မကွေးမြို့ယင်းချောင်းရေ တိုက်စားမှုပြင်းထန်သဖြင့် မြို့သစ်မြို့နယ် တပ်ကုန်းကျေးရွာအနီး
ယင်း ချောင်း တံတားအရှေ့ဖက်ချည်းကပ်လမ်းကျိုးပျက်သွားခဲ့သည်ဟု

ယင်းချောင်းတစ်ဖက်ခြမ်း တွင် သောင်ထွန်းပြီးအခြားတစ်ဖက်တွင်ရေကြောင်းကျဉ်းကာရေစီးအားသန်လာသဖြင့်
ယင်းချောင်းတံတားအခြေကို စက်တင်ဘာလ(၁၅)ရက်နံနက်(၅)နာရီကျော်ခန့်တွင်ရေလှိုက်စားခံလိုက်သည်ဟုဒေသခံများကပြောပါသည်။
“မနက်အစောကြိးလာရတာ၊မြို့သစ်ကိုဈေးဝယ်သွားဖို့ပေါ့၊ဒီလိုဖြစ်မယ်မှန်းသိရင်ဘယ်လာပါ့မလဲ၊ဒီ
ရောက် မှတံတားပျက်မှန်းသိတာ၊မနှစ်ကလည်းတစ်ကြိမ်ဖြစ်ပြိးပီ၊ယင်းချောင်းကရေစီးအားသန်တယ်”ဟု ဒေသ ခံ ကျေးရွာဈေးဝယ်ထွက်သူများမှပြောသည်။
ဝုန်းဆိုသောအသံကြားသဖြင့် ယာခင်းစောင့်မှသွားကြည့်သောခါ အပေါ်ကတ္တရာလမ်းမြေသား သာ ကျန် ပြီး အောက်ခြေတွင်ခြောက်ပေခန့်အကျယ်ရေစီးကြောင်းဖြစ်ပေါ်နေသည်ကိုတွေ့ရသည်။ (၅)နာရီ (၁၅) မိနစ် လောက်တွင်အပေါ်ကတ္တရာပါပြိုကျသွားခဲ့သည်ဟုမျက်မြင်တွေ့ခဲ့ရသူယာခင်းစောင့်ပြောစကားအရသိရ သည်။
“ကျနော်တို့ မြို့သစ်မှာရှိတဲ့အဖွဲ့အစည်းအသီးသီးနဲ့ တာဝန်ရှိသူတွေကိုအကြောင်းကြားတိုင်ပင်ပြီး ၊မြေသား ပြို ကျမှုကို၊ ချက်ချင်းပြင်ဆင်ထိမ်းသိမ်းနိုင်ဖို့ဆောင်ရွက်ခဲ့ပါတယ်”ဟုငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတာဝန်ခံကိုအောင်ကျော်မှ လူထုအားနှင့် တာဝန်ရှိသူများပူးပေါင်းဆောင်ရွက်မှုကိုရှင်းပြခဲ့သည်။
လောလောဆယ် လူဖြတ်ကူးနိုင်ရန် ပတ်လည်လေးမြှောင့်တုံးများဖြင့်စီစဉ်ဆောင်ရွက်ပေးတားပြီး၊ဆိုင် ကယ်များကိုလူအားဖြင့် ၀ိုင်းဝန်းသယ်ပိုးကာချောင်းဖြတ်ကူးနေသည်ကိုတွေ့မြင်ရသည်။
“အရှေ့ဖက်ကမ်းကကူးရင်တော့(၁၅၀၀)ပဲယူပါတယ်၊အနောက်ဖက်ကမ်းကရေနဲနဲစီးတော့(၂၀၀၀)တောင်းပါတယ်” ဟု ဆိုင်ကယ်အငှါးထမ်းသူမှပြောခဲ့သည်။
ယင်းတံတားကို နေ့စားဝန်ထမ်းများ၊မီးသတ်တပ်ဖွဲ့၊စည်ပင်သာယာရေးနှင့်ဆည်မြောင်ဝန်ကြီးဌာန၀န်ထမ်းများအပါအ၀င်လူအင်အား(၁၀၀)ကျော်နှင့်ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ မြေသယ်ကား(၁၀)စီး ဖြင့် ပြင် ဆင်လျှက်ရှိသည်။
“မနက်ဖြန်ဆို ကားကြိးတွေဖြတ်နိုင်ပါပြီ၊ကနေ့ညနေကစပြိးကားလေး တွေမောင်းနှင်လို့ ရမှာပါ၊ကျမ တို့ ရေရှည်တည်တန့်ဖို့ကတော့တမံတုတ်ပြီး ချည်းကပ်လမ်းကို ဘေလီတံတားထပ်ပိုးခင်းထားပေးမှာပါ” ဟုဆောက်လုပ်ရေးလက်ထောက်အင်ဂျင်နီယာဒေါ်ပြုံးကြည်မှဖြေကြားခဲ့သည်။
တပ်ကုန်းကျေးရွာဒေသခံများ၏အဆိုအရ ချောင်းရေတိုက်စားမှုကြောင့် ကျေးရွာနေအိမ်အချို့နှင့် လယ်မြေဧက(၅၀)ခန့်ပျက်စိးဆုံးရှုံးမှုရှိနေကြာင်းသတင်းရရှိသည်။ဦးမင်း
Popular Myanmar News Journal

0 comments:
Post a Comment