16.9.13

Samsung Galaxy Gear 2 ထွက်အုံးမည်

Samsung Galaxy Gear တောင် ဈေးကွက် မရောက်ရှိသေးဘူး။ Samsung Galaxy Gear 2 လို့အမည်ပေးထားတဲ့ နောက်ထပ် နာရီတစ်လုံးက ၂၀၁၄ ဇန်နဝါရီလမှာ မိတ်ဆက်ပြသမှာ ဖြစ်ကြောင်း သိရပါတယ်။


ဇန်နဝါရီလဆန်း CES မှာ ပြသဖို့ ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။ ထူခြားလာမှု အနေနဲ့ GPS ပါဝင်လာမယ်။ 4GB memory ပါဝင်လာပြီး Processor အပိုင်းမှာလည်း နည်းပညာ အဆင့်မြင့်လာမယ်လို့ ဆိုပါတယ်။ Samsung Galaxy Note 3 နဲ့ တွဲလို့ကောင်းမယ့် စမတ်နာရီဆိုပြီး Galaxy Gear ကို ယခုလဆန်းကပဲ မိတ်ဆက်ခဲ့တာပါ။ အကယ်၍ Galaxy Gear 2 ကို မိတ်ဆက်အုံးမယ်ဆိုရင်တော့ ဘယ် ဖုန်းနဲ့ တွဲအုံးမလဲ မသိပါဘူး။

ကိုရီးယား ဒစ်ဂျစ်တယ်တိုင်းမ် သတင်းဌာနကတော့ Samsung Galaxy Gear 2 ကို ၂၀၁၄ ခုနှစ် ဇန်နီဝါရီလမှာ ကြေညာမယ်လို့ အတိအလင်း ရေးသား ဖော်ပြ ခဲ့ပါတယ်။
.
Ref: pocketlint
Aung Kham ( MM Social Sky )

0 comments:

Post a Comment