21.11.14

မြန်မာ-အိန္ဒိယနယ်စပ် ကလေးမြို့အနီး ငလျင်လှုပ်ခတ်


မြန်မာ-အိန္ဒိယနယ်စပ် ကလေးမြို့အနီးမှာ  အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၆ ပြင်းအားအသင့်အတင့်ရှိ မြေငလျင် ဒီနေ့မနက် အစောပိုင်းက လှုပ်ခတ်သွားပါတယ်။

ညသန်းခေါင်ကျော်  ၁၂ နာရီ  ၄၅ မိနစ်လောက်မှာ  မန္တလေးမြေငလျင်စခန်းက အနောက်မြောက်ဘက်မိုင် ၂၀၀ လောက်အကွာ  ကလေးမြို့နဲ့ ၄၅ မိုင်အကွာကိုဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၆ ရှိ ငလျင်လှုပ်သွားတာလို့ မန္တလေးမြေငလျင်တိုင်း ထွာရေးစခန်းက ဒီဗွီဘီကို ပြောပါတယ်။

ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု သတင်းတွေကတော့ မရသေးပါဘူး။ ဒါဟာ သီတင်းတပတ်အတွင်း မြနိမာနိုင်ငံမှာ  ဒုတိယအကြိမ် ငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပြီး  နိုဝင်ဘာ ၁၇ ရက် မနက်ကလည်း ချောက်မြို့အနီး  မိုင် ၃၀ ခန့်အကွာကို ဗဟိုပြုပြီး ပြင်းအား ရစ်ခ်ျတာစကေး ၅ ဒသမ ၄ အဆင့် အင်အားအသင့်အတင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားခဲ့ပါတယ်။

DVB

0 comments:

Post a Comment