးအသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရခဲ့ပြီး ဖာဂူဆန်ရဲ့ အိုးလ်ထရက်ဖို့ဒ် နောက်ဆုံးပွဲကို အနိုင်နဲ့ အဆုံးသတ်ပေးနိုင်ခဲ့ပါတယ်။

မန်ယူအတွက် ဂိုးတွေကို တိုက်စစ်မှူး ချီချာရီတို နဲ့ ဖာဒီနန်တို့က သွင်းပေးခဲ့တာပါ။ ဒီပွဲမှာ ဖာဂူဆန်အတွက် အိုးလ်ထရက်ဖို့မှာ နောက်ဆုံးပွဲဖြစ်သလို မန်ယူကွင်းလယ် ကစားသမား ပေါလ်စခိုးလ်အတွက်လည်း နောက်ဆုံးနှုတ်ဆက်ပွဲလည်းဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ လွန်ခဲ့တဲ့ နှစ် ၂၀ က ပရီမီယာလိဂ်ဖလားကို ပထမဆုံးအကြိမ် မန်ယူ အသင်းအတွက် ကိုင်မြှောက်ပေးခဲ့တဲ့ အသင်းခေါင်းဆောင်ဟောင်း ၂ ယောက် စတိဗ်ဘရုစ်နဲ့ ဘရိုင်ယန်ရော့်ဘ်ဆင်တို့က ပရီမီယာလိဂ်ဖလားကို ကွင်းထဲကို သယ်လာပေးခဲ့ပါတယ်။ နောက်ဆုံးမှာ လက်ရှိအသင်းခေါင်းဆောင် အဖြစ် တာဝန်ယူထားတဲ့ ဗီဒစ် နဲ့ အယ်ဗရာတို့က ဖာဂူဆန်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပရီမီယာလိဂ်ဖလားကို ဆာအဲလက်ဖာဂူဆန် အရင်ဆုံးကိုင်မြောက်စေပြီး ဂုဏ်ပြုပေးခဲ့ပါတယ်။

စနေနေ့က ကစားတဲ့ တခြားပွဲတွေမှာတော့ အဲဗာတန်က ၀က်စ်ဟမ်းကို ၂ ဂိုး ၁ ဂိုးး နဲ့ နိုင်ခဲ့သလို၊ နယူးကာဆယ်ကလည်း QPR ကို ၂ ဂိုး ၁ ဂိုး ၊ တော့တင်ဟမ်က စတုတ်ခ်စီးတီးကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရခဲ့ပါတယ်။

VOA

အပူပိုင်းမုန်တိုင်း 01B(MAHASEN) သတိပေးချက်အမှတ် (၁၁) (၁၃-၅-၂၀၁၃)ရက်၊ နံနက် (၃း၃၀) နာရီ အချိန်ထုတ်ပြန်သည်


၁၃.၅.၂၀၁၃၊ တနင်္လာနေ့
 
 

အပူပိုင်းမုန်တိုင်း မဟာဆန်သူဟာ (၁၃-၅-၂၀၁၃) ရက်နေ့ နံနက် (၃)နာရီခွဲအချိန်မှာ Lat 11.0°N Long 86.6°E အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ရဲ့တောင်ဖက် (၈၆၅)မိုင်အကွာ ပင်လယ်ရေပြင် အပေါ်မှာ ဗဟိုပြုနေပါတယ်။ မုန်တိုင်းဟာ လွန်ခဲ့တဲ့(၆)နာရီအတွင်း က မြောက်အနောက်ယွန်းယွန်း(NNW)ကို တစ်နာရီ(၇)မိုင်နှုန်းနဲ့ ရွေ့လျှားလာခဲ့ပါတယ်။

ဒါဟာဖြင့် မူလရွေ့လျှားရာ ဦးတည်ဖက် NW (315° Bearing) ကနေ NNW(337° Bearing) ကို ပြောင်းလာခဲ့တာဖြစ်တဲ့အတွက် မုန်တိုင်းဟာ စတင်ကွေ့နေပြီ ဆိုတာကို ပြသနေခြင်းပါဘဲ။ ။ (360° Bearing ဆိုရင် မြောက်ဖက်အရပ်ဖြစ်ပါတယ်။)

ကောင်းကင်မိုးလေ၀သဂြိုဟ်တု တိုင်းတာချက်များအရ မုန်တိုင်းမှာရှိတဲ့တိမ်တွေဟာ ပြီးခဲ့တဲ့ (၆)နာရီအတွင်း ပိုမိုထူထပ်သိပ်သည်းလာနေတဲ့အတွက် မုန်တိုငးဟာ ပြန်လည်အားပျိုး(regain strength)လာနေပြီ ဆိုတာကို တွေ့နေရပါတယ်။ နောက်တစ်ချက်က မုန်တိုင်းဦးတည်ရာဖက် အရှေ့မြောက်ဖက် (45° Bearing)ကို မပြောင်းမှီ မုန်တိုင်းရဲ့ ရွေ့လျှားမှုနှုန်းဟာ နောက်(၂၄)နာရီ အတွင်းမှာ နှေးကွေးလာမယ်လို့ခန့်မှန်းရပါတယ်။ ဒါဟာ မုန်တိုင်းတို့ရဲ့ သဘာဝဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ မုန်တိုင်းရဲ့အင်အားဟာ အရှေ့မြောက်ဖက်ကို ရွေ့လျှားရင်းနဲ့ တဖြည်းဖြည်း နဲ့ ပိုမိုအားကောင်းလာပါလိမ့်မယ်။

စိတ်သက်သာရာ ရစေနိုင်တဲ့အချက်တစ်ခုကတော့ ဘင်္ဂလားဒေ့ရှ် နဲ့ ရခိုင်ကမ်းရိုးတန်း ဖက်ဆီ ကို ဦးတည် ရွေ့လျှားလာနိုင်မယ့် 01B(MAHASEN) ဆိုင်ကလုန်းမုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို စစ်တကောင်းမြှိုအနီးက မဖြတ်ကျော်မီလေးမှာ အားလျော့သွားနိုင်တယ်လို့ ခန့်မှန်းရတဲ့ အချက်အလက်တွေ တွေ့နေရခြင်းဘဲ ဖြစ်နိုင်ပါတယ်။
တစ်နည်းပြောရရင်တော့ အားပျော့သွားပြီးမှ ကမ်းကိုဖြတ်နိုငတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။
ဒါဆိုရင်ဖြင့် ထိခိုက်မှုတွေကို လျော့ပါးသွားစေနိုင်ပါတယ်။

ကံမကောင်းချင်တော့ မဟာဆန်သူဟာ ကွေ့ပါလိမ့်မယ်။
ကံကောင်းချင်တော့ အားပျော့သွားပြီးမှ ကမ်းကို ဖြတ်နိုင်လို့ အပျက်အစီးတွေ သက်သာရာ ရနိုင်ပါတယ်။
လို့ဆိုပါတော့ဗျာ။

အရေးကြီးတာကတော့ ဒါတွေအားလုံးဟာ ကြိုတင်ခန့်မှန်းချက်များသာဖြစ်လို့ အချိန်နဲ့အမျှ အပြောင်းအလဲတွေဆိုတာ ရှိလာနိုင်ပါတယ်။ ကျွန်တော်တို့ဘက်က မုန်တိုင်းသတင်းတွေကို အချိန်နဲ့တပြေးညီ update လုပ်ပေးနေရသလို ဒေသခံပြည်သူများကလည်း သတင်းတွေကို အချိန်နဲ့ တပြေးညီ အမြဲ update လုပ်ပြီး နားစွင့်နေဖို့လိုပါတယ်။

မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံး သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးနိုင်ကြပါစေ။

ဒေါက်တာထွန်းလွင် (MCCW)