25.11.15

ကျိုက်ထီးရိုးစေတီတောင်တော် ကေဘယ်ကားပြေးဆွဲရေး စီမံကိန်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဟုဆို

ကျိုက်ထီးရိုး စေတီတောင်တော် ကေဘယ်ကားပြေးဆွဲ ရေးစီမံကိန်းမှာ နိုင်ငံခြားရင်းနှီးမြ§ုပ်နှံသူ (Inverstor)မရရှိတော့သဖြင့် လုပ်ငန်းရပ် ဆိုင်းရသော်လည်း ယာယီသာဖြစ်ပြီး အ ခြားကုမ္ပဏီနှင့် ဆက်လက်လုပ်ကိုင်သွား မည်ဟု လက်ရှိလုပ်ငန်းလုပ်ဆောင်နေသည့်AIF ကုမ္ပဏီမှ သိရသည်။
''အနယ်နယ်အရပ်ရပ်က ဆရာ တော်၊ သံဃာတော်တွေ၊ သက်ကြီးရွယ်အို တွေ သက်သောင့်သက်သာစွာနဲ့ ဘုရားဖူး နိုင်ဖို့ စီစဉ်ဆောင်ရွက်ထားရမယ့်လုပ်ငန်း ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံခြားကုမ္ပဏီ တစ်ခုထပ်ရှာပြီးတော့ သူတို့နဲ့အကျိုးတူပူး ပေါင်းပြီး မဖြစ်မနေ ပြီးစီးအောင် ဆက် လက်တည်ဆောက်သွားပါ့မယ်''ဟု AIF ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးနေလင်း က ပြောသည်။မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့် ခန်းမ၌ နိုဝင်ဘာ ၁၆ရက်ညနေ ၄နာရီက မွန်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကြ ဦးဌေးလွင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံစဉ် ဦးနေလင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

Credit To >>> Myanmar Breaking News 

0 comments:

Post a Comment