16.9.13

iPhone 5s နှင့် 5c စရံငွေ ၁သိန်း ပေးပြီး Pre Order မှာယူနိုင်မည်

နောက်ဆုံးပေါ် နည်းပညာများကို ထည့်သွင်း အသုံးပြုထားသော Apple ကုမ္ပဏီက အသစ်ထုတ်လိုက်သည့် iPhone 5s နှင့် iPhone 5c ကို ဝယ်ယူလိုသူများအနေဖြင့် Pre-Order လက်ခံဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်း Neo Tech

ကွန်ပျူတာ၊ အိုင်တီပစ္စည်းအရောင်းဆိုင်မှ Managing Director ဦးကျော်စွာဦးက ဆိုသည်။



"5c နဲ့ 5s ကို ရောင်းချပေးမှာ ဖြစ်ပါတယ်။ 5c 16GB ကို ၈ သိန်းကျော်နဲ့ 5s 16 GB ကို ကိုးသိန်းကျော်နဲ့ရောင်းချပေးမှာပါ။ အခု Pre-Order တွေကိုလက်ခံနေတာပါ" ဟု ၎င်းကပြောသည်။

အဆိုပါ iPhone 5c နှင့် 5s ကို စရံငွေ ၁ သိန်းကြိုသွင်း၍ ဝယ်ယူနိုင်မည်ဖြစ်ပြီး ၂၀ရက်နေ့ညတွင် ဈေးနှုန်း အတိအကျ သိရှိမည် ဖြစ်ကြောင်း၊ အကယ်၍ ဈေးနှုန်းကို မကြိုက်နှစ်သက်ပါက ၎င်း စရံငွေကို ပြန်လည် ထုတ်ယူနိုင်ရန် စီစဉ်

ပေးထားကြောင်း ဦးကျော်စွာဦးက ပြောကြားသည်။

Apple Inc သည် iPhone 5s နှင့် 5c ကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် စတင် ထုတ်ဖော် ပြသ ကြေငြာခဲ့ပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့တွင် iPhone 5 နှင့် 5c ကို စတင်ရောင်းချမည် ဖြစ်ကြောင်း
ကြေငြာခဲ့သည်။

The Voice Weekly

0 comments:

Post a Comment