16.9.13

ဗျောက်အိုးနှင့် မီးရှုးမီးပန်းများမန်းဈေးကွက်အတွင်း စတင်ဝင်ရောက်

ဗျောက်အိုးများနှင့် မီးရှုးမီးပန်းများ ဈေးကွက်အတွင်း
စတင်ဝင်ရောက်လာ၍ ကလေးများမီးရှုးမီးပန်းဆော့ကစားခြင်း
ဗျောက်အိုးဖောက်ခြင်းများတွေ့လာရကြောင်း
မန္တလေးမြို့ခံများထံမှ သိရသည်။



ရောင်းတဲ့ဆိုင်တော့ ပေါ်ပေါ်ထင်ထင်မတွေ့ရသေးဘူး။ ဒါပေမယ့်ညဘက်တော့ တအုန်းအုန်းနဲ့ ဖောက်နေကြပြီ။
ကလေးတွေလည်း မီးရှုးမီးပန်းလေးတွေ့ဆော့နေကြတာတွေ့ပါတယ် ဟု ချမ်းမြသာစည်မြို့ နယ် (ဆ)ရပ်ကွက်အတွင်းနေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ညဘက်တွင်ဗျောက်အိုးဖောက်သံများ ကြားလာရပြီး ကလေးငယ်များတွင် ယမ်းခွေဖြင့် ထည့်ပစ်ရ သောယမ်းသေနပ်များ မီးရှုးမီးပန်းများ ဆော့ကစားခြင်းများ၎င်းတို့ရပ်ကွက်တွင် တွေ့ရကြောင်း နန်းရှေ့တွင် နေထိုင်သူ ကုမ္မဏီဝန်ထမ်းတစ်ဦးက ပြောသည်။

ဗျောက်အိုးများ မီးရှုးမီးပန်းများကိုတရားမ၀င်ရောင်းဝယ်ဖောက်ကား သူများအတွက်ပုဒ်မ ၁၈၈ တရား ၀င်ထုတ်ပြန်ထားပြီး ရောင်းဝယ်ဖောက်ကားသူဗျောက်အိုးဖောက်သူများအား
သက်ဆိုင်ရာမြို့နယ်ရဲစခန်းများ မှဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း
မန္တလေးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက ပြောသည်။

ဖိုးလပြည့်
Popular Myanmar News Journal

0 comments:

Post a Comment