25.11.15

ချင်းရွာ၂၅၀ ကို ဆိုလာစနစ်ဖြင့် မီးပေးရန် လာမည့်နှစ်တွင် စတင်မည်


-၁ဝနှစ်အတွင်း မဟာဓာတ်အားလိုင်း မရောက်နိုင် သောချင်းပြည်နယ်မှ ရွာပေါင်း၂၅၀ အားဆိုလာဖြင့် မီးလင်းရေးကို ပထမ ဦးစားပေးအဖြစ် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၆ခုနှစ်တွင် ၁ဝနှစ်အတွင်း မဟာဓာတ်အားလိုင်း မရောက်နိုင် သည့်ဝေးလံဒေသရှိ ကျေးရွာများကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေး လက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်း၍ မဟာဓာတ် အားလိုင်းပြင်ပ (offgrid) မီးလင်း ရေးစနစ်တွင်ပါဝင်သော ဆိုလာမီး လင်းရေးလုပ်ငန်းများ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့် ဦးက ပြောသည်။
နိုဝင်ဘာ၂၄ရက်က ရန်ကုန် မြို့ရှိ Sule Shangrila Hotel တွင် ကျင်းပသော အမျိုးသားလျှပ်စစ်ဓာတ် အားရရှိရေးစီမံချက် (မဟာဓာတ်အား လိုင်း ပြင်ပမီးလင်းရေးစနစ်)ဆွေးနွေး ပွဲတွင် ဦးမြင့်ဦးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
''အနည်းဆုံး ၁၀ နှစ်အတွင်း နေရှင်နယ်ဂရစ်မရောက်နိုင်တဲ့ ဒေ သ တွေမှာရှိတဲ့ကျေးရွာတွေကို ဆောင် ရွက်သွားမှာပါ။ ချင်းပြည်နယ်က ၁၀ နှစ်အတွင်း လုံးဝမရောက်နိုင်တဲ့အ တွက် ဦးစားပေးဆောင်ရွက်ပေးမှာ ပါ၊ ပြီးရင် ရှမ်းပြည်နယ်၊ ကရင် ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရခိုင် ပြည်နယ် စတဲ့ဝေးလံတဲ့နေရာတွေ ဆောင်ရွက်သွားမှာပါ''ဟု ယင်းက ဆက်လက်ပြောသည်။
ယင်းလုပ်ငန်းဆောင်ရွက်ရန် အတွက် ငွေကြေးအားဖြင့် ကမ္ဘာ့ ဘဏ်မှ ၅၀ ရာခိုင်နှုန်းနိုင်ငံတော်မှ ၅၀ ရာခိုင်နှုန်းပါဝင်ထားပြီး ဆောင် ရွက်ပေး မည့် ကျေးရွာပြည့်သူများ မှ ကုန်ကျစရိတ်၏ ၁၀ ရာခိုင်နှုန်း ကို ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
၎င်းက ''စပြီးကမ္ဘာ့ဘဏ်က ငါးနှစ်စာအတွက် အမေရိကန်ဒေါ် လာသန်း ၄၀ဝထည့်ထားပါတယ်။ သူတို့ထည့်သလောက် မြန်မာနိုင်ငံ ဘက်ကနေ မြန်မာငွေနဲ့တွက်ချက် ပြီးထည့်ရမှာ။ တပ်ဆင်ထားတဲ့မီးလင်း ပစ္စည်းတွေကို တန်ဖိုးထားအောင်လို့ ပြည်သူတွေဆီက ၁ဝရာခိုင်နှုန်းကောက် ရတာပါ'' ဟု ဆက်လက်ပြောသည်။
ယင်းမဟာဓာတ်အားလိုင်း ပြင်ပမီးလင်းရေးစနစ်တွင် ပါဝင်သော ဆိုလာမီးလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ရန် ၂၀၁၆ခုနှစ် ဇန်နဝါ ရီလတွင် စတင်တင်ဒါခေါ်မည်ဖြစ် ပြီး၂၀၁၆ခုနှစ် မတ်လ၌ တင်ဒါခေါ် သွားမည်ဖြစ်ကြောင်း သိရသည်။

Credit To >>> Democracy News 

0 comments:

Post a Comment