ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

25.11.15

တရုတ်သာမက ဥရောပအထိ ကျောက်စိမ်းတင်ပို့နိုင်ရေး ဆောင်ရွက်ပေးသင့်ဟုဆို


  မြန်မာ့ ကျောက်စိမ်းဈေးကွက်ကို တရုတ် နိုင်ငံဈေးကွက်တစ်ခုတည်းကိုသာ မှီခိုနေရ သည့် အခြေအနေမှ ဥရောပ ဈေးကွက်အထိ တင်ပို့ရောင်းချနိုင် ရေးကို အစိုးသစ်လက်ထက်၌ လုပ် ဆောင်ပေးသင့်ကြောင်း မန္တလေး မြို့ ကျောက်စိမ်းဈေးကွက်အတွင်းမှ သိရသည်။

ချင်းရွာ၂၅၀ ကို ဆိုလာစနစ်ဖြင့် မီးပေးရန် လာမည့်နှစ်တွင် စတင်မည်


-၁ဝနှစ်အတွင်း မဟာဓာတ်အားလိုင်း မရောက်နိုင် သောချင်းပြည်နယ်မှ ရွာပေါင်း၂၅၀ အားဆိုလာဖြင့် မီးလင်းရေးကို ပထမ ဦးစားပေးအဖြစ် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်ခြိမ်းခြောက်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလာခြင်း တပ်လှန့်နှိုးဆော်မှုကို အမေရိကန်ထုတ်ပြန်



အကြမ်းဖက်အန္တရာယ်မြင့်မားလာမှုကြောင့် အမေရိကန်သည် ၄င်း၏နိုင်ငံသားများအတွက် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလာမှု တပ်လှန့်နှိုးဆော်မှုတစ်ခုကို ထုတ်ပြန်လိုက်သည်။

ကမ္ဘောဇဆက်သွယ်ရေးလမ်းကြောင်း (KBZ Gateway) ကုမ္ပဏီက Hughes JUPITER System နှင့်ပူးပေါင်းကာ မြန်နှုန်းမြင့်ဂြိုဟ်တု ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သွားမည်


ကမ္ဘောဇ ဆက်သွယ်ရေးလမ်းကြောင်း (KBZ Gateway ) ကုမ္ပဏီက Hughes JUPITER System နှင့် ပူးပေါင်း ကာ မြန်နှုန်းမြင့် ဂြိုဟ်တုဆက်သွယ် ရေးဝန်ဆောင်မှုလုပ်ငန်းအား ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုက်ထီးရိုးစေတီတောင်တော် ကေဘယ်ကားပြေးဆွဲရေး စီမံကိန်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဟုဆို

ကျိုက်ထီးရိုး စေတီတောင်တော် ကေဘယ်ကားပြေးဆွဲ ရေးစီမံကိန်းမှာ နိုင်ငံခြားရင်းနှီးမြ§ုပ်နှံသူ (Inverstor)မရရှိတော့သဖြင့် လုပ်ငန်းရပ် ဆိုင်းရသော်လည်း ယာယီသာဖြစ်ပြီး အ ခြားကုမ္ပဏီနှင့် ဆက်လက်လုပ်ကိုင်သွား မည်ဟု လက်ရှိလုပ်ငန်းလုပ်ဆောင်နေသည့်AIF ကုမ္ပဏီမှ သိရသည်။

Debit ကတ် ၊ Credit ကတ်များဖြင့် ငွေပေးချေရာတွင် ရောင်းချသည့် လုပ်ငန်းရှင်က ကတ်ကုမ္ပဏီကို ၀ ဒသမ ၆ ရာခိုင်နှုန်းအထိ ပေးရသဖြင့် ကတ်စနစ်ဖြင့် ငွေပေးချေမှုကို လျှော့ချပေးရေး ဆွေးနွေးမည်

မြန်မာနိုင်ငံတွင် အသုံးပြုလာနေပြီ ဖြစ်သည့်  Debit ကတ်များ Credit ကတ်များဖြင့် ၀ယ်ယူသူများက  ငွေပေးချေရာတွင် ကတ်ထုတ်လုပ်သည့် ကုမ္ပဏီကို ရောင်းချသည့် လုပ်ငန်းရှင်က ၀ ဒသမ ၆ ရာခိုင်နှုန်း ပေးချေရသဖြင့် လုပ်ငန်းရှင်များက အဆိုပါရာခိုင်နှုန်းကို ပေးချေလိုစိတ် မရှိသည့်အတွက် ကတ်ဖြင့် သုံးစွဲမှု တွင်ကျယ်မလာဘဲ ငွေသား ကိုင်ဆောင် အသုံးပြုမှုသာ တွင်ကျယ်နေသဖြင့် အဆိုပါ ၀ ဒသမ၆ ရာခိုင်နှုန်းကို လျှော့ချပေးနိုင်ရန် ဆွေးနွေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ            ဦးဆက်အောင်က ပြောကြားသည်။

ဟောင်ကောင်သို့ထွက်ခွာသော Dragon လေကြောင်းလိုင်းလေယာဉ် ငှက်အုပ်နှင့်တိုက်မိပြီး မှန်ကွဲသွားသဖြင့် ရန်ကုန်လေဆိပ်သို့ပြန်ဆင်းခဲ့ရ


 ရန်ကုန်မှဟောင်ကောင်သို့ထွက်ခွာသော Dragon လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ် တစ်စင်းသည် ငှက်အုပ်နှင့်တိုက်မိပြီး အရှေ့ဘက် မှန်ကွဲသွားသဖြင့် ရန်ကုန်လေဆိပ်သို့ပြန်လည်ဆင်းသက်ခဲ့ရကြောင်း သိရသည်။

Easy Payမိုဘိုင်းငွေပေးဝန်ဆောင်မှုလေးမျိုး ရှေ့နှစ်ဆန်းတွင် စတင်မည်


မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေပေးချေနိုင်သည့် အမျိုးအစား လေးမျိုးကို ပြည်တွင်းကုမ္ပဏီ Easy Pay က ၂၀၁၆ ဇန်န၀ါရီတွင် စတင်ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဘိန်းနှင့်ဆင်တူသော ဆေးများ ဆေးလွန်ခြင်း ကုသနိုင်မည့် ပထမဆုံးရှူဆေးကို FDA ထောက်ခံချက်ပေး


ဘိန်းနှင့်ဆင်တူသောဆေးများအလွန်အကျွံသုံးစွဲခြင်းကိုကုသနိုင်မည့်ပထမဆုံးရှူဆေးကိုအမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA)က ထောက်ခံချက်ပေးခဲ့သည်။အိုင်ယာလန်နိုင်ငံအခြေစိုက်Adapt ဆေးဝါးကုမ္ပဏီကထုတ်လုပ်မည့်Narcan ရှူဆေးသည်ဘိန်းနှင့်ဆင်တူသောဆေးများအလွန်အကျွံသုံးစွဲခြင်းအတွက်အသုံးပြုသောအဆိပ်ဖြေဆေးဖြစ်သည်။ ယင်းသို့ ဆေးလွန်မှုအတွက် ဖြေဆေးအနေဖြင့် စားဆေး၊ ထိုးဆေးပုံစံများကိုသာ ယခင်ကအသုံးပြုခဲ့သည်။

သပိတ်ကျင်းတွင် ရွှေဆက်လက်တူးဖော်သူများကို သတ္တုတွင်းဥပဒေဖြင့် အရေးယူမည်


သပိတ်ကျင်းမြို့နယ် ကျောက်ဖျာကျေးရွာအနီး မန္တလေး-မိုးကုတ်ကားလမ်းဘေးတွင် ရွှေ ကြောတွေ့ရှိသည့်သတင်းများ ထွက်ပေါ်ပြီး ဒေသခံများက မြေ စာခဲများတူးဖော်လျက်ရှိရာ နိုဝင်ဘာ ၂၅ နောက်ပိုင်း၌ ဆက်လက်တူးဖော်သူများကို သတ္တုတွင်း ဥပဒေဖြင့် အမှုဖွင့်အရေးယူတော့မည်ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်းရရှိသည်။