ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

20.11.14

အမေရိကန်တွင် နှင်းမုန်တိုင်းကြောင့် သေဆုံးသူ ၇ ဦး ရှိပြီ


အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်အနောက်ပိုင်းမှာ ၃ ရက်အတွင်း တနှစ်လုံး ကျဆင်းလေ့ရှိတဲ့ နှင်းထု ပမာဏလောက် နှင်းကျခဲ့လို့ နိုဝင်ဘာ ၁၉ ရက်နေ့အထိ သေဆုံးသူ ၇ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။

ဒေသတွင်း နှင်းက ၅ ပေလောက်ထိ ကျခဲ့ပြီး ကားမောင်းသူတွေဟာ လမ်းပေါ်က သူတို့ကားထဲမှာ ညလုံးပေါက် နေခဲ့ရပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့ မနက်က နှင်းမုန်တိုင်း ခဏရပ်သွားပေမယ့် မကြာခင် နှင်းတွေပိုကျမယ်လို့ ခန့်မှန်းကြောင်း နယူးယောက် ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒရူး ကူအိုမိုကပြောပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့ ညမှာတော့ နှင်းပြန်ကျပြီး ၃ ပေထုထိ ရောက်မယ်လို့ သူက ဆက်ပြောပါတယ်။

ဆောင်းဦးနှင်းမုန်တိုင်းကြောင့် ဒေသတွင်းမှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပြီး လမ်းအများအပြားမှာ ကားမမောင်းဖို့ ပိတ်ပင်ထားသလို အီရီနဲ့ အွန်တေရီအိုရေအိုင်ကြီး တွေဆီကို သွားတဲ့လမ်းကိုလည်း ပိတ်ထားပါတယ်။

အရေးပေါ်ကားတွေနဲ့ နှင်းကျုံးယာဉ်တွေ အလုပ်လုပ်နိုင်ဖို့ ဒေသခံတွေ လမ်းတွေကနေ ဝေးဝေးနေဖို့လည်း အုပ်ချုပ်ရေးမှူးက တိုက်တွန်းပါတယ်။

“အိမ်ထဲမှာပဲနေပါလို့ပြောရင် တကယ်အိမ်ထဲမှာပဲ နေပါ၊ မလိုအပ်ဘဲ လမ်းပေါ်ထွက်ရင် အန္တရာယ်ရှိတယ်။ ဘယ်မှ ရောက်မှာမဟုတ်ပဲ နှင်းထဲမှာ ညပ်နေလိမ့်မယ်” လို့ ဆိုပါတယ်။

ဘတ်ဖဲလိုးမြို့တောင်ပိုင်းမှာတော့ နှင်းကျုံးကား ၁၈ စီးက အရေးပေါ်ဆေးဘက်အကူအညီတောင်းခံမှုကြောင့် သောင်တင်နေတဲ့ ကားတွေထဲက လူတွေကို ကယ်နေတယ်လို့ မြို့တော်ဝန် ဘီရွန်ဘရောင်းက ပြောပါတယ်။

အသက် ၄၆ နှစ် အရွယ် အမျိုးသားတယောက်ကတော့ နှင်းထုအနက် ၁၅ ပေအောက်က ကားထဲမှာ သေဆုံးနေတာ တွေ့ရပါတယ်။

နယူးယောက်ပြည်နယ်က မြို့နယ်ဆယ်ခုမှာ အရေးပေါ်အခြေအနေထုတ်ပြန်ထားပြီး မုန်တိုင်းသင့် ဒေသခံတွေကို ကူညီဖို့ အမျိုးသားအစောင့်တပ်ကို တာဝန်ချထားပါတယ်။

အမေရိကန်တောင်ပိုင်းပြည်နယ်တွေဟာလည်း အရင်အပတ်က ရော့ကီးတောင်တန်းကို ဖြတ်သန်းတိုက်ခတ်လာတဲ့ အာတိတ်ဒေသလေအေး စီးကြောင်းတွေကြောင့် စံချိန်တင် အေးခဲမှုဒဏ်ကို ခံခဲ့ရပါတယ်။

ဓာတ်ပုံ – ရိုက်တာ၊ အေအက်ဖ်ပီ

ထိုင်းရှေးဟောင်းပစ္စည်းများကို အမေရိကန် ပြန်လည်ပေးအပ်


အမေရိကန်သံတမန် ဒဗလျူ ပက်ထရစ် မာဖီနဲ့ ထိုင်းအရာရှိတွေ ဦးဆောင်ပြီး  ရှေးဟောင်း အနုပညာလက်ရာ ၅၀၀ ကျော်ကို ထိုင်းနိုင်ငံဆီ ပြန်ပေးတဲ့ အခမ်းအနားတရပ်ကို ဘန်ကောက်မြို့တော်မှာ နိုဝင်ဘာ ၁၉ ရက်နေ့က ကျင်းပပါတယ်။

Thai၂၀၀၈ ခုနှစ်က စီးနင်းမှုအပြီး သိမ်းဆည်းရမိတဲ့ ရှေးဟောင်း လူအသုံးအဆောင်ပစ္စည်း တွေကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က ဘိုဝါးစ်ပြတိုက်မှာ သိမ်းထားတာ တွေ့ခဲ့ပြီးတဲ့နောက် အောက်တိုဘာလမှာ ထိုင်းနိုင်ငံဆီကို သင်္ဘောနဲ့ ပြန်တင်ပို့ခဲ့တာပါ။

ဒီပစ္စည်းတွေဟာ ထိုင်းအရှေ့မြောက်ပိုင်းက ယူနက်စကိုက အသိအမှတ်ပြုတဲ့ လွန်ခဲ့တဲ့ အနှစ် ၅၀၀၀ က သမိုင်းမှတ်တမ်းတွေရှိရာ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘန်းချိုင် က လာတယ်လို့ ယုံကြည်ကြောင်း ထိုင်းအနုပညာဌာန လက်ကမ်းစာစောင်က ဆိုပါတယ်။

“ဒီတကြိမ် ပျောက်ဆုံးရှေးဟောင်းပစ္စည်းတွေ အမြောက်အမြားပြန်ရတာဟာ ထိုင်းအတွက် ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ ခိုးယူခံရှေးဟောင်း ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကို ဆက်လုပ်မှာဖြစ်ပြီး ကျူးလွန်သူတွေကိုလည်း တရားစီရင်မယ်။ လာမယ့် နှစ်မှာ တရားစွဲတာတွေ လုပ်မယ်”လို့ မာဖီက သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းယဉ်ကျေးမှုဝန်ကြီး ဝီရာရော့ပိုချနရတ်က ရှေးဟောင်းပစ္စည်း ပြန်လည်ပေးအပ်မှုကို ကြိုဆိုပြီး အမေရိကန်ရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ကြောင်း ပြောပါတယ်။

ပြန်ရလာတဲ့ ပစ္စည်းတွေကို တခြားသမိုင်းဝင် အနုပညာလက်ရာတွေနဲ့အတူ ဘန်ကောက်မြို့ စွန်က အနုပညာဌာန ကုန်လောင်ရုံထဲမှာ လောလောဆယ် သိမ်းဆည်းထားပါတယ်။

DVB

ဗလီ ၃ ခုတွင် ဖောက်ခွဲရေးပစ္စည်းများ တွေ့ရှိမှုဖြင့် လူ ၁၀၉ ဦးကို ကင်ညာရဲဖမ်းဆီး



ကင်ညာရဲတွေဟာ ဆိပ်ကမ်းမြို့ဖြစ်တဲ့ မွမ်ဘာဆာက ဗလီ ၃ ခုကနေ ဖောက်ခွဲရေး ပစ္စည်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က ရှာတွေ့ခဲ့တဲ့အတွက် သံသယရှိတဲ့ စစ်သင်တန်းတက်နေဆဲ လူ ၁၀၉ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

မြို့တော် နိုင်ရိုဘီနဲ့ အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်းတလျှောက် တိုက်ခိုက်မှုအတွဲလိုက် အတွက် ပြစ်တင်ခံနေရတဲ့ အစ္စလာမ္မစ် စစ်သွေးကြွကွန်ရက်ကို ဖြိုခွဲဖို့ ကင်ညာအစိုးရက ကြိုးစားနေတာပါ။

အယ်လ်ကိုင်းဒါးတွေနဲ့ ချိတ်ဆက်ထားတဲ့ ဆိုမာလီ အယ်လ်ရှာဘတ်အုပ်စုက တပ်သားသစ်တွေ အများအပြား စုဆောင်းနေတယ်လို့လည်း ပြောပါတယ်။

ရဲတွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ  ဗလီ ၂ ခုကို စီးနင်းခဲ့ပြီး စစ်သွေးကြွ လှုပ်ရှားမှု သက်သေတွေလို့ သူတို့က ပြောတဲ့ စာတွေနဲ့ လက်နက်တွေကို သိမ်းဆည်းခဲ့ပါတယ်။

နောက်နေ့မှာပဲ ဓားတွေ၊ တောခုတ်ဓားတွေ ကိုင်ဆောင်ထားတဲ့ လူငယ်တစုက လူ ၃ ယောက်ကို သတ်ခဲ့ပါတယ်။

.ဒေသခံရဲအုပ် ရစ်ချတ် ငါတီယာကတော့ စုံစမ်းစစ်ဆေးသူတွေက မွန်ဘာဆာရဲ့ မီနာဗလီမှာ တောခုတ်ဓား ၃ ချောင်းနဲ့ လက်ပစ်ဗုံးတလုံး တွေ့ပြီး ဆွာဖာဗလီမှာ ဗုံးတလုံးနဲ့ ဆယ်လီတာ ဓာတ်ဆီဗုံး ၂ လုံး တွေ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့က စတဲ့ စီးနင်းမှုတွေအတွင်း လူ ၃၇၆ ယောက်ကို ဖမ်းခဲ့ပြီး ၉၁ ယောက်ကိုတော့ သက်သေမရှိလို့ ပြန်လွှတ်ပေးခဲ့ရပါတယ်။

တရားသူကြီးတွေက လူ ၁၅၈ ယောက်ကို အယ်လ်ရှာဘတ်သူပုန်အဖွဲ့ဝင်တွေအဖြစ် စီရင်ချက်ချမယ်လို့ ပြောပြီး တခြားထိန်းသိမ်းခံတွေကို ဘာလုပ်ရမယ်ဆိုတာ စဉ်းစားနေဆဲလို့ ရဲတွေက ပြောပါတယ်။

အရှေ့အာဖရိကရဲ့ အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်တဲ့ ကင်ညာနိုင်ငံမှာ မလုံခြုံမှုတွေ ထိုးနှက်နေပြီး မနှစ်ကတော့ အနောက်နိုင်ငံတွေက ကင်ညာမြို့တော်နဲ့ ကမ်းရိုးတန်းဒေသကို ခရီးသွားသတိပေးချက် ထုတ်ပြန်ခဲ့လို့ တိုင်းပြည်ရဲ့ နိုင်ငံခြားဝင်ငွေရင်းမြစ်ကြီးဖြစ်တဲ့ ခရီးသွားလုပ်ငန်းကို ထိခိုက်ခဲ့ပါတယ်။

DVB

MH-17 လေယာဉ် အပျက်အစီးဓာတ်ပုံအသစ်များ ထပ်မံပေါ်ထွက်လာ


ခရီးသည် ၂၉၈ဦးတို့ အသက်ဆုံးရှုံးခဲ့ ရသည့် မလေးရှားလေယာဉ် MH-17 အတွင်း ပိုင်းအပျက်အစီးများကို တွေ့ရသည်ဆိုသော ဓာတ်ပုံအသစ်များ ပေါ်ထွက်လာရာ ရှာဖွေမှု များကို ဆက်လက်ပြုလုပ်နေသည်ဟု သိရ သည်။
ထိုလေယာဉ်သည် ယူကရိန်းဝေဟင် တွင် ဇူလိုင် ၁၇ရက်၌ပစ်ချခံခဲ့ရသည်။
ထိုလေယာဉ်ပစ်ချခံရမှုအတွက် Dutch Safety Board က စုံစမ်းစစ်ဆေးမှု ပြုလုပ် နေသည်။ လေယာဉ်အပျက်အစီးများကိုတွေ့ ရန် မျှော်လင့်ချက်ရှိသည်ဟု ထိုအဖွဲ့ကလွန်ခဲ့ သော ရက်အနည်းငယ်၌ ပြောကြားခဲ့သည်။
လေယာဉ်အပျက်အစီးများကိုရှာဖွေပြီး တွေ့ရှိရသောအပျက်အစီးများကို နယ်သာ လန်သို့ပို့ပေးရန် လေယာဉ်အပျက်အစီးများ ကိုလေယာဉ်ပစ်ချခံခဲ့ရသည့် နေရာဝန်းကျင် ၌တွေ့ရှိနိုင်မည်ဟု DSB က မျှော်လင့်ထား သည်။
လေယာဉ်အပျက်အစီးများကို ရှာဖွေ စုဆောင်းသည့်အလုပ်သည် ရက်အတန်ကြာ အချိန်ယူရမည်ဟု DSB က ဆိုသည်။ ရှာ ဖွေတွေ့ရှိသည့် အပျက်အစီးများကို ယူကရိန်း ရှိခါကော့ဗ်မြို့သို့ပို့ပြီး နောက်ဆုံးတွင် နယ် သာလန်သို့ပို့မည်ဟု သိရသည်။
ထိုလေယာဉ်၏ သေတ္တာနက်ကို အစော ပိုင်းကပင်တွေ့ရှိခဲ့ပြီး ယင်းကိုယူကေလေ ကြောင်း မတော်တဆမှု စုံစမ်းစစ်ဆေးရေး ဌာနခွဲ(AAIB) က စစ်ဆေးပြီးနောက်ြှီ သို့လွှဲပြောင်းပေးခဲ့သည်။ AAIB သည် ယူကေ၊ ဟမ်ရှိုင်းယားနယ်ရှိဖန်းဘိုရို မြို့တွင်ရှိသည်။
MH-17 သည် ဇူလိုင် ၁၇ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၁နာရီ မိ နစ် ၂ဝအထိ ပုံမှန်အတိုင်း ပျံသန်းနေသည်ဆိုသည်ကို သေတ္တာနက်က ပြသည်ဟု စက်တင်ဘာလ ပဏာမ အစီရင်ခံစာတွင် ဖော်ပြထားသည်။
လေယာဉ်အပျက်အစီးများကို နေရာ အနှံ့အပြားတွင် မြေကြီးထဲသို့ စူးဝင်နေသည် ဟု DSB က ဆိုသည်။
လေယာဉ်ပျက်ကျ ပြီးနောက်တစ်နှစ်အကြာတွင် လေယာဉ် ပျက်ကျမှု စုံစမ်းစစ်ဆေးတွေ့ရှိချက်နှင့် လေယာဉ်ပျက်အစအနများတွေ့ရှိမှုအစီရင် ခံစာရေးသားပြီး ပုံနှိပ်ထုတ်ဝေမည်ဟု DSB က ဆိုသည်။

Ref: Daily Mail

ဟောင်ကောင်ပါလီမန်ထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်ပဋိပက္ခဖြစ်


ဟောင်ကောင်မြို့လယ် အချက်အချာကျသော နေရာရှိ ဒီမိုကရေစီ သပိတ်စခန်းကို ရဲနှင့် အာဏာပိုင်များက ရှင်းလင်းဖယ်ရှားစဉ်က ဆန္ဒပြသူများက ငြိမ်းချမ်းစွာ တုံ့ပြန်ခဲ့ကြသော်လည်း ဟောင်ကောင်ပါလီမန် ပိုင်နက်ထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းသည့် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ ဗုဒ္ဓဟူးနေ့က ထိပ်တိုက် ပဋိပက္ခ ဖြစ်ပေါ်ခဲ့ကြောင်း VOA သတင်းဌာနက ရေးသားဖော်ပြသည်။

ယမန်နေ့က တရားရုံးတော်၏ အမိန့်အရ ရက်သတ္တပတ်များစွာ ဒီမိုကရေစီ အင်အားစုများနှင့် ကျောင်းသားခေါင်းဆောင်များ သိမ်းပိုက်ထားသော မြို့လယ်ရှိ သပိတ်စခန်းကို ရဲတပ်ဖွဲ့ဝင်များက စတင် ရှင်းလင်းဖယ်ရှားခဲ့ရာတွင် ဆန္ဒပြသူများက အေးချမ်းစွာပင် ရှောင်ဖယ်သွားခဲ့ကြောင်း၊ သို့သော် နောက်တစ်နေ့ ဆန္ဒပြသူများက ပါလီမန်လွှတ်တော်ထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းရာ၌ ရဲများနှင့် ထိပ်တိုက်တွေ့ကာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြကြောင်း အာဏာပိုင်များနှင့် ဆန္ဒပြသူများက ဆိုသည်။

ဆန္ဒပြသူများက ဥပဒေပြုလွှတ်တော် အဆောက်အအုံ၏ ပြတင်းပေါက် မှန်များကို ဖျက်ဆီးဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော် ဆန္ဒပြသူ မည်မျှ အဆောက်အအုံထဲသို့ ဝင်ရောက်သွားနိုင်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ၎င်းတို့ကဆိုသည်။

ရဲတပ်ဖွဲ့ဝင်များကလည်း နံပါတ်တုတ်များ၊ ငရုတ်ကောင်းရည် ဖျန်းဆေးများ အသုံးပြုကာ လူစုခွဲရန် ကြိုးပမ်းခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့် ပါဝင် နှိမ်နင်းခဲ့ကြသည်။

အဆိုပါ ရုန်းရင်းဆန်ခတ် ဖြစ်ရပ်အတွင်း ဆန္ဒပြသူလေးဦး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် သုံးဦး ဒဏ်ရာရရှိသွားသည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ဒီမိုကရေစီ လိုလားသော ဥပဒေပြုအမတ် အချို့နှင့် ဆန္ဒပြခေါင်းဆောင်များက ကန့်ကွက်ပြောဆိုပြီး ဆန္ဒပြသူများ အနေနှင့် အကြမ်းမဖက်၊ ငြိမ်းချမ်းစွာ ဖြေရှင်းသည့် နည်းလမ်းကို ဆက်လက်ကျင့်သုံးသွားကြရန် တိုက်တွန်းသည်။

ဆန္ဒပြမှုကို ဦးဆောင်ခဲ့သည့် ကျောင်းသားခေါင်းဆောင် ဂျိုဆာဝေါင်က ၎င်းတို့အနေနှင့် ရဲများနှင့် ခိုက်ရန်မဖြစ်ပွားကြရန် ဆန္ဒပြသူများကိုညွှန် ကြားထားပြီး ဖြစ်သည်ဟုပင် ဆိုခဲ့သေးသည်။

မကြာသေးခင် ရက်ပိုင်းအတွင်း ဟောင်ကောင်တက္ကသိုလ်က ပြုလုပ်ခဲ့သော စစ်တမ်းတစ်ရပ်အရ ဟောင်ကောင်ပြည်သူ သုံးပုံနှစ်ပုံကျော်ခန့်က အချက်အချာကျသော နေရာများကို ပိတ်ဆို့ကာ သပိတ်စခန်း ဖွင့်ထားမှုအား အဆုံးသတ်စေလိုကြောင်း သိရသည်။

The Voice Weekly

ရွေးကောက်ပွဲသည် ငွေကြေးဖြုန်းတီးမှု ဖြစ်သည် ဆိုသည့် ဝေဖန်ချက်များကို ဂျပန်အစိုးရ ခုခံပြောကြား

အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ကုန်ကျမည့် အထွေထွေ ရွေးကောက်ပွဲတစ်ရပ်ကို သတ်မှတ်ကာလထက် နှစ်နှစ်ခန့် စော၍ ပြုလုပ်ရန် စီစဉ်နေခြင်းသည် ငွေကြေးဖြုန်းတီးမှုပင်ဖြစ်သည်ဆိုသော စွဲချက်များကို ဂျပန်အစိုးရက နိုဝင်ဘာ ၁၉ ရက်၌ ပြန်လည် ချေပ ပြောကြားခဲ့ သည်ဟု သိရသည်။

နိုင်ငံတွင် ကုန်ရောင်းခွန် တိုးမြှင့်မည့် ကိစ္စရပ်ကို ရပ်ဆိုင်းထားပြီး ယင်းကိစ္စကို အတည်ပြုချက်ရနိုင်ရန်အတွက် ရွေးကောက်ပွဲ တစ်ရပ်ကို
ကျင်းပသွားမည်ဟု ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။ ၎င်းက အခွန်တိုးမြှင့်ရေး ကိစ္စရပ်သည် ပါလီမန် ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံတွင် အရေးကြီးသော ကိစ္စတစ်ခုဖြစ်သည်ဟု ပြောကြားသည်။

“ကျွန်တော်တို့ဟာ ပြည်သူတွေရဲ့ နေ့စဉ် လူနေမှုဘ၀တွေနဲ့ သူတို့ ရဲ့ စီးပွားရေးတွေနဲ့ သက်ဆိုင်တဲ့ အရေးကြီး ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရမှာဖြစ်တဲ့အတွက်ကြောင့် လုပ်ပိုင်ခွင့် အသစ်တစ်ခုကို ရယူသင့်တယ်လို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါတယ်၊ ကိုယ်စားပြုတောင်းဆိုချက်တွေ မရှိပဲနဲ့တော့ အခွန်စည်းကြပ်မှုတွေ ရှိမှာမဟုတ်ပါဘူး” ဟု အာဘေးက ပြောကြားသည်။

သို့ရာတွင် ထိုကဲ့သို့ ရွေးကောက်ပွဲ ကျင်းပရန်စီစဉ်ခြင်းသည် ငွေကြေးဖြန်းတီးမှုသာဖြစ်သည်ဟု ဝေဖန်မှုများ ရှိခဲ့ပြီး နိုင်ငံ၏များပြားလှသော
ကြွေးမြီများနှင့်အတူ ပြီးခဲသည့်သုံးနှစ်တာက ဆူနာမီ ရေလှိုင်းဒဏ်ခံခဲ့ရသော ဂျပန် ကမ်းရိုးတန်းတွင် ပျက်ဆီးနေဆဲ အခြေအနေများအပေါ် ပြည်သူများက ထောက်ပြခဲ့ကြသည်။

“ အစိုးရ အနေနဲ့ ရွေးကောက်ပွဲမှာ ယန်းငွေ ၆၀ ဘီလီယံ (ကန်ဒေါ်လာ ၁၂ သန်း) ကို သုံးစွဲဖို့ထက် စီးပွားရေး မူဝါဒတွေကိုသာ
ချမှတ်လုပ်ဆောင်သွားသင့်ပါတယ်” ဟု အတိုက်အခံ ပါတီငယ် တစ်ခုဖြစ်သော Your ပါတီ၏ အကြီးအကဲ ကိုင်ချီရို အာဆိုကပြောသည်။ ထို့ပြင် ၂၀၁၁ ဆူနာမီလှိုင်းဒဏ်ကြောင့် ဆိုးရွားစွာ ထိခိုက်ပျက်ဆီးခဲ့သော ဒေသတစ်ခုဖြစ်သည့် လွာတီ စီရင်စုနယ်မှ အုပ်ချုပ်ရေးမှူး တာကူယာ တက်ဆိုကလည်း အစိုးရ၏ ယခု ဦးစားပေး သတ်မှတ်ချက်များ လွဲမှားနေသည်ဟု ပြောသည်။ “ စီးပွားရေးဖွံဖြိုး တိုးတက်အောင် တွန်းအားပေးဆောင်ရွက်ဖို့ လိုအပ်နေဆဲဖြစ်တဲ့ အချိန်တစ်ခုမှာ နိုင်ငံရေး အခင်းအကျင်းတစ်ခုကို ဖန်တီးတာမျိုးကို မလုပ်သင့်ပါဘူး” ဟု ၎င်း ကပြောသည်။

သို့ရာတွင် ဝန်ကြီးချုပ် အာဘေးတွင် ထိုကဲ့သို့ ရွေးကောက်ပွဲကို စောစီးစွာကျင်းပရန် အခွင့်အရေးရှိနေသည်ဟု ဂျပန် အစိုးရအဖွဲ့၏ အတွင်းရေးမှူးချုပ် ယိုရှီဟိုက် ဆူဂါ က သတင်းထောက်များကို ပြောသည်။ “အောက်လွှတ်တော် ဖျက်သိမ်းပြီး ရွေးကောက်ပွဲသစ် လျင်မြန်စွာခေါ်ယူကျင်းပဖို့ကို ကျွန်တော်တို့ရဲ့ဖွဲ့စည်းပုံထဲမှာလည်း ပြဌာန်းထားပါတယ်၊ ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ သူ့ကို ထောက်ခံသူတွေဆီက အထင်အမြင်တွေကို မေးမြန်းဖို့လုပ်တာဟာ သဘာဝကျတယ်လို့ ကျွန်တော် မြင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ယင်းနိုင်ငံတွင် ပြီးခဲ့သည့် အစိုးရလက်ထက်က ပါလီမန်၏ ထောက်ခံချက်ဖြင့် ရေးဆွဲခဲ့သည့် တန်ဖိုးပေါင်းထည့် အခွန်သတ်မှတ်ချက် VAT ကို ဒုတိယအကြိမ် တိုးမြှင့်ရန် အတွက် အာဘေးက ရပ်ဆိုင်းထားခြင်းဖြစ်သည်။ ဧပြီလက ယင်းအခွန်သတ်မှတ်ချက်ကို ပထမအကြိမ် တိုးမြှင့်ခဲ့ပြီးနောက်ပိုင်း သုံးစွဲသူများကို အထိတ်တလန့်ဖြစ်စေခဲ့သည်။ ယင်းအတွက်ကြောင့် ၎င်းတို့၏ ငွေကြေးသုံးစွဲမှုများကို ထိန်းချုပ်ခဲ့ခြင်းကြောင့် နိုင်ငံ၏ စီးပွားရေးတွင် များစွာကျဆင်းခဲ့ရသည်။

Mizzima

မာဖီးယားဂိုဏ်းများ၏ မဟာမိတ်သစ္စာဆိုပွဲ လျှို့ဝှက်ရုပ်သံဖိုင် အီတလီရဲ ဖြန့်ချိ

အီတလီရဲတွေဟာ လျှို့ဝှက် လုံခြုံရေးကင်မရာက ရိုက်ကူးထားတဲ့ မာဖီးယား ရာဇဝတ်ဂိုဏ်းတွေရဲ့ မဟာမိတ်သစ္စာဆိုပွဲ ရုပ်သံဖိုင်ကို ပထမဆုံးအကြိမ်အဖြစ် ဖြန့်ချိလိုက်ပါ တယ်။

Italyအီတလီမြောက်ပိုင်း ဘရိုင်ယန်ဇာမြို့နားမှာ ရိုက်ကူးထားတာ ဖြစ်ပြီး ဒရန်ဂေတာ ရာဇဝတ်ဂိုဏ်းနဲ့  တခြားဂိုဏ်းအတော်များများက အဖွဲ့ဝင်တွေ ပါတယ်လို့ ယုံကြည်ရပါတယ်။ အဖွဲ့ဝင်တွေကြား မြင့်မြတ်တဲ့ လူ့အဖွဲ့အစည်း ဖွဲ့စည်းရေး သစ္စာဆိုနေတာဖြစ်ပြီး ဒီရုပ်သံက ၁၇ နှစ်ရှိပြီလို့ ရဲက ပြောပါတယ်။

ဂိုဏ်းခေါင်းဆောင်လို့ သံသယရှိသူက ကျမ်းကျိန်ပွဲကို ခေါင်းဆောင်ရင်း ဆွေမျိုး ၇ ဆက်အတွက် အရာရာကို စွန့်လွှတ်တယ်လို့ ကျိန်ဆိုတယ်။ ရာဇဝတ်ဂိုဏ်းဟာ မြင့်မြတ်တဲ့ အဖွဲ့အစည်းအဖြစ် သိပါစေလို့ ပြောခဲ့ပါတယ်။

လရောင်နဲ့ ကြယ်အလင်းရောင်အောက်မှာ မြင့်မြတ်တဲ့ကွင်းဆက်ကို ဖွဲ့စည်းတယ်လို့ လည်း ဆိုပါတယ်။

ဂိုဏ်းရဲ့ကျင့်ဝတ်စည်းမျဉ်းကို သွေဖည်ရင် အဖွဲ့သားတွေ ကိုယ့်ကိုယ်ကိုယ် သတ်ရမယ်လို့ အဖွဲ့သားသစ်တွေကို အသိပေးတယ်လို့လည်း ဆိုပါတယ်။

အီတလီနိုင်ငံရဲ့ ကာလာဘရီယာဒေသတောင်ပိုင်းဟာ ဒရန်ဂေတာဂိုဏ်းရဲ့ ဇာတိမြေပါ။ ဒီဂိုဏ်းဟာ ကမ္ဘာတလွှား ကွန်ရက် ဖြန့်ကြက်ထားတဲ့ ကမ္ဘာ့အန္တရာယ် အကြီးဆုံး ရာဇဝတ်ဂိုဏ်းတွေထဲက တခု ဖြစ်ပါတယ်။ ဒီရုပ်သံရဲ့ အကျိုးဆက်အနေနဲ့ လူ ၃၈ ယောက် အဖမ်းခံခဲ့ရပါတယ်။

DVB

မယ်ကမ္ဘာပြိုင်ပွဲ ဝင်ပြိုင်မည့် ဟွန်ဒူးရပ်စ် အလှမယ် အသတ်ခံရ

လန်ဒန်မှာ ကျင်းပမယ့် မယ်ကမ္ဘာပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ရက်ပိုင်းအလိုမှာ ပျောက်ဆုံးနေတဲ့ ဟွန်ဒူးရပ်စ် အလှမယ်ကို သူ့ညီမနဲ့အတူ အသတ်ခံထားရတာကို ပြန်တွေ့ပြီလို့ ရဲက နိုဝင်ဘာလ ၁၉ ရက်နေ့က ပြောပါတယ်။

အသက် ၁၉ နှစ်အရွယ် မာရီယာ ဟိုဆေး အယ်လ်ဗာရာဒိုကို သူ့ညီမ ဆိုဖီယာနဲ့အတူ တောင်ထူတဲ့ စန်တာဘာဘရာဒေသ မြစ်တခုဘေးမှာ မြုပ်ထားတာ တွေ့ခဲ့တာလို့ ရာဇဝတ်မှု စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ခေါင်းဆောင် လေအန်ဒရို အိုစိုရီယိုက ပြောပါတယ်။

သူတို့နဲ့ အတူ လူသတ်ပစ္စည်းနဲ့ သူတို့ကိုမြုပ်မယ့်နေရာကို သယ်လာတဲ့ ကားတို့နဲ့အတူ တွေ့ခဲ့တာလို့ အာဏာပိုင်တွေက မီဒီယာကို ပြောပါတယ်။ ဒီရာဇဝတ်မှုကို အလှမယ်ရဲ့ ညီမဖြစ်သူရဲ့ ရည်းစား ပလူတာကို ရူးအိစ်က လုပ်ခဲ့တာလို့ ပြည်ထဲရေးဝန်ကြီး အာတူရို ကော်ရေးစ်က ဟွန်ဒူရပ်စ်မီဒီယာကိုပြောပါတယ်။

ရဲတွေက ရူးအိစ်နဲ့ အာရစ် မာလ်ဒိုနာဒိုလို့ခေါ်တဲ့ တခြားယောက်ျားတယောက်ကို နိုဝင်ဘာ ၁၈ ရက်နေ့က ပစ္စတိုသေနတ် ၂ လက်နဲ့အတူ ဖမ်းခဲ့ပါတယ်။

“ပါတီပွဲမှာ သူတို့ညီအမနဲ့ အနီးဆုံးမှာ ရှိတဲ့လူအဖြစ် စဉ်းစား ဖော်ထုတ်နိုင်ခဲ့တယ်၊ ဒီအမှုကို နက်နက်ရှိုင်းရှိုင်း စုံစမ်းစစ်ဆေးနေတုန်းပဲ” လို့ ဒုရဲမင်းကြီး ရိုလန်ဒို ကက်စ်ကိုက ပြောပါတယ်။

ဟွန်ဒူးရပ်စ်အလှမယ်ဟာ ဧပြီလက မယ်ကမ္ဘာပြိုင်ပွဲဝင်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ သံတမန် ဖြစ်ချင်သူ ကျောင်းသူတယောက်ပါ။

ဟွန်ဒူးရပ်စ်နိုင်ငံဟာ ကမ္ဘာ့လူသတ်မှု အမြင့်ဆုံးနိုင်ငံတွေထဲက တနိုင်ငံပါ။ လူအယောက် ၁ သိန်းမှာ အယောက် ၉၀ အသတ်ခံရလေ့ရှိပြီး ဗင်နီဇွဲလား၊ ဘေလိုက်ဇ်နဲ့ အယ်လ်ဆာဗေဒို နိုင်ငံတွေရဲ့ လူသတ်မှုနှုန်းထက် ၂ ဆ ရှိပါတယ်။

ဆင်းရဲနွမ်းပါးတဲ့ အလယ်အမေရိကနိုင်ငံ ဟွန်ဒူးရပ်စ်အထဲကို မက်ဆီကို မူးယစ်ဂိုဏ်းတွေ လတ်တလောနှစ်တွေအတွင်း နယ်ချဲ့ခဲ့တာပါ။ တောင်အမေရိကက ကိုကင်းတွေ အမေရိကန်နိုင်ငံဆီ တင်ပို့ ကုန်ကူးခဲ့လို့ အကြမ်းဖက်မှုတွေ ပိုတိုးလာခဲ့ပါတယ်။

DVB

လူဝင်မှုကြီးကြပ်ရေး အောက်ခြေသိမ်းပြောင်းလဲမှု အိုဘားမားကြေညာမည်

သမ္မတရဲ့အမိန့်နဲ့ လူဝင်မှုကြီးကြပ်ရေး ပြောင်းလဲမှုဆိုင်ရာ အသေးစိတ် အချက်အလက်တွေကို အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား က ကြာသပတေးနေ့မှာ ထုတ်ပြန်ကြေညာဖို့ရှိတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ပြုပြင်ပြောင်းလဲရေး ပေါ်လစီတွေနဲ့ ပတ်သက်လို့ သူ့ရဲ့အစီအစဉ်တွေကို သမ္မတက နိုင်ငံကို ကြာသပတေးနေ့ နှောင်းပိုင်းမှာ မိန့်ခွန်းပြောကြားမှာဖြစ်တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ Josh Earnest က ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။

မစ္စတာ အိုဘားမားရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေဟာ ခြုံငုံပြည့်စုံမှာဖြစ်ပြီး နယ်စပ်လုံခြုံရေး အရေးယူ ဆောင်ရွက်မှုတွေလည်း ပါဝင်မယ်လို့ အမေရိကန် အမိမြေ လုံခြုံရေးဌာန၀န်ကြီး Jeh Johnson က သတင်းထောက်တွေကို ပြောပါတယ်။ လူဝင်မှုကြီးကြပ်ရေး ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်လို့ အထက်လွှတ်တော်က အတည်ပြုခဲ့ပေမဲ့ အောက်လွှတ်တော်က ဆက်လက် အရေးယူဆောင်ရွက်ခြင်း မရှိခဲ့တဲ့အတွက် ဒီနှစ်မကုန်မီ လူဝင်မှုကြီးကြပ်ရေး ပြောင်းလဲမှုတွေကို သမ္မတအနေနဲ့ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မစ္စတာ အိုဘားမားက ကတိပေးခဲ့တာ ဖြစ်ပါတယ်။

သမ္မတကြေညာမယ့် အစီအစဉ်မှာ နိုင်ငံတွင်း တရားမ၀င် ရောက်ရှိနေကြသူ ၅ သန်းကို ပြည်နှင်ဒဏ်ပေးမယ့် အလားအလာကို ပယ်ဖျက်ပေးမှာဖြစ်ပြီး နယ်စပ်လုံခြုံရေး တိုးမြှင့်ကာ နိုင်ငံတွင်း ကလေးဘ၀ကတည်းက တရားမ၀င် ရောက်ရှိနေကြသူတွေကိုလည်း အထောက်အကူ တိုးမြှင့်ပေးမယ့် အစီအစဉ် ပါဝင်မယ်လို့ အနည်းဆုံး သတင်းဌာနတခုက ဖော်ပြခဲ့ပါတယ်။

VOA