5.7.13

ကချင်ပြည်နယ် ကျေးရွာများ ပတ်ဝန်းကျင်တွင် တပ်မတော် စစ်ကြောင်းများမှ မိုင်းရှင်းလင်း ပေးခြင်း



ကချင်ပြည်နယ်မှာ ၂ဝ၁၁ခုနှစ်၊ ဇွန်လလောက်က စပြီး တပ်မတော်နဲ့KIA အဖွဲ့တို့တိုက် ပွဲများ ဖြစ်ပွား ခဲ့ကြတယ်။ KIA အဖွဲ့အနေနဲ့ တပ်မတော် စစ်ကြောင်းတွေ ဝင်ရောက် လာတာကို ကာကွယ်ဖို့ အတွက် ဒေသန္တရ မြေမြှုပ် မိုင်းတွေကို အများအပြား သုံးခဲ့ကြတယ်။

နယ်မြေအတွင်း မိုင်းထိ ပေါက်ကွဲလို့ အချို့ တပ်မတော်သားတွေနဲ့ ဒေသခံ ရွာသူရွာသားတွေ ကိုယ်လက်အင်္ဂါ ထိခိုက်ဒဏ်ရာ ရခဲ့သူ၊ အသက် သေဆုံးသူတွေ အများအပြား ရှိခဲ့တယ်။ ကျေးရွာ အများစုဟာလည်း နေရာ အနှံ့အပြားမှာ ရှိနေတဲ့ မြေမြှုပ်မိုင်းတွေရဲ့ အန္တရာယ်ကို စိုးရိမ်ပြီး အိုးအိမ်တွေ စွန့်ခွာလို့ ဒုက္ခသည် စခန်းတွေကို ရောက်ခဲ့ရတယ်။ အခုအချိန်မှာတော့ ကချင်ပြည်နယ် အတွင်းမှာ နှစ်ဖက်တပ်တွေ အပစ်အခတ် လျှော့ချပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေလည်း လုပ်ဆောင်နေပြီ ဖြစ်လို့ ဒုက္ခသည် စခန်းက ရွာသူ/ ရွာသားတွေဟာ မိမိတို့ရဲ့ ကျေးရွာ နေအိမ်တွေကို ပြန်လာနေကြပြီ ဖြစ်ပါတယ်။

ဒီအချိန်မှာ အရင်က KIA ထောင်ထားတဲ့ မိုင်းတွေဟာ ဒေသခံ ရွာသူ/ ရွာသားတွေ အတွက် အတားအဆီးတွေ ဖြစ်နေပါတယ်။ ၂ဝ၁၃ခုနှစ်၊ ဇွန်လ၁၅ ရက်နေ့မှာ နန်ဆန်ယန်ရွာက ကချင်တိုင်းရင်းသား တစ်ဦးဖြစ်သူ ဦးလဂျိကန် အသက်(၄၈)နှစ် တောင်ယာ သွားလုပ်တာ KIA ထောင်ထားတဲ့ မိုင်းထိပြီး သေဆုံးခဲ့ရတယ်။ ဒါကြောင့် ရွာသူ/ ရွာသားတွေ အန္တရာယ် ကင်းစွာနဲ့ ပြန်လည် နေထိုင်နိုင်ဖို့ တပ်မတော် စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့ဝင်တွေက ကျေးရွာအဝင် လမ်းတွေ၊ ရွာပတ်ဝန်းကျင် နေရာတွေကို မိုင်းရှင်းလင်းရေး လုပ်ငန်းတွေ ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိပါတယ်။

Ref: မြဝတီ

0 comments:

Post a Comment