6.1.14

မော်ဒယ်ဖြစ်ခွင့်ရတာ ဘုရားကပေးတဲ့ လက်ဆောင်ပါဆိုသူ အွန်ဆိုင်း

မော်ဒယ်တစ် ယောက်အနေနဲ့ အနုပညာအလုပ်တွေကို ဆက်တိုက် လုပ်ဖြစ်နေ တဲ့ အွန်ဆိုင်းက ကိုယ်တိုင် ဝါသနာ ပါသလို မော် ဒယ်ဖြစ်ခွင့်ရတာ ကျေနပ်တယ် လို့ ပြောပြ ပါတယ်။ ဘုရားကပေးတဲ့ အကြီးမားဆုံးလက်ဆောင် လို့ ပြောလာတဲ့ အွန်ဆိုင်း က “ကိုယ်ကလည်း ဝါသနာပါတော့ ကိုယ့်ဆီ လာတဲ့အလုပ်တွေ အကုန် လုံးကို စေတနာ နဲ့ သေ သေချာချာ ဂရုစိုက်ပြီး လုပ်ပါတယ်။ မော်ဒယ် အလုပ်ကို လုပ်ခွင့်ရတာ အွန်ဆိုင်းအတွက် ဘုရားက ပေးတဲ့ အကြီးမားဆုံး လက်ဆောင်ပါပဲ။ မိန်းကလေးတိုင်းက လှချင်တာပဲလေ။ မော်ဒယ်ဖြစ် လာတော့ စတိုင် ရှိဖို့ အရေးကြီးတယ်။ ဒါတွေက အလုပ်အတွက်ပြင် ဆင်ရတာ ဖြစ် သလို မိန်းကလေးတစ်ယောက် အနေနဲ့ လည်း အဆင်ပြေ တယ်။ အလုပ်နဲ့ ဖြစ်ချင် တာက တစ်ထပ်တည်းကျတော့ ကံကောင်း
တာ ပေါ့။ နောက် ဒီအလုပ်လုပ်တာကလည်း အနေ အထိုင် အပြောအဆိုက အစ ယုံကြည်မှုရှိရ တယ်။ ဒီအလုပ်ကို တအားလည်း တန်ဖိုးထား တယ်။ မော်ဒယ်လောကလည်း တဖြည်း ဖြည်းပွင့်လင်းလာပြီး လက်ခံလာတဲ့ သူလည်း ပိုများလာတယ်။ ဒါက မော်ဒယ်တွေ ရပ်တည် ဖို့ အခွင့်အရေးပေါ့” လို့ ပြောပြပါတယ်။

ကိုယ့်ရဲ့ အနေအထိုင်အပြုအမူ တွေကို လည်း အားကျ၊ အတုယူမယ့် သူတွေအတွက် အများကြီးစဉ်းစား ပြီး လုပ်ရတယ်လို့ပြောတဲ့ အွန်ဆိုင်းက “အွန်ဆိုင်းတို့ မော် ဒယ်တွေ အနေနဲ့လည်းကိုယ်တွေကိုကြည့်နေတဲ့ ကလေး တွေလည်းရှိတယ်။ လူငယ် တွေလည်းရှိတယ်။ ကိုယ်လုပ်တဲ့ အရာ၊ ပြောတဲ့အရာတွေကို တအားသတိထားရ တယ်။ အတုခိုးတာလည်း ရှိတယ်။ အားကျမယ့်သူတွေ လည်းရှိတော့ အများကြီးစဉ်းစားပြီး လုပ်ရတယ်။ ပုံစံကောင်း ဖြစ်ဖို့ အတွက်ပါ” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်
ဓာတ်ပုံ-မင်းမင်းထွန်း

Popular Journal

0 comments:

Post a Comment