ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

16.9.13

စက်ဘီးအတိုက်ခံရသော်လည်း ဆိုးဆိုးရွားရွား မဖြစ်ခဲ့ဟု နစ်ကိုးလ် ပြောကြား

နယူးယော့ခ်တွင် ကြာသပတေးနေ့က အရှိန်ဖြင့် မောင်းလာသည့် စက်ဘီးတစ်စင်းဖြင့် ဝင်တိုက်မှုကို ခံခဲ့ရသည့် ဟောလီးဝုဒ် မင်းသမီးသည် ခြေပစ်လက်ပစ် ပြုတ်ကျသွားပြီးနောက် သူမအနေဖြင့် ထိခိုက် ဒဏ်ရာရသွားမည်ကို ပရိသတ်များက စိုးရိမ်ခဲ့ကြ

မယ်တော် ဆေးခန်း ဆက်လက် လည်ပတ်နိုင်ရေး ခက်ခဲနေ

ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် မယ်တော် ဆေးခန်းသည် နေရာ ပြောင်းရွှေ့ရန်ရှိပြီး ဆေးခန်း ပုံမှန် ဆက်လက် လည် ပတ်နိုင်ရေး အတွက် အခက်အခဲများ ရှိနေကြောင်း သိရသည်။

သရုပ်ဆောင်အဖြစ်သို့ ကူးပြောင်းရန် တေလာဆွစ်ဖ် စဉ်းစားနေ

အသက်(၂၃)နှစ်ရှိ Countryဂီတ အဆိုတော်မလေးသည် (၂၀၁၀)ပြည့်နှစ်က Valentine's Day ဇာတ်ကားတွင် အတိုင်းအတာ တစ်ရပ်ထိ ပါဝင် သရုပ်ဆောင်ခဲ့ဖူးသည်။

ရန်ကုန်မြို့ အတွင်း ယာဉ်ထိန်းရဲ အင်အား ၅ဝဝ ကျော် တိုးမြှင့် ချရန်စီစဉ်

ရန်ကုန်မြို့တော် အတွင်း စည်းကမ်းမဲ့ မော်တော်ယာဉ်များအား အရေးယူခြင်းနှင့် ယာဉ်ကြော ပိတ်ဆို့မှုများ အား ရှင်းလင်းနိုင်ရန် လိုအပ်သော ယာဉ်ထိန်းရဲ အင်အား ၅ဝဝကျော် တိုးမြှင့်ချရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

အဆိုပါ ရန်ကုန်တိုင်း ဒေသကြီးအတွက် ယာဉ်ထိန်းရဲ တပ်ဖွဲ့ ဖွဲ့စည်းပုံအရ အင်အား ၁၄၄ဝ၂ သတ်မှတ် ထားသော် လည်း လက်ရှိတွင် အင်အား ၉ဝဝကျော်သာ ရှိကြောင်း၊ ယင်းအတွက် လိုအပ်ချက်အရ ထပ်မံ တိုးချဲ့ရန် စီစဉ်လျက် ရှိကြောင်း၊ ထို့အပြင် သင်တန်း ဆင်းများ မွေးထုတ်၍ အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ယာဉ်ထိန်းရဲများ အားလည်း သင်တန်းများ ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ယာဉ်ကြောပိတ်ဆို့မှု ကင်းဝေးစေရေး အတွက် နေ့စဉ် နံနက် ၈ နာရီမှ ၁ဝ နာရီအကြားနှင့် ညနေ ၄နာရီမှ ၆ နာရီအတွင်း ရန်ကုန်တိုင်း ဒေသကြီးရှိ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ လမ်းရှင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ အနေဖြင့် အထူးအဖွဲ့မှ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအား တစ်နေ့လျှင် နှစ်ကြိမ် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ အတွင်း စီးပွားရေး အချက် အချာကျသော မြို့ကြီးများတွင် ယာဉ်ကြော ပိတ်ဆို့မှုများ ၂ဝ၁၃ခုနှစ် နှစ်ဆန်း ပိုင်းမှ စ၍ ပိုမိုဖြစ်ပွားမှုများ လာနေကြောင်း၊ ယင်းအတွက် ဖြေရှင်းနိုင်မည့် ခုံးကျော်တံတား စီမံကိန်းများ၊ မော်တော် ယာဉ်ညအိပ် ရပ်နားမှုများအား အရေးယူခြင်း၊ စည်းကမ်းမဲ့ မောင်းနှင်မှုများအား စစ်ဆေးခြင်းများ ဆောင်ရွက်လျက် ရှိနေကြောင်း သိရှိ ရသည်။

မြ၀တီ

ဆီင်္းဂိမ်း ပွဲတော်ကာလ အတွင်း ထွက်ရှိသမျှ အမှိုက်များ နေ့ချင်းပြီး သိမ်းဆည်း နိုင်ရေး စီစဉ်

ရန်ကုန်မြို့တော် အတွင်း ဆီးဂိမ်းပွဲတော် ကျင်းပရာ နေရာများမှ ထွက်ရှိသမျှ အမှိုက်များကို နေ့ချင်းပြီး သိမ်းဆည်း နိုင်စေရေး စီစဉ်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

မဲဆောက်တွင် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ နေအိမ်တန်းလျားများမှ ဖယ်ရှားခံရ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ဂျာဂွာစတီးလ်စက်ရုံတွင် မြန်မာ ရွှေ့ပြောင်းလုပ်သားများ အလုပ် လုပ် ကိုင်နေကြသောအလုပ်သမား များနေထိုင်နေကြသည့်တန်းလျား များကို စက်ရုံသူဌေးမှ ပြန်လည် ပြင်ဆင်ရန်အကြောင်းပြချက် ဖြင့် စက်တင်ဘာ ၁၂ရက်တွင် လာရောက်ပိတ်သိမ်းခဲ့သဖြင့် နေ ထိုင်ရန် အခက်အခဲဖြစ်ပေါ်နေ ကြောင်း သိရသည်။

Breast reduction ရင်သား သေးအောင်လုပ်ခြင်း

• ကျွန်မက အသက် (26) နှစ်ရှိပါပြီ။ ကျွန်မရင်သား နည်းနည်းကြီးပါတယ်ဆရာ။ အဲ့ဒါ သေးအောင် ဘာဆေးသုံးလို့ရလည်း၊ ဆရာကူညီပါ။ လွတ်လပ်ပေါ့ပါးတဲ့စတိုင်ကို ကြိုက်ပါတယ်ဆရာ။

ကျောက်ဖြူ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှု မဟုတ်မှန်ဟုဆို

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အတွင်းရှိ တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲမှုမှာ မဟုတ်မှန်ကြောင်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း (CNPC) ကို လုပ်ပိုင်ခွင့် ရရှိထားသည့် SEAGP ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်နှင့် ကမ္ဘာ့ရေကြောင်းတက္ကသိုလ် နားလည်မှုစာချွန်လွှာရေးထိုး

မြန်မာ နိုင်ငံ ရေကြောင်းပညာတက္ကသိုလ် နှင့် ကမ္ဘာ့ရေကြောင်းတက္ကသိုလ် တို့ ပူးပေါင်းကာ သင်ကြားရေး စီမံခန့်ခွဲမှုနှင့် အီလက်ထရွန်နစ် ဆိုင်ရာ သင်ကြားရေးလုပ်ငန်း များအတွက် ပထမဆုံးအကြိမ် နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

သုံးလကြာရပ်နားထားသည့် ကမ်းရိုးတန်း အမြန်ရေယာဉ်များ ပြန်လည်ပြေးဆွဲ



သုံးလ ခန့်အကြာ ရပ်နားထားသည့် ထား ဝယ်-မြိတ်-ကော့သောင်း ကမ်း ရိုးတန်း အမြန်ရေယာဉ်ခရီးစဉ် များကို စက်တင်ဘာ ရ ရက်မှစပြီး ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း မြိတ် အမြန်ရေယာဉ်အသိုင်းအ ဝိုင်းမှ သိရသည်။

ရတနာပုံတက္ကသိုလ် ရေကြီးသော်လည်း သတ်မှတ်ရက်အတိုင်း စာမေးပွဲ ပြုလုပ်မည်

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန်ကျေးရွာရှိ ရတနာပုံ တက္ကသိုလ်ဝင်းအတွင်း ရေကြီးမှုများ ဖြစ်ပေါ်နေသော်လည်း ဒုတိယနှစ်ဝက် အတန်းတင် စာမေးပွဲကို ရက်ရွှေ့ပြောင်းလဲခြင်း မရှိဘဲ သတ်မှတ်ရက်များအတိုင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ရတနာပုံတက္ကသိုလ် ရူပဗေဒဌာနမှ ဆရာ၊ ဆရာမများထံမှ သိရသည်။

အမေရိကန်မယ်အဖြစ် အိန္ဒိယနွယ်ဖွား အလှမယ် ပထမဆုံးအကြိမ် အောင်ပွဲခံ

အမေရိကန် အလှမယ် ရွေးချယ်ပြိုင်ပွဲတွင် နယူးယော့ခ်ပြည်နယ် ကိုယ်စားပြု နီနာဒါဗူလူရီက ဗိုလ်စွဲနိုင်ခဲ့ကြောင်း သိရှိရသည်။

iPhone 5s နှင့် 5c စရံငွေ ၁သိန်း ပေးပြီး Pre Order မှာယူနိုင်မည်

နောက်ဆုံးပေါ် နည်းပညာများကို ထည့်သွင်း အသုံးပြုထားသော Apple ကုမ္ပဏီက အသစ်ထုတ်လိုက်သည့် iPhone 5s နှင့် iPhone 5c ကို ဝယ်ယူလိုသူများအနေဖြင့် Pre-Order လက်ခံဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်း Neo Tech

ကွန်ပျူတာ၊ အိုင်တီပစ္စည်းအရောင်းဆိုင်မှ Managing Director ဦးကျော်စွာဦးက ဆိုသည်။

ရန်ကုန်-ကျိုက်ထို အဲကွန်းအမြန်ရထားလက်မှတ် နိုင်ငံခြားသား များနှစ်ပတ်ကြိုဝယ်နိုင်ပြီ

 ရန် ကုန်-ကျိုက်ထို အဲကွန်းအထူး အမြန်ရထားခရီးစဉ်ကို နိုင်ငံ ခြားသားများအတွက် နှစ်ပတ်ကြို တင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ သည်။
ယင်းသို့ ကြိုတင်ဝယ်ယူ ခွင့်ပေးရခြင်းမှာ အဆိုပါခရီးစဉ် ကို ခရီးသွားကုမ္ပဏီများမှအထူး စိတ်ဝင်စားပြီး နိုင်ငံခြားသားများ အနေဖြင့်လည်း သွားလာရန် စိတ် ဝင်စားလျက်ရှိသဖြင့် ခရီးသွား ကုမ္ပဏီများမှ တောင်းဆိုခြင်း ကြောင့်ဖြစ်ကြောင်း သိရသည်။

အွန်လိုင်း အနိုင်ကျင့်မှုကြောင့် ၁၂ နှစ်သမီး ကိုယ့်ကိုယ်ကိုယ် သတ်သေ



ဖလော်ရီဒါ အလယ်ပိုင်းရှိ ကျောင်းသူတစ်ဦးသည် လပေါင်းများစွာ အွန်လိုင်းပေါ်ကနေပြီး ခြိမ်းခြောက် အနိုင်ကျင့်ခံရပြီးနောက် စိတ်ဓာတ်ကျကာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြောင်း ဖလော်ရီဒါပြည်နယ် အာဏာပိုင်များက ထုတ်ဖော် ပြောကြားခဲ့ကြောင်း Reuters သတင်းတွင် ရေးသားထားသည်။

Samsung Galaxy Gear နာရီ စက်တင်ဘာ ၂၇ စရောင်းမည်

Samsung က ပထမဆုံး ထုတ်လုပ်ထားသော စမတ်ဖုန်းအဖြစ် အသုံးပြုနိုင်သည့် အဆင့်မြင့် နည်းပညာသုံး နာရီ Galaxy Gear ကို ပြည်တွင်း၌ စက်တင်ဘာလ ၂၇ ရက်နေ့တွင် စတင်ရောင်းချမည် ဖြစ်ကြောင်း Samsung Electronic ထံမှ သိရသည်။

ပထမဆုံးပွဲမှာ ဂိုးစ သွင်းယူနိုင်ခဲ့သည့် ဂါရတ်ဘေးလ်

ရီးရဲလ် ကွင်းလယ်လူ ဂါရတ်ဘေးလ်က ၎င်းအနေဖြင့် အသင်း အတွက် ပထမဆုံး ကစားခွင့် ရရှိသည့် ဗီလာရီးရဲလ် အသင်းနှင့် အဝေးကွင်း လာလီဂါ ပွဲစဉ်တွင် အသင်းအတွက် ဂိုးသွင်းနိုင်ခဲ့ခြင်းအပေါ် ကျေနပ်ကြောင်း ဆိုသည်။

ဗျောက်အိုးနှင့် မီးရှုးမီးပန်းများမန်းဈေးကွက်အတွင်း စတင်ဝင်ရောက်

ဗျောက်အိုးများနှင့် မီးရှုးမီးပန်းများ ဈေးကွက်အတွင်း
စတင်ဝင်ရောက်လာ၍ ကလေးများမီးရှုးမီးပန်းဆော့ကစားခြင်း
ဗျောက်အိုးဖောက်ခြင်းများတွေ့လာရကြောင်း
မန္တလေးမြို့ခံများထံမှ သိရသည်။

မရမ်းကုန်းတွင် ဟောင်းနွမ်းဓာတ်တိုင်များ အစားထိုးမည်ဟုဆို

မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၂) အတွင်းရှိ ဟောင်းနွမ်းနေသော ဓာတ်မီးတိုင်များကို အစားထိုး တပ်ဆင်ရန်အတွက် ရပ်မိရပ်ဖများနှင့် လမ်းကော်မတီဖွဲ့ကာ တပ်ဆင်သွားမည် ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ်မဲ ဆန္ဒနယ်မြေ အမှတ် (၂) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ညွန့်က ပြောကြားသည်။

အင်းစိန် အကျဉ်းဦးစီး အမျိုးသမီးဆောင် ညအချိန်မတော် အမျိုးသားတစ်ဦး ဝင်ရောက်

ရန်ကုန်တိုင်းဒေသကြီး အင်းစိန် အကျဉ်းဦးစီးဌာန ဝန်ထမ်းအိမ်ရာ အတွင်းရှိ အမျိုးသမီး အဆောင်ပေါ်သို့ ညအချိန်မတော် အမျိုးသားတစ်ဦး တက်ရောက်ကာ အမျိုးသမီး တပ်သားတစ်ဦး၏ ခြေထောက်ကို ကိုင်တွယ်ခဲ့သောကြောင့် ဖမ်းဆီး အရေးယူထားကြောင်း အင်းစိန်မြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အမေရိကန် Brand, Gatewayတံဆိပ် Monitor

လက်ရှိမော်နီတာ ဈေးကွက်ထဲသို့ Gateway အမှတ်တံဆိပ် 19.5” monitorကိုရွှေလမင်းနဂါးကုမ္ပဏီမှ တင်သွင်းဖြန့်ဖြူး ရောင်းချပေး လိုက်ပါတယ်။ Gatewayအမှတ်တံဆိပ်ဟာ အမေရိကန် Brandဖြစ်ပြီး Acer Brand ရဲ့ လက်အောက်ခံ တစ်ခုဖြစ်တာကြောင့် အရည်အသွေး ယုံကြည်စိတ်ချစွာ ၀ယ်ယူနိုင်ပါတယ်။ ယခုလက်ရှိ ဈေးကွက်ထဲကိုတော့ 19.5” ပဲအရင်တင်သွင်း ရောင်းချပေးနေပါတယ်။

လိမ္မာယဉ်ကျေးရင်သွေးရတနာများဖြစ်ဖို့ အနုပညာရှင်မိဘ တို့ရဲ့မေတ္တာဖွဲ့စကားသံ

မိဘတိုင်းက မိမိတို့ရဲ့ ရင်သွေးကလေးငယ်များကို လိမ္မာယဉ်ကျေးပြီး သားကောင်းသမီးကောင်းရတနာလေးတွေဖြစ်လာအောင် ငယ်စဉ်ကတည်းက ကောင်းသော အမူအကျင့်နဲ့ စိတ်ပိုင်းဆိုင် ရာ၊ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုး ကြံ့ခိုင်ဖို့၊ အသိတရားပြည့်ဝပြီး တန်ဖိုးရှိတဲ့ လူ့ဘဝတွေပိုင်ဆိုင်ဖို့ သွန်သင်ဆုံးမ လမ်းညွှန် ပြလေ့ရှိကြ ပါတယ်။

ကျောက်ဖြူ နှင့် အမ်းမြို့နယ် တွင် တွေ့ရသည်ဟု ဆိုသည့် ရခိုင်တိုင်းရင်းသားများ ပြည်ခိုင်ဖြိုးပါတီ တရားဝင်ပါတီမဟုတ်ဟု ကော်မရှင် ဥက္ကဌ ဦးတင်အေးပြော

ရခိုင် တိုင်းရင်းသားများ ပြည်ခိုင်ဖြိုး ပါတီအမည်ဖြင့် ပါတီမှတ်ပုံတင် မရှိသည့်အတွက် အဆိုပါ ပါတီ သည် တရားမဝင်ပါတီ သာဖြစ် ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး က ပြော သည်။

Samsung Galaxy Gear 2 ထွက်အုံးမည်

Samsung Galaxy Gear တောင် ဈေးကွက် မရောက်ရှိသေးဘူး။ Samsung Galaxy Gear 2 လို့အမည်ပေးထားတဲ့ နောက်ထပ် နာရီတစ်လုံးက ၂၀၁၄ ဇန်နဝါရီလမှာ မိတ်ဆက်ပြသမှာ ဖြစ်ကြောင်း သိရပါတယ်။

ချောင်းရေတိုက်စားမှုကြောင့် ယင်းချောင်းတံတား ချည်းကပ်လမ်းပျက်စီး

မကွေးမြို့ယင်းချောင်းရေ တိုက်စားမှုပြင်းထန်သဖြင့် မြို့သစ်မြို့နယ် တပ်ကုန်းကျေးရွာအနီး
ယင်း ချောင်း တံတားအရှေ့ဖက်ချည်းကပ်လမ်းကျိုးပျက်သွားခဲ့သည်ဟု
သတင်းရရှိပါသည်။

"ဟစ်ဟော့ပ် အဆိုတော် ဘာဘူ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိ"

မြန်မာပြည် ဟစ်ဟော့ပ် လောက ရဲ့ ရှေ့ဆောင် လမ်းပြတွေ ထဲ က တစ်ယောက် ဖြစ်သူ ဟစ်ဟော့ပ် အဆိုတော် ဘာဘူဟာ မိသားစု နဲ့ အတူ မြန်မာနိုင်ငံ မှာ အပြီး အပိုင် နေထိုင်ဖို့ စက်တင်ဘာ ၅ ရက်၊ ညနေပိုင်းက ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

မြန်မာတွင် နျူကလီးယား စုံစမ်းစစ်ဆေးမှု IAEA ကျယ်ပြန့်စွာ လုပ်နိုင်တော့မည်

မြန်မာနိုင်ငံနှင့် ယခုအပတ်အတွင်း လက်မှတ်ရေးထိုးရန် ရှိသည့် သဘောတူညီချက်အရ ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်လေ့လာရေး အဖွဲ့သည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ပိုမို ကျယ်ပြန့်သော စုံစမ်းစစ်ဆေးခွင့်များ ရရှိလာတော့မည်ဖြစ်ကြောင်း Reuters သတင်းက ဖော်ပြသည်။

အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ၂၀၁၃ အုပ်စု (ဘီ) တတိယပွဲစဉ်


အာဆီယံ အမျိုးသမီး AYA BANK ချန်ပီယံရှစ် ၂၀၁၃၊ အုပ်စု (ဘီ) တတိယပွဲစဉ်အဖြစ် မြန်မာအမျိုးသမီးဘော်လုံးအသင်းနှင့်

နိုင်ငံအတွင်းရှိ ရေပေါ်ဆီ အသိုင်းအဝိုင်းကို အာဂျင်တီးနားသမ္မတ ဝေဖန်

ခရစ္စတီးနားက နိုင်ငံအတွင်းရှိ ရေပေါ်ဆီ အသိုင်းအဝိုင်းသည် အစိုးရကို နာမည်ဖျက်ပြီး ၎င်းတို့၏ ဩဇာကို ဖြန့်ကျက်ရန် ကြိုးစားနေကြောင်း ဆိုသည်။

နစ်ဆန်းကားများ မြန်မာနိုင်ငံမှာ ထုတ်မည်ဟု သတင်းထွက်

ဂျပန်နိုင်ငံက ကမ္ဘာကျော် Nissan မော်တော်ကား ကုမ္ပဏီကြီးက သူရဲ့အကျိုးတူလုပ်ဖက် Malaysia Tan Chong ကုမ္ပဏီနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ အသေးစား လူစီးကားတွေနဲ့ ထရပ်ကားတွေ ထုတ်လုပ်သွားဖို့ အစီအစဉ် ရေးဆွဲနေကြောင်း ဂျပန်နိုင်ငံထုတ် နစ်ကေ စီးပွားရေးသတင်းစာကြီးက ဒီနေ့ ဖေါ်ပြလိုက်ပါတယ်။

နိုင်ငံသားစိစစ်ရေးကဒ်ပြားကို Smart Card နှင့် အစားထိုးမည်

မြန်မာနိုင်ငံမှာလက်ရှိကိုင်ဆောင်နေတဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်တွေကဒ်)တွေနေရာမှာ
 Smart Card တွေနဲ့ အစားထိုးပြောင်းလဲပေးဖို့ အစိုးရမှာ အစီစဉ်ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားလိုက်ပါတယ်။

ကမ္ဘာ့ ဈေးအကြီးဆုံး ကစားသမားဘွဲ့ကို လွှဲပြောင်း ယူသွားတဲ့ ဘေးလ်ကို သွယ်ဝိုက် သတိပေးတဲ့ စီရော်နယ်ဒို

ရီးရဲလ်မက်ဒရစ် ကစားသမား စီရော်နယ်ဒိုက အသင်းသို့ ဘောလုံးလောက၏ စံချိန်တင် ပြောင်းရွေ့ ကြေးဖြင့် ပြောင်းရွေ့ ရောက်ရှိလာသော ဘေးလ်အား သွယ်ဝိုက်ကာ သတိပေး စကားပြောကြား သွားခဲ့သည်။

မျက်နှာပြင်ပေါ်မှ အမာရွတ်များ ပျောက်စေရန်

(၁) သံပရာရည်ဖြင့် အမာရွတ်ပေါ် ကို (၁၅)မိနစ်ခန့် တစ်နေ့လျှင် (၂) ကြိမ် လိမ်းပေးပါ။

(၂) ရေခဲတုံးနှင့်အမာရွတ်ကို နေ့စဉ် (၁၅)မိနစ်ပွတ်ပေးပါ။

ကုလားတန် ဘက်စုံစီမံကိန်း အိန္ဒိယအစိုးရနဲ့ ဆွေးနွေးမည်

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ပူးပေါင်းအကောင်အထည်ဖော်နေတဲ့ စစ်တွေဆိပ်ကမ်း ကုလားတန် ဘက်စုံစီမံကိန်းနဲ့ ပတ်သက်ပြီး ချင်း၊ ရခိုင်တိုင်းရင်းသားပါတီများနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေဟာ အိန္ဒိယအစိုးရနဲ့ နယူးဒေလီမြို့မှာ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။

အသုံးမပြုတဲ့ အသိမ်းခံလယ်မြေတွေ ပိုင်ရှင်ပြန်ပေးဖို့ တင်ပြမည်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် လှာကာကျေးရွာအုပ်စုမှာ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင် ဘိလပ်မြေစက်ရုံ စီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲက စီမံကိန်းအတွက် အသုံးမပြုတဲ့ လယ်ယာမြေတွေကို ဒေသခံတွေကိုပြန်ပေးဖို့ လာမယ့်လွှတ်တော် အစည်းအဝေးမှာ တင်ပြသွားမယ်လို့ ဘားအံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစေးအွာက RFA ကို ပြောပါတယ်။