16.9.13

မဲဆောက်တွင် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ နေအိမ်တန်းလျားများမှ ဖယ်ရှားခံရ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ဂျာဂွာစတီးလ်စက်ရုံတွင် မြန်မာ ရွှေ့ပြောင်းလုပ်သားများ အလုပ် လုပ် ကိုင်နေကြသောအလုပ်သမား များနေထိုင်နေကြသည့်တန်းလျား များကို စက်ရုံသူဌေးမှ ပြန်လည် ပြင်ဆင်ရန်အကြောင်းပြချက် ဖြင့် စက်တင်ဘာ ၁၂ရက်တွင် လာရောက်ပိတ်သိမ်းခဲ့သဖြင့် နေ ထိုင်ရန် အခက်အခဲဖြစ်ပေါ်နေ ကြောင်း သိရသည်။


''ကျွန်တော်တို့ ဒီမှာနေနေ ကြတာ လေးနှစ်လောက်ရှိပြီလေ။ အခုလို ချက်ချင်းအကြောင်း မ ကြားဘဲ လက်ရှိနေထိုင်နေကြတဲ့ အလုပ်သမားတွေကို ခွေးမောင်း၊ နွားမောင်းသလို လာမောင်းထုတ် တာလေ။ ပြီးတော့ နောက်ထပ် နေဖို့နေရာကိုလဲ ဘာမှ မစီစဉ် ပေးဘူးလေ''ဟု နေထိုင်ရေးအ ခက်အခဲဖြစ်နေသော အလုပ်သ မားတစ်ဦးက ရှင်းပြသည်။

ယခုအခါ အဆိုပါစက်ရုံ တန်းလျားနေ ရွှေ့ပြောင်းမြန်မာ အလုပ်သမားစုစုပေါင်း ၄ဝနီးပါး လောက်မှာ နေရေးထိုင်ရေးအ ခက်အခဲကြုံတွေ့နေရသည့်အ ပြင် အဆိုပါစတီးလ်စက်ရုံသည် မဲဆောက်မြို့တွင် လွန်ခဲ့သောဇူ လိုင်က မိုးသည်းထန်ပြီး သောင် ရင်းမြစ်ရေလျှံမှုကြောင့် စက်ရုံကို ပိတ်ထားသည်မှာ နှစ်လနီးပါး ကြာမြင့်ပြီဖြစ်သည်။

စက်ရုံတွင် လုပ်ကိုင်နေကြ သော ရွှေ့ပြောင်းမြန်မာအလုပ် သမားများစုစုပေါင်း ၁၃၀ နီးပါး မှာ အလုပ်လက်မဲ့ဖြစ်နေကြသ လို စက်ရုံပြင်ပရှိ ကျပန်းလုပ်ငန်း များတွင် မိမိတို့စားဝတ်နေရေး အတွက် နေ့စားအလုပ်သမားများ အဖြစ် ရရာအလုပ်ကို လုပ်ကိုင် နေကြရသည့်အပြင် ယင်းအလုပ် သမားများ၏ ယာယီပတ်စ်ပို့နှင့် အလုပ်သမားကတ်များကို စက်ရုံ အလုပ်ရှင်မှသိမ်းယူထားပြီး အ လုပ်သမားများအား မိတ္တူများ ကိုသာ ကိုင်ဆောင်ခွင့်ပေးထား သည်။

''ကျွန်တော်တို့တွေရဲ့ အ လုပ်သမားလက်မှတ်နဲ့ ယာယီ ပတ်စ်ပို့မူရင်းကို သွားတောင်း ပြန်တော့ သူဌေးက ပြန်ပေးတယ် လေ။ ဒါပေမဲ့ စက်ရုံပြန်ဖွင့်ခဲ့ရင် အခုလို လက်မှတ်လာတောင်းသွား တဲ့အလုပ်သမားတွေကို စက်ရုံ မှာပြန်ပြီးလုပ်ကိုင်ခွင့်မပေးတော့ ဘူးလေ။ အဲဒါနဲ့ အလုပ်သမား အများစုလဲ ရရာအလုပ်တွေကို ရှာကြံလုပ်ကိုင်နေကြရပြီးတော့ စက်ရုံ ပြန်ဖွင့်ဖို့ကို စောင့်နေရ တယ်''ဟု အလုပ်သမားတစ်ဦးက ၎င်းတို့၏အခက်အခဲကို ရှင်းပြ သည်။
''အခုလိုဖြစ်တဲ့ပြဿနာက အလုပ်ရှင်၊ အလုပ်သမားဥပဒေ မှာ မပါဝင်ဘူးလေ။ အဲဒီတော့ ဥပဒေအရဖြေရှင်းရတာ နည်း နည်းတော့ ခက်ခဲတယ်။ အလုပ် ရှင်နဲ့အလုပ်သမား နှစ်ဦးနှစ်ဖက် တွေ့ပြီး လူမှုရေးအရ ရင်ဆိုင်ဖြေ ရှင်းမှပဲ အဆင်ပြေနိုင်မယ်''ဟု မြန်မာပြည်သားများအရေး ပူးတွဲ လှုပ်ရှားမှုကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးမိုးကြိုးက ပြောသည်။

ယင်းသို့ စက်ရုံသူဌေးမှ အ လုပ်သမားများ၏ နေရေး၊ ထိုင် ရေးအခက်အခဲကို မျက်ကွယ်ပြု ပြီး အိမ်ခန်းများကိုပိတ်လိုက်သည် ကို အလုပ်သမားများမှ မဲဆောက် မြို့ရှိ ဆဝါဒီကန်ခေါ် ထိုင်းနိုင်ငံ အလုပ်သမားရုံးသို့ သွားရောက် တိုင်ကြားမည်ဖြစ်ကြောင်း သိ ရသည်။

Yangon Media Group

0 comments:

Post a Comment