ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

5.7.13

မလေးရှား စားအုန်းဆီကုမ္ပဏီများ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမည်



   မလေးရှား ကုမ္ပဏီများမှ မြန်မာနိုင်ငံ၌ စားအုန်းဆီစက်ရုံများကို ဆောက်လုပ်ရန် ပြင်ဆင်နေ သည်ဟု မလေးရှား ၀န်ကြီးတစ်ဦးက ပြောကြားခဲ့သည်။ မလေးရှားစိုက်ပျိုးရေးနှင့် ကုန်ပစ္စည်း ထုတ်လုပ်ရေး ၀န်ကြီးက မလေးရှားကုမ္ပဏီများမှ မြန်မာနိုင်ငံတွင် ဆီအုန်းထုတ်လုပ်သည့် စက် ရုံလုပ်ငန်း၌ ရင်းနှီးမြှုပ်နှံရန် စီစဉ်နေသည်ဟု ပြောကြားခဲ့ကြောင်းသိရသည်။ မလေးရှားအစိုးရ မှ မြန်မာနိုင်ငံသို့ ဈေးကွက်ချဲ့ထွင်ရန်နှင့် ပို့ကုန်တိုးမြှင့်ရန် စီစဉ်နေကြောင်းကိုလည်း သိရှိရ ပါသည်။ ၂၀၁၂ခုနှစ်တွင် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ စားအုန်းဆီတန်ချိန်ပေါင်း ၃၄၅၀၀၀ တန်တင်ပို့ခဲ့ကြောင်း သိရသည်။ မလေးရှား စားအုန်းဆီ ဈေးကွက် အခိုင်အမာရှိသဖြင့် မြန်မာ  တွင် စားအုန်းဆီထုတ်လုပ်ရန် မလေးရှားနိုင်ငံမှ စိတ်ဝင်စားပြီး မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်း ရှင်များနှင့်ပူးပေါင်းလုပ်ဆောင် သွားမည်ဟုသိရသည်။ စားအုန်းဆီ တင်သွင်းခြင်း လုပ်ငန်းများ အား မြန်မာနိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ ခွင့်ပြုခဲ့ပြီးနောက် ပြည်တွင်း စားအုန်းဆီဈေးကွက် ပိုမိုတည်ငြိမ်လာခဲ့သည်။ စားအုန်းဆီတင်သွင်းရာတွင် ဒေါ်လာဈေးမြှင့် တက်သွားခြင်းကြောင့် ဈေးနှုန်းအနည်းငယ် တက်သွားသော်လည်း ရောင်းဈေးမှာ မပြောင်း လဲဘဲ တည်ငြိမ်နေသည်ဟု ဈေးကွက်အတွင်းက သိရှိရသည်။

pyichit-thar.blogspot

အမျိုးသားများ စိတ်ဖြေခြင်း (Masturbation)

ပြဿနာ(၁)

ဆရာ ကျွန်တော် သုံးရက် တစ်ခါ လောက်စိတ်ဖြေမှု လုပ်လေ့ ရှိပါတယ်။ ကျွန်တော်တကယ် မလုပ်ချင်ပါဘူး။ ဒါပေမယ့် လုပ်နေမိတယ်။ အခု ကျွန်တော့် မင်္ဂလာဆောင်ပြီး ပါပြီ။

ကျွန်တော့် သတို့သမီးကို မဖြည့် စွမ်းနိုင်မှာ ကြောက်မိပါတယ်။ ကျွန်တော့် သူငယ်ချင်းတွေက ဒီလို စိတ်ဖြေ ခြင်းက ကိုယ်ကို အားနည်းစေပြီး၊ လိင်အင်္ဂါ ထောင်မတ်မှုကို လျော့နည်း စေတယ် လို့ပြောပါတယ်။ ကူညီပါဦး ဆရာ။

ပြဿနာ(၂)

ဆရာ ကျွန်တော် အသက် (၁၅) နှစ်ရှိပါပြီ၊ မိဘတွေ မရှိတိုင်း မိန်းကလေး တွေရဲ့ ဓာတ်ပုံကြည့်ပြီး ကျွန်တော်စိတ် ဖြေလေ့ရှိပါတယ်။ အခု နောက်ပိုင်း ကျွန်တော် အချိန်တိုင်း နုံးနေလေ့ ရှိပါပြီး။ စာသင်တာတောင် စိတ်မဝင် စားနိုင်တော့ ပါဘူး။ ကျွန်တော် ကြားဖူး တာက စိတ်ဖြေတာ များသွားရင် ရူးသွားတာမျိုး၊ မျက်လုံးကန်းသွားတာ မျိုးဖြစ်စေတယ် လို့ဆိုပါ တယ်။ ဟုတ်ပါသလား ဆရာ။

စသည်ဖြင့် စိတ်ဖြေခြင်းနှင့် ပတ်သက်ပြီး အယူအဆ အမျိုးမျိုးရှိ ကြပါတယ်။ သို့ သော်လည်း တစ်ချိန်က အမေရိကန်မှ ခွဲစိတ် ဆရာဝန် တစ်ယောက်က ကျောင်းသင်ရိုး ညွှန်းတန်းနဲ့ စိတ်ဖြေခြင်းက ကျန်းမာရေးနှင့် ညီညွတ်ပြီး စိတ်ချရကြောင်းထည့် သင်သည်ဟု တိုက်တွန်း ခဲ့သည့်အတွက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရဖူးလေသည်။ စိတ်ဖြေခြင်းနှင့် ပတ်သက်၍ ကောင်း သည့် အကျိုးများမှာ-

၁။ သုတ်ပိုးများ အသစ်ပြန်ဖြစ်စေခြင်း

လေ့လာမှုအမျိုး မျိုးက သုက်လွှတ် ခြင်းက သုက်ပိုးများ၏ အရေအတွက် နှင့်လှုပ်ရှားမှု အားပို၍ တိုးတက်စေ ကြောင်း အကြံပြုခဲ့သည်။ အကြောင်းမှာ အို ဟောင်းနေသော သုက်ပိုးများ နေရာတွင်သုက်ပိုး အသစ်များက စားထိုးလာသော ကြောင့်ဖြစ်ပြီး၊ ယင်းက သန္ဓေအောင် နိုင်မှုနှုန်းကို မြင့်တက်စေသည်။

၂။ စိတ်ဖိစီးမှု လျော့နည်းစေခြင်း

စိတ်ဖြေခြင်းက စိတ်ဖိစီးမှုကို ပြေပျောက် စေသော နည်းကောင်း တစ်ခု ဖြစ်သည်။ စိတ်ဖြေစဉ်တွင် စိတ်ညစ်ခြင်းကို သက်သာစေသော နိုပါမင်းနှင့် အောက်ဆီတို စင်ကဲ့သို့သော ဟော်မုန်းများ ထွက်စေသည်။ ထို့ပြင် စိတ်ဖြေ ခြင်းထက် ပိုကောင်း သောအိပ်ဆေး မရှိသေး ပေ။

၃။ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါကို လျော့နည်းစေခြင်း

စိတ်ဖြေခြင်းကို အကောင်းဖက်မှ တွေးလျှင် အခြားသော သူများနှင့် လိင်ဆက်ဆံမှု လျော့နည်း စေသည့် အတွက် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ ပျံ့ပွားခြင်းကို လျော့နည်း စေသည်။

၎။ ဆီးကျိတ် ကင်ဆာ ဖြစ်ပွားမှုနှုန်း လျော့နည်းစေခြင်း

၂၀ဝ၃ခုနှစ် ဩစတေးလျ လေ့လာမှု တစ်ခုအရ တစ်ပတ်လျှင် ငါးကြိမ်နှင့် အထက် သုက်လွှတ် သူများသည် ဆီးကျိတ် ကင်ဆာ ဖြစ်ပွားမှုကို လျော့နည်း စေသည်ဟုဆိုသည်။ ထို့ပြင် စိတ်ဖြေခြင်းက ခန္ဓာကိုယ်ထဲ ရှိသွေးများကို ပျံ့နှံ့သွားစေ၍ ကင်ဆာ ဆဲလ်များ စုပုံခြင်းအား ကာကွယ်ပေး လေသည်။ အများစုက ကာလရှည်ကြာ စိတ်ဖြေ ခဲ့သော လူနာများတွင် သူနှင့်အတူ နေထိုင်မည့် လိင်ပိုင်းဆိုင်ရာ အဖော် မရနိုင်ခြင်းနှင့် ဆက်စပ် နေသည်ဟု လွဲမှားစွာ လက်ခံ ထားခဲ့သည်။ သို့သော်လည်း အမှန်က စိတ်ဖြေခြင်း များများ လုပ်ခဲ့သူမှာ အိပ်ခန်းထဲတွင် ဘုရင် ဖြစ်လေသည်။ များများ လေ့ကျင့်လေ ပိုကောင်း လေဆိုသော သဘောပင် ဖြစ်လေသည်။

ဒါကြောင့် သင့်စိတ်က လိုအပ်ပြီဟု ခံစားရတိုင်း စိတ်ဖြေခြင်းက ကျန်းမာရေးကို ထိခိုက်စေမှု မရှိပေ။ ကျန်းမာရေးကို ထိခိုက်မှု မရှိစေသော်လည်း ယင်းအကျင့်က အလုပ်အကိုင်နဲ့ မိမိနှင့် ဆက်ဆံ သူများတွင် သက်ရောက်မှုရှိ လာပါက ရှောင်ကြဉ် သင့်ပါသည်။

ဖိုးသောကြာ

Ref: MNT

ဒုတိယအကြိမ် Asean ICT Awards ပြိုင်ပွဲ ပြုလုပ်မည်



   ICT နည်းပညာဆိုင်ရာတွင် ဆန်းသစ်မှုလုပ်ငန်းများ နှင့် သက်ဆိုင်သည့် Asean ICT Awar -ds ပြိုင်ပွဲကိုစင်ကာပူနိုင်ငံ၌ ဒုတိယအကြိမ်အဖြစ်ပြုလုပ်မည်ဖြစ်ရာ Asean ICT Awards ပြိုင် ပွဲ၌ ယှဉ်ပြိုင်ကြရမည့် အမျိုးအစားများမှာ Hardware နှင့် Software ၊ အစိုးရဌာနဆိုင်ရာ များနှင့်ပြည်သူကြား ဆက်သွယ်ဆောင်ရွက်ပေးမည့် ထုတ်ကုန်ပစ္စည်းများနှင့် သက်ဆိုင်သော လုပ်ငန်းများ ( The Public Sector ) ၊ ကုမ္ပဏီလုပ်ငန်းသုံး Software များ တီထွင်နိုင်မှု ၊ လူမှု အဖွဲ့အစည်းများအတွက် အသုံးချ Software များ၊ အသုံးပြု လုပ်ငန်းများ၊ Corporate Social Responsibility _ CSR ရုပ်ပုံများ ၊ စာများ ၊ အသံများ ၊ ဗီဒီယို များကိုပြောင်းလဲ၍ လုပ်ဆောင် ရနိုင်သော Multimedia လုပ်ငန်းများ ၊ Software အသုံးချ လိုအပ်သည့် သုတေသနလုပ်ငန်း များစသည့် ပြိုင်ပွဲအမျိုးအစားများ ဖြစ်ကြောင်း သိရသည်။ ဆုကြေးအဖြစ် ရွှေ ၊ ငွေ ၊ ကြေး ဆု များအပြင် အမေရိကန် ဒေါ်လာ ၁၀၀၀ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း နှင့် အသေးစိတ် သိရှိလိုပါက Asean ICT Awards 2013 ဖုန်း၀၁- ၆၅၂၃၀၇ သို့ မေးမြန်းဆက်သွယ်မှုများပြု လုပ်နိုင်ကြောင်း သိရှိရသည်။

pyichit-thar.blogspot

မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ ပေါင်းကူး ၂ နှစ်သင်တန်း လျှောက်ထားနိုင်



   ကျန်းမာရေး ၀န်ကြီးဌာန ၊ တိုင်းရင်းဆေးပညာဦးစီးဌာန အောက်ရှိတိုင်းရင်းဆေးတက္ကသိုလ် ( မန္တလေး ) ၌ ၂၀၁၄ ခုပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် မြန်မာ့တိုင်းရင်းဆေး ပညာ ဘွဲ့ (ပေါင်းကူး) ၂ နှစ် သင်တန်းသို့ သတ်မှတ် အရည်အချင်း များနှင့် ပြ ည့်စုံသူများလျှောက် ထားနိုင်ကြော င်း ၊ သတ်မှတ် အရည်အချင်းများမှာ -

(က) တိုင်းရင်းဆေး ပညာ ဒီပလိုမာ သင်တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်။
(ခ) တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်။
(ဂ) မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီတွင် မှတ်ပုံတင်ထားပြီး တိုင်းရင်းဆေးဆရာ မှတ်ပုံတင် လက်မှတ် ကိုင်ဆောင်သည့် လက်ရှိနိုင်ငံ့ တာဝန်ထမ်းဆောင်နေသူ ဖြစ်ရမည်။
(ဃ) လျှောက်လွှာပိတ်သည့် ၃၁-၇-၂၀၁၃ ရက်တွင် လုပ်သက် ( လစာမဲ့မပါ ) အနည်းဆုံး ၅ နှစ်ပြည့်ရမည်။
(င) သင်တန်းတက်ရောက်အောင်မြင်ပြီးပါက ၅နှစ် ဆက်တိုက် ဆက်လက်တာဝန်ထမ်းဆောင် .နိုင်သူဖြစ်ရမည်။
   သင်တန်းအတွက် လျှောက်လွှာပိတ်ရက်မှာ ဇူလိုင်လ ၃၁ရက် ဖြစ်ကြောင်း၊ ကြိုတင်လျှောက် လွှာများကို တိုင်းရင်းဆေးပညာ ဦးစီးဌာန ၊ နေပြည်တော်သို့ ပေးပို့ရမည်ဖြစ်ကြောင်း ၊ ၀င်ခွင့် အတွက် ရေး-ဖြေ စာမေးပွဲကို စက်တင်ဘာလ ၃၀ ရက်တွင် ဖြေဆိုရမည် ဖြစ်ကြောင်း၊ ဖြေဆို မည့် သူများသည် နေပြည်တော် မြန်မာ့ စီးပွားရေးဘဏ် တွင် တိုင်းရင်းဆေး ပညာ ဦးစီးဌာန ၊ငွေစာရင်းအမှတ် - MD 010390 သို့ မြန်မာ့ တိုင်းရင်းဆေး ပညာဘွဲ့ ( ပေါင်းကူး ) သင်တန်း ၀င်ခွင့် စာမေးပွဲကြေး ငွေကျပ် တစ်ထောင်ပေးသွင်းရမည် ဖြစ်ကြောင်း နှင့် အသေးစိတ် သိရှိ လိုပါကဖုန်း ၀၆၇- ၄၃၁ ၀၉၂ ၊၀၆၇- ၄၃၁ ၀၉၅ နှင့်၀၂- ၆၆၁၀၀သို့ ဆက်သွယ်စုံစမ်းမေးမြန်း  .နိုင်ကြောင်း သိရှိရသည်။

pyichit-thar.blogspot

စည်းကမ်းဖောက်ဖျက်သည့် မော်တော်ယာဉ်များ ထိထိရောက်ရောက် အရေးယူရန် CCTV များ တိုးချဲ့ တပ်ဆင်မည်




   ရန်ကုန်မြို့ လမ်းမများပေါ်၌ မော်တော်ယာဉ်များ စည်းကမ်းဖောက်ဖျက် မောင်းနှင်မှုကို မီး ပွိုင့်များတွင် CCTV များတိုးချဲ့တပ်ဆင်၍ ထိထိရာက်ရောက် အရေးယူသွားမည် ဖြစ်ကြောင်း ကိုမော်တော်ယာဉ် လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ မထသ(ဗဟို) မှသိရသည်။ရန်ကုန် မြို့တွင် မီးပွိုင့်ပေါင်း ၁၅၀ ကျော် ရှိသော်လည်း CCTV တပ်ဆင်ထားသော မီးပွိုင့် ၄၀ ကျော် သာရှိသဖြင့် ခရီးသည်တင်ယာဉ်များ ၊ အငှားယာဉ်များ ၊ ကိုယ်ပိုင်ယာဉ်များ စည်းကမ်းမဲ့စွာဖြင့် သွားလာမောင်းနှင် ၊ ရပ်နားခြင်းတို့ကြောင့် နေ့စဉ် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိနေ သည်။ အဆိုပါ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေလျော့စေရန်အတွက် ရန်ကုန်မြို့တော်စည်ပင် သာ ယာရေးကော်မတီ အင်ဂျင်နီယာဌာန ( လမ်းနှင့် တံတား ) က ရန်ကုန်မြို့ရှိ မီးပွိုင့်များတွင် တိုး ချဲ့ တပ်ဆင်ချိတ်ဆက်၍ အသုံးပြုဖြေရှင်း သွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
Ref..pyichit-thar.blogspot.com

သွားဘက်ဆိုင်ရာ ဆရာဝန်များ ဘွဲ့လွန်ဒီပလိုမာ သင်တန်းဝင်ခွင့် လျှောက်ထားနိုင်




   ကျန်းမာရေး ၀န်ကြီးဌာန ၊ ဆေးသိပ္ပံ ပညာ ဦးစီးဌာန အောက်ရှိ ဆေးတက္ကသိုလ်များ နှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ( ရန်ကုန် နှင့် မန္တလေး ) တို့တွင် ၂၀၁၄ ခုနှစ် ၊ ပညာ သင်နှစ်အတွက် ပြင်ပ ဆရာဝန်များ နှင့် သွားဘက်ဆိုင်ရာ ဆရာဝန်များအတွက် ဘွဲ့လွန် ဒီပ လိုမာ သင်တန်းဝင်ခွင့် လျှောက်လွှာများ ခေါ်ယူနေကြောင်းကို သိရှိရပါသည်။ မိသားစုကျန်းမာ .ရေးစောင့်ရှောက်မှု ဆေးပညာ ဒီပလိုမာ Dip. Med. Sc ( Family Medicine ) ကို ( ရန်ကုန် ၊ မန္တလေး ၊ မကွေး ) မြို့များတွင်လည်းကောင်း ၊ အထွေထွေ သွားရောဂါကုဒီပလိုမာ Dip. DSC ( General Dental Practice ) ကို ( ရန်ကုန် နှင့် မန္တလေး ) မြို့များတွင်လဲ လည်းကောင်း တက်ရောက် နိုင်ကြောင်းသိရသည်။သင်တန်းကာလမှာ တစ်နှစ်ဖြစ်ပြီး မြန်မာနိုင်ငံဆေးကောင် စီက အသိအမှတ်ပြုထားသော အလားတူဘွဲ့ရရှိ ထားသူများ နှင့် M.B.B.S ဘွဲ့ ရရှိထားသူများ တက်ရောက်နိုင်ကြောင်း၊ ၀င်ခွင့်လျှောက်လွှာများကို ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၆ ရက်နောက် ဆုံးထားပြီး ညွှန်ကြားရေးမှူးချုပ်၊ ဆေးသိပ္ပံပညာဦးစီးဌာန (နေပြည်တော်) သို့ပေးပို့ရမည် ဖြစ် .ကြောင်းသိရသည်။ သင်တန်းဝင်ခွင့် အရည်အချင်းစစ်ရေးဖြေ စာမေးပွဲကို ၂၀၁၃ ခုနှစ် စက် တင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ ဖြေဆိုရမည် ဖြစ်သည်။ စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၉ ရက်မှ စတင်ပြီး ဆေး သိ ပ္ပံပညာဦးစီးဌာန ၊ ဆေးပညာသင်ကြားရေး ဗဟိုဌာန ( ရန်ကုန် ) တွင် ထုတ်ပေးမည်ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက ဆေးသိပ္ပံပညာဦးစီးဌာန (နေပြည်တော်) ဘွဲ့လွန်ဌာနစိတ် ဖုန်း ၀၆၇- ၄၁၁၁၄၅ ၊ ၃၁၁၁၄၈ နှင့် ၄၁၁၁၉၉ တို့သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

ၽRef...pyichit-thar.blogspot

မူဆယ် ရိုးမဘဏ် သို့ ရှမ်း လက်နက်ကိုင်အဖွဲ့ ဆက်ကြေးတောင်းစာပို့

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ရှိ ရိုးမ ဘဏ်သို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း က အခွန်ငွေ ကျပ် သိန်း ၁၀၀ ပေးဆောင်ရန် ဇူလိုင် ၃ ရက်က အကြောင်းကြားစာ ပေးပို့ကြောင်း သိရသည်။ဆိုင်ကယ်စီးလာသူ တဦးပေးပို့လာသည့် ယင်းစာ၌ ဇူလိုင် ၁၄ ရက်နောက်ဆုံးထား၍ အခွန်ငွေကို ပေးရန်ပါရှိကြောင်း၊ ရိုးမ ဘဏ် က သက်ဆိုင်ရာ ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားထားကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ 
 
Ref: ဧရာဝတီ

ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ် အမျိုးသမီးတစ်ဦးချင်း ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သူ တင်းနစ်မယ်လေးဦးတွင် ဂရင်းစလင်းချန်ပီယံဆုဖလား ရရှိဖူးသူတစ်ဦးမျှမပါဝင်



   အင်္ဂလန်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၀င်ဘယ်လ်ဒန် ချန်ပီယံရှစ် ဂရင်းစလင်း တင်းနစ် ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဆီမီးဖိုင်နယ်သို့တက်ရောက်ခဲ့သူ တင်းနစ်မယ် လေးဦးတွင် ဂရင်း စလင်း ချန်ပီယံဆုဖလား ရရှိဖူးသူ တစ်ဦးမျှ ပါဝင်ခြင်းမရှိကြောင်း သိရသည်။ယခုနှစ် ၀င်ဘယ် လ်ဒန်ချန်ပီယံရှစ် အမျိုးသမီးတစ်ဦးချင်း ပွဲစဉ်များတွင် မထင်မှတ်သည့် ရလဒ် (upset) အများ အပြားထွက်ပေါ်ခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်သို့ နိုင်ခြေအဆင့် (ဆီဒင်) ၁ မှ ၁၀ အတွင်းသတ် မှတ်ခံရသူ နှစ်ဦးသာတက်ရောက်နိုင်ခဲ့သည်။ ကွာတားပွဲစဉ်များတွင် ရက်ဝန်စကာ (ပိုလန်၊ ဆီ ဒင် ၄)နှင့် လီနာ(တရုတ်၊ ဆီဒင် ၆)တို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ရက်ဝန်စကာက ၇- ၆(၇-၅)၊ ၄- ၆၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့သည်။ ကျန်ပွဲစဉ်များတွင် စတုတ္ထအဆင့်၌ လက်ရှိချန်ပီယံ ဆရီနာဝီလျံ ကို အနိုင်ရခဲ့သူ လီဆစ်ကီ (ဂျာမနီ၊ ဆီဒင် ၂၃) က ကနက်ပီ (အက်စ်တိုးနီးယား၊ ဆီဒင်မဲ့) ကို ၆-၃၊ ၆-၃၊ ဘာတိုလီ (ပြင်သစ်၊ ဆီဒင် ၁၅) က စတီဖင်စ် (အမေရိကန်၊ ဆီဒင် ၁၇)ကို ၆-၄၊ ၇-၅၊ ဖလစ်ကန်စ် (ဘယ်လ်ဂျီယံ၊ ဆီဒင် ၂၀)က ကေဗစ်တိုဗာ(ချက်၊ ဆီဒင် ၈)ကို ၄-၆၊ ၆-၄၊ ၆-၃ ဖြင့် အသီးသီး အနိုင်ရရှိခဲ့ကြသည်။ ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်ခဲ့သူလေးဦး အနက် ဂရင်းစလင်းချန်ပီယံဆုဖလား ရရှိဖူးသူတစ်ဦးမျှ ပါဝင်ခဲ့ခြင်းမရှိဘဲ ရက်ဝန်စကာ (၂၀၁ ၂)နှင့် ဘာတိုလီ(၂၀၀၇)တို့နှစ်ဦးသာ ၀င်ဘယ်လ်ဒန်ချန်ပီယံရှစ် ဗိုလ်လုပွဲအဆင့်သို့သာ တက်ရောက်ခဲ့ဖူးကြောင်း သိရသည်။ ကျန်တင်းနစ်မယ် နှစ်ဦးအနက် လီဆစ်ကီက ၂၀၁၁ ၀င် ဘယ်လ်ဒန် ချန်ပီယံရှစ်ပြိုင်ပွဲ၌ ဆီမီးဖိုင်နယ်သို့ ရောက်ရှိခဲ့ဖူးပြီး ဖလစ်ကန်စ်မှာမူ ကစားသမား ဘ၀တစ်လျှောက် ဆီမီးဖိုင်နယ်အဆင့်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဆီမီးဖိုင်နယ်တွင် ဘာတိုလီနှင့် ဖလစ်ကန်စ်၊ လီဆစ်ကီနှင့် ရက်ဝန်စကာတို့ ဆုံတွေ့နေပြီး ယင်းပွဲစဉ်များကို ဇူလိုင် ၄ ရက် (ယနေ့) ညပိုင်း (မြန်မာစံတော်ချိန်)တွင် ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ကြောင်း သိရသည်။

Ref:AFP,AP

ဒုတိယဗိုလ်ချုပ်ကြီးစ၀်ယွက်ဆစ် (RCSS/SSA)နှင့်မူးယစ်ဆေးဝါးသံသရာ

 
 
သျှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး စ၀်ယွက်ဆစ်နဲ့ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်တို့ တွေ့ဆုံတဲ့မြင်ကွင်းဟာ ရှမ်းပြည်နယ် အတွင်း နေ ထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုး ပေါင်းစုံတို့အတွက် အထူးဝမ်းသာကြည်နူးစရာကောင်းတဲ့မြင်ကွင်းဖြစ် ပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးစ၀်ယွက်ဆစ်က နိုင်ငံတော်သမ္မတကြီးကို မြတ်စွာဘုရားဆင်းတုတော်တစ်ဆူနဲ့ ရှမ်းဝတ်စုံကိုလက်ဆောင် ပေးအပ်ခဲ့သလို နိုင်ငံတော် သမ္မတကြီး ကလဲ လက်ဆောင်တွေပြန်လည် ပေးအပ်ခဲ့ပါတယ်။

ဒါဟာနှစ်ပေါင်း(၆၀)ကျော်ကြာဖြစ်ပွားနေတဲ့ ရှမ်းပြည် နယ်တောင်ပိုင်းက တိုက်ပွဲ သံတွေ ချုပ်ငြိမ်းဖို့လမ်းစပဲဖြစ်ပါတယ်။၂၀၁၃ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့မနက်ပိုင်းမှာသမ္မတနဲ့ တွေ့ဆုံပြီး အဲဒီနေ့ညနေပိုင်းမှာတော့ ရွှေလီလမ်းမှာရှိတဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (Myanmar Peace Center)မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင် ရေးလုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌဦးအောင်မင်းနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

ပြည်တွင်းစစ်တွေကြောင့် ငြိမ်းချမ်းရေး ဆိတ်သုဉ်းခဲ့တာ နှစ်ပေါင်း ၆၀ ကျော်လာပြီဖြစ်တယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်ဆစ်က ပြောခဲ့ပေမယ့် သူတို့လိုလက်နက်ကိုင်စွဲနေသူတွေကြောင့် လို့ဆိုတာ ကိုတော့ ၀န်ခံစကား မပြောခဲ့ပါဘူး။ နိုင်ငံတော်သမ္မတဦးသိန်းစိန်ကတော့ တပ်မတော်သား ဘ၀ကနေ လာခဲ့သူတစ်ဦးဖြစ်လို့ နယ်မြေဒေသနဲ့ စစ်ပွဲတွေအကြောင်း ကောင်းစွာနားလည် သဘောပေါက် သူဖြစ် ပါတယ်။ ဒုက္ခမျိုးစုံခံစားနေရတဲ့ တိုင်းရင်းသားတွေရဲ့ ဘ၀အခြေအနေကို နားလည်စာနာသူတစ်ဦးဖြစ်လို့ သူ့ရဲ့သမ္မတသက်တမ်းမှာ ပြည်တွင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ လုံးဝချုပ်ငြိမ်းရမယ်လို့ သန္နိဋ္ဌာန်ချ ထားသူဖြစ်ပါတယ်။ ဒါကြောင့် လက်နက်ကိုင်တိုင်းရင်းသားအားလုံးနဲ့ ငြိမ်းချမ်းရေး မရ၊ရအောင် လုပ်ဆောင်မယ်၊ အစိုးရဘက်က အစွမ်းကုန်လိုက်လျောမှုတွေနဲ့ ငြိမ်းချမ်းရေးရအောင် လုပ်ဆောင်မယ် ဆိုပြီးတွေ့ဆုံဆွေးနွေးပွဲတွေက တစ်ဆင့်ထာဝရငြိမ်းချမ်းရေးကိုဖော်ဆောင်လျက်ရှိနေပါတယ်။

ပွင့်လင်းမြင်သာမှု၊လွတ်လပ်မှုတွေနဲ့အတူပြည်သူတွေရဲ့ရှေ့မှောက်မှာ မှတ်ကျောက် တင်ခံနိုင် ဖို့လုပ်ဆောင်နေ တာဟာဖြင့်သမ္မတကြီးရဲ့ ရိုးသားမှုပဲဖြစ်ပါတယ်။စိတ်ရင်းစေတနာဖြူစင်စွာနဲ့ နှစ်ပေါင်း ၆၀ ကျော် အုပ်ချုပ် သူ အစိုးရ အဆက်ဆက်ကို လက်နက်ကိုင်တိုက်ခိုက်နေသူ တစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ် ကို နေပြည်တော် သို့ ဖိတ်ခေါ်ပြီး ရင်းရင်းနှီးနှီး ဖက်လှဲတကင်းနွေးထွေးစွာကြိုဆိုဆွေးနွေး ခဲ့တာဖြစ် ပါတယ်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်မဖြေရှင်းလို့ စစ်ပွဲတွေဖြစ်နေရတယ်ဆိုပေမယ့် တစ်ခါတရံ မှာ နိုင်ငံရေး ဆွေးနွေးပွဲတွေအပေါ်ကနေ အမြတ်ထုတ်ခံလိုက် ရတာမျိုးလဲရှိခဲ့ပါတယ်။ဒီလိုပုံစံမျိုးဟာ ၁၉၆၈ ခုနှစ်ဆီလောက်က ဗမာပြည်ကွန်မြူနစ်ပါတီက လုပ်ဆောင်ခဲ့ဖူးပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ဖို့တောတွင်းကနေ မြို့ပေါ်ရောက်လာ ချိန်မှာ အရင်ကအဆက်အသွယ်ပြတ်နေတဲ့ ကွန်မြူနစ်တွေကို ဆက်သွယ်ပြီး လူထုအုံကြွမှုတွေနဲ့ အစိုးရနဲ့ တပ်မတော် အပေါ်အကြပ်ကိုင်ခဲ့တာမျိုး ရှိခဲ့ပါတယ်။ အစိုးရ ဘက်ကရိုးသားခဲ့ပေမယ့် လက်နက်ကိုင်တွေဘက်ကရိုးသားမှုမရှိရင်လဲ ငြိမ်းချမ်းရေးဆိုတာ အောင်မြင်မှာ မဟုတ်ပါဘူး။ အဲဒီတုန်းက ဗကပကို အင်အားတိုးပွားအောင် လုပ်ပေးခဲ့သလို ဖြစ်သွားခဲ့ပါတယ်။

အခုလဲပြောရမယ်ဆိုရင် ဒုတိယဗိုလ်ချုပ်ကြီးယွက်ဆစ်အနေနဲ့ ဇွန်လ၁၀ရက်နေ့ကနေ ၂၃ ရက်နေ့ အထိ နေပြည်တော်၊ရန်ကုန်၊မန္တလေး၊ကျောက်မဲ၊တောင်ကြီး၊ပင်လုံမြို့နယ်တွေအနှံ့လျှောက်သွားပြီးလွယ်
တိုင်းလျှံဌာနချုပ်ကို ပြန်ခဲ့ပါတယ်။ရန်ကုန်မှာလဲ ရှမ်းအဖွဲ့အစည်းတွေနဲ့တွေ့ဆုံသွားနိုင်ခဲ့သလို NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံသွားခဲ့ပါတယ်။ မန္တလေး၊ ကျောက်မဲ၊ တောင်ကြီးနဲ့ ပင်လုံမြို့တွေမှာလဲ လူထုနဲ့ထိတွေ့ပြီး RCSS/SSAရဲ့ သဘောထားတွေ ကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။ အဲဒီမှာထူးခြားချက်အနေနဲ့ သျှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး ပပျောက်အောင်လုပ်ဆောင်မယ်လို့ကတိပြုခဲ့တာဖြစ်ပါတယ်။

အထူးသဖြင့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ (UNODC) အဖွဲ့နဲ့ တွေ့ဆုံပြီး RCSS/SSA ဥက္ကဋ္ဌအနေနဲ့ သူတို့အဖွဲ့ဟာအရင်ကမူးယစ် ဆေးဝါးထုတ်လုပ်ရောင်းချမှုနဲ့ နာမည်ကျော်ခဲ့တာမို့ အခုအခါမှာတော့ မူးယစ်ဆေးဝါးပပျောက်အောင် ဘယ်လိုလုပ်ဆောင်မယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေကိုပြော ဆိုခဲ့ပါတယ်။ဒေသခံတွေအနေနဲ့စီးပွားရေးအရ ဘိန်းစိုက်ပျိုးခြင်းဟာငွေကြေးအများဆုံးရတဲ့ လုပ်ငန်းဖြစ်နေ လို့ မူးယစ်ဆေးဝါးလုပ်ကိုင်နေတာဖြစ်တဲ့ အကြောင်း၊ မူးယစ်ဆေးဝါးပပျောက်ဖို့ဆိုရင် ဘိန်းအစားထိုး သီးနှံတွေ စိုက်ပျိုးဖို့လုပ်ဆောင် သွားမှာဖြစ်တယ်လို့လဲ ဒုတိယဗိုလ်ချုပ်ကြီးစ၀်ယွက်ဆစ်ကပြော ဆိုခဲ့ ပါတယ်။မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့လဲ ပြည်သူတွေဗဟုသုတအဖြစ် မူးယစ်ဆေးဝါးမှာ စိတ်ကြွဆေးပြား (ယာမ)ကို ၃နှစ်သုံးစွဲပါကဦးနှောက်ပျက်စီးသလိုဘိန်းဖြူကတော့ ၁၀နှစ်လောက် သုံးစွဲမှဦးနှောက်ပျက်စီး ပါကြောင်း၊ ဘိန်းမည်းကတော့ အနှစ် ၃၀ ကျော်သုံးစွဲသော်လည်း ဘာမှမဖြစ်နိုင်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး စ၀်ယွက်ဆစ်က ပြောကြားခဲ့ပါတယ်။ စိတ်ကြွဆေးပြားများဟာ အန္တရာယ် အများဆုံးဖြစ်သလိုေ ငွ ကြေးလဲ အရဆုံးဖြစ်ပါတယ်။

အမှန်တကယ်တော့ဒုတိယဗိုလ်ချုပ်ကြီးစ၀်ယွက်ဆစ်ဟာအရင်ကMTA ဦးခွန်ဆာအဖွဲ့လက်နက်နဲ့ငြိမ်းချမ်း ရေးလဲလှယ်ရာမှာပါဝင်ခဲ့သူဖြစ်ပါတယ်။ မူးယစ်ဆေးဝါးလုပ်ငန်းကိုစွဲစွဲလန်းလန်းနဲ့မစွန့်လွှတ်နိုင်သူဖြစ်လို့ ပြန်လည် လက်နက်ကိုင်ဆောင်ခဲ့ သူဖြစ် ပါတယ်။ အဓိကအားဖြင့်MTAလက်ထက်က ဆောင်ရွက်ခဲ့တဲ့ မူးယစ်ဆေးဝါးလုပ်ငန်းတွေ ကိုတိုးချဲ့ လုပ် ကိုင်ပြီးရှမ်းလူမျိုးတွေကိုစည်းရုံးခဲ့ပါတယ်။ရှမ်းပြည်နယ်ပြန်လည်ထူထောင် ရေးဆိုတဲ့စကားရပ်ကိုလှပစွာ အသုံးပြုပြီးရှမ်းလူမျိုးတွေကို အကြောက်တရားနဲ့ လွှမ်းမိုးထားခဲ့ပါတယ်။ သူတို့ရဲ့စီးပွားရေးလုပ်ငန်း ကတော့ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ အရှေ့ပိုင်းကထွက်တဲ့ ဘိန်းတွေကို ထိုင်း-မြန်မာနယ်စပ်ရှိ ဘိန်းချက်စခန်းတွေကိုပို့ဆောင်ခြင်း၊ ဘိန်းဖြူ ချက်လုပ်တဲ့စခန်းတွေကို လုံခြုံရေးဆောင်ရွက်ပေးခြင်း၊ ရှယ်ယာတွေထည့်ဝင်ခြင်း၊ ဘိန်းစိုက်တောင် သူတွေထံက ငွေကြေးကောက်ခံခြင်း၊ဘိန်းကုန်သည်တွေထံက ငွေကြေးကောက်ခံခြင်းစတဲ့လုပ်ငန်းတွေဖြစ်ပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ ၀င်ရောက်နေတဲ့မူးယစ်ဆေးဝါးတွေဟာ RCSS/SSAက အများဆုံးဖြစ်တဲ့ အတွက် ထိုင်း အစိုးရအနေနဲ့RCSS/SSAအဖွဲ့ကို အထူးစောင့်ကြည့်ခဲ့ပါတယ်။ ထိုင်းရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ မူးယစ်ဆေးဝါးကုန်သည် တွေအသွင်ယူပြီး မူးယစ်ဆေးဝါးတွေဝယ်ယူခြင်း ၊ရောင်းသူများအား ဖမ်းဆီးခြင်းတွေပြုလုပ်ခဲ့ရာ RCSS/SSA ကဒုတိယ ဗိုလ်ချုပ်ကြီးစ၀်ယွက်ဆစ် ရဲ့တပည့်ရင်းတစ်ဦးကို ဖမ်းမိခဲ့ပါတယ်။ သူရဲ့တပည့်ဟာ အရင်တုန်းထဲက SURAအဖွဲ့မှာ အတူတူနေလာခဲ့သူဖြစ်ပါတယ်။ ရှမ်း လူမျိုးဖြစ်ပြီးအမည်က ဗိုလ်ကြီးစိုင်းထွန်းဖြစ်ပါတယ်။ ထိုင်းရဲတွေကကုန်သည် ဟန်ဆောင်ပြီး ဘတ် (၂၅) သန်းတန်ဖိုးရှိတဲ့မူးယစ်ဆေးဝါးတွေဝယ်မယ်ဆိုပြီးကမ်းလှမ်းခဲ့ပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ ညွှန်ကြားရေးမှူး ရဲဒုတိယဗိုလ်ချုပ်ကြီး ၀တ်ခ်ျဖုန်ပရစန်ရာခ်ျကစ် ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။RCSS/SSA မှာ ဒုတိယဗိုလ်ချုပ်ကြီးစ၀်ယွက်စစ်က လွှဲရင် ခေါင်းဆောင်ပိုင်း အကုန်လုံးနီးပါးဟာ မူးယစ်ဆေးဝါးရောင်းဝယ်နေတဲ့ ကုန်သည်တွေဖြစ်ကြပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးစ၀်ယွက်ဆစ်အနေနဲ့ စိတ်ကြွဆေးပြားတွေကို စီးပွားဖြစ် ထုတ်လုပ်ရောင်းချ ရာမှာခေါင်း ဆောင်ကြီးပီသစွာ စီမံခန့်ခွဲမှုတွေပြုလုပ်ပြီး အဲဒီကရတဲ့ငွေတွေနဲ့ ရှမ်းပြည်တပ်မတော်ကို အင်အားကြီးမားအောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။မြန်မာ-ထိုင်း-လာအိုနယ်မြေအတွင်းမှာ လှုပ်ရှား နေတဲ့ မူးယစ်ဆေးဝါး ဂိုဏ်းခေါင်းဆောင် တစ်ဦးဖြစ်တဲ့စိုင်းနော်ခမ်းကိုသေဒဏ်မပေးခင် စစ်မေးချက်တွေ အရ သူ့အနေနဲ့ဒုတိယဗိုလ်ချုပ်ကြီး စ၀်ယွက်ဆစ်နှင့် ဆက်သွယ်မှုရှိခဲ့ပြီးမဲခေါင်မြစ်ကြောင်းတစ်လျှောက်မှာ RCSS/SSAကလူနှင့် လက်နက်တွေပံ့ပိုး ပေးထားတဲ့အကြောင်း ထွက်ဆိုထားပါတယ်။ RCSS/SSAရဲ့ အဓိကဘိန်းစိုက်ပျိုးတဲ့နယ်မြေအဖြစ် အင်တော-ကျောက်ဂူ၊ နောင်လုံ-နောင်ဝိုး၊ မိုင်းလန်း၊ဆန်ဟခွင်နှင့် မိုင်းကိုင်အရှေ့ခြမ်းဖြစ်တဲ့အကြောင်းလဲစိုင်းနော်ခမ်းက ထွက်ဆိုခဲ့ပါတယ်။

အဲဒီဒေသတွေ မှာ မူးယစ်ဆေး ၀ါး လုပ်ကိုင်သူတွေကို အကာအကွယ်ပေးထားသလို သူတို့ဆီကထွက်လာတဲ့ မူးယစ်ဆေးဝါးတွေကို RCSS/SSA က အ၀ယ်ဒိုင်သဘာမျိုးလက်ခံခဲ့ပါတယ်။
စိုင်းနော်ခမ်းရဲ့ တွက်ဆိုချက်တွေကိုသိရတဲ့နောက်ပိုင်းမှာ ဒုတိယဗိုလ်ချုပ်ကြီးစ၀်ယွက်ဆစ်ဟာ မူးယစ်ဆေး ၀ါးရောင်းဝယ်သူအဖြစ်ကနေ မူးယစ်ဆေးဝါးကို နှိမ်နင်းသူအဖြစ်အသွင်ပြောင်းခဲ့ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ မူးယစ်ဆေးဝါးကိုလုံးဝကင်းစင်အောင်ဆောင်ရွက်မယ် ဆိုတဲ့ပြောဆိုသံတွေနဲ့ အတူ လက်တွေ့ကျကျအကောင်အထည် ဖော်ခဲ့ပါတယ်။ မူးယစ်ဆေးစွဲနေသူတွေကို လွယ်တိုင်းလျှံစခန်း ကိုဖမ်းဆီးခေါ်ဆောင်ပြီးမူးယစ်ဆေးဝါးဖြတ်ပေးခဲ့တာတွေ၊မူးယစ်ဆေးဝါးပြတ်သွားသူတွေကိုစစ်သင်တန်းပေး တာတွေ လုပ်ဆောင်ခဲ့ပါတယ်။မြေပြင်မှာလုပ်ဆောင်ချက် တွေနဲ့အတူ သတင်းမီဒီယာတွေကနေ အင်္ဂလိပ် ဘာသာ၊ ရှမ်းဘာသာ၊ ထိုင်းဘာသာတွေနဲ့ ဒုတိယဗိုလ်ချုပ်ကြီး စ၀်ယွက်ဆစ်နဲ့ လုပ်ဆောင်ပုံတွေ ကိုဖော်ပြစေခဲ့ပါတယ်။

ဒါကြောင့်လဲထိုင်းနိုင်ငံအနေနဲ့ ဒုတိယဗိုလ်ချုပ်ကြီးယွက်ဆစ်ကို ရွှေလင်းယုန်ဆု ချီးမြှင့်ပေးခဲ့ ပါတယ်။ ထိုင်းနိုင်ငံမူးယစ်ဆေးဝါးနှိမ်နင်းရေး တပ်ဖွဲ့၊ ပြည်တွင်းလုံခြုံမှုစစ်ဆင်ရေးဌာနချုပ်နှင့် အမျိုးသား ရဲတပ်ဖွဲ့ တို့ပါဝင်တဲ့ အဖွဲ့(၃)ဖွဲ့က ရှမ်းပြည်နယ်ပြန်လည် ထူထောင်ရေး ကောင်စီ(Restoration Council of Shan State-RCSS/SSA)အား မူးယစ်ဆေးဝါးနှိမ်နင်းရေးတွင်ပူးပေါင်းပါဝင်ခဲ့သည့်အတွက် ထိုင်းဘုရင် မင်းမြတ်ရဲ့ အတိုင်ပင်ခံကောင်စီဝင်တစ်ဦးဖြစ်သူ Gen.Phichit Kallavanijayက ရွှေလင်းယုန်ဆုကို ၂၀၁၂ ခုနှစ်၊ဇွန်လ(၂၆)ရက်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ ပေးအပ်ခဲ့ပါတယ်။ဒါဟာတကယ်တော့ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်ဆစ်ရဲ့ လိမ်မာပါးနပ်စွာ လှည့်စားတဲ့ နည်းပညာရပ်ရဲ့ အကျိုးကျေးဇူးဖြစ်ပါတယ်။ မူးယစ်ဆေးဝါးကို စွန့်လွှတ်ရသည့်တိုင် အမြတ်ထုတ်သွားနိုင်တဲ့စွမ်းရည်ဖြစ်ပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (မူးယစ်)က အရာရှိတစ်ဦးကတော့ သူတို့အထက်ပိုင်း(RCSS/SSA)ကဘယ်လိုပဲမူးယစ်ဆေးဝါးကင်းစင်ရေး လုပ်ဆောင်နေပါတယ် ပြောနေပေမယ့် ဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးအများစုကတော့ ရှမ်းပြည်နယ်တောင် ပိုင်းကအများဆုံးဖြစ်တယ်လို့ဆိုပါ တယ်။အထက်ပိုင်းကအမှန်အကန်လုပ်ဆောင်ချင်တာဖြစ်ပေမယ့် သူတို့ ရဲ့အောက်ခြေတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက တော့ ဒီလောက်ငွေရလွယ်ကူတဲ့လုပ်ငန်းကိုစွန့်လွှတ်ဖို့ ခဲခဲယဉ်းယဉ်းဖြစ်နေကြတယ်လို့သူကပြောပါတယ်။ တစ်နေရာ မှာဖမ်းလိုက် ရင်နောက်တစ်နေရာ မှာ ပေါ်လာနေပါတယ်။ မူးယစ်ဆေးဝါးတွေကုန်သွားတယ်လို့မရှိပါဘူး။တူညီတဲ့ အချက်ကလဲ မူးယစ်ဆေး ၀ါး ထုတ်လုပ်သုံးစွဲသူ၊ ရောင်းဝယ်သူတိုင်းမှာ လက်နက်တွေ ကိုင်ဆောင်ထားကြပါတယ်။ အချို့နေရာတွေ မှာ သက်စွန့်ဆံဖျားဖမ်းလိုက်ရတာတွေရှိပါတယ်လို့လဲ အဆိုပါရဲအရာရှိကပြောပြပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးစ၀်ယွက်ဆစ်အနေနဲ့ ရောက်တဲ့နေရာတိုင်းမှာ သူတို့အနေနဲ့မူးယစ်ဆေးဝါး ကင်းစင်ရေး ကို အလေးထားဆောင်ရွက်မယ်လို့ ကတိတွေပေးနေတာဟာဖြင့် တကယ့်ကိုဝမ်းသာစရာ သတင်းစကားဖြစ်ပါတယ်။ကြား ရတဲ့သူတိုင်းကလဲကြိုဆိုနေကြပါတယ်။ ဒါပေမယ့်သူရဲ့ လက်အောက် ငယ်သားRCSS/SSAတပ်ဖွဲ့ဝင်တွေကတော့ ဒီစကားဟာအထူးအဆန်းမဟုတ်ဘူးဆိုတာသိနေကြသလို မူးယစ်ဆေးဝါးကို မလုပ်ကိုင်ဘူးဆိုရင်သူတို့တပ်ဖွဲ့တွေ ရပ်တည်လို့မရဘူးဆိုတာကိုလဲ သူတို့သိနေကြပါ တယ်။သူတို့အနေနဲ့ကတော့ လွယ်တိုင်းလျှံဌာနချုပ်ကဘယ်လိုအမိန့် တွေပေးနေပေးနေ သူတို့လုပ်ချင်တာ အကုန်လုပ်နေကျဖြစ်ပါတယ်။

သျှမ်းပြည်နယ်မှာ သြဇာတိက္ကမကြီးမားပြီး ဒေသခံတွေလေးစားတဲ့ ရှမ်းအမျိုးသားခေါင်းဆောင် တစ်ဦးကတော့ သူတို့သျှမ်းပြည်နယ်ဟာ ဦးခွန်ဆာငြိမ်းချမ်းရေးလုပ်ကထဲက ဗိုလ်ချုပ်စ၀်ယွက်ဆစ် အနေနဲ့ငြိမ်းချမ်းရေးယူလိုက်မယ်ဆိုရင်သျှမ်းပြည်နယ်အနှံ့အပြားများမှာတိုးတက်နေတာနှစ်ပေါင်း(၂၀)ကျော်
ရှိတော့မှာဖြစ်ပါတယ်၊ ဒါဟာမှန်ကန်တဲ့ စကားဖြစ်ပါတယ်။ လူမျိုးရေး၊၀ါဒရေးတွေဘယ်လိုပဲ အကြောင်းပြနေနေနောက်ဆုံး မှာတော့ လက်နက် ကိုင်ခေါင်းဆောင် တိုင်းဟာ သူတို့ရဲ့ စည်းစိမ်ချမ်းသာကို မစွန့်နိုင်လို့ လက်နက်ကိုင်နေ တာဖြစ်တယ်လို့လဲသူကပြောခဲ့ပါတယ်။

ဒီကနေ့ ခေတ်အခါကဒီမိုကရေစီယဉ်ကျေးမှုထွန်းကားနေတဲ့ခေတ်အခါမို့ လက်နက်ကိုင် တိုက်ခိုက်နေ တာတွေဟာအကျည်း တန်လွန်းလှပါတယ်။ သျှမ်းပြည်နယ်လူထုတွေ အနေနဲ့ တိုက်ပွဲဖြစ် သံတွေမကြားရတော့ဘဲ အေးအေးချမ်းချမ်းနေရတဲ့ ဘ၀မျိုးကို လိုချင်တောင့် တနေကြပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးစ၀်ယွက်ဆစ် အနေနဲ့ တကယ်ပဲသျှမ်းပြည်ပြန်လည် ထူထောင်ရေးတွေ လုပ်ဖို့ဆန္ဒရှိတယ် ဆိုရင်တော့ မူးယစ်ဆေးဝါးကိုလဲ အပြီးအပိုင် တိုက်ဖျက်ပေးပါ။ နိုင်ငံတော် အစိုးရနဲ့လဲ အမြဲထာဝရခိုင်မာတဲ့ငြိမ်းချမ်းရေး တည်ဆောက်ပေးပါ လို့ ဒေသခံတွေ ကိုယ်စား တောင်းဆိုပါကြောင်း အဆိုပါ ပုဂ္ဂိုလ်ကပြောဆိုခဲ့ပါတယ်။ ။

စိုင်းထွန်းအား SURA ယူနီဖောင်းဖြင့် ရွက်ဆစ်နှင့်အတူတွေ့မြင်ရစဉ်(၀ဲအစွန်လူ)

လင်းခေးသား

Ref: အမေ့အိမ်

အဖေကို အားမကိုးနဲ

အဖေဖြစ်သူ နယ်သို့ ခရီးထွက်နေသည်၊ အမေဖြစ်သူ ညဥ့်နက်မှ ရုံးမှ ပြန်ရောက်လာသည်၊ တစ်ကိုယ်လုံး အဝတ်အစား သစ်သစ်လွင်လွင် နှင့်ဖြစ်သည်၊ ကလေးများက ဝမ်းသာအားရ ဆီးကြိုပြောကြသည်။

"မေမေ ဒီနေ့တယ်လှပါလား၊ ဂါဝန်က အကောင်းစားပါလား၊နားကပ်ကလည်းအပျံစား၊ဘာလဲ၊ ဖေဖေ ဝယ်ပေးထားတားလားဟင်"

ကိုယ်လုံးပေါ်မှန်ရှေ့တွင် မိမိကိုယ်ကို အရသာခံကာ ကြည့်နေရင်းအမေကပြန်ပြောသည်။

"မင်းတို့အဖေ ဝယ်ပေးတယ် ဟုတ်လား၊ အဟင်း ဟင်း၊ အဖေကိုအားကိုရင်မင်းတို့လူ့ပြည်တောင် ရောက်မလာဘူး"

မောင်ကောင်းထိုက်၏ ဟာသများ

ကချင်ပြည်နယ် ကျေးရွာများ ပတ်ဝန်းကျင်တွင် တပ်မတော် စစ်ကြောင်းများမှ မိုင်းရှင်းလင်း ပေးခြင်း



ကချင်ပြည်နယ်မှာ ၂ဝ၁၁ခုနှစ်၊ ဇွန်လလောက်က စပြီး တပ်မတော်နဲ့KIA အဖွဲ့တို့တိုက် ပွဲများ ဖြစ်ပွား ခဲ့ကြတယ်။ KIA အဖွဲ့အနေနဲ့ တပ်မတော် စစ်ကြောင်းတွေ ဝင်ရောက် လာတာကို ကာကွယ်ဖို့ အတွက် ဒေသန္တရ မြေမြှုပ် မိုင်းတွေကို အများအပြား သုံးခဲ့ကြတယ်။

နယ်မြေအတွင်း မိုင်းထိ ပေါက်ကွဲလို့ အချို့ တပ်မတော်သားတွေနဲ့ ဒေသခံ ရွာသူရွာသားတွေ ကိုယ်လက်အင်္ဂါ ထိခိုက်ဒဏ်ရာ ရခဲ့သူ၊ အသက် သေဆုံးသူတွေ အများအပြား ရှိခဲ့တယ်။ ကျေးရွာ အများစုဟာလည်း နေရာ အနှံ့အပြားမှာ ရှိနေတဲ့ မြေမြှုပ်မိုင်းတွေရဲ့ အန္တရာယ်ကို စိုးရိမ်ပြီး အိုးအိမ်တွေ စွန့်ခွာလို့ ဒုက္ခသည် စခန်းတွေကို ရောက်ခဲ့ရတယ်။ အခုအချိန်မှာတော့ ကချင်ပြည်နယ် အတွင်းမှာ နှစ်ဖက်တပ်တွေ အပစ်အခတ် လျှော့ချပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေလည်း လုပ်ဆောင်နေပြီ ဖြစ်လို့ ဒုက္ခသည် စခန်းက ရွာသူ/ ရွာသားတွေဟာ မိမိတို့ရဲ့ ကျေးရွာ နေအိမ်တွေကို ပြန်လာနေကြပြီ ဖြစ်ပါတယ်။

ဒီအချိန်မှာ အရင်က KIA ထောင်ထားတဲ့ မိုင်းတွေဟာ ဒေသခံ ရွာသူ/ ရွာသားတွေ အတွက် အတားအဆီးတွေ ဖြစ်နေပါတယ်။ ၂ဝ၁၃ခုနှစ်၊ ဇွန်လ၁၅ ရက်နေ့မှာ နန်ဆန်ယန်ရွာက ကချင်တိုင်းရင်းသား တစ်ဦးဖြစ်သူ ဦးလဂျိကန် အသက်(၄၈)နှစ် တောင်ယာ သွားလုပ်တာ KIA ထောင်ထားတဲ့ မိုင်းထိပြီး သေဆုံးခဲ့ရတယ်။ ဒါကြောင့် ရွာသူ/ ရွာသားတွေ အန္တရာယ် ကင်းစွာနဲ့ ပြန်လည် နေထိုင်နိုင်ဖို့ တပ်မတော် စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့ဝင်တွေက ကျေးရွာအဝင် လမ်းတွေ၊ ရွာပတ်ဝန်းကျင် နေရာတွေကို မိုင်းရှင်းလင်းရေး လုပ်ငန်းတွေ ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိပါတယ်။

Ref: မြဝတီ

ဓာတ်ကြီးလေးပါး

 တောင်ငူမြို့ရှိ တောင်သူလယ်သမားအချို့ ထွန်းတုံးတိုက်ပွဲ ဆင်နွှဲနေသည်ကို ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်)




ကျွန်တော်တို့ သူငယ်ချင်းတစ်စု ည ၈ နာရီမှ ၁၀ နာရီကျော်တဲ့အထိ ခရီးလွန်မနေ ဘူးဆိုလျှင် နွေမိုးဆောင်း လက်ဖက်ရည်ဆိုင် ထိုင်ကြသည်။ကျွန်တော်တို့က ထိုကဲ့သို့သော လက်ဖက်ရည်ဆိုင်တွင် ''ညခင်းသဘင်'' အား ဆင်နွှဲကြ၏။ ထိုဆိုင်တွင် ကျွန်တော်တို့ကဲ့သို့ လူကြီး လူလတ် လူငယ်တို့ ထိုင်တတ်သည်ကို အထူးသတိပြုမိသည်။ ကျွန်တော်တို့လူစု အမြဲထိုင်သော 'အသောက' ပင်ရိပ်တွင် ခုံရှိသည်။ ဆိုင်ရှင်အစ်မကြီးက ထိုနေရာကို ကျွန်တော်တို့ လူစုအတွက် ချန်ထားပေးသည်။ ကျွန်တော်တို့ နောက်ဝိုင်းသည် ပင်စင်စား ဦးလေးကြီးများထိုင်သော ၀ိုင်းဖြစ်သည်။ သူတို့ ၀ိုင်းကလည်း ပုံသေ။

ကျွန်တော်တို့လူစု လက်ဖက်ရည်ဆိုင် ထိုင်လျှင် တစ်နေ့နဲ့တစ်နေ့ စကားလမ်းကြောင်းကမတူ။ ကျွန်တော်တို့ နောက်ဝိုင်းက ဦးကြီးတွေကတော့ ထိုသို့ မဟုတ် နိုင်ငံရေး သီးသန့်။ လေလှိုင်း သတင်း၊ နေ့စဉ်ထုတ် သတင်းစာတွေနဲ့ ဂျာနယ် များဖတ်၍ ဝေဖန် သုံးသပ်ချက်တွေ။ ခေတ်စနစ်ကို အပေါ်စီးက ကြည့်လိုက် ဘေးကကြည့်လိုက်၊ အောက်ကကြည့်လိုက် ဖင်တစ်ပြန် ခေါင်း တစ်ပြန် ဝေဖန် သည်။ နိုင်ငံရေး လောကနဲ့ ကင်းကင်းနေသော နိုင်ငံရေး သုံးသပ်သူတွေ ဖြစ်သည်။ ကျွန်တော်တို့က ၄၀ အတွင်း လူလတ်ပိုင်းတွေ။ သူတို့က ခေတ်ကို အဆိုးမြင်ပြီး အကောင်းမြင်မှုနည်းကာ ခေတ်နဲ့ အံချော်တာတွေရှိသည်။ ထို့ကြောင့် စိတ်ချဉ်မိသွားပြီး သူတို့စကားသံများ မကြားရအောင် ကိုယ့်အကြောင်းအရာနဲ့ကိုယ် အာရုံလွှဲထားရသည်။ယနေ့တော့ သူတို့စကားသံတစ်ခု ကျွန်တော်တို့ လူစုကို အထူးဆွဲဆောင်သွားသည်။

''မြန်မာနိုင်ငံရဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ အပိုင်းမှာ ဓာတ်ကြီးလေးပါးက ငါတို့နိုင်ငံရဲ့ ဒီမိုကရေစီခရီးကို ဖျက်နေတယ်''ကျွန်တော်တို့ နားရွက်ထောင်ပြီး မျက်လုံးပြူးသွားသည်။ မော်ဒန်နိုင်ငံရေးလား၊ နီယိုပို့စ်မော်ဒန် နိုင်ငံရေးလား၊ နီယိုဒီမိုကရေစီလား၊ စဉ်းစားစရာတွေ၊ ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော တွေက ဘာတွေဖြစ်နေလို့လဲ။ သိပ်နားမလည်တော့ ဒါ့ကြောင့် စကားကို ဆက်နားထောင်ရသည်။
''ဟုတ်တယ်လေ ခုပဲကြည့် မြေကိစ္စတွေ တရုတ်က ရှင်းတယ်။ ငွေပေးပြီး မြန်မာ့သည်းခြေကြိုက်ကို သိတော့ မန္တလေးကို ငွေနဲ့ဝယ်တယ်။ ဒါပေမဲ့ အခုလယ်သမား တောင်သူနဲ့ ငြိနေတဲ့ မြေကိစ္စက ခရိုနီနဲ့ ပြဿနာဖြစ်နေတာ မရှင်းလင်းနိုင်တော့တဲ့ မြေကိစ္စတွေပဲမို့လား၊ တပ်မြေတွေ၊ ခရိုနီတွေပြီးတော့ လက်ပံတောင်းတောင် ကိစ္စဆိုရင်ပဲ မြေပြဿနာ ပထ၀ီ ပြဿနာလေ''ဟုတ်သည်။ ကျွန်တော်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း သဘောပေါက်သွားသည်။ မြေလွတ်မြေရိုင်းတွေ ယဉ်လာတော့ ခရိုနီမြေတွေ ကုမ္ပဏီပိုင်မြေတွေ ဖြစ်လာသည်။ ဂရန်လက်ဝယ်ပိုင်သူက မြေပိုင်ရှင်၊ ဇာတ်ကနာသည်။ လယ်သမားတောင်သူများ မိုးဦးကျ ဆန္ဒတွေက ဒီမြေပေါ်မှာပဲ ချွတ်ခြုံကျ တော့သည်။ ပင်စင်စားဦးကြီးတို့ ပြောသော ပထ၀ီပြဿနာက ရှင်းသွားသည်။ ထိုမြေကိစ္စများထဲတွင် ရထားလမ်းဖောက် ကားလမ်း ဖောက် မြေကိစ္စများ ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်မြေကိစ္စများ လျော်ကြေးငွေ မမျှတသော အကြောင်းအရာတွေ မပါသေး။

၂၀၁၀ အစိုးရသစ်သည် တတိယနှစ် ကာလအထိ မြေပြဿနာများကို ကိုင်ချုပ်ဖြေရှင်း မရသေး။ တချို့နေရာများတွင် တန်းလန်းကြီးတွေ ဖြစ်နေသည်။ ပထ၀ီမြေကြီးက ရွှေမသီးပဲ ပြဿနာ ရှုပ်ထွေးမှုနဲ့ ငြင်းခုံခြင်းများ စေးထန်းနေ၏။ ပထ၀ီဥပဒေတွေက ပထ၀ီဝင်ထဲ ရောက်နေသည်။ ပထ၀ီပြီးတော့ တေဇောကိစ္စကို ပင်စင်စား ဦးကြီးတွေ အစပြန်ဖော်သည်။

''မီးကိစ္စကတော့ သိတဲ့အတိုင်းပဲ မီးပျက်လွန်းလို့ ဖယောင်းတိုင်ထွန်း လမ်းပေါ်တက်ကြ သေးတယ်လေ''
<p''အခု မန္တလေးမြို့ကြီး မီးပျက်နေတယ်ဗျ'' ''သတင်းစာထဲ ဖတ်လိုက်ရတယ်။ ဘယ်မှာကြားဖူးလဲ ရောင်းထားတဲ့မီး ပြန်ဝယ်သုံးရတဲ့ နိုင်ငံ၊ တော်တော်ရယ်ဖို့ ကောင်းတယ်၊ ပိုလျှံလို့ တခြားကို ရောင်းထားရတယ် ဆိုတဲ့စကား လူရွှင်တော်တွေတောင် ဒီလောက်မရယ်ရဘူး'' စကားလုံးများက လှပသေသပ် ချောမွေ့ကာ ထိထိမိမိ ရှိလှသည်။


ဓာတ်ကြီးလေးပါးက ၂၀၁၀ အစိုးရနဲ့ ပြည်သူလူထုအပေါ် ကောင်းကောင်းကြီး ဖိအားပေးနေသည်။ ဗုဒ္ဓဘာသာသည် ပုဂ္ဂိုလ်ခင်လို့ တရားမင်သော ၀ါဒတစ်ခုမဟုတ်။ မှန်ကန်သော ငြိမ်းချမ်းရာ ငြိမ်းအေးရာ တရားကို သက်ဝင်ယုံကြည်ခြင်း ဖြစ်သလို မေတ္တာတရား အဓိက အားပြုသော သစ္စာဝါဒီများ ဖြစ်ပါသည်။ ရှင်တော်မြတ်ဗုဒ္ဓက တူသောအကျိုးနှင့် အနိစ္စကို ဟောခဲ့သည်...



ဘရာဇီးသမ္မတ ဒီလ်မာရူးဆက်ဖ်က သူ့နိုင်ငံက ဆန္ဒပြတဲ့လူထုကို ''ပြည်သူတွေမှာ အစိုးရကို ဝေဖန်ဖို့ အခွင့်အရေး ရှိပါတယ်'' ဟု ပြောခဲ့သည်။ ကျွန်တော်တို့ ဆီတွင်တော့ ပုဒ်မ ၁၈၊ ၅၀၅ က ခုတလော လူပြောများသည့် နှစ်လုံးသုံးလုံး ဂဏန်းတွေ။ မီးဆန္ဒပြတဲ့ သူတွေထဲက တချို့ဆို နှစ်လုံးသုံးလုံးနဲ့ ငြိစွန်းကုန်ကြ၏။ နောက်ကြောင်း ပြန်မလှည့် မားမားကြီး ရပ်နေသလို ရှေ့လည်းမဆက်။ ပင်စင်စားဦးကြီးက ထပ်၍''ဈေးတွေ မီးလောင်တာလည်း တေဇောပဲ။ မိတ္ထီလာကိစ္စ၊ မီးလောင်ဗုံး ကိစ္စတွေဟာ မီးတွေပဲ။ ဘာသာရေး ပဋိပက္ခတွေက ဒေါသ မောဟ မာန်မာန မီးတွေလေ''ပင်စင်စား ဦးကြီးတို့ စကားကပို၍ ပို၍ မာကျော တောက်ပြောင်နေသည်။ ဦးကြီးတို့ စကားဝိုင်းတွင် မပါသော အိမ်သုံးမီတာများအား ဒစ်ဂျစ်တယ်မီတာ တပ်ပေးတာလည်း မီးပဲ ဖြစ်သည်။ ၂၀၁၀ အစိုးရ သစ် ကို တေဇော ဓာတ်က တိုက်စားလောင်မြိုက်နေ၏။ ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့် အကျင့်ပျက်ခြစားမှုက မကင်းစင်သေး။ ဆင်းရဲမွဲတေမှုက မပပျောက်သေး။ ပြည်သူလူထုသည် စိတ်ဆင်းရဲ ကြီးစွာ မငတ်ရုံတမယ် အသက်ရှင်နေကြသည်။ (ငတ်နေသော သူများလည်းရှိ၏။ စာရေးသူ) ကျွန်တော်တို့ စကားမပြောဘဲ ဦးကြီးတို့ စကားကို လိုက်တွေးရင်း ငြိမ်နားထောင်နေသည်။ ပင်စင်စားဦးကြီး နောက်တစ်ဦးက ၀ါယောကိုရှင်းသည်။ မေးသူက မေး၏။

''ရေ ကရောဗျ''
''ခင်ဗျားကလည်း အတတ်ရန်ကော ဧရာဝတီမြစ်က ရေပေါ့ဗျ။ မြစ်ဆုံစီမံကိန်းက ရေကိစ္စပဲ''
''သြော်ဟုတ်ပ ဆက်ပါဦး''
''သမ္မတကြီးက သဘောပေါက် ရပ်တန့်ထားပေမယ့် တရုတ်ကြီးက လက်လျှော့ချင်တာ မဟုတ်ဘူးဗျ။ မြစ်ဆုံနဲ့ လက်ပံတောင်းတောင် ကိစ္စတွေက တရုတ်ကြီးနဲ့ ထိပ်တိုက်တွေဗျ။ ဒီကြားထဲ တရုတ်ကြီးက ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်ဆိုတာတွေ ပြောလာတဲ့ ဟိုလူကြီးမင်းကလည်း ရှိသေးတယ်''
ရယ်သံများ လွှမ်းသွား၏။ ပြီးမှဆက်၍
''ဟုတ်ပဗျာ ထမင်းတစ်နပ် လျော့စားရင် ကြွေးကျေတယ်ဆိုတဲ့ အိုင်ဒီယာတွေကလည်း ကောင်းမှကောင်း၊ ဒါနဲ့ခင်ဗျားရေက ပြီးရောလား''
''ဘယ်ပြီးမှာလဲ နွေရာသီ သောက်သုံးရေ ခန်းခြောက်တာလဲ ရေပြဿနာပဲ''
''ဟုတ်ပ ပြီးတော့''
''ရေကြီးတာတွေ မြစ်ရေတိုက်စားလို့ ကမ်းပါးပြိုတာတွေက ရေဒုက္ခထဲ ထည့်လို့ရတယ်။ ဒီမိုးဦးမှာ ရာသီဥတုက တလွဲတချော် ဖြစ်နေတာ ရေပြဿနာက ရေဘေးကို ဘယ်လို ကာကွယ်မယ်ဆိုပြီး ကြိုတင်ပြင်ဆင် ထားဖို့ပဲ လိုတော့တယ်။ ရေဘေးရေကြီးတာက ရောဂါဘယကိုပါ ခေါ်လာတာ''

ဦးကြီးတို့အတွေးက တမျဉ်းမျဉ်းမှနေ တဖျဉ်းဖျဉ်းတက်လာ၏။ ကျွန်တော်က တောင်သူတွေ စပါးစိုက်ဖို့ ရေမရရှိတာလဲ ရေဒုက္ခဟု တွေးမိသည်။ ၂၀၁၀ အစိုးရသစ်ကို ၀ါယော ကလည်း ရေနှစ်သတ်နေ၏။ တကယ်သေလုမြောပါး ဖြစ်နေတာက ပြည်သူလူထု ဖြစ်သည်။ တည်ကြည်ခိုင်မာသော စိတ်ရှိတဲ့ လူအနည်းငယ်ဟာ လူအုပ်ကြီးကို ထိန်းသိမ်းနိုင်သည်။ It is the determined few wich command the crowd ဟု ဆို၏။ တွေးချင်သ လို တွေးမိသည်။ ဉာဏ်ပညာသည်သာ အရေးကြီးသော ခေတ်ဖြစ်သည်။ ပညာဖြင့် ငြိမ်းချမ်းတည်ကြည်စွာ ဆက်လက် လျှောက်လှမ်းရမည်။

နောက်ဆုံး အာပေါဓာတ်ကိုတော့ ဦးလေးကြီးတို့ မပြောဘဲ ကျွန်တော်တို့ သဘောပေါက်လိုက်သည်။ လေမုန်တိုင်းကလည်း နိုင်ငံတည်ဆောက်ရေးနဲ့ ပြည်သူလူထုကို ပြိုကျပျက်စီးစေသော ဘေးဒုက္ခဖြစ်သည်။ မေလ မုန်တိုင်းသွေဖည်သွားတာ ကျွန်တော်တို့ နိုင်ငံအတွက် ကံကောင်းခြင်း လက်ဆောင်ဖြစ်သည်။ သို့မဟုတ်ပါက ဒုက္ခနဲ့လှလှ တွေ့နိုင်သည်။ နာဂစ်သည် လှပသော ဒုက္ခပင် ဖြစ်ခဲ့ပြီ မဟုတ်ပါလား။လေအကြောင်း အရာထဲတွင် သဘာဝဓာတ်ငွေ့ပါသည်။ ဓာတ်ငွေ့ပိုက်လိုင်းကြီးတွေ ပြဿနာက သခွတ်ပင်က မီးတကျည်ကျည်၊ ဒီကြားထဲ ကမ်းလွန်သဘာဝ ဓာတ်ငွေ့တွေ။ ပြီးတော့ ကမ္ဘာ့မီဒီယာက ပုတ်ခတ်ပြောဆိုသော လေလှိုင်း တို့မီး ရှို့မီးတွေ။ လေစကားတွေက မုန်တိုင်းလို ကြမ်းနေသည်။

ဓာတ်ကြီးလေးပါးက ၂၀၁၀ အစိုးရနဲ့ ပြည်သူလူထုအပေါ် ကောင်းကောင်းကြီး ဖိအားပေးနေသည်။ ဗုဒ္ဓဘာသာသည် ပုဂ္ဂိုလ်ခင်လို့ တရားမင်သော ၀ါဒတစ်ခုမဟုတ်။ မှန်ကန်သော ငြိမ်းချမ်းရာ ငြိမ်းအေးရာ တရားကို သက်ဝင်ယုံကြည်ခြင်း ဖြစ်သလို မေတ္တာတရား အဓိက အားပြုသော သစ္စာဝါဒီများ ဖြစ်ပါသည်။ 

ရှင်တော်မြတ်ဗုဒ္ဓက တူသောအကျိုးနှင့် အနိစ္စကို ဟောခဲ့သည်။
လောကနိတိ ၄၇ ၌
ကုလဇာတော ကုလပုတ္တော
ကုလ၀ံသ သုရက္ခတော။
အတ္တနာဒုက္ခာ ပတ္တောပိ
ဟီနကမ္မံ နာကာရယေ။
''မြတ်သောအမျိုး၌ ဖြစ်ထသော၊ အမျိုးအနွယ် စောင့်ထသော၊ အမျိုးကောင်းသားသည်၊ မိမိသည်၊ ဆင်းရဲခြင်းသို့ ရောက်သော်လည်း၊ ယုတ်သောအမှုကို မပြုရာ''

ဓာတ်ကြီးလေးပါးသည် ဖိအားများဖြင့် ကျွန်တော်တို့ ပြည်သူလူထုနှင့် တိုင်းပြည်အပေါ် ကလူ၏သို့မြူ၏သို့ လုပ်နေသည်။ ပင်စင်စား ဦးကြီးတို့ စကားက ရှေ့ဆက်နေသည်။ ၁၀ နာရီကျော်ပြီ ဖြစ်သောကြောင့် ကျွန်တော်တို့ ထပြန်ခဲ့၏။၁၅၀၀ တန်ဆင်းကတ်တွေ ငါးသောင်းကျပ်အထိ ပေါက်သည်။ မသုံးတဲ့သူက ရောင်းစားသည်။ သုံးစွဲမည့်သူက မရှိမဲ့ရှိမဲ့ဖြင့် ဟန်းဆက်တွေဝယ်၏။ ခဏနေ ပျက်သွားသည်။ ကလုံးတွေဟု ဆိုင်ကပြောသည်။ ဟန်းဆက် ရောင်းတဲ့ဆိုင်တွေက တာဝန်မယူ။ တရုတ်စက်တွေက တစ်ရက်နဲ့ စုတ်သည်။

တရုတ်ကြီး၏ စီးပွားရေး ကွန်ရက်က မော်တော်ဆိုင်ကယ်ပြီးတော့ ဟန်းဆက်များဖြင့် မြန်မာပြည်ကို ချုပ်ကိုင်နေသည်။ လွှမ်းမိုးနေသည်။ မြန်မာရည်လည်သော တရုတ်ကြီးက '၀'တို့က အများကြီး ကူညီပါတယ်။ ရောင်းရင်း ပေါက်ဖော်တွေပါဆိုပြီး လူနေမှုစနစ်နှင့် အသွေးအသားထဲ စိမ့်ဝင်နေပြန်သည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအထိ ပါဝင်ပတ်သက်နေသည်။ စိတ်ရင်းကောင်းနဲ့လား စိတ်ဖျားကောင်းနဲ့လား ဆိုတာ လုပ်ရပ်များက သက်သေပင်။ ယခုထိ ကိုရွှေမြန်မာများက ဟဲလို မကြားရဘူး ဆိုတာတွေနဲ့သာ နပန်းလုံးနေ၏။

Written by တိုးနှောင်မိုး 

Ref: first-11

လျှို့ဝှက်ကလေးမွေးဖွားခဲ့သည့် ကမ္ဘာ့ချန်ပီယံဟောင်း ဂျပန်စကိတ်စီးမယ် အန်ဒို၏ ဓာတ်ပုံကို သတင်းစာများ ဖော်ပြ



   ပရိသတ်များအား အသိပေးခြင်းမရှိဘဲ လျှို့ဝှက်စွာမသိအောင် ကလေးမွေးဖွားခဲ့သည့် ကမ္ဘာ့ ချန်ပီယံဟောင်း ဂျပန်စကိတ်စီးမယ် မီကီအန်ဒို၏ ဓာတ်ပုံများကို ဇူလိုင် ၂ ရက်ထုတ် ဂျပန် အားကစား သတင်းစာများတွင် ဖော်ပြခဲ့ကြောင်းသိရသည်။ ၂၀၀၇ တိုကျို ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲနှင့်၂၀၁၁ မော်စကို ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရယူနိုင်ခဲ့သူအသက်၂၅နှစ် အရွယ်ရှိ မီကီအန်ဒိုသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မေလမှ စတင်ကာ ပြိုင်ပွဲများ ၀င်ရောက် ယှဉ်ပြိုင်ခြင်းကို အကြောင်းပြချက်မရှိ ရပ်နားခဲ့သည်။ အန်ဒိုသည် သူမကလေးမွေးဖွားခဲ့သည့် သတင်းကို ဇူလိုင် ၁ ရက် ညပိုင်းက ပြုလုပ်ခဲ့သည့် ရုပ်သံအစီအစဉ် တစ်ခုတွင် ထုတ်ဖော်ပြော ဆိုခဲ့ခြင်းဖြစ်ပြီး ဂျပန်မီဒီယာများ၏ ဖော်ပြချက်အရ အန်ဒိုအနေဖြင့် ပြီးခဲ့သည့် ဧပြီလအတွင်း က သမီးမိန်းကလေးတစ်ဦး မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Ref:AFP

သင့်ကိုယ်နံ့ သင်းပျံ့နေအောင်

ချွေးထွက်တဲ့ ဂလင်းတွေကို လှုံ့ဆော်တာကြောင့် ချွေးထွက်များသူတွေ အနေနဲ့ ကိုယ်နံ့ နံတတ်ပါတယ်။ ခန္ဓာကိုယ်အနံ့က အလွန်ဆိုးနေရင် အနံ့နံတာကြောင့် လူမှုဆက်ဆံရေးကိုပါ ထိခိုက်စေနိုင်ပါ တယ်။ ချွေးထွက်များတာက စိတ်မသက်မသာဖြစ်စရာ ကောင်း သလို ချွေးထွက် များတာကြောင့် အရေပြားပေါ်က ဘက်တီးရီးယားနဲ့ ထိတွေ့ပြီး အနံ့ဆိုး ထွက်တတ်ပါတယ်။ ဒါကြောင့် ကိုယ်နံ့သင်း ပျံ့နေစေဖို့ လိုက်နာသင့်တဲ့ အချက်တွေကို ရေးသားလိုက်ရပါတယ်။

- ဘက်တီးရီးယား သေစေနိုင်တဲ့ ဆပ်ပြာသုံးပြီး ရေချိုးပါ။ ပြီးရင် ချွေးနံ့ထိန်းတောင့် လိမ်းပေးသင့်ပါတယ်။

- တတ်နိုင်သမျှ ချည်သားဝတ်စုံကို ရွေးချယ်ဝတ်ဆင်ပါ။ အထူးသဖြင့် အတွင်းခံ                        အဝတ်အစားဝတ်မယ်ဆိုရင် လေဝင်လေထွက် ကောင်းတဲ့ ချည်သားဝတ်စုံကို ဝတ်ပါ။

- ကိုယ်လုံးနဲ့အတိ ကျပ်နေတဲ့ ဝတ်စုံမျိုးကို ရှောင်ရှားပြီး သက်သောင့်သက်သာရှိတဲ့ ဝတ်စုံကို ချောင်ချောင်ချိချိ ဝတ်ဆင်ပါ။တစ်နေ့ အင်္ကျီတစ်စုံ လဲဝတ်ပါ။

- ချိုင်းနေရာကို မကြာခဏ သန့်စင်ဆေးကြောပေးပါ။ ခန္ဓာကိုယ်က ထွက်တဲ့ ချွေးတွေရဲ့ ၈၀ ရာခိုင်နှုန်းက ချိုင်းနေရာကနေ လာတာဖြစ်ပါတယ်။

- ကိုယ်နံ့ဆိုး မထွက်အောင် ချွေးနံ့ပျောက်ဆေးတွေကို ဝယ်မယ်ဆိုရင် အချက်နှစ်ချက်ကို သတိထားပါ။ Antiperspirant (ချွေးတိတ်ဆေး) ဟာ ချွေးပေါက်ကို ပိတ်စေတဲ့နည်းနဲ့ အရေပြားကနေ ချွေးထွက်တာကို ရပ်တန့်စေတာ ဖြစ်ပါတယ်။ Deodorants (ချွေးနံ့ပျောက်ဆေး) ကတော့ ချွေးထွက်တဲ့အခါ ဘက်တီးရီးယားတွေကို သေစေတာ ဖြစ်ပါတယ်။ သင်က ဘယ်လိုအမျိုးအစားကို လိုအပ်နေတာလဲဆိုတာ စဉ်းစားပြီး ဝယ်ယူသုံးစွဲပါ။

- ခြေထောက် အနံ့ဆိုးထွက်မှု ကင်းစေဖို့ ခြေထောက်ကို သေချာဆေးကြောပြီး ခြောက်သွေ့အောင်ထားပါ။ ပြီးရင် ခြေချောင်းတွေကြား လေဝင်လေထွက် ကောင်းစေမယ့် ဖိနပ်မျိုးစီးပါ။

- ကော်ဖီနဲ့ လက်ဖက်ရည်ကို လျှော့သောက်ပါ။ အဲဒီအထဲမှာပါတဲ့ ကဖင်းဓာတ်ဟာ အလိုအလျောက် အလုပ်လုပ်တဲ့ အာရုံကြောစနစ် (Autonomic Nervous System) ကို လှုံ့ဆော်နိုင်ပါတယ်။ ဒီအာရုံကြောစနစ်ဟာ ချွေးထွက်တာနဲ့ ဆက်စပ်မှု ရှိပါတယ်။

- အယ်လ်ကိုဟောဟာ သွေးကြောတွေကို ကျယ်စေတာကြောင့် ချွေးထွက်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် အရက်ကို ရှောင်ပါ။

- ရေချိုးတဲ့အခါမှာ ရှာလကာရည်တစ်ခွက် ထည့်ထားတဲ့ ချိုးရေနဲ့ ချိုးပေးပါ။ ဒါမှမဟုတ် ခန္ဓာကိုယ်ကို ဆော်ဒါမှုန့်နဲ့ ပွတ်တိုက်ပြီး ရေချိုးလိုက်ရင်လည်း ကိုယ်နံ့ဆိုး ကင်းစေပါတယ်။

- ရေချိုးပြီးတဲ့အခါ ချွေးနံ့ပျောက် ဆေးတောင့်ကို လိမ်းပေးပါ။

- အပြင်ထွက်တဲ့အခါ စနိုးတာဝါလို အနုစား လက်ကိုင်ပဝါကို ဆောင်ထားပြီး ချွေးထွက်များတဲ့ ချိုင်းကြားလိုနေရာမျိုးမှာ သုတ်ပေးပါ။

Ref: Good Health

ပုံနှိပ်ထုတ်ဝေဥပဒေကို စာနယ်ဇင်းသမားတွေ မကျေနပ်



   ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းကို သတင်းနဲ့ စာနယ်ဇင်းသမားတွေ သိပ်ဘဝင်မကျ ဖြစ်နေကြပါတယ်။ ပြန်ကြားရေး ဝန်ကြီးဌာန က တင်သွင်းထားတဲ့ ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းကို ကြာသပတေးနေ့ က ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်တာဖြစ်ပါတယ်။ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကို သီးခြားထုတ်စရာမလိုဘဲ အခုလွှတ်တော်ကိုတင်သွင်းထားတဲ့ မီဒီယာဥပဒေတစ်ခု တည်းကိုပဲ အတည်ပြု သုံးစွဲမယ်ဆိုရင်တော့ လုံလောက်တယ်လို့ စာနယ်ဇင်းသမားများကပြော .နေကြတာပါ။ စာနယ်ဇင်းကောင်စီ မီဒီယာဥပဒေရေးဆွဲရေးအဖွဲ့ဝင် ဦးဇော်သက်ထွေးက အခု ဥပဒေဟာ စာပေလောကကို ထိန်းချုပ်ချင်လို့ရေးဆွဲတဲ့ဥပဒေလို့ ထောက်ပြဝေဖန်ခဲ့ကြပါတယ်။ တိုင်းပြည်အတွက် မရေးသင့်တဲ့အချက်တွေကို ကန့်သတ်ချင်တဲ့အတွက် ပြည်သူ့လွှတ်တော်က အတည်ပြုပေးလိုက်တာ ဖြစ်တယ်လို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။
   ဒီဥပဒေက တားမြစ်တဲ့ အချက်လေးချက်က တိုင်းရင်းသားလူမျိုးနဲ့ ဘာသာ မတူသူတွေရဲ့ ကြားမှာ အကျိုးစီးပွားထိခိုက်စေနိုင်တဲ့ အကြောင်းအရာတွေ၊ တရားဥပဒေ စိုးမိုးရေးကို ထိခိုက် ပျက်စီး စေနိုင်တာတွေ၊ဆူပူမှု၊ရာဇဝတ်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော် တာတွေ၊ ညစ်ညမ်း စာတွေကို ရေးသားခွင့် ကန့်သတ်တာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်အ မတ် ဦးရဲထွန်းက ပြောပါတယ်။ မှတ်ပုံမတင်ဘဲ ပုံနှိပ်ထုတ်ဝေတဲ့ လုပ်ငန်းကို လုပ်ဆောင်မယ်၊ တားမြစ်တဲ့ လေးချက်ကို မလိုက်နာဘူးဆိုရင် ဒါဏ်ငွေ ကျပ် သိန်း ၅၀ ကနေ သိန်း ၁၀၀ အထိ ချမှတ် ခံရ နိုင်တယ်လို့ သူက ပြောပါတယ်။ ဒါကြောင့် အခုဥပဒေ အရမိတ္တူကူးစက်ဆိုင်နဲ့ အသေးစား လုပ်ငန်းငယ်တွေ အခက်တွေ့သွားနိုင်တယ်လို့ လွှတ်တော်အမတ်တချို့က ဝေဖန် ပါတယ်။ ဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြုပြီးသွားလို့ အမျိုးသားလွှတ်တော် မှာ ပြင်ဆင်ဖြည့်စွက်တာမရှိရင် အတည်ဖြစ်သွားမှာဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

သူငယ်ချင်း (၈)မျိုး

(၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း
-----------------------------

သူတို့က သင့်ကောင်းကွက်တွေ သင်ကိုယ်တိုင် သိမြင်နိုင်ဖို့ သင့်ကိုအမြဲကူညီအားပေးတယ်။ ဒီလို သူငယ်ချင်းမျိုးကို ဆရာအမျိုးအစားလို့ခေါ်တယ်။ သူတို့က သင့်ရဲ့ဆရာဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ သူတို့မှာ အခြားဗဟုသုတ၊ အတွေ့အကြုံတွေနဲ့ ပြည့်စုံတယ်။ သင့်ရဲ့အလုပ်အကိုင်၊ မိသားစု၊ လူလူချင်း ပေါင်းသင်းဆက်ဆံရေးတွေမှာ သူတို့က သင့်ကို အကြံဉာဏ်တွေပေးနိုင်တယ်။ လူ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးက သင့်စိတ်ကို ထောက်ကူပေးတဲ့သူဖြစ်တယ်။ သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး သင်အတုယူထိုက်သူလည်းဖြစ်တယ်။


(၂) ဖေးမကူညီတဲ့သူငယ်ချင်း
------------------------------

သင့်ကို ဆုံးမလမ်းညွှန်ပြီး လူတွေရှေ့မှာ သင့်ကိုချီးမွမ်းစကားပြောတဲ့ သူငယ်ချင်း... ဒီလိုသူငယ်ချင်းမျိုးက "နင့် ငါ့ကိုကူ၊ ငါ နင့်ကိုကူ"ဆိုတဲ့ အချင်းချင်းကူညီအားပေးတဲ့သူဖြစ် တယ်။ ဘဝရှင်သန်ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ သူငယ်ချင်းရဲ့ ဖေးမကူညီမှု၊ ချီးကျူးမှုတွေက အဖိုးတန်လွန်းတယ်။ ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့ သင်ရင်ဆိုင်ရချိန် ဒီလိုသူငယ်ချင်းမျိုးက သင့်အခက်အခဲတွေကို ကူညီမျှဝေဖြေရှင်းပေးတယ်။ သင့်ရင်ထဲက ဖိအားကို လျော့ချပေးတယ်။ သူတို့ရဲ့ယုံကြည်မှုက သင့်အတွက် စိတ်ဓာတ်အားဆေးဖြစ်တယ်။


(၃) စိတ်တူကိုယ်တူတဲ့သူငယ်ချင်း
----------------------------------

သင်နဲ့ ဝါသနာတူသူက သင်နဲ့ပေါင်းဖက်ဖို့ အသင့်တော်ဆုံး သူငယ်ချင်းဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးနဲ့ အတူနေချိန် သင့်စိတ်က သူတို့စိတ်နဲ့ အာရုံခံစားမှုချင်းတူတယ်။ ဒါကို "နားလည်မှု"လို့ခေါ်တယ်။ သင့်ပြောတဲ့စကား၊ သင့်တွေးတဲ့အတွေးတွေက သူတို့အတွေးတွေနဲ့ ထပ်တူနီးနီးကျတယ်။ စိတ်ချင်းကူညီအားပေးတဲ့ ခံစားမှုမျိုးကိုရတယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်ကိုယ်သင် အသိအမှတ်ပြုလာအောင် ကူညီပေးသလို သင့်ဝါသနာ၊ သင့်ရည်မှန်းချက်၊ သင့်အကြိုက်တွေကို သူတို့နဲ့အတူ မျှဝေခံစားနိုင်တယ်။ ဒီလို မျှဝေခံစားမှုမျိုးက သင့်စိတ်ကို လုံခြုံစေတယ်။ မိမိကိုယ့်ကို ယုံကြည်မှုရှိစေတယ်။ စိတ်ကူးကို အလွယ်တကူ အကောင်အထည်ပေါ်စေတယ်။ သင့်ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းစေပါတယ်။


(၄) တံတားခင်းပေးတဲ့ သူငယ်ချင်း
----------------------------------

ဒီလိုလူမျိုးက ကူညီတဲ့သူငယ်ချင်း အမျိုးအစားဖြစ်တယ်။ သင် အားရကျေနပ် ပျော်ရွှင်ချိန်မှာ သူတို့ရဲ့အရိပ်တွေက သင့်အနားမှာရှိမနေဘူး။ သင့် စိတ်ညစ်အားငယ် ကြေကွဲချိန်ကျမှ သင့်ရှေ့မှောက် ရောက်လာတတ်သူတွေဖြစ်တယ်။ သင်ယုံကြည်စိတ်ချရတဲ့ ကူညီမှုမျိုးကို သူတို့ပေးတယ်။ မျှော်လင့်ချက်နဲ့ အခွင့်အရေးကို သင်ပြန်မြင်ရဖို့ သူတို့စွမ်းဆောင်ပေးတယ်။ စိတ်ဓာတ်တွေ အရောင်တောက်အောင် သူတို့မပြတ်ကူညီပေးတတ်တယ်။


(၅) အားပေးဖော် သူငယ်ချင်း
-----------------------------

ဒီလိုလူမျိုးက သင့်ကိုပေါ့ပါးလန်းဆန်းစေတဲ့ သူငယ်ချင်းဖြစ်တယ်။ တချို့သူငယ်ချင်းတွေက သင့်ကိုခင်မင်ရင်းနှီးပြီးတာနဲ့ သင့်ကို တခြားစိတ်တူကိုယ်တူ
သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်။ သင့်စိတ်တွေ မွန်းကြပ်တဲ့အခါ၊ စိတ်ညစ်တဲ့အခါ သူတို့က သင့်ရင်ဖွင့်သံကို ပထမဦးဆုံး နားထောင်ပေးသူတွေဖြစ်တယ်။ ဒီလို သူငယ်ချင်းမျိုးက သင့်အတွက် အကောင်းဆုံးနားထောင်သူဖြစ်တယ်။ သင့်စိတ်ကို ဖြေလျော့စေတယ်။ သူတို့နဲ့ပေါင်းသင်းရတာ သင့်ကို ဘာစိတ်ဖိအားမှ မရှိစေတဲ့အပြင် သင့်ရင်ထဲက မွန်းကြပ်နေတဲ့အရာတွေကို ထွက်ပေါက်ပေးစေတယ်။ သင့်ရဲ့ တည်ငြိမ်အေးချမ်းတဲ့စိတ်ကို အသစ်တစ်ဖန် မွေးဖွားစေပါတယ်။


(၆) အသိအမြင်တိုးပွားစေတဲ့ သူငယ်ချင်း
-----------------------------------------

သင့်ကို ဆန်းသစ်တဲ့အမြင်၊ ဆန်းသစ်တဲ့အခွင့်အရေးတွေကို တွေ့မြင်စေတဲ့သူငယ်ချင်းဖြစ်တယ်
။ ဒီလိုသူငယ်ချင်းမျိုးလည်း ဘဝမှာ မရှိလို့မဖြစ်ပါဘူး။ သူတို့ဟာ သင့်ရဲ့ "ကမ္ဘာ့စာကြည့်တိုက်"ဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်အသိဉာဏ်၊ ဗဟုသုတ၊ ပေါင်းသင်းဆက်ဆံရေးကို ကျယ်ပြန့်စေတယ်။ သင့်ကို မတူတဲ့စိတ်ခံစားမှုမျိုးကို ခံစားစေတယ်။ သင့်ကို မြင့်မြင့်ရပ်၊ ဝေးဝေးလှမ်းကြည့်တတ်ဖို့ သင်ပေးသူတွေဖြစ်တယ်။


(၇) လမ်းပြသူ သူငယ်ချင်း
---------------------------

သင့်စိတ်ကူးအတွေးတွေကို သန့်ရှင်းကူညီပေးသူ၊ လမ်းပြအကြံပြုတဲ့ သူငယ်ချင်းမျိုးဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက လမ်းပြမီး အမျိုးအစားဖြစ်တယ်။ လူတိုင်းမှာ လိုအပ်ချက်နဲ့ အကူအညီဆိုတာ လိုအပ်တယ်။ တချို့အခက်အခဲတွေကို သင့်ကိုယ်ပိုင်စွမ်းအားနဲ့ ဖြေရှင်းဖို့မလွယ်ကူတဲ့အခါ ဒီလိုသူငယ်ချင်းမျိုးက သင့်ကို စိတ်ပါလက်ပါကူညီပြီး အသင့်တော်ဆုံး အကြံတွေကိုပေးတယ်။ သင့်စိတ်ရှုပ်ထွေးတဲ့အခါ၊ စိတ်ညစ်တဲ့အခါပဲဖြစ်ဖြစ် သူတို့ကို သင်ရင်ဖွင့်နိုင်တယ်။ သူတို့က ရှုပ်ထွေးနေတဲ့ သင့်စိတ်ကို ကူညီသန့်ရှင်းပေးပြီး ကြည်လင်တဲ့ဖက်ကို လမ်းညွှန်ပေးတယ်။


(၈) သင့်ကိုအဖော်ပြုတဲ့ သူငယ်ချင်း
------------------------------------

ကောင်းတဲ့သတင်းပဲဖြစ်ဖြစ်၊ ဆိုးတဲ့သတင်းပဲဖြစ်ဖြစ် သူတို့ကိုအရင် သင်ပြောပြတယ်။ သူတို့ဟာ သင်နဲ့ အမြဲအတူရှိနေတယ်။ ဒီလိုသူငယ်ချင်းမျိုးက ပင်လယ်ထက်ကျယ်တဲ့ ရင်ခွင်ရှိတယ်။ တောင်တန်းတွေလို မြင့်မားတဲ့ စိတ်သဘောထားရှိတယ်။ သူတို့ကို သင်ဘယ်အချိန်သွားရှာခဲ့ရှာခဲ့ သူတို့က သင့်ကိုနွေးနွေးထွေးထွေး ကြိုဆိုတယ်။ သူတို့က သင့်အတွက် စိတ်ပြည့်ဝ၊ တည်ငြိမ်စေတဲ့ သူငယ်ချင်းဖြစ်တယ်။ တစ်ခါတလေ ပြောစရာ စကားများများစားစား မရှိချင်နေ သင့်အနားမှာ သူတို့ရှိတယ်ဆိုရင်ပဲ သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။

သူငယ်ချင်းတွေနဲ့ အမြဲမဆက်သွယ်တိုင်း၊ အမြဲမတွေ့ဆုံမိတိုင်း မေ့သွားပြီလို့ မဆိုနိုင်ပါဘူး။ သူငယ်ချင်းဆိုတာ ဟောင်းနွမ်းသွားလို့ရပေမယ့် ခင်မင်ရင်းနှီးမှုက ယုတ်လျော့သွားလို့ မရဘူး။ သင့်ဘဝတစ်သက်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းကောင်း ဘယ်နှယောက်ရှိနိုင်မလဲ? တကယ်လို့ အထက်က သူငယ်ချင်းမျိုးနဲ့ သင်ကြုံဆုံလာတဲ့အခါ သူတို့ကို တန်ဖိုးထားမြတ်နိုးလိုက်ပါ။


Credit - True Social Wars

“ကျောက်စိမ်းပညာ လုပ်ငန်းခွင်(အထူး)သင်တန်း” ကို MGI မှ ကြီးမှူး၍ ရက်တို (၇)ရက် သင်တန်း ဖွင့်လှစ်မည်




   ကျောက်စိမ်းလုပ်ငန်းဖြင့် မိမိဘ၀ကို ခုန်ပျံကျော်လွှားပြောင်းလဲလိုသူများ၊ကျောက်စိမ်းဆိုင် ဖွင့်လှစ်လိုသူများ၊ ကျောက်လုပ်ကွက် လုပ်ကိုင်သူများ၊ ကျောက်စိမ်းအချောထည် လုပ်ကိုင်လို သူများနှင့် ဘူမိဗေဒကျောင်းသား/သူများအတွက် လက်တွေ့၊ စာတွေ့ကျောက်စိမ်းပညာကိုသိ ရှိလုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ "Certificate in Applied Gemology(Specialized in Jade)" “ကျောက်စိမ်းပညာအလုပ်ခွင်(အထူး) သင်တန်း”ကိုMyanmar Gemological Institute မှ ကြီး မှူး၍ ရက်တို (၇)ရက် သင်တန်းဖွင့်လှစ်မည်ဖြစ်ပါသည်။ အဆိုပါသင်တန်းကာလတွင်ကျောက် လုပ်ကွက်ရွေးချယ်နည်း၊ ကျောက်စိမ်းအရောင်းဆိုင်အတွက် နေရာကောင်းများရွေးချယ်နည်း များနှင့်ကျောက်မျက်ရတနာပြပွဲ (အင်ပိုရီယမ်)တွင် ၀ယ် /ရောင်းနည်း ၊ ကျောက်စိမ်းအရိုင်း တုံး(ခဲ)များ အမျိုးအစားခွဲခြား ၀ယ်ယူရောင်းချနည်း၊လွှာချပ်၊လက်ကောက်၊ ပန်းပု၊ အပွင့်(စိမ်း) ၊ဘော်ဒီပွင့်များ ရွေးချယ်ဝယ်ယူရောင်းချနည်း၊ ဘော်ဒီအသား ဆန်းများဝယ်ရောင်းနည်း၊ ဖား ကန့်၊ မန္တလေး၊ ရွှေလီကျောက်ဝိုင်းများတွင် ၀ယ်ယူရောင်းချနည်းနှင့် ကျောက်စိမ်း အတုအစစ် ခွဲခြားနည်းစသည့်ဘာသာရပ်များကို ကျောက်စိမ်းရတနာလုပ်ငန်းတွင်လုပ်ကိုင်နေသော ကျောက် မျက်ပညာရှင်ကြီးကိုယ်တိုင်လက်တွေ့ ပိုချမည်ဖြစ်ပါ သည်။
   သင်တန်းပြီးဆုံးပါက ကျောက်စိမ်းရတနာလုပ်ငန်းကို အမှန်တကယ် လုပ်မည့်သူများ ကိုသေချာပေါက်လုပ်ငန်းခွင်အရောက် ကူညီဆောင်ရွက်ပေးမည်ဖြစ် ပါသည်။ ၄င်းသင်တန်းကို ၂၅.၇.၂၀၁၃ မှ စတင်ပြီး ၃၁.၇.၂၀၁၃ ထိ ပိတ်ရက် မရှိသင်ကြားပို့ချပေးမည်ဖြစ်ပါသည်။ သင်တန်းချိန်မှာ ညနေ(၄း၀၀)မှ(၇း၀၀)နာရီထိ သင်ကြား မည်းဖြစ်သည်ဟု သိရပါသည်။ ထိရောက်အကျိုးရှိစေရန်အတွက် တန်းခွဲတစ်ခုလျှင် လူဦးရေ (၃၀) သာလက်ခံမည်ဖြစ်ပါ၍ ကြိုတင်စာရင်းပေးသွင်းထားရန် လိုအပ်ပါသည်။ အသေးစိတ်သိ ရှိလိုလျှင်သော်လည်းကောင်း၊ စာရင်းပေးသွင်းလိုလျှင်သော်လည်းကောင်း Myanmar Gemolo -gical Institute (MGI) (ရန်ကုန်) အမှတ်(၁၃၃) ဒုတိယထပ်၊ လမ်း ၃၀ (အလယ်)၊ ဖုန်း ၀၁ ၂၅၄၈၈၉၊ ၀၉-၇၃၀ ၅၀ ၃၇၀(မန္တလေး)အမှတ် (၁၇၅)၊ ပထမထပ်၊ ၂၆ဘီလမ်း၊ ၈၀×၈၁လမ်း ကြား၊ ၀၉ - ၉၁၀၀ ၁၈၁၈၊သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရပါသည်။

Ref..စတုတ္ထမဏ္ဍိုင်

3D Animation နဲ့ 3D Movie တွေကိုစိတ်ဝင်စားတဲ့သူများအတွက်

3D Animation ဇာတ်ကားတွေနဲ့၊ ပြည်တွင်းကြော်ငြာတွေမှာသုံးလာတဲ့ 3D Movie တွေစိတ်ဝင်စားတဲ့သူ များအတွက် အောက်က ဆိုဒ်လင့်လေးမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်မျာ...။ ဟောလီးဝုဒ်မှာလုပ် ကိုင်နေသူတစ်ယောက်ရဲ့ဆိုဒ်ပါ။

သရုပ်ဆောင် ရဲတိုက်အား ဆေးခြောက်ဟု ယူဆရသော အရွက်ခြောက်များနှင့်အတူ ကျောက်တံခါးမြို့တွင် ဖမ်းဆီးရမိ



   ပဲခူးခရိုင်၊ ကျောက်တံခါးမြို့၊ စာတိုက်ရပ်ကွက်၊ ဒဂုံ-မန်း ကားလမ်းမပေါ်ရှိ လပ်ခ်ျမီး လ က် ဖက်ရည်ဆိုင်တွင် ၂၀၁၃ ခုနှစ် ဇူလိုင် ၄ ရက် နံနက် ၃ နာရီအချိန်ခန့်တွင် သရုပ်ဆောင်ရဲတိုက် အား ဆေးခြောက်ဟု ယူဆရသော အရွက်ခြောက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။ လပ်ခ်ျမီးလက်ဖက်ရည်ဆိုင် ပိုင်ရှင်က မသင်္ကာသူတစ်ဦး ရောက်ရှိနေကြောင်း ကျောက် တံခါးရဲစခန်းသို့ လာရောက်အကြောင်းကြားသဖြင့် သက်သေများနှင့်အတူသွားရောက် စစ်ဆေး ခဲ့ကြောင်းသိရသည်။ ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ မသင်္ကာသူ ရဲတိုက် (၃၀)နှစ်၊ဘုရင့်နောင် လမ်း၊ သန်လျင်မြို့နယ်၊ ရန်ကုန်မြို့နေသူနှင့်အတူ တရုတ်နိုင်ငံလုပ် ဆိုင်ကယ်တစ်စီး၊ ကျောပိုး အိတ်အတွင်းမှ ကွန်ပါဘူးဖြင့် ထည့်ထားသော အလေးချိန် တစ်ကျပ်သားခန့်ရှိ ဆေးခြောက်ဟု ယူဆရသော အရွက်ခြောက်တစ်ဘူး၊ငွေစက္ကူတန်ဖိုး ကျပ်၂၀၀၀၀၀တို့ကိုရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဆေးခြောက်ရွက်ဟု ယူဆရသော အရွက်ခြောက်များကို လက်ဝယ်တွေ့ ရှိသူ ရဲတိုက်အား ကျောက်တံခါးရဲစခန်းမှ ပထမသတင်းပေး တိုင်ချက်အမှတ် (ပ)၄/ ၂၀၁၃၊ မူး ယစ်ပုဒ်မ ၁၅/၁၆(ဂ)ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြာင်း သိရသည်။ ယခုဖမ်းဆီးခံထား ရ သည့် သရုပ်ဆောင်ရဲတိုက်မှာ မေလ ၂၈ ရက်က ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ် ခရစ်ယာန်ကျောင်းအတွင်းခွင့်ပြုချက်မရဘဲ ဆန္ဒဖော်ထုတ်သည့်အတွက် ဗိုလ်တထောင်မြို့နယ် တရားရုံးတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅/(က)ဖြင့် တရားစွဲဆိုခံခဲ့ရသည်။


Ref...news-eleven

လက်တော့ကွန်ပြူတာကီးဘုတ် ပြုပြင်နိုင်

လက်တော့ ကီးဘုတ်ပျက်ရင် ဝယ်ထည့်ရင်ဈေးလည်းကြီးပါတယ်ဗျာကျနော်နားလည်တာလေး ကိုကူညီချင်လို့ပါ လက်တွေ့လုပ်ရပ်မှ ကူညီတာပါကျနော် လုပ်ဖူးတာက Compaq Presario CQ41/2/5 နှင် Sansaung လက်တော့ကီးဘုတ်တွေပါ.........ကီးဘုတ်ပျက်ပီဆိုရင်......ဖြစ်တတ်တာက......

(၁) power ဖွင့်ပြီး တီတီ အော်မြည်နေတတ်တယ်
(၂) ဝင်းဒိုးမတက်ပဲ ပြန်ပြန် အစကပြန်လာတတ်တယ်
(၃)ဝင်းဒိုးပြန်တင်ပြန်ရင်လည်း အစကပဲ ပြန်စ လုပ်တတ်တယ် အဆုံးထိမသွားတော့ဘူး
(၄)နောက်တစ်ချက်က ဝင်းဒိုးတက်ပြန်ရင်လည်း အော်တို ဆလက်ဝင်နေပြန်ရော ကီးတွေညိနေတာ
 
အဲဒီလိုဖြစ်ပြီဆိုရင်လေ ကီးဘုတ်ကို ဖြုတ်ပြီး အပြင်က ကီးဘုတ်နှင့်စမ်းကြည့် လိုက်ပါ ..ထူးခြားစွာကောင်း လာပါလိမ့်မယ်အဲဒီကီဘုတ်း ဖြုတ်ပြီးမလွှင့်ပစ်လိုက်နဲ့အုန်း...ပြန်ပြင်လို့ရတယ်...အပေါင်းသင်းများရေ ..လွယ်တယ်ဗျာ..အဲဒီကီးဘုတ် ကိုဖြုတ်ပြီး.......လက်ဝါးနှင့် ပုတ်...ရမယ်.. မဟုတ်ရင် ကီးဘုတ်ကို သာသာလေးလှန်လိုက် ခေါက်လိုက်လုပ် ..လက်ဝါးလေးနှင့် ပုတ်....ဒါဆိုလည်းအကောင်း ပကတိဖြစ် တတ်ပါတယ်ဗျာ..နောက်တချက်က ကီးလေးတွေဖြုတ် ပြီး အလွှားလိုက်ခွါ ဆားကစ်ပြားက တစ်လွှာ တည်းနော် အစုတ်အပြဲ ကိုတော့သတိထားရမယ်တစ်လုံးချင်းခွါ ခွါပြီး ဖုန်တွေသုတ်ပြီး ကပ်နေ တာတွေ ခွါ နောက်တစ်ချက်က ရာဘာကာဘာ လေးတွေက ကပ်နေတတ်တယ် ခွါလိုက်တော့ ကွာသွားတာပေါ့ ..အဓိကဖြစ်ရပ်ကတော့ ကာပွန်တိုက်နေလို့ဖြစ်တာ..ကီးတွေကို နှိပ်တဲ့အချိန်မှ ပူးရမှာကို သူက အလို လျှောက်ကပ်နေတော့...အော်တို ကွန်ထိုးဖြစ်နေလေတော့..ကွန်မန်း အမျိုးမျိုးပေးနေ တာလေ..အဲဒါကြောင့်အဲဒီကီးဘုတ်ကို ဖြုတ်ပြီး လက်ဝါးနှင့် ပုတ်ပြီး အသာလည်း ကွေးကွေး တွန့်ကြည့် ရင်းနှင့် ကီးဘုတ်ပြန်ကောင်းတတ်ပါတယ်..ကောင်းကိုလည်းကောင်းပါတယ်ဗျာ ကျနော်လုပ်သော အလုံးတိုင်းကောင်းနေတာတွေလို့ တင်ပြလိုက်ပါတယ်...
 
 နားမလည်ရင်မေးလို့ရပါတယ် စာတော့ကောင်းမရေးတတ်ဘူး ကူညီလိုတဲ့စေတနာတစ်ခုတည်းပါ။

Ref: myanmarfamily.org

သင့်လက်များဖြင့်



သင့်လက်များဖြင့်

စွမ်းအားကုန်ကာ ရေငတ်လာသော

မောရှာသူများ ခရီးသွားကို

ကြီးမားမေတ္တာ စေတနာဖြင့်

လှမ်းကာကမ်းကာ ရေတိုက်ပါသော်

အဟော်ဝတ ကောင်းလေစွ။
.

သင့်လက်များဖြင့်

အစားအစာ မွတ်သိပ်ရှာသော

ခမျာနွမ်းပါး ဆင်းရဲသားကို

သနားကြင်နာ ကျွေးမွေးပါသော်

အဟော်ဝတ ကောင်းလေစွ။
.

သင့်လက်များဖြင့်

သနားဖွယ်ရာ ကံဆိုးရှာသော

ရောဂါခံစား သူနာများကို

ထောက်ထားစာနာ ပြုစုပါသော်

အဟော်ဝတ ကောင်းလေစွ။ ။
.

(မင်းယုဝေ)

- Posted by River Syp

ဖျားနာသဖြင့် ဆေးသောက်ရာ ပါးစပ်မှ အမြှုပ်များထွက်ပြီး သေဆုံး



   အမျိုးသမီးတစ်ဦးသည် ဖျားနာနေသဖြင့် ဆေးသောက်ရာ ပါးစပ်မှအမြှုပ်များ ထွက်လာ ပြီး သေဆုံးခဲ့မှုတစ်ခု မင်္ဂလာဒုံမြို့နယ်တွင် ဇူလိုင် ၁ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲ တပ်ဖွဲ့မှူးရုံးက မှုခင်းသတင်း ထုတ်ပြန်သည်။သေဆုံးသူမှာ အသက် ၃၂ နှစ်အရွယ် မမော်မော် သန်းဖြစ်ပြီး သူမသည် မင်္ဂလာဒုံမြို့နယ် ကုန်းတလပေါင်းရွာ တွင်နေထိုင်သူဖြစ်သည်ဟု ရဲဌာန က မှတ်တမ်းတွင် အတည်ပြုထားသည်။ မမော်မော်သန်းသည် အဖျားတက်နေသဖြင့် အမျိုး အမည်မသိသော ဆေးကိုသောက်လိုက်ပြီး မကြာမီ ပါးစပ်မှအမြှုပ်များ ထွက်လာကြောင်း မျက်မြင်သက်သေများ၏ ထွက်ဆိုချက်ကို ရဲဌာနကမှတ်တမ်းတင်ထားသည်။ ထိုသို့ဖြစ်နေသည် ကို တွေ့ရှိသူများက ချက်ချင်းပင် မင်္ဂလာဒုံမြို့နယ်ပုလဲဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်ငြားလည်း သူမမှာ သေဆုံးသွားခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဆက်လက်ဖော်ပြထားသည်။ ယခုကိစ္စနှင့်ပတ် သက်ပြီး မမော်မော်သန်း သေဆုံးရခြင်း အကြောင်းရင်းမှန်ကိုသိရှိရန် အလောင်းကို ဆေးရုံ၌ စစ်ဆေးလျှက်ရှိပြီး ရဲအုပ်မြင့်အောင်က အမှုကို တာဝန်ယူကိုင်တွယ်နေသည်ဟု ဆိုသည်။ မင်္ဂ လာဒုံရဲစခန်းကလည်း အမှုကို သေမှုသေခင်းအမှတ်စဉ် ၁၁/၁၃ ဖြင့်ဖွင့်လှစ်ထားပြီး ဆက်လက် စုံစမ်းမှုများ လုပ်ဆောင်နေသည်။

ဇော်ဇော်ထွေး
by Mizzima - News in Burmese
Thit Htoo Lwin - Crime








ဖခင်အရင်းဖြစ်သူက သမီးနှစ်ဦးအား သားမယားပြုကျင့်

 
 
   ဖခင်အရင်းဖြစ်သူမှသမီးနှစ်ဦးအား သားမယားအဖြစ်ပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း မန်းတိုင်းဒေ သကြီးရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။ မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာတွင်ဖြစ်ပွား ခဲ့ပြီး အမှုဖြစ်စဉ်မှာပြီးခဲ့သောဇွန်လဆန်းပိုင်း က မ--------(၁၆ )နှ စ် နှင့် ညီမဖြစ်သူ မ-----တို့ .နှစ်ဦး နေအိမ်အပေါ်ထပ်တွင်အိပ်နေစဉ် ဖခင်အရင်းဖြစ်သူဦး---မှ မ----၏ပခုံးအား လှုပ်နှိုးပြီး မအော်နှင့်အော်လျှင်သတ်ပစ်မည်ဟု ချိန်းခြောက်ပြောဆိုကာ သားမယားအဖြစ်ပြုကျင့်ခဲ့သည်။
အမဖြစ်သူနှင့် ယောင်းမတော်သူတို့အားပြောပြရာ အစ်မဖြစ်သူမှာလည်း ဖခင်ဖြစ်သူဦး--က လွန်ခဲ့သော တစ်နှစ်ခန့်က သားမယားအဖြစ်ပြုကျင့်ခံခဲ့ရဘူးကြောင်း ဖခင်ဖြစ်သူ အားကြောက် ၍ မည်သူမှမပြောပြခဲ့ကြောင်း ၊သားမယားအဖြစ်ပြုကျင့်ခံရစဉ် ၀တ်ဆင်ခဲ့သည့်ထဘီနှင့်အတူ  အတွင်းခံဘောင်းဘီအားသိမ်းဆည်းထားပြီး မုံရွာမြို့တွင်နေထိုင်သူ ဦးလေးထံ ညီမနှစ်ဦးမှဖြစ် စဉ်အားပြောပြ၍ ဦးလေးဖြစ်သူမှ မကျေနပ်ကာ သားမယားပြုကျင့်ခံရသူ မ---မှ တရားလိုပြုလုပ်ပြီး ယခုလ ၃ ရက်နေ့တွင် တိုင်တန်းခဲ့ကြောင်း ရဲမှတ်တမ်းများမှသိရသည်။၎င်းအမှုအားတရားလိုနှင့်သက်သေထွက်ဆိုချက်များအရတရားခံမှာ .ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် အုန်းချောရဲစခန်းမှ (ပ)၈၃/၂၀၁၃ ပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်အရေးယူထားကြောင်း တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖိုးလပြည့်

Popular Myanmar News Journal

မန္တလေး NLD ဝင်များ ပါတီဥက္ကဌ ဒေါ်စုကို အာခံပြီ

မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)က အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ဆရာတော်များ စီစဉ်နေသော မျိုးစောင့်ဥပဒေ ပေါ်ထွက်ရေး အဆို ကို ထောက်ခံသည့် လှုပ်ရှားမှုတစ်ခု မန္တလေးခရိုင်လေးမြို့နယ်တွင် ဇွန်လ ၂၆ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ယင်းပါတီထံမှ သိရှိရသည်။“ကျွန်တော်တို့ မန္တလေး လေးမြို့နယ်မှာ မျိုးစောင့်ဥပဒေကို ထောက်ခံခြင်းနဲ့ တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက်တဲ့ Campaign လုပ်ပါတယ်။ ထောက်ခံကြောင်းနဲ့ ဆန့်ကျင်ရှုတ်ချကြောင်းပါတဲ့ စာရွက်တစ်သောင်းခန့် ဝေပါတယ်။”ဟု ယင်းပါတီ ကော်မတီဝင် မန္တလေးတိုင်းဒေသကြီး လူငယ်တာဝန်ခံ ဦးစည်သူအောင်က The voice သို့ ပြောကြားသည်။ယင်းပါတီမှ အဖွဲ့ဝင် အင်အား (၅၀)ခန့် ပုသိမ်ကြီး ၊ မဟာအောင်မြေ ၊ အောင်မြေသာစံ ၊ချမ်းမြသာစည်မြို့နယ်တို့ရှိ ဈေးနှင့် လူစည်ကားသည့် နေရာများတွင် ယင်းအစီအစဉ်ကို ပြုလုပ်ခဲ့ကြောင်း ၄င်းကဆိုသည်။ တိုင်းမ် မဂ္ဂဇင်း၏ ဖော်ပြချက် သည် နှစ်ပေါင်းထောင်ချီ၍ တည်တံ့ခိုင်မြဲလာသော မြန်မာနိုင်ငံသား အများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာအပေါ် အထင်အမြင်လွဲမှားစေပြီး လက်ရှိဆောင်ရွက်နေသည့် ဘာသာပေါင်းစုံညီညွှတ်ရေးအကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေမှုကို ထိခိုက်စေခြင်း၊ ဖြူစင်သန့်ရှင်း လွတ်လပ်ပွင့်လင်းသည့် မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းသော ဘာသာတရားကို အကြမ်းဖက်ဝါဒီအဖြစ် အရုပ်ဆိုး အကျည်းတန်အောင် ရေးသားချက်များအားလုံးကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ရဲဝံ့ပြတ်သားစွာ ရှုတ်ချကန့်ကွက်ကြောင်းနှင့် NDF ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အသီးသီးသို့ တင်ပြ၍ သဘောထား ကြေညာချက်တစ်ရပ် အမြန်ထုတ်ပေးရန် တင်ပြသွားမည့်အဆိုကို ကြိုဆိုပါကြောင်း ယင်းပါတီက ပြုလုပ်သည့် လှုပ်ရှားမှုတွင် ဖြန့်ဝေသောစာ၌ ဖော်ပြပါရှိသည်။
 
 
 
Ref: MMExpress

ဧရာဝတီရေတပ်စခန်း ဌာနချုပ်မှ စီမံကိန်းဟုဆိုကာ သိမ်းထားသည့် လယ်မြေများ ယခုနှစ်မှစ၍ ထွန်ယက်စိုက်ပျိုးခွင့် မပြုတော့ကြောင်း သိမ်းဆည်းခံ လယ်သမားများ ပြောကြား

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ရှိ ခနောင်ရွာမ ကျေးရွာနှင့် ခနောင်(မီးခြစ်စက်) ကျေးရွာရှိ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်မှ စီမံကိန်းဟုဆိုကာ သိမ်းထားသည့် လယ်မြေများပေါ်တွင် ယခင်က သီးစားချပေးခဲ့သော်လည်း ယခုနှစ်မှ စတင်၍ လယ်ယာထွန်ယက် စိုက်ပျိုးခွင့် မပြုတော့ကြောင်းကို သိမ်းဆည်းခံ လယ်သမားများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ခနောင်ရွာမ ကျေးရွာအုပ်စုရှိ လယ်သမား ၄၄ ဦး၏ လယ်မြေဧက ၅၀၀ ခန့်ကို ဧရာဝတီရေတပ်စခန်း ဌာနချုပ်မှ ၁၉၈၉ -၉၀ မှစတင်ကာ စီမံကိန်းအတွက်ဟု သိမ်းယူခဲ့ပြီး သိမ်းယူခဲ့စဉ်က လယ်ပိုင်ရှင်များကို ကရုဏာကြေးအဖြစ် တစ်ဧကလျင် ၃၅၀၀ ကျပ်နှုန်း ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါ လယ်မြေများပေါ်တွင် မူလလယ်ပိုင်ရှင်များကို တစ်ဧကလျှင် စပါး ၁၁ တင်းနှုန်းဖြင့် သီးစားချပေးခဲ့ပြီး ယခုနှစ်မှစတင်၍ လယ်ယာစိုက်ပျိုး လုပ်ကိုင်ခွင့် မပေးတော့ကြောင်းလည်း ဒေသခံ လယ်သမားများက ပြောကြားခဲ့သည်။

ခနောင်(မီးခြစ်စက်) ကျေးရွာမှ လယ် ၁၀ ဧက သိမ်းဆည်းခံခဲ့ရသော ဦးကြည်စိုးက ''ကျွန်တော်တို့ကို စီမံကိန်းစဖို့ဆိုပြီး လယ်တွေထဲကနေ ထွက်ခိုင်းတယ်။ အရင်နှစ်တွေတုန်းကတော့ သီးစားချပေးခဲ့လို့ လုပ်ကိုင်ခွင့်ရခဲ့တယ်။ တစ်ဧကကို စပါး ၁၁ တင်းကို ငွေသားနဲ့ ပေးချေခဲ့ရတယ်။ ဒီနှစ်ကစပြီး သီးစားလည်း ချမပေးဘူး။ လယ်ထဲမှာနေတဲ့ လူတွေကိုလည်း မောင်းထုတ်တယ်။ ထွန်ယက်ပြီး ပျိုးပင်ကြဲတော့လည်း ပျိုးပင်တွေကို ဖျက်ဆီးတာတို့ ကန်သင်းရိုးတွေကို မြေကော်စက်နဲ့ထိုးပြီး ဖျက်ဆီးတာတွေ လယ်တဲတွေကို ဖျက်ဆီးတာတွေ ရှိလာတယ်'' ဟု ဆိုသည်။

အဆိုပါ လယ်သိမ်းခံရမှု စိုက်ပျိုးမြေများ ဖျက်ဆီးခံရမှုများကြောင့် ဇူလိုင် ၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့တော် ခန်းမရှေ့တွင် သိမ်းဆည်းခံ လယ်သမား အယောက် ၂၀ ခန့်မှ ဆန္ဒပြခဲ့ကြပြီး လာမည့်ဇူလိုင် ၉ ရက်တွင်လည်း ထပ်မံဆန္ဒပြမည်ဖြစ်ကြောင်း ယင်းဒေသခံများက ပြောကြားခဲ့သည်။အဆိုပါ စီမံကိန်းလယ်မြေများပေါ်တွင် နေထိုင်သည့် လယ်သမားများအား ဇွန် ၅ ရက်နေ့က အပြီးပြောင်းရွေ့ခိုင်းခဲ့ပြီး ဇွန် ၇ ရက်တွင် စတင်ပြီး ကန်သင်းရိုးများကို ချိုးဖျက်ခြင်း၊ စိုက်ပျိုးမြေများပေါ်တွင် အုတ်များပုံထားခြင်း၊ ပျိုးပင်များကို ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်းနှင့် ဇူလိုင် ၃ ရက်တွင် ယင်းသိမ်းဆည်းထားသော လယ်မြေနယ်နမိတ်အစကို ခြံစည်ရိုး အုတ်တိုင်များ စိုက်ထူခြင်းများ ပြုလုပ်ခဲ့ကြောင်းကို လယ်သမားများ၏ ပြောကြားမှုအရ သိရသည်။

''ကျွန်တော်တို့ လယ်သမားတွေ စိုက်ပျိုးတဲ့အတွက် လယ်သမားတွေကို ပုဒ်မ ၄၄၇ နဲ့ ပျော်ဘွယ်ကြီးရဲစခန်းမှာ တရားစွဲထားပါတယ်။ အာမခံတော့ရပါတယ်။ စီမံကိန်း လယ်မြေတွေထဲက ဧက ၈၀ ကို လယ်သိမ်း ခံထားရတဲ့ လယ်သမား ၄၄ ဦးက လုပ်စားခွင့် ပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ အဲ့ဒီလုပ်စားခွင့်က တစ်နှစ်ထဲလို့ ပြောတယ်။ နှစ်ကုန်တာနဲ့ ကျွန်တော်တို့ကို ပြောင်းခိုင်းမှာပါ'' ဟု လယ် ၁၃ ဧက သိမ်းဆည်းခံခဲ့ရသည့် ခနောင်မီးခြစ်စက် ကျေးရွာမှ ဦးကိုကိုလေးက ပြောကြားသည်။

စီမံကိန်းဟုဆိုသော လယ်မြေများပေါ်တွင် ထွန်ယက်စိုက်ပျိုးမှုကို ခွင့်မပြုတော့ခြင်းနှင့် ပတ်သက်၍ အဆိုပါ မြေနေရာရှိ ရေတပ်တွင် တပ်ခွဲမှူးတာဝန် ထမ်းဆောင်နေသည့် ဗိုလ်ကြီးအဆင့် တာဝန်ရှိသူ တစ်ဦးက ''ဒီနေရာက တပ်ပိုင်မြေ ဖြစ်တဲ့အတွက် အပြင်လူတွေ ၀င်ရောက်ခွင့် မရပါဘူး။ ဒါကြောင့် လယ်ထွန်ယက် စိုက်ပျိုးတာကို ခွင့်မပြုတော့တာပါ။ အရင်ကတော့ စီမံကိန်း မစသေးတဲ့အတွက် သီးစားချထား ပေးခဲ့တယ်'' ဟု ပြန်လည် ဖြေကြားခဲ့သည်။
Ref: first-11

OSS အဖွဲ့မှ တရားဝင်သွင်းခွင့်ပေးထားသည့် Extra Cab ကားများကို Double Cab ဟုဆိုကာ ကညနမှ တားဆီးထား၍ တင်သွင်းသူများ အခက်ကြုံ

Double Cab ဟု တားဆီးခံရသည့် Extra Cab ကားတစ်စီးအား ဆိပ်ကမ်း၌ တွေ့ရစဉ်

ကညန ပါဝင်သည့် One Stop Services အဖွဲ့မှ တရားဝင် တင်သွင်းခွင့် ပေးထားသည့် Extra Cab ကားများကို Double Cab ဟုဆိုကာ ကညနမှ ပြန်လည် တားဆီးထားသည့်အတွက် ဆိပ်ကမ်းတွင် ထုတ်မရဘဲ တင်သွင်းသူများ အခက်အခဲမျိုးစုံ ကြုံနေရသည်ဟု သတင်းရရှိပါသည်။လုပ်ငန်းသုံးယာဉ် တင်သွင်းသူများ အနေဖြင့် One Stop Services အဖွဲ့မှ သတ်မှတ်ပေးထားသည့် မော်ဒယ်အတိုင်း လုပ်ငန်းသုံးယာဉ် တစ်မျိုးဖြစ်သည့် Extra Cab အမျိုးအစားများအား တင်သွင်းခဲ့ကြောင်း၊ မြန်မာနိုင်ငံ ဆိပ်ကမ်းသို့ ရောက်ရှိပြီးမှ အဆိုပါ Extra Cab ကားခေါင်းစဉ်အောက်တွင် မထည့်ဘဲ Double Cab ခေါင်းစဉ်အောက်တွင် ထည့်သည်ဟုဆိုကာ ကန့်ကွက်ထားသည့် အတွက် ကားထုတ်မရသည်မှာ နှစ်လကျော်အထိ ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ OSS အဖွဲ့မှ သတ်မှတ်ထားသည့် Pcik Up(2 Door), Extra Cab, Space Cab စာရင်းတွင် ဖော်ပြထားသည့် ၂၀၀၃ မော်ဒယ်မှ ၂၀၁၃ မော်ဒယ်အထိ ထိုင်းမှ တင်သွင်းခွင့်ပြုထားသည့် Nissan Navara၊ ၂၀၀၃ မော်ဒယ်မှ ၂၀၁၃ မော်ဒယ်အထိ ထိုင်းမှ တင်သွင်းခွင့်ပြုထားသည့် Ford Ranger၊ ၂၀၀၆ မော်ဒယ်မှ ၂၀၁၃ မော်ဒယ်အထိ ထိုင်းမှ တင်သွင်းခွင့် ပြုထားသည် Toyota Hilux Vigo(Extra Cab) များအား ဖော်ပြထားသည့် မော်ဒယ်၊ သတ်မှတ်ထားသည့် ဈေးနှုန်း၊ တင်သွင်းရမည့် နိုင်ငံနှင့် တင်သွင်းရမည့် အမျိုးအစားများအတိုင်း လိုင်စင်လျှောက်ထား တင်သွင်းခဲ့ကြသည်။လိုင်စင်လျှောက်ထား တင်သွင်းခဲ့သည့် အတိုင်း မော်ဒယ်၊ ဈေးနှုန်း၊ တင်သွင်းရမည့် နိုင်ငံ၊ ကားအမျိုးအစား ကွဲလွဲခြင်းမရှိဘဲ တင်သွင်းလာသော် လည်း မြန်မာနိုင်ငံ သို့ ရောက်ရှိလာသည့် အခါတွင်မူ အဆိုပါကားများအား Extra Cab မဟုတ်ဟုဆိုကာ တားဆီးခဲ့ခြင်း ဖြစ်ကြောင်း တင်သွင်းသူများ၏ ပြောကြားချက်အရ သိရှိရသည်။ 

စီးပွားကူးသန်းနှင့် အကောက်ခွန်ဦးစီး ဌာနတို့ဘက်မှမူ နိုင်ငံတကာတွင် Extra Cab အဖြစ်သတ်မှတ် ထုတ်လုပ်ထားခြင်း၊ လုပ်ငန်းသုံးဖြစ်ခြင်း၊ ခွင့်ပြုပေးထားသည့် အချက်များနှင့် ကိုက်ညီခြင်းတို့ကြောင့် တင်သွင်းလာသည့် Extra Cab များအဖြစ်ဖြင့်သာ ခွင့်ပြုပေးရန် အသင့်ရှိနေပြီး ကညနမှသာ ကန့်သတ်ခြင်း ဖြစ်သည်ဟု ကားလုပ်ငန်းရှင်များက ပြောကြားခဲ့သည်။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက''ဘယ်ကုန်စည်မဆို ခေတ်ကာလနဲ့လိုက်ပြီး သုံးတဲ့သူ အဆင်ပြေအောင် ကုမ္ပဏီတွေက ထုတ်ကြပါတယ်။ အခုလက်ရှိ သွင်းလာတဲ့ ကားတွေက Extra Cab အမျိုးအစား ဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ ခွင့်ပြုပေးဖို့ရှိတယ်။ ဒါပေမယ့် ဌာနသုံးခု ပေါင်းထားတဲ့ OSS ဖြစ်လို့ ဌာနတစ်ခုက ကန့်ကွက်ရင် ကျွန်တော်တို့လည်း မတတ်နိုင်ဘူး။ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ဈေးနှုန်း၊ မော်ဒယ်၊ အမျိုးအစား၊ နိုင်ငံ အကုန်တိကျတဲ့ အတွက်လည်း လိုင်စင်ပေးတာပါ'' ဟု ပြောပြခဲ့သည်။

Ref: first-11

ဝေဖန်မှုများ ရှိနေခဲ့သော်လည်း ပုံနှိပ်နှင့် ထုတ်ဝေခြင်း လုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က အတည်ပြု၊ သတင်းမီဒီယာ ကောင်စီမှ တင်ပြသော မီဒီယာဥပဒေကြမ်းပါ အချက်အချို့အား လက်မခံနိုင်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနက အကြောင်းပြန်ထား

ဇူလိုင် ၄ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်

ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲပြီး လွှတ်တော်သို့ တင်သွင်းခဲ့ကာ ဝေဖန်မှုများ ရှိနေသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ဇူလိုင် ၄ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြု လိုက်ကြောင်း သိရသည်။အတည်ပြုလိုက်သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ပယ်ဖျက်၊ ပြင်ဆင်၊ ဖြည့်စွက်ချက် အချက် ၂၄ ချက်ဖြင့် ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ခြင်း ဖြစ်ပါသည်။

လုံးဝပယ်ဖျက်လိုက်သော အချက်နှစ် အခန်း(၃) ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းများအတွက် လိုက်နာရန် စည်းကမ်းတွင် ပါဝင်သော ပုဒ်မ ၇၊ ပုဒ်မခွဲ(င)တွင်ပါဝင်သော ''ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အခြားတည်ဆဲ ဥပဒေများအရ ပြဋ္ဌာန်းချက်များကို ဆန့်ကျင် ဖောက်ဖျက်ရာရောက်သည့် အရေးအသား စာများထုတ်ဝေခြင်း'' နှင့် အခန်း(၅) ထုတ်ဝေစာများကို ပြည်တွင်းသို့ တင်သွင်းခြင်းနှင့် ပြည်ပသို့ တင်ပို့ခြင်း အခန်းတွင် ပါဝင်သော ပုဒ်မ (၁၂)''တရားမ၀င် ထုတ်ဝေစာအဖြစ် ကြေညာထားခြင်း မရှိသော်လည်း ပုဒ်မ ၇ ပါ သတ်မှတ်ချက် တစ်ရပ်ရပ်နှင့် ငြိစွန်းသည့် ထုတ်ဝေစာကို မည်သူမျှ ပြည်တွင်းသို့ တင်သွင်းခြင်း မပြုရ'' ဟူသော အချက်တို့ ဖြစ်ကြောင်း သိရပါသည်။

ထို့အတူ အခန်း(၇)ပြစ်မှုနှင့် ပြစ်ဒဏ်များ အခန်းတွင် ဖော်ပြခဲ့သော ပုဒ်မ ၂၀ ၊ ပုဒ်မ ၂၁ နှင့် ပုဒ်မ ၂၂ တို့တွင် ပါဝင်သော ထောင်ဒဏ်သတ်မှတ်ချက် အားလုံးကို ပယ်ဖျက်လိုက်ပြီး တားမြစ်ချက်များကို ဖောက်ဖျက်သူများ အနေဖြင့် မူလဥပဒေကြမ်းတွင် သတ်မှတ်ထားသော ငွေဒဏ်အတိုင်း ပေးဆောင်ရန် ပြင်ဆင်ခဲ့ပါသည်။အသစ်ဖြည့်စွက်ခဲ့သော အချက်များမှာ အခန်း(၃) ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းများအတွက် လိုက်နာရန် စည်းကမ်းတွင် ''မည်သူမဆို ပုဒ်မ ၇ ပါ စည်းကမ်းချက် တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို တရားမ၀င် ထုတ်ဝေစာအဖြစ် ကြေညာပေးနိုင်ရန် ၀န်ကြီးထံသို့ လျှောက်ထားနိုင်သည်''၊ အခန်း(၄) တရားမ၀င် ထုတ်ဝေစာအဖြစ် ကြေညာခြင်းအခန်း ပုဒ်မ ၈ တွင် ပုံနှိပ်သူ သို့မဟုတ် ထုတ်ဝေသူသည် မိမိ၏ ထုတ်ဝေစာကို တရားမ၀င် ထုတ်ဝေစာဟု ပုဒ်မ ၈ အရ ကြေညာခြင်း ခံရပါက မိမိ၏ ထုတ်ဝေစာသည် တရားမ၀င် ထုတ်ဝေစာ မဟုတ်ကြောင်း အဆုံးအဖြတ်ပေးရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သို့ လျှောက်ထားနိုင်သည်''၊ အခန်း (၇) ပြစ်မှုနှင့် ပြစ်ဒဏ်များ အခန်းတွင်'' ဤ ဥပဒေပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်သည်ဟု အဆိုရှိသော နေ့မှစ၍ (၁)နှစ်အတွင်း လျှောက်ထားခြင်း၊ အရေးယူခြင်း သို့မဟုတ် အမှုစွဲဆိုခြင်း ပြုရမည်''၊ အခန်း (၈) အထွေထွေ အခန်းတွင် ''ဤဥပဒေပါ မည်သည့်တားမြစ်ချက်ကမျှ တည်ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားတိုင်း၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ကို ပိတ်ပင်သည်ဟု မှတ်ယူခြင်း မရှိစေရ''၊ ''ဤဥပဒေအရ အရေးယူဆောင်ရွက်မှုများသည် နိုင်ငံသားတိုင်း၏ ဥပဒေနှင့်အညီ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ရေးသားဖြန့်ဝေခွင့်ကို မထိခိုက်စေရ''၊ ''မည်သူမဆို သီးခြားဥပဒေ ပြဋ္ဌာန်းထားခြင်း မရှိလျှင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းကို ရေဒီယိုရုပ်သံ ထုတ်လွှင့်လုပ်ငန်းနှင့် ပူးပေါင်းလုပ်ကိုင်ခွင့် မရှိစေရ'' နှင့် ''စတုထ္ထမဏ္ဍိုင် ဖြစ်သော သတင်းမီဒီယာများ၏ ဥပဒေနှင့်အညီ လွတ်လပ်စွာ ထင်မြင်ယူဆပိုင်ခွင့်၊ ထုတ်ဖော်ပိုင်ခွင့် အခွင့်အရေးကို မထိခိုက်စေရ'' ဆိုသည့် အချက်များ ဖြစ်ကြပါသည်။ 


မူလကတော့ အဲဒီ ဥပဒေကြမ်းကို ကန့်ကွက်ထားခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ ပြန်ညှိပြီး အဲဒီဥပဒေကြမ်းမှာ ကျွန်တော်တို့ ထည့်သွင်းလိုတဲ့ အချက်တွေ၊ ပြင်ဆင်လိုတဲ့ အချက်တွေ ပြောထားတာ ရှိပါတယ်။ အခုအတည်ပြုခဲ့တဲ့ ဥပဒေကြမ်းမှာ ကျွန်တော်တို့ တောင်းဆိုထားတဲ့ အချက်တွေပါမပါ ကျွန်တော်တို့ press council ကို အကြောင်း မပြန်သေးပါဘူး...



ထို့အပြင် ဥပဒေကြမ်းအခန်း(၂)ပုဒ်မ ၆ တွင်ပါဝင်သော ''ပုဒ်မ ၅ အရ လုပ်ငန်း အသိအမှတ်ပြု လက်မှတ်ကို ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း ခံရသော ပုံနှိပ်သူ သို့မဟုတ် ထုတ်ဝေသူသည် ၀န်ကြီးထံသို့ အယူခံပိုင်ခွင့် ရှိစေရမည်'' ဆိုသောအချက်အား ''ပုဒ်မ ၅ အရ လုပ်ငန်း အသိအမှတ်ပြု လက်မှတ်ကို ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းခံရသော ပုံနှိပ်သူ သို့မဟုတ် ထုတ်ဝေသူ သို့မဟုတ် သတင်းအေဂျင်စီသည် နိုင်ငံတော် သမ္မတထံသို့ အယူခံပိုင်ခွင့် ရှိစေရမည်'' ဟု ပြင်ဆင်ခဲ့သည်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ပြန်ကြားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့စဉ်က မီဒီယာအဖွဲ့အစည်း အသီးသီးနှင့် ဂျာနယ်လစ်များက ကန့်ကွက်ခဲ့ကြပြီး ထိုဥပဒေကြမ်းသည် သတင်းမီဒီယာ ကောင်စီမှ ရေးဆွဲနေသော မီဒီယာ ဥပဒေနှင့် စင်ပြိုင်ရေးဆွဲခဲ့ခြင်း၊ ဂျာနယ်လစ်များကို ထိန်းချုပ်ရန်အတွက် ရည်ရွယ်ခြင်းများ အပါအ၀င် ဥပဒေကြမ်း အခန်း(၃) ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းအတွက် လိုက်နာရန် စည်းကမ်းချက်များတွင် ပါဝင်သောပုဒ်မများ၊ အခန်း(၇)ပြစ်မှုနှင့် ပြစ်ဒဏ်များ အခန်းတွင် ပါဝင်သော ပုဒ်မများအပြင် ဥပဒေကြမ်းတွင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းနှင့် မသက်ဆိုင်သော ဖွင့်ဆိုချက်များကို ထည့်သွင်းခဲ့ခြင်းတို့ကို ဝေဖန်ကန့်ကွက်ခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ''ဒီဥပဒေက ကျွန်တော်တို့ press council က ရေးဆွဲထားတဲ့ ဥပဒေကြမ်း မဟုတ်ပါဘူး။ ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲထားတဲ့ ဥပဒေကြမ်း ဖြစ်ပါတယ်။ မူလကတော့ အဲဒီ ဥပဒေကြမ်းကို ကန့်ကွက်ထားခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ ပြန်ညှိပြီး အဲဒီဥပဒေကြမ်းမှာ ကျွန်တော်တို့ ထည့်သွင်းလိုတဲ့ အချက်တွေ၊ ပြင်ဆင်လိုတဲ့ အချက်တွေ ပြောထားတာ ရှိပါတယ်။ အခုအတည်ပြုခဲ့တဲ့ ဥပဒေကြမ်းမှာ ကျွန်တော်တို့ တောင်းဆိုထားတဲ့ အချက်တွေပါမပါ ကျွန်တော်တို့ press council ကို အကြောင်း မပြန်သေးပါဘူး။ ကျွန်တော်တို့ ဆွဲထားတဲ့ မီဒီယာ ဥပဒေကြမ်းကိုတော့ ပြည်သူ့လွှတ်တော်ကို တင်သွင်းထားပြီး ဖြစ်ပါတယ်'' ဟု သုံးသပ်ပြောကြားသည်။

ပြည်သူ့ခေတ်ဂျာနယ်၊ အယ်ဒီတာချုပ် ဦးဖေမြင့်က ''ပြန်ကြားရေးက ရေးဆွဲတင်သွင်းတဲ့ ဥပဒေကြမ်းပါ။ အဲဒီဥပဒေကို ပထမ ကန့်ကွက်ခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ ညှိနှိုင်းပြီး ပြင်ဆင်လိုတဲ့ အချက်တွေ ပြောထားတာ ရှိပါတယ်။ ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တောင်းဆိုထားတဲ့ အချက်က စိစစ်တဲ့စနစ်ကို မရှိစေချင်ဘူး။ အခုက ကြိုတင်စိစစ်တာတော့ မရှိတော့ဘူး။ ထုတ်ဝေပြီးမှ လိုက်စိစစ်ပြီး ထုတ်ဝေခွင့်ကို လိုက်ပိတ်တာမျိုးတွေ မရှိစေလိုပါဘူး။ ဒါ့ကြောင့် မှတ်ပုံတင်ဌာနကို မော်ကွန်းဌာနလို့ ပြောင်းလဲပေးဖို့ တောင်းဆိုထားတာတွေ ရှိပါတယ်။ မှတ်ပုံတင်ဌာနကို ထုတ်ဝေခွင့် ရုပ်သိမ်းတဲ့ လုပ်ငန်းတွေ မပါတဲ့ဌာနအဖြစ် တောင်းဆိုထားတာတွေ ရှိတယ်။ အဲဒါတွေ ဒီဥပဒေကြမ်းမှာ ပါ၊ မပါ ဆိုတာမသိဘူး'' ဟု သုံးသပ်ပြောကြားသည်။

သတင်းမီဒီယာ ကောင်စီမှ ပြန်ကြားရေး ၀န်ကြီးဌာနသို့ ရေးဆွဲပေးပို့ထားသည့် သတင်းမီဒီယာဥပဒေ (ဒုတိယမူကြမ်း)အပေါ် ပြန်ကြားရေး ၀န်ကြီးဌာနက လက်မခံနိုင်သည့် ပြဋ္ဌာန်းချက်(၁၇)ချက်နှင့် ပတ်သက်၍ ရှင်းလင်းချက် ပြန်လည်ပေးပို့ထားကြောင်း သတင်းမီဒီယာ ကောင်စီဝင် ဒေါက်တာ သိန်းမြင့်၏ ပြောကြားချက်အရ သိရသည်။

Ref: first-11