16.9.13

သုံးလကြာရပ်နားထားသည့် ကမ်းရိုးတန်း အမြန်ရေယာဉ်များ ပြန်လည်ပြေးဆွဲ



သုံးလ ခန့်အကြာ ရပ်နားထားသည့် ထား ဝယ်-မြိတ်-ကော့သောင်း ကမ်း ရိုးတန်း အမြန်ရေယာဉ်ခရီးစဉ် များကို စက်တင်ဘာ ရ ရက်မှစပြီး ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း မြိတ် အမြန်ရေယာဉ်အသိုင်းအ ဝိုင်းမှ သိရသည်။

မိုးတွင်းကာလတွင် ရာသီ ဥတုအခြေအနေကြောင့် သုံးလ ခန့် ရပ်ထားခဲ့ရခြင်းဖြစ်ကြောင်း မြိတ်မြို့ ဟိုင်ဖိုင်အမြန်ရေယာဉ် လက်မှတ်အရောင်းဌာနမှ ဝန်ထမ်း တစ်ဦးက ပြောသည်။''ရာသီဥတုအပေါ်မှာပဲ မူ တည်ပါတယ်။ ရာသီဥတုမကောင်း ရင်ပြန်နားရတာပါပဲ''ဟု ၎င်းက ဆိုသည်။

တစ်နာရီလျှင် လေတိုက် နှုန်း ၃၅ မိုင်နှင့်အထက်ဖြစ်ပါ က အမြန်ရေယာဉ်ခရီးစဉ်များ ကို ရပ်နားရပြီး တစ်နာရီ လေ တိုက်နှုန်း မိုင် ၃ဝခန့်ရှိမှ ပြန်လည် ပြေးဆွဲပေးသည်ဟု အမြန်ရေ ယာဉ်အသိုင်းအဝိုင်းမှ သိရသည်။

ကမ်းရိုးတန်း အမြန်ရေယာဉ် များသည် မိုးရာသီတွင်နှစ်တိုင်း လချီ ရပ်နားရလေ့ရှိသည်။မြိတ်-ထားဝယ် ခရီးစဉ်အ တွက် ကျပ် ၁၃၀၀၀၊ မြိတ်-ကော့ သောင်းကို ကျပ် ၂၇၀၀၀ နှင့် ထားဝယ်-ကော့သောင်း ခရီးစဉ် အတွက် ကျပ် ၄၀၀၀၀ သတ်မှတ် ထားသည်။

မြိတ်တွင် အမြန်ရေယာဉ် လိုင်း သုံးလိုင်းရှိပြီး မြိတ်-တ နင်္သာရီမြို့ အမြန်ရေယာဉ် နေ့ ချင်းပြန် သုံးစင်းရှိသည်။

Yangon Media Group

0 comments:

Post a Comment