ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

6.1.14

အကယ်ဒမီ ချောရတနာ၏ သားဦး ရတနာလေးကို ဧပြီလတွင် ဝိတိုရိယ ဆေးရုံ၌ မွေးဖွားမည်

၂ဝ၁၂ ခုနှစ်အတွက် ပေးအပ်သော မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးသည့် ''ဥ'' ရုပ်ရှင်ဇာတ်ကားဖြင့်
အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ဆွတ်ခူးရရှိခဲ့သည့် အကယ်ဒမီ ချောရတနာသည် သူမ၏ သားဦး ရတနာကို ဧပြီလ ပထမပတ် အတွင်း ရန်ကုန်မြို့ရှိ ဝိတိုရိယ ဆေးရုံကြီးတွင် မွေးဖွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ကင်ဂျုံအန်သည် ဦးလေးဖြစ်သူကို ခွေးကျွေး၍ သေဒဏ်ပေးခဲ့

ဒီဇင်ဘာလ ဆန်းက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ဟာ ဦးလေး ဖြစ်သူ Jang Song- Thaek ကို ဖမ်းဆီးခဲ့ပါတယ်။ ပြစ်မှုကတော့ အကျင့်ပျက်ရှစားမှုနဲ့ နိုင်ငံရေးပုံကန်ရန် ကြိုးပမ်းမှုအပြင် အခြားသော ပြစ်မှု အချို့ ပါဝင်နေပါသေးတယ်။ ယခု နောက်ဆုံး ရရှိတဲ့ သတင်းအရ ကတော့ ဦးလေး ဖြစ်သူကို ခွေး အကောင် ၁၂၀ ကို ထိုးကျွေး၍ သေဒဏ်ပေး ခဲ့ခြင်း ဖြစ်ကြောင်း သိရ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်သို့ ယခုလအတွင်း သွားမည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲများ ပြုလုပ်ရန်အတွက် ကရင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့သို့ ဇန်နဝါရီလအတွင်း သွားရောက်မည် ဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။

ပြည်သူများ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်နိုင်မည့် သီးသန့်နေရာများ တစ်နိုင်ငံလုံးတွင် ပြုလုပ်ပေးရန် ဦးမင်းကိုနိုင် တောင်းဆို

ပြည်သူများ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်နိုင် ရန်အတွက် သီးသန့်နေရာများ ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်ပေးရန် ၈၈မျိုးဆက်(ငြိမ်း /ပွင့်)မှ ဦးမင်းကိုနိုင်က တောင်း ဆိုလိုက်ကြောင်း သိရသည်။ ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီမှုမရှိသည့် ဥပဒေများကို ပယ်ဖျက်ပေးရန်အတွက် ဇန်နဝါရီ ၅ရက်က မဟာဗန္ဓုလပန်းခြံဘေးနှင့် ယခင် တရားရုံးချုပ်ဟောင်းကြားရှိနေ ရာ၌ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ ကျောင်းသား ပါလီမန်တွင် မိန့်ခွန်းပြောမည်

ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး ကော်မတီ ဥက္ကဋ္ဌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ဒုတိယပတ်အတွင်း ပြုလုပ်မည့် အိန္ဒိယ ကျောင်းသား ပါလီမန် (Indian Student Parliament (ISM) သို့ တက်ရောက် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။

မော်ဒယ်ဖြစ်ခွင့်ရတာ ဘုရားကပေးတဲ့ လက်ဆောင်ပါဆိုသူ အွန်ဆိုင်း

မော်ဒယ်တစ် ယောက်အနေနဲ့ အနုပညာအလုပ်တွေကို ဆက်တိုက် လုပ်ဖြစ်နေ တဲ့ အွန်ဆိုင်းက ကိုယ်တိုင် ဝါသနာ ပါသလို မော် ဒယ်ဖြစ်ခွင့်ရတာ ကျေနပ်တယ် လို့ ပြောပြ ပါတယ်။ ဘုရားကပေးတဲ့ အကြီးမားဆုံးလက်ဆောင် လို့ ပြောလာတဲ့ အွန်ဆိုင်း က “ကိုယ်ကလည်း ဝါသနာပါတော့ ကိုယ့်ဆီ လာတဲ့အလုပ်တွေ အကုန် လုံးကို စေတနာ နဲ့ သေ သေချာချာ ဂရုစိုက်ပြီး လုပ်ပါတယ်။ မော်ဒယ် အလုပ်ကို လုပ်ခွင့်ရတာ အွန်ဆိုင်းအတွက် ဘုရားက ပေးတဲ့ အကြီးမားဆုံး လက်ဆောင်ပါပဲ။ မိန်းကလေးတိုင်းက လှချင်တာပဲလေ။ မော်ဒယ်ဖြစ် လာတော့ စတိုင် ရှိဖို့ အရေးကြီးတယ်။ ဒါတွေက အလုပ်အတွက်ပြင် ဆင်ရတာ ဖြစ် သလို မိန်းကလေးတစ်ယောက် အနေနဲ့ လည်း အဆင်ပြေ တယ်။ အလုပ်နဲ့ ဖြစ်ချင် တာက တစ်ထပ်တည်းကျတော့ ကံကောင်း

အမြန်လမ်းတွင် ရွှေမြင်းပျံ ခရီးသည်တင်ယာဉ် ကတ္တရာခင်းယာဉ်ကို ဝင်တိုက်၊ တစ်ဦးသေဆုံး

ရန်ကုန် - နေပြည်တော် အမြန်လမ်း မိုင်တိုင် ၇ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံကြားတွင် ဇန်နဝါရီလ ၅ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်က ခရီးသည် ၄၄ ဦး တင်ဆောင်လာသော ရန်ကုန်-ထားဝယ် ခရီးစဉ် ပြေးဆွဲသည့် ရွှေမြင်းပျံ ယာဉ်လိုင်း ခရီးသည်တင်ယာဉ်မှာ ကတ္တရာခင်းသည့် ယာဉ်ကို ကျော်တက်ရာမှ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း အမှတ်(၃) အမြန်လမ်း ရဲစခန်းမှ စခန်းမှူးဒုတိယရဲမှူး ခင်မောင်အေးက The Voice သို့ ပြောကြားသည်။

၂၀၁၄ တွင် GSM လိုင်း လေးသန်း တိုးချဲ့မည်ဟုဆို

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ၂၀၁၄ ခုနှစ်အတွင်း မြန်မာ တစ်နိုင်ငံလုံးတွင် GSM/UMTS (Universal Mobile Telephone System) မိုဘိုင်းလ်ဖုန်းလိုင်းလေးသန်း ထပ်မံတိုးချဲ့မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။
“ဒီတိုးချဲ့တဲ့ လုပ်ငန်းတွေ အပြီးသတ်ဖို့ကို ဇွန်၊ ဇူလိုင်လောက်တော့ အပြီးသတ်နိုင်မယ်လို့ မှန်းထားတယ်” ဟု ၎င်းကဆိုသည်။

ရှမ်းနီလူမျိုးတွေအတွက် တတ်နိုင်သလောက်ကူညီသွားမယ်လို့ ဆရာမကြီး ဒေါ်မေလွင်ဇင်က ဆို

နာဂတောင်တန်း မောင်ကြည်ဇင်ရဲ့သမီးကြီးဖြစ်ပြီး ယခု တံတားဦး အထက်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်မေလွင်ဇင်က Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင်ရဲ့ စာပေအာဘော်တွေ ကိုနှစ်သက်ကြောင်းပြောဆိုခဲ့ပြီး
စာတစ်စောင်ရေးသားခဲ့ပါတယ်။

ကျိုက်ထီးရိုးတောင်တက် အထမ်းသမား ၁၀၀၀ ကျော်နှင့် ဈေးဆိုင်များ ဝင်ငွေ ၈၀ ရာခိုင်နှုန်းကျဆင်း

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုး ရင်ပြင်တော်သို့ နှစ်လမ်းမောင်း တောင်တက် ကားလမ်း ဖောက်လုပ်ပြီး နောက်ပိုင်း ရသေ့တောင်နှင့် ကျိုက်ထီးရိုး ရင်ပြင်တော်အကြား လုပ်ကိုင်နေကြသည့် ခြေလျင် တောင်တက် အထမ်းသမား ၁၀၀၀ ကျော်နှင့် စားသောက်ဆိုင်များ၏ ဝင်ငွေမှာ ၈၀ ရာခိုင်နှုန်းထိ ကျဆင်းသွားကြောင်း ရသေ့တောင်ရှိ အမေ့ရိပ် လက်ဖက်ရည်ဆိုင်မှ ဒေါ်သန္တာက ပြောကြားသည်။

ကျားဖြူပါတီမှ လွှတ်တော်အမတ်က လွှတ်တော်အတွေ့အကြုံများ ရှင်းလင်းခြင်းနှင့် ဒေသခံတို့နှင့်ဆွေးနွေး

လားရှိုးမြို့တွင် ဦးစိုင်းစံမင်းမှ လွှတ်တော် အတွေ့အကြုံရှင်းလင်းပွဲနှင့် ဒေသခံပြည်သူများ၏ လိုအပ်တင်ပြချက်များ ညှိနှိုင်းဆွေးနွေးပွဲကို ဇန်န၀ါရီ ၅ရက်တွင် ကျင်းပခဲ့သည်။

၎င်းဆွေးနွေးပွဲတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်က “ကျွန်တော်ဒီပွဲကို ကျင်းပချင်တာပါပြီ၊ ပထမအကြိမ်တုန်းက ပြည်သူလူထု တက်ရောက်တာ အရမ်းနည်းလို့ အထ မမြောက်ခဲ့ပါဘူး။ အခုက ဒုတိယအကြိမ် ဆက်လုပ်တာပါ၊ အခုတခေါက်တော့ အားရပါတယ်

ပြည်ခိုင်ဖြိုးပါတီမှ(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ခမောက်နှင့် ဂုဏ်ပြု

ကချင်ပြည်နယ်မိုးညှင်းမြို့ အရှေ့စုရပ်ကွက်တွင် (၆၆)နှစ်မြောက် လွှတ်လပ်ရေးနေ့ ဂုဏ်ပြုပွဲ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲများကို ပြည်ခိုင်ဖြိုးပါတီမှ ဦးစီး၍ နံနက်၉နာရီမှ စတင်ကျင်းပခဲ့ရာ အားကစားပြိုင်ပွဲ (၁၅)မျိုးအနက် ရိုးရာရုံးခမောက်ချုပ်ပြိုင်ပွဲကို ထည့်သွင်းခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်တွင် အတိုက်အခံများက မဲရုံများကို တိုက်ခိုက်၊ ၁၁ ဦးသေဆုံး

အထွေထွေ ရွေးကောက်ပွဲတစ်ရပ် ကျင်းပလျက်ရှိသော ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် အတိုက်အခံပါတီကို ထောက်ခံသူများက မဲဆန္ဒရုံများကို တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် ဗလီတစ်ခု၌ လူအုပ်ပြို၍ (၁၄)ဦးသေဆုံး

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဒေသရှိ အဆိုပါ ဗလီတွင် ဘာသာရေးအရ အစားအသောက် ဝေငှမှု အစီအစဉ်တစ်ခုကို ကျင်းပနေစဉ် မတော်တဆ လူအုပ်ပြိုခဲ့ခြင်းဟု Xinhua သတင်းအေဂျင်စီက ဖော်ပြခဲ့သည်

ဇနီးလောင်းကို ပွဲထုတ်ပြလာသည့် ဒေးဗစ်ကော်ပါဖီးလ်

ဒေးဗစ်သည် အသက်(၂၈)နှစ်ရှိ ပြင်သစ် မော်ဒယ်လ်နှင့် ဒီဇိုင်းပညာရှင် ချလိုကို မကြာသေးမီကမှ စေ့စပ်လိုက်ခြင်း ဖြစ်သည်။

ကမ္ဘာကျော် မျက်လှည့်ပညာ ရှင် ဒေးဗစ်ကော်ပါဖီးလ်က ၎င်းနှင့် လက်ထပ်မည့် မော်ဒယ်လ် ချလိုဂေါ့စလင်ကို လူအများရှေ့ ပွဲထုတ် ပြသလိုက်သည်။ သန်းပေါင်းအတော်များများ ကြွယ်ဝချမ်းသာသည့် သူဌေးကြီးတစ်ဦးအဖြစ် ရပ်တည်နေသော ဒေးဗစ်သည် လွန်ခဲ့သော နှစ်ပေါင်းအတော်များများကလည်း

ကယားပြည်နယ်တစ်ခုလုံး မီးလင်းရန် တစ်နှစ်ကြာဦးမည်

လောပိတရေအားလျှပ်စစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိပြီး လျှပ်စစ်လုံလောက်စွာမရရှိသော ကယားပြည်နယ်သို့ ယခုနှစ်နှစ်ကုန်ပိုင်းတွင် ပြည်နယ်တစ်ခုလုံး လျှပ်စစ်မီးဖြန့်ဝေပေးမည်ဟု ကယား ပြည်နယ်ဝန်ကြီး ဦးစိန်ဦးက ဇန်န၀ါရီ ၅ ရက်တွင် မဇ္ဈိမကို ပြောသည်။

ဟောင်ကောင်သို့ အိမ်အကူပို့ရေး အတိုးနှုန်းများ၍ အဆင်မပြေသေး



ဟောင်ကောင်မှ အိမ်အကူလုပ်သားခေါ်ယူရာ၌ ကျသင့်စရိတ်အပေါ်တွင် ထပ်ဆင့်တောင်းခံသည့် အတိုးနှုန်းမြင့်မားနေသဖြင့် နားလည်မှုစာချွန်လွှာ (MoU) မရေးထိုးနိုင်သေးကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ၀န်ဆောင်မှုအဖွဲ့ချုပ်၏ တာဝန်ရှိသူများက မဇ္ဈိမသို့ ပြောကြားလိုက်သည်။

မဇ္ဈိမလှိုင်း ဂီတမှူး ၃ ထပ်ကွမ်း အကယ်ဒမီ ဇော်မျိုးထွဋ် ကွယ်လွန်

မြန်မာနိုင်ငံ ဂီတလောကမှာ ထင်ရှားတဲ့ မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့ရဲ့ ဂီတမှူုး အကယ်ဒမီ ဇော်မျိုးထွဋ် အသက်(၅၄) နှစ်ဟာ ဇန်န၀ါရီလ ၅ ရက် မနေ့ ည(၉) နာရီခန့်က ရန်ကုန်မြို့မှာ ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်၊။ သူရုတ်တရက်ကွယ်လွန်ခဲ့တာနဲ့ ပတ်သက်လို့ သားဖြစ်သူ ကိုလမင်းထွဋ်က RFA ကို အခုလိုပြောပါတယ်၊

တောင်မြောက်လမ်းဆုံအနီး တံတားဖြူထိပ် ဂတ်စ် ပိုက်လိုင်း(မြောက်ဒဂုံဘက်) ယိုစိမ့်ပြီးမီးလောင်မှုဖြစ်ပွား

တောင်မြောက်လမ်းဆုံအနီး တံတားဖြူထိပ်...ကားကြီးဂိတ်နား တံတားထိပ်ရဲကင်းဘေးမှ
ဂတ်စ် ပိုက်လိုင်း(မြောက်ဒဂုံဘက်) ယိုစိမ့်ပြီးမီးလောင်မှု ဇန်န၀ါရီ၅ရက်.ညပိုင်းကဖြစ်ပွားခဲ့သည်။
ည(၁)နာရီခန့်တွင်မီး ငြိမ်းသတ်နိုင်ခဲ့ပြီး.ထိခိုက်ဒဏ်ရာရသူ လုံးဝမရှိကြောင်းသိရသည်။

ရှေးဟောင်း သင်္ချိုင်းကြီး အတွင်းမှ ဘီယာစတင် ထုတ်လုပ်ခဲ့သူ၏ အုတ်ဂူအား ဂျပန် ရှေးဟောင်း သုတေသန အဖွဲ့ တွေ့ရှိ

ဂျပန်နိုင်ငံမှ ရှေးဟောင်း သုတေသန ပညာရှင် အဖွဲ့တစ်ဖွဲ့သည် အီဂျစ်နိုင်ငံ လက်ဇာမြို့ အတွင်းရှိ ထင်ရှား ကျော်ကြားသော ဘုရားကျောင်း တစ်ခုအတွင်းမှ လွန်ခဲ့သည့် နှစ်ပေါင်း ၃၂ဝဝ ရှေးအီဂျစ်ဘုရင်များ အုပ်စိုးစဉ် ကာလအတွင်းက ဘီယာ ထုတ်လုပ်မှုကို စတင်ခဲ့သူ တစ်ဦး၏ အုတ်ဂူကို တွေ့ရှိခဲ့ကြသည်ဟု ဇန်နဝါရီ ၃ ရက်တွင် အင်တာနက် သတင်းတစ် ပုဒ်၏ ဖော်ပြချက် အရ သိရသည်။