ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

21.11.14

ကျုံ့နိုင်၊ ကျယ်နိုင်သည့် အဆောက်အဦပုံစံ စပိန်ကျောင်းသားများ ချပြ

အနာဂတ်မှာ အပူကြောင့် ကျုံ့နိုင် ကျယ်နိုင် ပုံစံပြောင်းအောင် လုပ်နိုင်တဲ့ အဆောက်အဦတွေရဲ့ ပုံစံကို စပိန်နိုင်ငံ ဘာစီလိုနာတက္ကသိုလ် ဗိသုကာ သုတေသန ကျောင်းသားတွေက ပုံစံထုတ် ချပြခဲ့ပါတယ်။

အဆောက်အဦတွေဟာ တောင့်တင်းခိုင်မာပြီး တည်ငြိမ် အခြေကျရမယ်လို့ အရင်က ယူဆခဲ့ဖူးတာပါ။

ဘာစီလိုနာ အဆင့်မြင့်ဗိသုကာတက္ကသိုလ်(အိုင်အေအေစီ) က သုတေသနအဖွဲ့ဝင် အေ့စ်တန်ကယ်က “ကျုံ့နိုင်ချဲ့နိုင်သလို နဂိုမူရင်းပုံစံကို ပြန်ရောက်နိုင်တဲ့ ပစ္စည်းကို ရှာနေတယ်”လို့ ပြောပါတယ်။

ကျောင်းသား ရာမင် ရှမ်ဘာယာတီက “ပုံစံပြောင်းနိုင်တဲ့ ဂျီသြမေတြီလို့ နာမည်ပေးထားတဲ့ ဒီစီမံကိန်းဟာ အိုရီဂါမီ ဖွဲ့စည်းပုံကို လုပ်ဖို့ တြိဂံပုံကြွေပြားတွေကို သုံးပါတယ်။ ဆုံမှတ်မျဉ်းဖြတ်တွေတိုင်းမှာ အပူပေးပြီး ဆောက်လုပ်ရေးပစ္စည်းကို ပျော့သွားအောင် တွန်းနိုင်ဆွဲနိုင်အောင်လုပ်တယ်။ ပြီးရင် အအေးပေးပြီး မာအောင် လုပ်နိုင်တယ်။ ဒီနည်းနဲ့ ပုံစံကို လွယ်လွယ်ပြောင်းနိုင်တယ်။ ဝါယာကြိုးတွေကို သုံးပြီး ပိုလီမာတွေကို ၆၂ ဒီဂရီ ဆဲလ်စီးယပ်စ် ရောက်တဲ့အထိ အပူပေးရာမှာ ပျော့ပျောင်းလာပြီး အဆောက်အဦက ကွေးနိုင် လိမ်နိုင် ဖြစ်လာတာပါ။ မောင်းသူမဲ့ယာဉ်တွေက ဖွဲ့စည်းပုံကို ဆန္ဒရှိတဲ့ ပုံစံပေါ်အောင် ဆွဲဆန့်ပြီး ဝါယာတွေနဲ့ ချည်နှောင်ပါတယ်။ အအေးခံနေချိန် ၂ မိနစ်အတွင်း အဆောက်အဦ ဖွဲ့စည်းပုံက ပုံစံသစ်ဖြစ်သွားတဲ့အထိ ဆွဲကိုင်ထားခဲ့ပါတယ်” လို့ ပြောပါတယ်။

အဖွဲ့ခေါင်းဆောင် အာရေတီ မာကိုပိုလိုက အနာဂတ် အဆောက်အဦတွေဟာ လိုအပ်ချက်နဲ့ အညီ ပြောင်းလဲနိုင်စွမ်း ရှိရမယ်လို့ ပြောပါတယ်။

“အိမ်တွေကို တိရစ္တာန်တွေလို ယူသွားနိုင်ရမယ်၊ လိုအပ်သလို ပုံစံပြောင်းနိုင်ရမယ်၊ မိသားစု ကြီးလာတဲ့အခါ အိမ်ကို ဆွဲချဲ့ဖို့ လိုတယ်၊ အိမ်တွေကို အိတ်ထဲ ထည့်နိုင်ရမယ်၊ ပြန်ဖြန့်ချပြီး အဆောက်အဦအဖြစ် ဖန်တီးနိုင်ရမယ်” လို့ ပြောပါတယ်။

ဒါပေမယ့် နီးကပ်တဲ့အနာဂတ်မှာတော့ ဒါမျိုး အဆောက်အဦတွေကို မြင်ရမယ့်ပုံ မရှိသေးပေမယ့် အခြေခံ သဘောတရားကိုတော့ အိမ်တွင်းအလှဆင်မှုတွေ၊ အဆောက်အဦ မျက်နှာစာတွေနဲ့ ပွဲကြည့်စင်တွေအတွက် သုံးနိုင်တယ်လို့ သူက ပြောပါတယ်။

DVB

IS ကို တိုက်ခိုက်နိမ်နင်းဖို့ ဂျော်ဒန်သို့ Mirage တိုက်ခိုက်ရေးသမားများ ပြင်သစ်စေလွတ်

အီရတ်မှာရှိတဲ့ Islamic State (IS) ကို တိုက်ခိုက်ဖို့ ဂျော်ဒန်ကို Mirage တိုက်ခိုက်ရေးသမား (၆) ဦး ခန့် စေလွှတ်ကာ တာဝန်ပေးလိုက်ကြောင်း  ပြင်သစ်ကာကွယ်ရေးဝန်ကြီး Jean-Yves Le Drain က ဗုဒ္ဓဟူးနေ့က ကြေငြာခဲ့ပါတယ်။

United Arab Emirates မှာ Rafale ဂျက်လေယာဉ် (၉) စီး ရှိထားပြီဖြစ်ပြီး သူတို့ကို တောင့်တင်းမှုရှိအောင် Mirage တိုက်ခိုက်ရေးသမားတွေနဲ့ အားဖြည့်ပေးသွားမှာဖြစ်တယ်လို့ Le Drain က ပြင်သစ်ပါလီမန်ကို ပြောပြခဲ့ပါတယ်။

မဟာမိတ်ရဲ့ လေကြောင်းအကူအညီပေးမှုကြောင့် အောင်မြင်မှုရရှိနိုင်တဲ့ အလားလာရှိပြီး မဟာမိတ်ဖွဲ့ရာမှာ ပြင်သစ်အနေနဲ့လည်း အဓိက အခန်းကဏ္ဍတစ်ခုကို ဝန်တာယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သူက ထပ်မံပြောဆိုခဲ့တယ်။

အီရတ်စစ်တပ်တွေနဲ့ IS အဖွဲ့နှစ်ဖွဲ့ကြား နယ်ခြားမျဉ်းပေါ်က စစ်သွေးကြွတွေ ထိန်းချုပ်ထားတဲ့ ရန်သူ့နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်နိုင်မယ့်လမ်းကြောင်း ဖန်တီးနိုင်ဖို့ အီရတ်နိုင်ငံမြောက်ပိုင်း Kirkuk မြို့က IS စစ်သွေးကြွတွေသုံးတဲ့ မြေအောက် လမ်းကြောင်းတွေကို မဟာမိတ်လေယာဉ်တွေနဲ့အတူလိုက်ပါလာတဲ့ Rafale ဂျက်လေယာဉ် (၂) စီးက ဗုဒ္ဓဟူးနေ့တုန်းက တိုက်ခိုက်ခဲ့ပါတယ်။

စက်တင်ဘာလမှာ ပြင်သစ်က အီရတ်နိုင်ငံမှာရှိတဲ့ IS တိုက်ခိုက်ရေးသမားတွေကို ဆန့်ကျင်ထိုးစစ်ဆင်နေတဲ့ အမေရိကန်စစ်တပ်နဲ့ ပူးပေါင်းလိုက်ပါတယ်။ IS စစ်သွေးကြွတွေက အီရတ်နိုင်ငံမှာ အဓိက မြို့ကြီးတွေကို ချုပ်ထားပြီး ဒေသလုံခြုံရေးကိုလည်း ခြိမ်းခြောက်ခဲ့ပါတယ်။

Source: Xinhua

လွတ်လပ်စွာပြောဆိုခွင့် တောင်းဆိုမည့် ထိုင်းကျောင်းသားများ၏ ရုပ်ရှင်ပြပွဲ

ထိုင်းကျောင်းသားတစုဟာ လွတ်လပ်စွာပြောဆိုခွင့်အတွက် တောင်းဆိုဖို့ “The Hunger Games: Mockingjay” လို့ နာမည်ပေးထားတဲ့ ရုပ်ရှင်ပြပွဲကို နိုဝင်ဘာ ၂၀ ရက်နေ့က ကျင်းပပါတယ်။

ထိုင်းနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human rights watch) ကလည်း စိုးရိမ်ကြောင်း ပြောပါတယ်။

ကျောင်းသားတွေဟာ ဘန်ကောက်မြို့လယ်က စတိုးဆိုင်တခုမှာ စုရုံးခဲ့ကြပြီး ထိုင်းနိုင်ငံတွင်းမှာ ပြသမယ့် ရုပ်ရှင်ပွဲတော်အတွက် အခမဲ့ကြည့်ရှုခွင့်လက်မှတ်တွေကို ဝေပေး ခဲ့ကြပါတယ်။

ဒီရုပ်ရှင်ဟာ ချမ်းသာတဲ့ လွှတ်တော်က ဆင်းရဲတဲ့တိုင်း ၁၂ တိုင်းကို အုပ်ချုပ်နေတဲ့ ပါနမ်တိုင်းပြည်ရဲ့ ဆုတ်ကပ်အပြီး ဆိုးနိုင်သမျှ အရာအားလုံးရှိတဲ့ အခြေအနေကို စိတ်ကူးယဉ် ရိုက်ကူးထားတာပါ။

ဒီဇာတ်ကားထဲက အကြွင်းမဲ့အာဏာရှင် အုပ်ချုပ်မှုကို ဆန့်ကျင်မှုအဖြစ် လက်ချောင်း ၃ ချောင်း ထောင်ပြတဲ့ သင်္ကေတကို ထိုင်းနိုင်ငံက စစ်အာဏာရှင်အုပ်ချုပ်မှုကို ဆန့်ကျင်ဖို့ အတုယူ သုံးစွဲကြပါတယ်။

ကျောင်းသားတယောက်ကတော့ လွတ်လပ်စွာ ပြောဆိုခွင့်ဟာ သူဘဝရဲ့ အခြေခံ အခွင့်အရေးလို့လည်း ပြောပါတယ်။

တခြားရုပ်ရှင်ရုံ ၂ ခုကတော့ ကျောင်းသားတွေက ပွဲလုပ်မယ့်အစီအစဉ်ကို ကြေညာအပြီး ရုပ်ရှင်ပွဲကို ဖျက်သိမ်းခဲ့ပါတယ်။

ရဲတွေကတော့ ရုပ်ရှင်ရုံက ကျောင်းသား ၃ ယောက်ကို သဘောထား ညှိနှိုင်းဖို့လို့ ပြောပြီး ခေါ်သွားခဲ့ပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ ကိုယ်စားလှယ်က ထိုင်းစစ်အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး စီမံကိန်းတွေအပေါ် စိုးရိမ်ကြောင်း ပြောပါတယ်။

ထိုင်းနိုင်ငံဟာ မေလက စစ်တပ်ရဲ့ အာဏာသိမ်းမှုပြီးတည်းက ခုထိ စစ်အုပ်ချုပ်ရေးအောက်မှာ ရှိနေဆဲပါ။ လူ ၅ ယောက်ထက် ပိုစုဝေးမှုကို တားမြစ်ပိတ်ပင်ထားပါတယ်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာက ဝန်ကြီးချုပ် ဖြစ်လာပြီး အထွေထွေ ရွေးကောက်ပွဲမတိုင်မီ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲမယ်လို့ ကတိပြုထားပါတယ်။

DVB

သီရိလင်္ကာ သမ္မတ တတိယအကြိမ် ရွေးကောက်ပွဲဝင်နိုင်ရန် တရားရုံးဆုံးဖြတ်

သီရိလင်္ကာ သမ္မတ မဟိန္ဒရာဇပက်ဆေသည် တတိယအကြိမ် ရွေးကောက်ပွဲဝင်နိုင်ရန် တောင်းဆိုခဲ့မှုအပေါ် တရားရုံးချုပ်က ခွင့်ပြုလိုက်ပြီ ဖြစ်သောကြောင့် ဇန်န၀ါရီလတွင် ကျင်းပဖွယ်ရှိ သည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

အတိုက်အခံများက သမ္မတ၏ တောင်းဆိုချက်အပေါ် ကန့်ကွက်ခဲ့သော်လည်း တရားရုံးက ယခုကဲ့သို့ ဆုံးဖြတ်ပေးလိုက်ခြင်း ဖြစ်သည်။

သီရိလင်္ကာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သမ္မတရာထူးကို  ယခင်က နှစ်ကြိမ်သာ ထမ်းဆောင် ရန် ခွင့်ပြုထားကြောင်း အတိုက်အခံများက ထောက်ပြခဲ့သော်လည်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း က တရားလွှတ်တော်ချုပ်က အဆိုပါ ကန့်ကွက်ချက်ကို ပယ်ချသွားခဲ့ခြင်းကြောင့် ရာဇပက်ဆေအနေဖြင့် သမ္မတ ရာထူးအတွက် ထပ်မံရွေးကောက်ခံရန် လုပ်ဆောင်သွားတော့မည်ဟု မျှော်လင့်ရသည်။

“သမ္မတက အခု သူ့ရဲ့ ဒုတိယ လေးနှစ်သက်တမ်း ပြည့်မြောက်ပြီးတဲ့နောက် ရွေးကောက်ပွဲတွေ ကျင်းပပြီး ထပ်အရွေးခံဖို့အတွက် သူ့ဆီမှာ
ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ လုပ်ပိုင်ခွင့်ရှိပါတယ်” ဟု ရာဂျာပက်စီ၏ ပြောရေးဆိုခွင့်ရှိသူ မိုဟန် စာမာရန်နာယေ့ကီ က အေအက်ဖ်ပီ သို့ပြောသည်။
သို့ရာတွင် ထိုကဲ့သို့ ရွေးကောက်ပွဲများကျင်းပရန်အတွက် သမ္မတက မည်သည့်အချိန်တွင် ထုတ်ပြန်ကြေငြာမည်ဖြစ်ကြောင်းကို ၎င်းက
ပြောကြားခဲ့ခြင်းမရှိသော်လည်း အစိုးရ သတင်းအရင်းအမြစ်များအရ သမ္မတက ၂၄ နာရီအတွင်း ကြေငြာနိုင်သည်ဟု သိရသည်။ လက်ရှိအချိန်ထိ ရွေးကောက်ပွဲဆိုင်ရာ ကြေငြာချက်တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်းမရှိသေးသော်လည်း နိုင်ငံအနှံ့အပြားရှိ နေရာများတွင်  ရာဂျာပက်စီ၏ ရုပ်ပုံကားချပ်များကို တွေ့မြင်ရလျက်ရှိသည်။

ရွေးကောက်ပွဲများကို လာမည့် ဇန်န၀ါရီ ၇ ရက် နှင့် ၈ ရက်နေ့များ၌ ကျင်းပနိုင်သည်ဟု ပြန်ကြားရေး ၀န်ကြီး ကာဟီယာ ရမ်ဘူဝယ်လာ က မကြာသေးမီက ပြောကြားထားခဲ့သည်။

သို့ရာတွင် ရာဂျာပက်စီ၏ အဓိက မဟာမိတ်ပါတီဖြစ်သော အမျိုးသား အမွေအနှစ်ပါတီ၏ ဗုဒ္ဒဘာသာဝင် ဘုန်းတော်ကြီးများသည် ယခုကဲ့သို့ ၎င်းအာဏာကို ဆက်လက်စွဲကိုင်ထားရန် လုပ်ဆောင်နေခြင်းများကို ကန့်ကွက်သည့်အနေဖြင့် ၎င်း၏ အစိုးရနှင့် လမ်းခွဲသွားခဲ့သည်။

လက်ရှိအချိန်တွင် ရာဂျာပက်စီသည် ၎င်း၏ ပါတီအပေါ် လူထုထောက်ခံမှုများ ထပ်မံကျဆင်းမသွားမီအချိန်တွင် အာဏာကို ထပ်မံ ရယူသွားလိုနေသည်ဟု အစိုးရသတင်းအရင်းအမြစ်များက ပြောကြားခဲ့ပြီး ပြီးခဲ့သည့် စက်တင်ဘာလက ပြည်တွင်း ဆန္ဒခံယူပွဲများတွင် ၎င်း၏ ညီညွတ်သော ပြည်သူ လွတ်မြောက်ရေး ပါတီ၏ရရှိသည့် ဆန္ဒမဲအရေအတွက် ကျဆင်းခဲ့သည်။

ရာဂျာပက်စီသည် ၂၀၀၅ ခုနှစ်က နိုင်ငံကို ပါလီမန် ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအဖြစ်သို့ လုပ်ဆောင်သွားမည်ဟု ကတိပြုပြောကြားခဲ့ပြီး
သမ္မတ ဖြစ်လာခဲ့သူဖြစ်သည်။ သို့ရာတွင် ၎င်းသည် ၂၀၁၀ ခုနှစ်၌ ဒုတိယသက်တမ်းကို ထပ်မံရယူခဲ့ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည် ရေးသားခဲ့ကာ ယင်းတွင် သမ္မတရာထူး နှစ်နှစ်သက်တမ်းအဖြစ် ကန့်သတ်ထားမှုကို ဖယ်ရှားခဲ့သည်။

Mizzima

Hunger Games ဇာတ်ကားမှ လက်သုံးချောင်းထောင် အလေးပြုသည့်ပုံစံပြုလုပ်ခဲ့သော ထိုင်းကျောင်းသားငါးဦးအား ဖမ်းဆီး

ထိုင်းနိုင်ငုံ့သညုနေည ပြည် နယ်တွင် ထိုင်းဝန်ကြီးချုပ်မိန့်ခွန်း ပြောကြားနေချိန်၌ The Hunger Game ရုပ်ရှင်ဇာတ်ကားမှ လက် သုံးချောင်းထောင်ကာ အလေးပြု သည့် ပုံစံပြုလုပ်သော ထိုင်းကျောင်း သားငါးဦးကို ယမန်နေ့က ဖမ်းဆီး ခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးခြင်းမှာ မေလစစ်အာဏာသိမ်းမှုကို ဆန့်ကျင် သူများအား နောက်ဆုံးဖြိုခွင်းမှုဖြစ် ကြောင်း အရာရှိများက ပြောခဲ့သည်။

ဝန်ကြီးချုပ်ပရာယုသ်ချန်အိုချာ ၏ ပထမဆုံးခရီးစဉ်အဖြစ် khon kaen သို့ သွားရောက်ချိန်တွင်စစ် အစိုးရကို ဆန့်ကျင်သော တရားမ ဝင် တော်လှန်ရေး သင်္ကေတဖြစ်သည့် လက်သုံးချောင်းထောင်ကာ လူအ များကို ဝှေ့ယမ်းပြခဲ့သည်။

၎င်းတို့ သည် ထိုင်းစာဖြင့် အာဏာသိမ်းမှု အလိုမရှိဟူသော စာသားပါတီရှပ် များကို ထုတ်ဖော်ပြသရန် ၄င်းတို့၏ ဆွယ်တာများကို ဖယ်ရှားခဲ့ကြပြီး လက်သုံးချောင်းထောင် အလေးပြု ခဲ့ကြပြီးနောက် ထိုနေရာမှ ဖယ်ရှား ခံခဲ့ရသည်ဟု ထိုင်း PBS ရုပ်မြင် သံကြားသတင်းအရ သိရသည်။

''ကျောင်းသားငါးယောက်ကို စစ်တပ်ကို လွှဲပေးလိုက်တယ်''ဟု khon kaen ပြည်နယ်ဆိုင်ရာ တပ် ရင်းမှူး ဂျစ်ဂျာရွန်ဆရီဗာနစ်က ပြောသည်။

ထိုကျောင်းသားများကို ဖမ်းဆီးထားကြောင်း အမည်မဖော် လိုသူ အရာရှိတစ်ဦးက ပြောသည်။ ထိုင်းတွင် စစ်အာဏာသိမ်းပြီးကတည်း က ဒီမိုကရေစီစနစ်ကျင့်သုံးခြင်းကို ရပ်ဆိုင်းလိုက်ပြီး ဆန္ဒပြမှုများကို ကြမ်းတမ်းစွာတုံ့ပြန်ခဲ့သည်။

ဇွန်လ က ရဲများသည် စာရေးဆရာဂျော့ခ်ျ အော်ဝယ်လ်၏ အာဏာရှင်စနစ်ဆန့် ကျင်ရေးစာအုပ် 'Nineteen Eighty-Four'' ကိုဖတ်နေပြီး အသားညှပ် ပေါင်မုန့်စားနေသောကျောင်းသား တစ်ဦးကိုဖမ်းဆီးခဲ့သည်။

Ref:AFP

ကိုလံဘီယာတွင် ထောင်အဓိကရုဏ်းဖြစ်၊ ၁၅ ဦးလွတ်မြောက်

ကိုလံဘီယာနိုင်ငံ ဘိုကိုတာမြို့က ကလေးထောင်တခုမှာ ဒီအပတ်အတွင်း ဒုတိယအကြိမ်မြောက် အဓိကရုဏ်း ဖြစ်အပြီး နိုဝင်ဘာ ၁၉ ရက်နေ့က ဝရမ်းပြေးအနည်းဆုံး ၁၅ ဦး လွတ်သွားလို့ ပြန်လိုက်ရှာနေပါတယ်။

အခုထိ အကြီးအကျယ် ရုန့်ရင်းဆန်ခတ်ဖြစ်နေဆဲ အဓိကရုဏ်းအတွင်း ထောင်သားတွေက မွေ့ရာတွေကို မီးရှို့ခဲ့ကြပါတယ်။

ကိုလံဘီယာ လူမှုဖူလုံရေးအဖွဲ့ ညွှန်မှူး ခရစ်တီနာ ပလာဇက်က အဓိကရုဏ်းကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ ပြောပါတယ်။ ဆန္ဒပြမှုကို ဖြိုခွဲဖို့ အာဏာပိုင်တွေက ထိရောက်မှုရှိရှိ လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

ဒုတိယအကြိမ် အဓိကရုဏ်းအတွင်း မီးသတ်သမားတွေက မီးငြိမ်းသတ်ခဲ့ကြပြီး ဒဏ်ရာရသူ မရှိဘူးလို့ ဆိုပါတယ်။ ပထမအကြိမ် အဓိကရုဏ်းအတွင်း ရဲနဲ့ လုံခြုံရေးဝန်ထမ်း အနည်းဆုံး ၂၇ ယောက် နဲ့ ထောင်သားတွေ အတော်များများ ဒဏ်ရာရခဲ့ကြပါတယ်။

DVB


အမေရိကတိုက်ကို မွတ်စလင်များကစတင်တွေ့သည်ဆိုသော အာဒိုဂန်၏ အဆို လှာင်ပြောင်ခံရ

အမေရိကတိုက်ကို ကိုလံဘတ်စ် မတွေ့မီ သုံးရာစုကတည်းက မွတ် စလင်နယ် သစ်ပယ်သစ် ရှာဖွေသူ များက တွေ့ရှိခဲ့သည်ဟု တူရကီ သမ္မတ ရီဆက်ဖ်တေ ယစ်ပ်အာဒို ဂန်က ဆိုခဲ့ရာ ပညာရှင်အတ်ာများ များ၏ ဝိုင်းဝန်းလှောင်ပြောင်ခြင်း ကို ခံရသည်။

သူ၏အဆိုကို ဝေဖန်သူများ သည် ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ချမှုမရှိဟုဆို လျက် သူက လှောင်ပြောင် သူများ၊ ရယ်သွမ်းသွေးသူများကို တုံ့ပြန်လိုက်သည်။

သူ၏အဆိုပြုချက်အပေါ် ဝေ ဖန်ကြသူများကို သူကဟန်ပါပါ ချေပပြောဆိုသည့်ပြင်
အမေရိက ကို မွတ်စလင်များက တွေ့သည်ဆို သည်ကို စာသင်ကျောင်းများတွင် သင်ကြားပေးသင့်သည်ဟူ၍လည်း သူက ဆိုသေးသည်။

ဤကိစ္စမှာ အမျိုးသားပညာရေး ဝန်ကြီးဌာန၏ တာဝန်ဖြစ်သည်ဟု အာဒိုဂန်က ရုပ်မြင်သံကြားမှ ဝေဖန် လိုက်သည်။

''သိပ္ပံဆိုင်ရာသမိုင်းကို ဓမ္မဓိဋ္ဌာန် ကျကျရေးတယ်ဆိုရင် သိပ္ပံပညာအ တွက် အစ္စလာမ္မစ်ပထဝီဝင်ဆိုင်ရာ အထောက်အကူပြုမှုဟာ ကျွန်ုပ်တို့ သိထားတာ ထက်ပိုတယ်''ဟု အာဒို ဂန်က ဆိုသည်။

အာဒိုဂန်သည် မွတ်စလင်ဘာ သာကို သက်ဝင်ယုံကြည်လေးစားသူ ဖြစ်သည်။

သူအာဏာရရှိခဲ့သည်မှာ ဆယ်စုနှစ်တစ်စုကျော်ကြာခဲ့ပြီး ခရစ္စ တိုဖာကိုလံ ဘတ်စ်အမေရိကကိုမတွေ့ မီ သုံးရာစုနီးပါးကာလကတည်းကပင် မွတ်စလင်များက အမေရိကကိုတွေ့ ခဲ့ကြောင်း၊ အတိအကျဆိုရလျှင် ၁၂ ရာစုကတည်းကတွေ့ခဲ့ကြောင်း အာ ဒိုဂန်ကဆိုသည်။

ကျူးဘားကမ်းရိုးတန်းရှိတောင် ကုန်းတစ်ခုပေါ်တွင် ဗလီရှိသည်ဟု ကိုလံဘတ်စ် က ဖော်ပြထားသည်ကို အာဒိုဂန်က အထောက်အထားပြ သည်။

သူ၏အဆိုကို တူရကီနှင့်ကမ္ဘာ တစ်ဝန်းလုံးမှ အလွန်လေးစားထိုက် သော သိပ္ပံပညာရှင်များကလည်း ထောက်ခံသည်ဟု သူက ဆိုသည်။

Ref : AFP

လိပ်ကျွန်းအမှု စွပ်စွဲခံမြန်မာနှစ်ဦးကို ငါးကြိမ်မြောက် ရမန်ချုပ်ရက် ထပ်တိုး ၊ အဆိုပါရက်အတွင်း အာမခံပြုလုပ်နိုင်ဟုဆို


လိပ်ကျွန်း အမှု စွပ်စွဲခံမြန်မာနှစ်ဦးကို ကော့ စမွေခရိုင်တရားရုံးမှ စစ်ဆေးရန် အချက်အလက် မစုံသေးသော ကြောင့် ငါးကြိမ်မြောက်အဖြစ် ရမန် ချုပ်ရက် ထပ်မံတိုးပေးလိုက်ပြီး မြန်မာနှစ်ဦးအတွက် အာမခံလျှောက် ထားခွင့်ကို တရားရုံးမှ ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း မြန်မာသံရုံး အထူး စုံစမ်းရေးအဖွဲ့မှ သိရသည်။

နိုဝင်ဘာ ၂ဝရက် လေးကြိမ် မြောက် ရမန်ရုံးချိန်းတွင် ကော့စမွေ ခရိုင်တရားရုံးမှယင်းကဲ့သို့ ခွင့်ပြုပေး ခဲ့ခြင်းဖြစ်ပြီး ငါးကြိမ်မြောက်ရမန် ချုပ်ရက်အဖြစ် နိုဝင်ဘာ ၂၁ရက်မှ ဒီဇင်ဘာ ၂ရက်အတွင်း အာမခံပြု လုပ်နိုင်မည်ဟုလည်း တရားရုံးမှခွင့် ပြုပေးခဲ့ကြောင်း သံရုံးအထူးစုံစမ်းရေး အဖွဲ့ဝင်ရှေ့နေဦးအောင်မျိုးသန့်က ဆိုသည်။

ထိုသို့အာမခံလျှောက်ရန်အ တွက်ကိုလည်း တစ်ဦးအနည်းဆုံး လျှင် ထိုင်းငွေဘတ် ငါးသိန်းစီဖြင့် အာမခံလျှောက်ထားရမည်ဖြစ် ကြောင်း ယင်းသို့အာမခံပြုလုပ်ရန်ထိုင်းဥပဒေတွင် ပြဋ္ဌာန်ထားကြောင်း ရှေ့ နေဦးအောင်မျိုးသန့်က ဆိုသည်။

ဦးအောင်မျိုးသန့်က''ချုပ်ရက် ရမန်ထပ်တိုးပြီး တရားသူကြီးက အာ မခံလုပ်နိုင်ကြောင်း ခွင့်ပြုပေးခဲ့ပါ တယ်။ အဲ့ဒါကိုရမန်ချုပ်ရက်အတွင်း မှာ အချုပ်လွတ်ထုချေမယ်ဆိုရင် ထိုင်း ဥပဒေပါအတိုင်း အနည်းဆုံးတစ်ဦး ကို ထိုင်းငွေဘတ် ငါးသိန်းနဲ့လျှောက် ထားနိုင်ပါတယ်၊ ပေးခြင်း၊ မပေးခြင်း ကတော့ တရားသူကြီးအပေါ်မူတည် ပါတယ်''ဟု ပြောသည်။

အဆိုပါအမှုအတွက်အာမခံ လျှောက်ထားရန်ရှိကြောင်းနှင့်အမြန် ဆုံးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း လည်း မြန်မာသံရုံးမှ သိရသည်။

Democracytoday

အိုင်အက်စ်ခြိမ်းခြောက်မှု ပိုအားကောင်းလာဟု အမေရိကန်ပြော

အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်စစ်သွေးကြွတွေဟာ အင်မတန်အားကောင်းတဲ့ လုံခြုံရေးခြိမ်းခြောက်မှု ဖြစ်လာတဲ့အတွက် ထိပ်တန်းဦးစားပေး ကိုင်တွယ်ဖြေရှင်းဖို့ လိုကြောင်း ကာကွယ်ရေးဝန်ကြီး ဟေဂယ်က ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့က အမေရိကန်ရဲ့ အများပြည်သူ့ရုပ်သံဌာနက ထုတ်လွှင့်တဲ့ ချာလီရို့စ် မေးမြန်းခန်း အစီအစဉ်ကနေ အခုလို ပြောကြားလိုက်တာပါ။

ကာကွယ်ရေးဝန်ကြီး ချာ့ခ်ျaဂဟယ်က “အိုင်အက်စ်အိုင်အယ်လ်တွေလို ကောင်းကောင်း ဖွဲ့စည်း သင်တန်းပေးထားပြီး ရန်ပုံငွေတောင့်တင်းတဲ့ ဗျူဟာသိပ်ကောင်းပြီး သိပ်ရက်စက်တဲ့၊ အင်မတန်အညှာတာကင်းတဲ့ အဖွဲ့မျိုး မမြင်ဖူးသေးဘူး။ သူတို့ရဲ့ အတွေ့အကြုံ များပြီး ခေတ်မီဆန်းပြားတဲ့ လူမှုမီဒီယာ အစီအစဉ်ကလည်း ကျနော်တို့ အရင်က မကြုံဖူးတဲ့အရာမျိုးပဲ။ သူတို့က အားလုံးကို အတူ ရောမွှေထားလို့ အင်မတန် အားကောင်းတဲ့ ခြိမ်းခြောက်မှုသစ် ဖြစ်လာတယ်” လို့ ပြောပါတယ်။

ဒီခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းဖို့ အမေရိကန် တနိုင်ငံတည်းက မလုပ်နိုင်ဘဲ နိုင်ငံတကာရဲ့ အကူအညီ လိုအပ်ကြောင်းနဲ့ ညွန့်ပေါင်းဖွဲ့ရလိမ့်မယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့် ဒီအရေးကို ကြီးကြပ်ကွပ်ကဲမယ့် တာဝန်ခံဘယ်သူဆိုတာကတော့ ပြောင်းကောင်း ပြောင်းနိုင်တယ်လို့ ပြောပါတယ်။

သမ္မတအိုဘားမားက သူပါတီရဲ့ အားနည်းမှုကြောင့် ဝန်ထမ်းတချို့ အပြောင်းအလဲ လုပ်မလားဆိုတဲ့ မေးခွန်းကိုတော့ ဟေဂယ်က “သူ့မှာ ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ လုပ်ဖော်ကိုင်ဖက်တချို့ ရှိတယ်။ ကိုယ့်အလုပ် ကိုယ်လုပ်တယ်။ သမ္မတကတော့ သူဆုံးဖြတ်ချက်နဲ့ သူပဲ” လို့ တုံ့ပြန်ဖြေဆိုခဲ့ပါတယ်။

DVB

မြန်မာ-အိန္ဒိယနယ်စပ် ကလေးမြို့အနီး ငလျင်လှုပ်ခတ်


မြန်မာ-အိန္ဒိယနယ်စပ် ကလေးမြို့အနီးမှာ  အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၆ ပြင်းအားအသင့်အတင့်ရှိ မြေငလျင် ဒီနေ့မနက် အစောပိုင်းက လှုပ်ခတ်သွားပါတယ်။

ညသန်းခေါင်ကျော်  ၁၂ နာရီ  ၄၅ မိနစ်လောက်မှာ  မန္တလေးမြေငလျင်စခန်းက အနောက်မြောက်ဘက်မိုင် ၂၀၀ လောက်အကွာ  ကလေးမြို့နဲ့ ၄၅ မိုင်အကွာကိုဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၆ ရှိ ငလျင်လှုပ်သွားတာလို့ မန္တလေးမြေငလျင်တိုင်း ထွာရေးစခန်းက ဒီဗွီဘီကို ပြောပါတယ်။

ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု သတင်းတွေကတော့ မရသေးပါဘူး။ ဒါဟာ သီတင်းတပတ်အတွင်း မြနိမာနိုင်ငံမှာ  ဒုတိယအကြိမ် ငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပြီး  နိုဝင်ဘာ ၁၇ ရက် မနက်ကလည်း ချောက်မြို့အနီး  မိုင် ၃၀ ခန့်အကွာကို ဗဟိုပြုပြီး ပြင်းအား ရစ်ခ်ျတာစကေး ၅ ဒသမ ၄ အဆင့် အင်အားအသင့်အတင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားခဲ့ပါတယ်။

DVB

ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းကို သတိပေးသည့်အနေဖြင့် ပစ်ခတ်ဟု အစိုးရတုံ့ပြန်

အစိုးရတပ်ဘက်က ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းကို ပြန်ပြီး သတိပေးတဲ့အနေနဲ့ ပစ်ခတ်တာ ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက ပြန်လည်တုံ့ပြန်ရှင်းလင်း ပြောကြားလိုက်ပါတယ်။

ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းကို မြန်မာစစ်တပ်ဘက်က ပစ်ခတ်ခဲ့လို့ ဗိုလ်လောင်း ၂၃ ဦး ကျဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် ပါဝင်တဲ့ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့က မနေ့က မြစ်ကြီးနားမြို့မှာ သတင်းစာရှင်းလင်း ပြောဆိုလိုက်တာပါ။

တပ်မတော်က ရိက္ခာပို့တာနဲ့ တပ်စခန်းလဲလှယ်ဖို့ သွားရောက်တဲ့အခါက ပစ်ခတ်မှုခံခဲ့ရတဲ့အတွက် တပ်မတော်သား ၄ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဗိုလ်မှူးကြီး သန်းအောင်က ပြောပါတယ်။ ဒါကြောင့် တပ်မတော်ရဲ့ တပ်စခန်းဖြစ်တဲ့ ခါးရာဘွန်းတပ်စခန်းကနေ လက်နက်ကြီးနဲ့ သတိပေး ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

“စစ်ပွဲတပွဲ ဆင်နွှဲတဲ့နေရာမှာ လက်နက်ကြီး၊ လက်နက်ငယ်ဆိုတာ ရှိပါတယ်။ လက်နက်ကြီးနဲ့ လက်နက်ငယ်ဆိုတာကလည်း အမျိုးအစားပေါ် မူတည်ပြီး ကန့်သတ်ချက်တွေ ရှိပါတယ်။ အခု ပစ်လိုက်တဲ့ဟာက လက်နက်ကြီး အမျိုးအစားဝင် လက်နက်တခုပဲ ဖြစ်ပါတယ်။ ၂ မိုင်လောက်ပဲ ရှိမယ့်အနေအထား ရှိပါတယ်။ အဲဒီတပ်စခန်း ပစ်တဲ့နေရာမှာတော့ လက်လှမ်းမီရာ တန်ပြန်ပြီးတော့ အနေအထား မဟုတ်ပါဘူး။ ပြန်ပြီးတော့ သတိပေး ပစ်ခတ်တဲ့အနေအထား ဖြစ်ပါတယ်။”

အခုလိုပစ်ခတ်မှု ဖြစ်ခဲ့တာဟာ စစ်သဘောအရ ဖြစ်လေ့ဖြစ်ထ ရှိကြောင်း၊ ဒီထက်မက ကြီးကျယ်တဲ့ တိုက်ပွဲတွေ အများကြီးရှိခဲ့ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး နှောင့်ယှက်မယ့် အနေအထားမဟုတ်လို့ ပေါင်းစပ်ညှိနှိုင်းပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ကေအိုင်အေဘက်ကတော့ အခု တိုက်ခိုက်မှုဟာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာ ဖြစ်ပြီး  ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဗဟိုကော်မတီ က နိုဝင်ဘာ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အေဘီအက်စ်ဒီအက်ဖ် ဥက္ကဋ္ဌ ရဲဘော်သံခဲကလည်း မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဟာ ယုံကြည်မှုအပေါ်မှာ အများကြီးမူတည်နေသလို ယုံကြည်မှု တည်ဆောက်နေတဲ့ကာလမှာ ဒီတိုက်ခိုက်မှုဟာ ၂ ဖက်ယုံကြည်မှုကို ပျက်ယွင်းသွား စေတယ်လို့ ပြောပါတယ်။

ဒီပစ်ခတ်မှုမှာ   တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က ဗိုလ်လောင်း ၁၀ ဦးနဲ့ အေဘီအက်စ်ဒီအက်ဖ်  ကျောင်းသားတပ်မတော်က ဗိုလ်လောင်း ၂ ဦးလည်း ကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။

DVB

မဲဆောက်တွင် ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင်အလုပ်လုပ်ခွင့်နှင့် နေထိုင်ခွင့် တိုးမြှင့်

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ပြုလုပ်ပေးနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် တရားဝင်အလုပ်လုပ်ခွင့်နဲ့ နေထိုင်ခွင့်တွေကို နိုဝင်ဘာလကုန်ထိ အချိန်တိုးမြှင့် ပြုလုပ်ပေးနေပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေအတွက် တရားဝင် အလုပ်လုပ်ခွင့်နဲ့ နေထိုင်ခွင့်တွေကို ၃ လ ကြာအောင် ပြုလုပ်ပေးခဲ့ပေမယ့် လက်မှတ်လုပ်သူ များပြားတာကြောင့် အခုလို နောက်ထပ် ၁ လ အချိန်တိုးမြှင့်ပေးလိုက်တာပါ။

ထိုင်းအာဏာပိုင်တွေက လုပ်ထုံးလုပ်နည်းနဲ့အညီ ကူညီဆောင်ရွက်ပေးနေကြောင်းနဲ့ နယ်မြေအာဏာပိုင်တွေအနေနဲ့ မပြီးစီးသေးတဲ့ အလုပ်သမား လက်မှတ်ပြုလုပ်တဲ့ အစီအစဉ်ကို အခု နိုဝင်ဘာလကုန်ထိ ပြုလုပ်ပေးမယ်လို့ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး နိုင်းစုလစပ်  ကမ်းကျုံးလတ်က  ပြောပါတယ်။

ဒါ့အပြင် အထူးစီးပွားရေးဇုန်အဖြစ် လုံခြုံအေးချမ်းစေဖို့ကိုလည်း အစိုးရက ရည်ရွယ် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

မြန်မာ-ထိုင်း နယ်စပ် အထူးစီးပွားရေးဇုန်ဖြစ်စေရေးအတွက် နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းက ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးနဲ့ တာခ်ရိုင်မှူး၊ မဲဆောက်အုပ်ချုပ်ရေးမှူး၊ အခွန်ဦးစီးဌာန၊ လ၀ကမှူးတွေ၊ စီးပွားရေး  လုပ်ငန်းရှင်တွေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တာခ်ရိုင်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ  တောင်ယာစိုက်ပျိုးရေးနဲ့ စက်ရုံအလုပ်ရုံတွင်မှာ အများဆုံး အလုပ်လုပ်ကြပြီး အခုချိန်ထိ လက်မှတ်လုပ်ပြီးသူ မြန်မာ အလုပ်သမားအရည်အတွက် (၂၇၀၀၀၀) နီးပါး ရှိနေတယ်လို့ ထိုင်းအလုပ်သမားဌာန စာရင်းအရ သိရပါတယ်။

DVB

ဘာသာရေးခေါင်းဆောင် ရသေ့ကို လူသတ်မှုဖြင့် အိန္ဒိယရဲ ဖမ်းဆီး

အိန္ဒိယရဲတွေက လူသတ်မှုနဲ့အဖမ်းခံဖို့ ငြင်းဆန်နေတဲ့ ဘာသာရေးခေါင်းဆောင်ဆိုသူ အသက် ၆၃ နှစ်အရွယ် ရမ်ပယ်လ် မဟာရတ်ဂ်ျကို သူ့ရသေ့ကျောင်းထဲမှာ မီးသတ်ပိုက်တွေနဲ့ ရာဘာကျည်ဆန်တွေကိုသုံးပြီး နိုဝင်ဘာ ၁၉ ရက်နေ့က စီးနင်းဖမ်းဆီးခဲ့ရပါတယ်။

ဒီရသေ့ကို လူသတ်ဖို့ကြိုးစားမှု၊ အဓိကရုဏ်းဖန်တီးမှုနဲ့ ရာဇဝတ်မှုဆိုင်ရာ လျှို့ဝှက်ပူးပေါင်း ကြံစည်မှုတွေနဲ့ဖမ်းပြီး တရားစွဲထားပြီလို့ ဟာယနပြည်နယ်အစိုးရ ထိပ်တန်းအရာရှိတဦးက ပြောပါတယ်။

သူတို့ဆန္ဒမပါဘဲ အနေခိုင်းခံရသူ အများအပြားပါတဲ့ သူ့နောက်လိုက် အယောက် ၁ သောင်းလောက်ကို နေရာရွှေ့ခိုင်းအပြီး အလောင်း ၆ လောင်းကို ရှာတွေ့ခဲ့တာပါ။

အမျိုးသမီးအလောင်း ၅ လောင်းနဲ့ မွေးကင်းစကလေးအလောင်းတွေမှာ ဘယ်လိုဒဏ် ရာကိုမှ မတွေ့သလို သူတို့အလောင်းတွေကို ရင်ခွဲစစ်ဆေးဖို့ ပို့ဆောင်ထားတယ်လို့ ရဲက ပြောပါတယ်။

၂၀၀၆ ခုနှစ်က ဒီရသေ့ဟာ သူ့နောက်လိုက်တွေကို ရွာသားတွေဆီ သေနတ်နဲ့ပစ်ခိုင်းခဲ့လို့ လူ ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရတယ်လို့ စွပ်စွဲခံထားရပါတယ်။

သူ့ကိုဖမ်းဖို့ တရားသူကြီးက အမိန့်ထုတ်အပြီး ကျန်ခဲ့တဲ့ သီတင်းပတ်က တင်းမာမှုတွေ မြင့်လာတာပါ။ သူဟာ တရားရုံးက ဆင့်ခေါ်မှုအကြိမ် ၄၀ ကျော်ကို လျစ်လျူရှုခဲ့ပါတယ်။

ရမ်ပယ်လ်ဟာ ၁၅ ရာစုနှစ်က ကဗျာဆရာနဲ့ အသိဉာဏ်ထူးရှင် ကာဘီရ်ကို ကိုးကွယ်တဲ့ ဘာသာရေးအုပ်စုကို ခေါင်းဆောင်သူ ဖြစ်ပါတယ်။

DVB

နယူးယောက်ပြည်နယ်က စံချိန်ချိုးတဲ့ နှင်းမုန်တိုင်း

၂၀၁၄ ခုနှစ်ရဲ့ ဆောင်းဦးပေါက် ရာသီမှာ နှင်းမုန်တိုင်းကြီးတခုဟာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်မှာ ဝင်ရောက် တိုက်ခတ်နေ ပါတယ်။ အခုအချိန် အထိ ဆိုရင် နှင်းမုန်တိုင်း တိုက်ခတ်မှု ခံနေရတဲ့ ဒေသတွေ မှာ နှင်းထု ဟာ ၆ပေ ဝန်းကျင် ရှိနေပြီး အဖျားခတ် တိုက်ခတ်မှု ခံရတဲ့ ဒေသတွေ မှာတော့ ၄ပေ ပတ်ဝန်းကျင်မှာ ရှိတယ်လို့ ဒေသခံ မြန်မာ တချို့က ပြောပြ ပါတယ်။ နှင်းမုန်တိုင်း တိုက်ခတ်ခံရတဲ့ ဒေသ မှာ နေထိုင်နေတဲ့ မြန်မာ လူမျိုးတွေရဲ့ နှင်းမုန်တိုင်း အတွေ့အကြုံတွေကို မခွာညိုက စုစည်းတင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ် အတွင်းက ဘတ်ဖဲလိုမြို့ဟာ ၂၄ နာရီကြာ နှင်းမုန်တိုင်းဒဏ်ကို ခံခဲ့ရပြီး တောင်ပိုင်းကျတဲ့ ဘက်တွေက ပိုပြီး ဆိုးဝါးတယ် လို့ ဒေသခံတွေက ပြောပါတယ်။ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo က စီရင်စု (၁၀) ခုကို အရေးပေါ်အခြေအနေ ကြေညာ ထားပြီး နှင်းမုန်တိုင်း အရေးပေါ် ကြေညာချက် ထုတ်ပြန်စဉ် အုပ်ချုပ်ရေးမှူးက အပြင်မထွက်ကြဖို့ အခုလို သတိပေးသွားပါတယ်။

"အခု ကျထားတဲ့ နှင်းထု ပမာဏကြောင့် အခြေအနေက တော်တော်ဆိုးနေပါတယ်။ လမ်းပေါ်မှာ ပျက်နေတဲ့ ကားတွေကြောင့် လမ်းရှင်း ရတာ ပိုပြီးတော့ ခက်ခဲစေ ပါတယ်။ ဒါကြောင့် လမ်းကိုလည်း သုံးလို့မရ၊ နှင်းတွေလည်း ဖယ်လို့မရ ဖြစ်နေပါ တယ်။ အခြေအနေ အားလုံးဟာ ကောင်း မလာဘဲ ပိုဆိုးဖို့ပဲ ရှိပါတယ်။ ဒါကြောင့် ဒီနေ့ နေ ထွက်လာလို့ အခြေအနေပိုကောင်းလာမယ်လို့တော့ မမျှော်လင့်ကြပါနဲ့၊ နေထွက်လာလို့ ပို ကောင်းလာအောင် လုပ်ပေးချင်ပေမယ့် နောက်ထပ် နှင်းထပ်ကျဖို့ ရှိနေပါတယ်။”

အခု မုန်တိုင်းအတွင်းကျနေတဲ့နှင်းထုပမာဏဟာ အရင်နှစ်တွေက တဆောင်းတွင်းလုံး ပုံမှန်ကျတဲ့နှင်းပမာဏနဲ့ ညီမျှတယ်လို့ ပြောကြပါတယ်။ လမ်းမတွေပေါ် ပိတ်ဆို့နေတဲ့ နှင်းထုကြောင့် အင်္ဂါနေ့ကတည်းက အလုပ်တွေ၊ ကျောင်းတွေကိုလည်း အင်္ဂါနေ့ကတည်းက ပိတ်ထားရပြီး အနည်းဆုံး နောက် ထပ် ၃-၄ ရက်လည်း ပိတ်ထားရဖွယ် ရှိတယ်လို့ထင်ကြောင်း ဘတ်ဖဲလိုမြို့မှာ နေထိုင်နေတဲ့ ကိုမျိုးသန့်က  ပြောပါတယ်။

"ကျောင်းတွေ ပိတ်ရတယ်။ အလုပ်တွေ အကုန်ပိတ်ရတယ်။ လမ်းတွေကို မထွက်ရဘူးဆိုပြီး အမိန့်ထုတ်ထားတယ်။ ဒီအစိုးရက ပြီးခဲ့တဲ့ ဒီနှင်းစကျတဲ့အချိန်မှာကတည်းက ဒါပေမဲ့ လူတွေက ထွက်တဲ့လူတွေက ရှိတယ်။"

ထူထပ်တဲ့နှင်းထုကြောင့် ကားဆက်မောင်းလို့ မရတော့ဘဲ ကားထဲမှာတင် အအေးဒဏ်ကြောင့် သေဆုံးသွားသူ တစ်ဦးအပါအဝင် နှင်း မုန်တိုင်းနဲ့ ဆက်စပ်ပြီး သေဆုံးသူ (၇ ) ဦး ရှိကြောင်းလည်း အာဏာပိုင်တွေက အတည်ပြုထားပါတယ်။ အုပ်ချုပ်ရေးမှူးနဲ့ အာဏာပိုင်တွေရဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ ပြောကြားခဲ့တဲ့အကြောင်းကိုလည်း ပြောပြပါတယ်။

" ပြည်နယ်အုပ်ချုပ်ရေးမှူးရော၊ ခရိုင်အုပ်ချုပ်ရေးမှူးရော မြို့တော်ဝန် ရောပေါ့ သူတို့တွေ မနက်က သတင်းစာရှင်းလင်းပွဲ လုပ်တော့ ပြည်သူတွေက မထွက်နဲ့ဆို မထွက်နဲ့ပေါ့။ အရေးပေါ်ကြေညာတာကို မသိတာလည်း ပါတယ်။ တချို့ကလည်း သိလျက်နဲ့ ထွက်တာလည်း ပါတယ်။ ဟိုင်းဝေးတွေမှာ ကားတွေက ရာနဲ့ချီပြီး ပိတ်မိသွားတယ်။ ကျန်းမာရေးက အရေးပေါ် အခြေအနေဖြစ်တဲ့ အခြေအနေမှာ ဆေးရုံကားက ဝင်လို့မရဘူး။ လူတွေ  သေတာပေါ့နော်။ ၇ယောက်။ တချို့ကျတော့လည်း ကားထဲမှာ နေရင်းနဲ့ နှင်းထုက များလာတော့ ကားကို အုပ်သွားတဲ့အခါကျတော့ တစ်ယောက်က ကားထဲမှာ သေနေတယ်။"

အခုလို ဆောင်းဦးကာလမှာ နှင်းမုန်တိုင်းကျရောက်မှုဟာ ပုံမှန်အနေအထားမျိုး မဟုတ်တာကို သတိထားမိကြောင်းလည်း ဒေသခံတွေက ပြောနေကြတာပါ။

ကိုမျိုးသန့်ကတော့ သူနေတဲ့ နှစ်တွေအတွင်း ၂၀၀၁ ခုနှစ်က ပြင်းထန်တဲ့ မုန်တိုင်းတခုကို ခံခဲ့ရဖူးကြောင်း၊ ၂၀၀၆ ခုနှစ်မှာတော့ ရေခဲမုန်တိုင်းဒဏ်ကြောင့် လျှပ်စစ်မီးတွေပြတ်တောက်ပြီး အအေးဒဏ်ကို အပြင်းအထန် ခံခဲ့ရကြောင်းနဲ့ ပြီးခဲ့တဲ့ နှစ် ကတော့ ရေခဲမှတ်အောက် ၅၀ ဒီဂရီအထိ ကျသွားတာကို ကြုံခဲ့ရကြောင်း ပြောပြပါတယ်။

" မနှစ်ကကျတော့ လေတိုက်တာရယ်၊ ဆောင်းလယ်မှာ ဖြစ်တာပေါ့နော်။ ဒီနှစ်ကတော့ ဆောင်းတောင် မဝင်သေးဘူး။ ခရစ်စမတ်မတိုင်ခင် ဆောင်းတရားဝင် ဝင်မှာပေါ့နော်။ ဒါပေမဲ့ အခုက ဆောင်းတွင်းမဟုတ်သေးဘူး။ ဆောင်းဦးပေါက်ပဲ ရှိသေးတယ်။ "

ဒီညပိုင်းမှာ နှင်းထပ်ကျဖို့ ရှိကြောင်း မိုးလေဝသ သတင်းတွေမှာ ကြေညာ ထားပြီး ဒီတခါ နှင်းထပ်ကျမယ်ဆိုရင် နှင်းထုဟာ ၈ ပေအထိ ရှိလာနိုင်ကြောင်း လည်း ပြောထားပါတယ်။တနင်္ဂနွေနေ့မှာ နေရောင်ပြန်လည်မြင်ရဖွယ် ရှိပေမယ့် နေအပူရှိန်ကြောင့် နှင်းထုအရည်ပျော်ပြီး ရေကြီးဖွယ် ရှိတယ်လို့လည်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

VOA