25.11.15

တရုတ်သာမက ဥရောပအထိ ကျောက်စိမ်းတင်ပို့နိုင်ရေး ဆောင်ရွက်ပေးသင့်ဟုဆို


  မြန်မာ့ ကျောက်စိမ်းဈေးကွက်ကို တရုတ် နိုင်ငံဈေးကွက်တစ်ခုတည်းကိုသာ မှီခိုနေရ သည့် အခြေအနေမှ ဥရောပ ဈေးကွက်အထိ တင်ပို့ရောင်းချနိုင် ရေးကို အစိုးသစ်လက်ထက်၌ လုပ် ဆောင်ပေးသင့်ကြောင်း မန္တလေး မြို့ ကျောက်စိမ်းဈေးကွက်အတွင်းမှ သိရသည်။

''တရုတ်ကပေးတဲ့ဈေးနှုန်းကိုပဲ ပြည်တွင်းက လက်ခံနေရတယ်။ အား ကိုးပြီးလည်း ရောင်းချနေရတယ်။ အခုဆိုရင် တရုတ်က ဒီကိုဆင်းလာ မဝယ်တော့ ဈေးကွက်က ပျက်လုနီး ပဲ''ဟု မဟာအောင်မြေကျောက်မျက် ရတနာရောင်းဝယ်ရေးစခန်း မပြောင်း ရွှေ့ရေးကော်မတီမှ ဥက္ကဋ္ဌဦးသန်းဝင်း က ပြောသည်။
လက်ရှိပြည်တွင်းကျောက်စိမ်း ဈေးကွက်တွင် တရုတ်ဝယ်လက်မရှိ သည်မှာ တစ်နှစ်နီးပါးခန့်ကြာမြင့် နေပြီဖြစ်သဖြင့် တရုတ် နိုင်ငံ ရွှေလီ ဘက်သို့ တိုက်ရိုက်သယ်ယူရောင်းချ နေရကြောင်း ကျောက်စိမ်းကျောက် မျက်လုပ်ငန်းရှင်များထံမှ သိရသည်။
''ပြည်တွင်းမှာ ရောင်းနေတာ တော်တော်ကြာပြီ။ သိန်းငါးရာနဲ့ဝယ် ထားတာ။ ရောင်းလို့မရဘူး။ အဲဒါ ကို ရွှေလီကနေ တရုတ်ပြည် ထဲအထိ သွားရောင်းရတယ်။ အဲဒီမှာလည်း အဆင့်ဆင့် လုပ်ဆောင်ရမှုတွေ ကြောင့် အရင်းလောက်ပဲရခဲ့တယ်'' ဟု တရုတ်ပြည်အထိ ကျောက်စိမ်း သွားရောက်ရောင်းချခဲ့သူ ကိုအောင် ကျော်မိုးက ပြောသည်။
ဈေးကွက်အသစ် ဖော်ဆောင် ပေးခြင်းနည်းတူ ကျောက်မျက်တူး ဖော်မှုလုပ်ငန်းများကိုလည်း ကုမ္ပဏီ အနည်းငယ်နှင့် စီးပွားရေးလုပ်ငန်း ရှင်အနည်းငယ်တို့ကိုသာ ပွင့်လင်း မြင်သာမှုအားနည်းစွာဖြင့် လုပ်ကိုင် ခွင့်ပြုပေးနေခြင်းကိုလည်း ပြင်ဆင် ပေးရန်လိုအပ်သည်ဟု ကျောက်မျက် လုပ်ငန်းရှင်တို့က ဆိုသည်။
မန္တလေးမြို့ မဟာအောင်မြေ ကျောက်ဝိုင်းတွင် နေ့စဉ်လူဦးရေ တစ်သိန်းကျော် ရောင်းဝယ်နေကြ ခြင်းဖြစ်ပြီး ကျောက်မျက်ဈေး အတွင်း တွင် လက်ကောက်၊ လွှာချပ်၊ တစ်စ၊ ပန်းပုလိုင်း၊ အရည်လိုင်း၊ ခဲလိုင်း၊ ပန်းထိမ်လိုင်း၊ အပွင့်လိုင်း စသည့် ကျောက်စိမ်း ထွက်ကုန်များ အရောင်း အဝယ်ပြုလုပ်လျက်ရှိသည်။

Credit To >>> Democracy News 

0 comments:

Post a Comment