ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

7.7.16

NCA လက်မှတ် မထိုးသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် သဘောထား အမြင်များ တင်ပြနိုင်သော်လည်း မဲခွဲဆုံးဖြတ်နိုင်မည် မဟုတ်ဟု အစိုးရ ကိုယ်စားလှယ် ပြောကြား


တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မထိုးသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံတွင် ၎င်းတို့၏ သဘောထား အမြင်များကို တင်ပြနိုင်သော်လည်း အဆိုပါ တင်ပြချက်များကို ညီလာခံတွင် မဲခွဲဆုံးဖြတ်နိုင်မည် မဟုတ်ဟု အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ကော်မတီ အဖွဲ့ဝင် ဒေါက်တာ မင်းဇော်ဦးက ဇူလိုင် ၆ ရက်တွင် ပြောကြားသည်။

သဘာဝဘေးအန္တရာယ်ကျရောက်ပါက ဆောင်ရန်၊ ရှောင်ရန်အချက်များ

ရေလွှမ်းမိုးမှုမဖြစ်မီ
----------
၁) ရေလွှမ်းမိုးမှုသတိပေးကြေညာချက်များနှင့် မိုးလေဝသသတင်းများကို အမြဲမပြတ်နားထောင်ပါ။
၂) ထူးကဲဒီရေတက်နိုင်သည့်ဒေသတွင် နေထိုင်ပါက ရေတက်ရေကျသိနိုင်သည့် ပြက္ခဒိန်ဆောင်ထားပါ။
၃) နေအိမ်ကိုအခြေခံအုတ်မြစ်မှစ၍ ခိုင်မာစွာတည်ဆောက်ပါ။
ရေလွှမ်းမိုးမှုဖြစ်လာလျှင်
-----------
၁) သောက်ရေနှင့် ကြာရှည်ခံအစားအစာတို့ကို သုံးရက်စာခန့် စုဆောင်းထားပါ။
၂) ရှေးဦးပြုစုခြင်းသေတ္တာနှင့် အိမ်သုံးဆေးဝါးတို့ကိုစုဆောင်းပါ။
၃) အိမ်ထောင်ပရိဘောဂ အသုံးအဆောင်များကို ရေလွတ်သည့်အမြင့်၌ထားပါ။
၎) လိုအပ်ပါက ရွှေ့ပြောင်းနေထိုင်နိုင်ရန် နေရာရှာဖွေသတ်မှတ်ထားပါ။
၅) မွေးစာရင်း၊ သန်းခေါင်စာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားစသော အရေးကြီးစာရွက်စာတမ်းများကို ရေစိုခံပလတ်စတစ်အိတ်တွင် ထည့်ထားပါ။
၆) မသန်စွမ်းသူများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို အထူးစောင့်ရှောက်ပေးပါ။
ရေတက်နေစဉ်အချိန်
----------
၁) အန္တရာယ်ရှိ၍ပြောင်းရွှေ့ရန်လိုအပ်ပါက စနစ်တကျပြောင်းရွှေ့ပါ။
၂) အစားအစာများကို သေချာစွာချက်ပြုတ်ပါ၊ စနစ်တကျဖုံးအုပ်ပါ။
၃) မတော်တဆထိခိုက်ဒဏ်ရာများနှင့် ရေကြောင့်ကူးစက်တတ်သောရောဂါများမဖြစ်ပွားစေရန် ရေနှင့်အတူပါလာသော အဆိပ်ရှိသတ္တဝါများ၊ တုပ်ခြင်း၊ ကိုက်ခြင်းတို့ကိုသတိထားပါ။ သတ်မှတ်ထားသော ဆုံရပ်သို့သွားပါ။
၎) မလိုအပ်ဘဲရေစိုမခံပါနှင့်၊ အိမ်ထဲတွင်နေပါ။
၅) လျှပ်စစ်မိန်းခလုတ်ကိုပိတ်ပါ။ အိမ်ထဲမှထွက်ခွာရမည်ဆိုပါက လုံခြုံရေးအတွက်တံခါးနှင့် ပြတင်းပေါက်များပိတ်ပါ။
ရေပြန်ကျသည့်အချိန်
---------
၁) ရေပြန်ကျပြီးနောက် ရေကြီးခဲ့သည့်ဒေသ၊ နေရာအဆောက်အအုံသို့ ချက်ချင်းပြန်မသွားရ။
၂) အိမ်သို့ပြန်လာသည့်အချိန် လက်နှိပ်ဓာတ်မီးအသုံးပြုပါ။
၃) သင်၏နေအိမ်အနီး လျှပ်စစ်ဓာတ်ကြိုးများ၊ တယ်လီဖုန်းကြိုးများပြတ်ကျနေသည်ကို တွေ့ရှိပါက သက်ဆိုင်ရာဌာနကို အကြောင်းကြားပါ။
၎) ရေမြုပ်နေသော လျှပ်စစ်အသုံးပြုပစ္စည်းများရှိပါက ခလုတ်မဖွင့်ပါနှင့်။ လျှပ်စစ်ကျွမ်းကျင်သူကို အရင်ပြသစစ်ဆေးပါ။
၅) ရေကိုကျိုချက်သောက်ပါ။
Credit To >>>လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန

မွန်ပြည်နယ်ကို အန္တရာယ်ပေးနေသည့် ကျောက်မိုင်းလုပ်ငန်း


မွန်ပြည်နယ် ပေါင်မြို့နယ် အုန်းတစ်ပင်ကျေးရွာအုပ်စုမှ ဒေသခံတို့ ကွမ်းခြံ၊ ရော်ဘာခြံတို့တွင် လုပ်ငန်းခွင်ဝင်နေစဉ် ကုလားမတောင်ဘက်မှ အမြောက်သံ၊ မိုးခြိမ်းသံလိုအသံများ ကျယ်လောင်စွာထွက်ပေါ်လာသည်။

တအာင်း(ပလောင်)အမျိုးသားတပ်မတော်နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်တို့အကြား တိုက်ပွဲများဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းတုံမြို့နယ်နှင့် ကျောက်မဲမြို့နယ်အတွင်း တအာင်း(ပလောင်) အမျိုးသားတပ်မတော် (TNLA)နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA)တို့အကြား ဇူလိုင်လ ၄ ရက်မှစတင်၍ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသဖြင့် နှစ်ဖက် ညှိနှိုင်းဆွေးနွေးနိုင်ရန် ထပ်မံ ညှိနိုင်းနေသည်ဟု သိသည်။

လူအခွင့်အရေးအလွဲသုံးခြင်းကြောင့် ကင်ဂျုံးအွန်ကို အမေရိကန်က တိုက်ရိုက်ဒဏ်ခတ်ပိတ်ဆို့မှု ပထမဆုံးချမှတ်

 လူအခွင့်အရေးအလွဲသုံးစားမှုများကြောင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်အား အမေရိကန်နိုင်ငံက ပထမဆုံးအဖြစ် တိုက်ရိုက်ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်သည်။

ပြဿနာတွေရင်ဆိုင်နေရတဲ့ ဗြိတိန် Brexit ကြားမှ ရုရှတို့ အကျိုးအမြတ်ရရှိ


ဥရောပသမဂ္ဂ-အီးယူကနေ ထွက်ဖို့ ဗြိတိန်တို့မဲပေးဆုံးဖြတ်ခဲ့တဲ့နောက်ပိုင်း ရုရှ နိုင်ငံအတွက် စီးပွားရေးအရ 
အခွင့်အလမ်းတွေရဖို့ မျှော်လင့်ချက်တွေ ရှင်သန်လာခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

မြန်မာ-ဂျပန်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆွေးနွေး


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ တတဲရှိ ဟိဂုချီနှင့် ဟီတာချီ လီမိတက်၏ ဒါရိုက်တာဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ခံအမှုဆောင်အရာရှိချုပ် မစ္စတာဟိရိုအကိ နာကာနိရှိနှင့် အဖွဲ့အား ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။