7.7.16

မြန်မာ-ဂျပန်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆွေးနွေး


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ တတဲရှိ ဟိဂုချီနှင့် ဟီတာချီ လီမိတက်၏ ဒါရိုက်တာဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ခံအမှုဆောင်အရာရှိချုပ် မစ္စတာဟိရိုအကိ နာကာနိရှိနှင့် အဖွဲ့အား ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ထားဝယ်အထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံရေးတွင် ဂျပန်နိုင်ငံအနေဖြင့် ပူးပေါင်းပါဝင်ရင်းနှီးမြှုပ်နှံရေး၊ မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဂျပန်နိုင်ငံမှ ပုဂ္ဂလိကကုမ္ပဏီများ ပိုမိုလာရောက်ရင်းနှီးမြှုပ်နှံရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ အကူအညီများ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ရေးဆိုင်ရာများ၊ မြန်မာ-ဂျပန်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက် မှုဆိုင်ရာများ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 
Credit To >>> The Mirror Daily

0 comments:

Post a Comment