ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

29.6.13

၁၁ နှစ်ကျော်ကြာ ကျောင်းမလာတဲ့ ရခိုင်က ဆရာမ ရာထူး တိုးခံရ

ရခိုပြည်နယ် တောင်ကုတ်မြို့နယ် ဘူးရွှေမော်ကျေးရွာ မူလွန်ကျောင်းတွင် တာဝန်ကျနေသော မူလပြ ဆရာမ တစ်ဦးသည် တာဝန်ကျနေသည့် ၁၁ နှစ်ကျော် အချိန်ကာလအတွင်း တစ်ကြိမ် တစ်ခါမျှ ကျောင်း သို့ ရောက်မ လာသော်လည်း ယခုအခါ သူမအား သက်ဆိုင်ရာမှ မူလတန်းဆရာမ အဖြစ်မှ အလယ် တန်းပြ ဆရာမ အဖြစ်သို့ ရာထူး တိုးမြှင့်လိုက်ကြောင်း သတင်း ရရှိသည်။

ဇွန်လ ၂၂ ရက်နေ့က ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ မူလွန်ကျောင်း၊ ဘူးရွှေမော်ကျေးရွာ တောင် ကုတ်မြို့နယ်မှ ပညာရေးမှူးထံသို့ တိုင်ကြားစာ ရေးသားပေးပို့ရာတွင် မူလတန်းပြ ဆရာမ ဒေါ်ကြည်ကြည်ရွှေသည် မူလတန်း ဆရာမအဖြစ်မှ အလယ်တန်းပြ ဆရာမ အဖြစ်သို့ ရာထူး တိုးမြှင်ခံခဲ့ရသည့် (၁၁) နှစ် အချိန် ကာလအတွင်း တစ်ကြိမ် တစ်ခါမျှ ကျောင်းကို မရောက်လာ ခဲ့ကြောင်း ဖေါ်ပြသည်။ ယခု ကျောင်းမှာလည်း မူလတန်း အဆင့်မှ မူလွန်ကျောင်း အဖြစ်သို့ တိုးမြှင့် ခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။

တိုင်ကြားသည့် စာထဲတွင် တောင်ကုတ် မြို့နယ် ဘူးရွှေမော် ကျေးရွာ မူလွန်ကျောင်းကို ယခုအခါ ဖွင့်လှစ် သင်ကြားနေပါကြောင်း၊ ဆရာကြီိး အဆက်ဆက် ပြောင်းခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခုလက်ရှိ ဆရာကြီးမှာ ဦးမြင့်ဆွေ ဖြစ်ပါကြောင်း၊ မူလတန်း ဆရာမများမှာ ဒေါ်အေးအေးနိုင်၊ ဒေါ်ခင်မာလွင်၊ ဒေါ်စန္ဒာစိုး တို့ ဖြစ်ကြပြီး အ.လ.ပြ ဆရာမများမှာ ဒေါ်ညိုကြည်၊ ဒေါ်သန်းသန်းဆွေ၊ ဒေါ်ကြည်ကြည်ရွှေ တို့ ဖြစ် ပါကြောင်း၊ ယခုအခါ မောင်တောမြို့နယ်မှ အလပြ ဆရာ တစ်ဦးဖြစ်သူ ဦးတင်မြင့်မှာ ဘူးရွှေမော် မူလွန်ကျောင်းတွင် တာဝန်ကျသည်ဟု သိရပါကြောင်း၊

ယင်းသို့ တာဝန်ထမ်းဆောင်ရမည့် ဆရာ/မများအနက် မောင်တောမြို့နယ်မှ ဆရာဦးတင်မြင့်မှာ ယခု တိုင် ရောက်လာခဲ့ခြင်း မရှိသေးပါကြောင်း၊ ထို့အတူ မူလတန်းကျောင်း ဘ၀ကပင် မူလတန်းပြ ဆရာမ အဖြစ် တာဝန်ကျနေသူ ဆရာ မဒေါ်ကြည်ကြည်ရွှေမှာလည်း ယခု အလပြ ဆရာမ အဖြစ် ရာထူးတိုးပြီး ယခု ကျောင်းမှာလည်း မူလွန်ကျောင်း ရသည် အထိ တစ်ကြိမ်မှ ကျောင်းသို့ လာရောက်ခဲ့ခြင်း မရှိကြောင်း၊ ကျောင်းမရောက် သည် မှာ(၁၁)နှစ်ကျော်မျှပင် ရှိနေပြီ ဖြစ်ကြောင်း ဖေါ်ပြသည်။ စဘူးရွှေမော်ကျေးရွာမှ ကိုသန်းဋ္ဌေး (အမျိုးသား မှတ်ပုံတင် အမှတ် ၁၁/တကန(နိုင်)၀၇၂၀၉၄) ကလည်း ဒေါ်ကြည်ကြည်ရွှေ အနေဖြင့် ကျောင်းမတက်ဘဲ လစဉ်လတိုင်း ပြည်သူ့အခွန်ဘဏ္ဍာကို လစာထုတ်စားနေဆဲ ဖြစ်ကြောင်း ပြောဆိုသည်။ “ ဘူးရွှေမော်ရွာ မူလွန်ကျောင်းမှာ ဒေါ်ကြည်ကြည်ရွှေ တာဝန်ကျပါတယ်။ ဒါပေမယ့် ယနေ့ အချိန် ၂၀၁၃ အထိ အဲဒီဆရာမဟာ ဘူးရွှေမော်ရွာကို တစ်ကြိမ် တစ်ခါမှ ခြေတစ်ဖ၀ါး မချဘူး သေးပါဘူး။

အင်မတန့်- အင်မတန်အံ့သြဖွယ်ရာ ဖြစ်ရပ်ကြီး ပါပဲ။ ဆရာမကိစ္စနဲ့ ပတ်သက်ပြီး ကျေးရွာကျောင်းကော် မတီ မှ ရပ်မိရပ်ဖများဟာမြို့နယ်ပညာရေးမှုးနဲ့ သွားရောက်ာ တွေ့ဆုံ တိုင်း မေးမြန်းပေ မယ့် အော်ဟောက် ကြိမ်းမောင်းခြင်းကို ခံကြရပါတယ်။

ကျေးရွာသူ ကျေးရွာသားတွေ အနေနဲ့ မြို့နယ် ပညာရေးမှုးကို ပြန်မပြောရဲရှာဘဲ ရွာပြန်ခဲ့ကြရတာဟာ လည်း နှစ်စဉ်လိုလိုပါပဲ။ ဆရာမကတော့ လစဉ် လတိုင်း ပြည်သူ့ အခွန်ဘဏ္ဍာကို လစာထုတ်စားနေဆဲပါ။ ယခုလို ပြည်သူ့အခွန်ဘဏ္ဍာကို မတော် မတရား လိမ်လည် စားသောက်နေသူကို အမြန်ဆုံးအရေးယူပေး ပါရန် တောင်းဆို လိုက်ပါတယ် ခင်ဗျား” ဟု သူက ပြောသည်။ မြန်မာနိုင်ငံ၏ ပညာရည် မြင့်မားရေး ကြိုးပမ်းနေသည့် ကာလတွင် ကလေးငယ်များ၏ ပညာရေးကို ထိခိုက်မခံနိုင်သဖြင့် အဆိုပါ ဆရာ ဆရာမ များနေရာ ထတွင် အခြားဆရာ ဆရာမများနှင့် အစားထိုးခန့်အပ်ရန် ကျေးရွာသား များက တောင်းဆို ထားကြောင်း သတင်း ရရှိသည်။

နိရဉ္စရာ

လွန်ခဲ့သော နှစ်က အစ္စရေး နိုင်ငံ၏ စစ်လေယာဉ် များသည် လျှို့ဝှက် စစ်ဆင်ရေး များကို ဆောင်ရွက် ခဲ့ကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ပြောကြား ခဲ့သည်။ ဇွန် ၂၇ ရက်က ပြုလုပ်သော အစ္စရေး စစ်ဘက်ဆိုင်ရာ ကျောင်းဆင်းပွဲတွင် နေတန်ယာဟုက မိန့်ခွန်း ပြောကြားရာ၌ ထည့်သွင်း ပြော ကြားခဲ့ကြောင်း သိရသည်။

ထိုသို့ ပြောကြားမှုသည် အစ္စရေး စစ်လေယာဉ်များ အနေဖြင့် ဆီးရီးယား မြေပေါ်သို့ တိုက်ခိုက်ခဲ့မှု များ အား ရည်ညွှန်းကြောင်း သိရသည်။ မေ ၅ ရက်က ဆီးရီးယား နိုင်ငံ မြို့တော်၏ ဆင်ခြေဖုံးရှိ ဂျမ်ရာယာ သုတေသန စင်တာကို အစ္စရေး လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ ထို့အပြင် လက်ဘနွန်နိုင်ငံ လေကြောင်း ဌာန ကိုလည်း အစ္စရေး လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

မြ၀တီ

Facebook ရဲ့ ၁၅ စက္ကန့် ရုပ်သံခြေလှမ်း

ကမ္ဘာ့ နံပါတ် (၁) ဆိုရှယ်ဝက်ဆိုဒ်ဖြစ်တဲ့ Facebook ဟာ တွစ်တာတို့လို သူ့ရန်ဘက်တွေကို အပြိုင်ကြဲဖို့ အတွက် ခြေလှမ်းတလှမ်း ထပ်လှမ်းလိုက်ပြန်ပါပြီ။ အဲဒါကတော့ အရင်နှစ်က ဝယ်ယူထားတဲ့ Instagram မှာ ဗီဒီယို အတိုလေးတွေပါ တင်နိုင်၊ ရှယ်နိုင်တဲ့ အစီအစဉ်ကို အကောင်အထည်ဖော်လိုက်ခြင်းပါပဲ။

Instagram ကို အသုံးပြုသူပေါင်းဟာ သန်း ၁၃ဝ ကျော်ဟာ အခုချိန်ကစပြီးတော့ ၁၅ စက္ကန့် ကြာမြင့်တဲ့ ရုပ်သံဖိုင်/ဗီဒီယိုဖိုင်လေးတွေ တင်နိုင်/ရှယ်နိုင်ပါပြီ။ ဒါဟာ တွစ်တာရဲ့ Vine Video Platform ကို တိုက် ရိုက် စိန်ခေါ်လိုက်တာပါပဲ။ Facebook ပိုင်ရှင် မက် ဇက်ကာဘတ် နဲ့  Instagram ပူးတွဲတည်ထောင် သူ ကေဗင် စစ်စထရွန် တို့က ဒီအစီအစဉ်ကို ကာလီဖိုးနီးယား ရုံးချုပ်မှာ အတူတကွ ကြေညာခဲ့တာ ဖြစ်ပါတယ်။

Facebook ဟာ ၂ဝ၁၂ ဧပြီမှာ Instagram ကို ဒေါ်လာသန်းတစ်ထောင်နဲ့ ဝယ်ယူခဲ့တာပါ။ Facebook က ဒီလို ဝယ်ယူတဲ့သတင်း ဒီဘလော့ မှာ ဖော်ပြခဲ့ပြီးပါပြီ။ လင့်က http://blog.irrawaddy.org/2012/04/facebook_10.html ဖြစ်ပါတယ်။ Instagram ဟာ သီးသန့် အနေဖြင့် ဆက်လက်ရပ်တည်နေပြီး လူကြိုက်များတဲ့ ဓာတ်ပုံ မီဒီယာ Application တခုဖြစ်ပါတယ်။ စမတ်ဖုန်း နဲ့  သင်ပုန်းကွန်ပြူတာတို့မှာပဲ ဓာတ်ပုံတွေကို ထူးခြားတဲ့ အရောင်အသွေးစုံအောင် အချိန်တိုအတွင်းပြုပြင်နိုင်ပြီး မိတ်ဆွေ၊ သူငယ်ချင်း များနဲ့  ရှယ်နိုင်တာကြောင့် လူကြိုက်များလှတဲ့ Application ပါပဲ။ Instragram ဟာ Facebook ရဲ့ မိုဘိုင်း ကနေတဆင့်ရမယ့် ကြော်ငြာများအတွက် မဟာဗျုဟာ တခုဖြစ်ပြီး ကုမ္မဏီတွေကတဆင့် ကြော်ငြာခ အမြတ်အစွန်း အများအပြား ရရှိနေတဲ့ Application ဖြစ်ပါတယ်။

အမေရိက မှာတော့ လူဦးရေ သန်းပေါင်း ၆ဝ ခန့်ဟာ ဗီဒီယို တွေကို သူတို့ ရဲ့ မိုဘိုင်းဖုန်းကနေ တဆင့် ကြည့်ခဲ့ ကြတယ်လို့ သိရပြီး ဒီအရေအတွက်ဟာ ယခုနှစ်မှာတော့ ၇၅ သန်းအထိ တိုးတက်လာနိုင်ကြောင်း eMarketer က သုတေသန ပြုရှာဖွေ တွေ့ ရှိထားပါတယ်။ ဒီတော့ ... မိုဘိုင်းကြော်ငြာဈေးကွက်ကို အုပ်စိုး ချင်နေတဲ့ Facebook ဟာ ခြေလှမ်းသွက်လျက်ရှိနေပါတယ်။ Facebook နဲ့  Instagram တို့ ဘာကြောင့် ဗီဒီယို အတိုလေးတွေကိုထည့်ဖို့ အရေးထားသလဲဆိုတာကို Forbes မဂ္ဂဇင်းက သုံးသပ်ထားတာက ဒီလိုပါ ...
ပထမ အချက်အနေနဲ့  ဗီဒီယိုတွေဟာ ဓာတ်ပုံတွေထက် လူအများရဲ့ အာရုံကို ဖမ်းစားနိုင်ပြီး ဇာတ်လမ်း တခုပမာ ဆွဲဆောင်နိုင်တာကြောင့် ကြေငြာထည့်သူအများအပြား ဟာ ဗီဒီယိုကြေငြာတွေကိုထည့်ဖို့ ပိုပြီး စိတ်ဝင်စားနိုင်တယ်၊ ဗီဒီယိုတွေဟာ မိုဘိုင်းဖုန်း၊ သမားရိုးကျကွန်ပြူတာ၊ သင်ပုန်းကွန်ပြူတာ ဘယ်မှာမဆို အလုပ်ကောင်းကောင်း လုပ်ဆောင်နိုင်တာကြောင့် ဗီဒီယို ကြေငြာဈေးကွက်အတွက် မျက်စိကျစရာပါ။ ဒါ့အပြင် လွယ်ကူတဲ့ ဗီဒီယို ဖန်တီးသူတွေ များပြားလာနိုင်တာကြောင့် ဈေးကွက်မှာ အသေးစား ကုမ္မဏီ လုပ်ငန်းတွေကို ပိုပြီး ဆွဲဆောင်လာနိုင်မှာပါလို့ ရှင်းပြသွားပါတယ်။

The Irrawaddy's Blog

ဂီတသမားဖြစ်ရတာ ဂုဏ်ယူတယ်ဆိုတဲ့ အိမ့်ချစ်

“ကိုယ်တိုင်ရေးပုံတူ” ဆိုတဲ့ တစ်ကိုယ်တော်စီးရီးလည်းထွက်ရှိထားပြီး အတွဲခွေများစွာပရိသတ်အားပေးမှု ကိုရရှိထားတဲ့ တေးသံရှင် အိမ့်ချစ်က ဇွန်လ ၂၇ရက်နေ့မှာ ဖြစ်ပေါ်လာမယ့် ဂီတနေ့အတွက် ဂုဏ်ယူနေ ပါ တယ်။” ဂီတသမားဆိုတာ အသံကောင်း ရုံနဲ့ မရဘူး။ ရုပ်ချောရုံနဲ့မရဘူး။ တခြားလုပ်ငန်းတွေ ကကျောင်း တွေ နဲ့ သင်ယူတတ်မြောက်နိုင်တယ်။ ဂီတသမားက ကိုယ့်မှာပင် ကို အရည်အချင်းရှိရမယ်။ ပါရမီအခံပါရမယ်။ ဒါတွေအားလုံးစုပြီးမှ အောင်မြင်တဲ့သူတစ်ယောက်ဖြစ် တာ။ ပြီးတော့ ဒီလိုလူပေါင်း များစွာ ရဲ့ ရှေ့မှာထွက်ပြဖို့ကသတ္တိရှိဖို့လိုတယ်။ အနု ပညာသမားဆို တော်ရုံတန်ရုံက စိတ် ဓာတ်ပျော့ညံ့ တယ်ထင်တယ်။ တကယ် က အင်မတန် စိတ်ဓာတ်ခိုင်မာတဲ့သူ တွေပါ။ အောင်မြင်ဖို့အတွက် ကြိုးစားခဲ့ရ တာအများ ကြီးရှိတယ်။

ပြီး တော့ လူအများနဲ့ ဆက်ဆံနေရတဲ့ အတွက် စိတ်ညစ် မှုတွေ၊ ဝမ်းနည်း မှုတွေကို ထုတ်ပြ လို့ မရဘူး။ ဒီလို ခံနိုင်ရည်တွေရှိဖို့လိုတယ်။ အဲဒီအတွက် ဂီတသမား ဖြစ်ရတာပျော်တယ်။ ဂုဏ်ယူတယ်” လို့ အိမ့်ချစ် က ပြောပါတယ်။ အိမ့်ချစ်ရဲ့ ဒုတိယတစ်ကိုယ်တော် အခွေကိုတော့ ၂ဝ၁၃ ထဲမှာ ထွက်နိုင်အောင် ကြိုးစားနေပြီး ဒီဒုတိယ အခွေမှာတော့အိမ့်ချစ်ရဲ့ သီချင်းဟောင်း ၂ပုဒ်ပါဝင်ပြီး တခြား သူ နှစ်သက်တဲ့ သီချင်းဟောင်းနှစ် ပုဒ်ကိုလည်း အိမ့်ချစ်စတိုင်နဲ့ ဗားရှင်း ပြောင်းဆိုထားတယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ ကျော်ထွဋ်ဆွေ၊ နိုင်းဝမ်းနဲ့ bobby soxer တို့လည်း အိမ့်ချစ်ရဲ့ ဒုတိယခွေမှာ ပါဝင် သီဆို မယ်လို့ သိရပါတယ်။

ရဲရဲ
Popular Journal

ဒီမိုကရေစီစနစ် အခိုင်အမာ တည်ဆောက်မည်

သမ္မတ ဦးသိန်းစိန် လက်ထက်မှာ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီအုတ်မြစ်ကို ခိုင်ခိုင်မာ မာဖြစ်အောင်  ဖော်ဆောင်သွားဖို့ သံဓိဌာန်ချထားတယ်လို့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဒီကနေ့ အသိပေးပြောကြားလိုက်ပါတယ်။ ဒီကနေ့ နေပြည်တော် စက်မှုဝန်ကြီးဌာနမှာကျင်းပတဲ့ သတင်း မီဒီယာတွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက အခုလို ပြောပါတယ်။ "ပထမဆုံး ဒီမိုကရေစီ အစိုးရဖြစ်တဲ့ ဒီအစိုးရဟာ ပြုပြင်စရာတွေ အများကြီးပြုပြင်ရင်းနဲ့ပဲ သူက ၅ နှစ်တာ သက်တမ်းပြီးဆုံး မှာ၊ နောက်အစိုးရလောက်ကျမှ အပေါ်မှာတက်လာမှာ၊ သို့သော်လည်းပဲ ဒီအစိုးရဟာ ဒီမိုကရေ စီ ဖောင်ဒေးရှင်း ခိုင်ခိုင်မာမာဖြစ်အောင်ခင်းသွားမှာပါ"

ပြန်ကြားဝန်ကြီးဌာန ဒုတိယဝန်ကြီး သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကလည်း ဒီနိုင်ငံမှာ စိန်ခေါ်မှုတွေ အများကြီးရှိတဲ့အတွက် အစိုးရတစ်ခုတည်း မဟုတ်ဘဲ သတင်းမီဒီယာတွေအပါအဝင် အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ အားလုံးကလည်း ပဋိပက္ခတွေ မဖြစ်ပွားအောင် ၀ိုင်းဝန်းထိန်းသိမ်းပေးဖို့ အများကြီးလိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီကနေ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ သတင်း မီဒီယာတွေ တွေ့ဆုံပွဲမှာ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း အပါအဝင် ဦးဌေးအောင်၊ ဦးခင်ရီ၊ ဦးရဲထွဋ်၊ ဒေါက်တာပွင့်ဆန်း စတဲ့ ပြည်ထောင်စု ဝန်ကြီး၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

RFA

မငြိမ်မသက်မှုများ ဖြစ်ပွားနေသော ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ကင်းလှည့်တပ်ဖွဲ့ ဗုံးထောင် တိုက်ခိုက် ခံရ

မငြိမ်မသက်မှုများ ဖြစ်ပွားနေသော ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ကင်းလှည့် တပ်ဖွဲ့အား ဗုံးထောင်တိုက်ခိုက် မှု တစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲမှုသည် တပ်ဖွဲ့ဝင်များ တင်ဆောင်ထားသော ကင်းလှည့် ယာဉ်တစ်စီးသည် ထိုင်းနိုင်ငံ တောင်ပိုင်း ပတ္တနီပြည်နယ်ရှိ ဆည်မြောင်းတစ်ခု ၏လမ်းဘေး မှ ဖြတ်သန်းစဉ် ဒေသစံတော် ချိန် မွန်းလွဲ ၁ နာရီတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖြစ်ပွားမှုကြောင့် မည်သူမျှ ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရပြီး အဆိုပါ တိုက်ခိုက်မှုသည် ထိုင်းနိုင်ငံ တောင်ပိုင်းမှ ခွဲထွက်ခွင့်တောင်း အတိုက်အခံအဖွဲ့၏ လက်ချက် ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က သုံးသပ် ထားသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ယာလာ၊ ပတ္တနီနှင့် နာရာသီဝက် ပြည်နယ်သုံးခုမှ မူဆလင် လူမျိုးများသည် ပြည် နယ်ခွဲထွက်ခွင့် တောင်းခံခဲ့သောကြောင့် ၂ဝဝ၄ ခုနှစ် ဇန်နဝါရီလမှ စ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။ အဆိုပါ တိုက်ခိုက်မှုပေါင်း ၁၁ဝဝဝ ကျော်တွင် လူပေါင်း ၅ဝဝဝ ကျော် သေဆုံးပြီး ၉ဝဝဝ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေနတ်သံ မထွက်ဘဲ လူတွေ သေနေရတာ(အင်တာဗျူး)

လက်ရှိ အစိုးရ တပ်မတော်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲဝင်နေတဲ့ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်ဦး (TNLA) ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသခံ လူထုတွေအကြားမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်မှုနဲ့ ထောက်ခံမှုတွေ ရရှိနေပါတယ်။

အင်အား ၁၃၀၀ အထက်မှာ ရှိတယ်လို့ သိရတဲ့ TNLA ဟာ ၂၀၁၁ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး ယခင် ၂၀၀၅ ခုနှစ်က အစိုးရထံ လက်နက်အပ်နှံခဲ့တဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော် (PSLA) ထိန်းချုပ်ခဲ့တဲ့ နေရာတွေမှာ ၂၀၁၂ ခုနှစ်မှာ ပြန်လည်ခြေချ ထိန်းချုပ်ခဲ့ပြီး အဲဒီဒေသမှာရှိတဲ့ ဘိန်း စိုက်ပျိုးမှု၊ ဖြန့်ဖြူးရောင်းချမှုနဲ့ သုံးစွဲမှုတွေ တိုက်ဖျက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ TNLA ရဲ့ ဘိန်းနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမူဝါဒ၊ တိုက်ဖျက်တဲ့အခါ အခြေအနေအခက်အခဲ၊ ဒေသတွင်း ဘိန်းနဲ့ မူးယစ်ဆေးဝါး ပျံ့နှံ့နေမှု၊ ထိခိုက်ဆုံးရှုံးမှုနဲ့ တိုက်ဖျက်နေတဲ့ အခြေအနေတွေကို ဧရာဝတီ သတင်းထောက် ကျော်ခနဲ့ သတင်းထောက် မုံရာတို့က TNLA စစ်ဦးစီးချုပ် ဒု ဗိုလ်မှူးကြီး တာဟိုပလန် နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး။ ။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး TNLA က ချထားတဲ့ မူဝါဒကို သိချင်ပါတယ်။
ဖြေ။ ။ TNLA က ၂၀၁၂ မတ်လပိုင်းမှာ ကျနော်တို့ရဲ့ ဒီမှာရှိနေတဲ့ မဟာမိတ်တွေပေါ့နော၊ အခုဒီဘက်မှာ လှုပ်ရှားနေတဲ့ တပ်ရင်း တပ်ဖွဲ့တွေ၊ ပန်းဆေး တကြောမှာ နီးကပ်နေတဲ့ တပ်ရင်းတပ်ဖွဲ့တွေ၊ ကျနော်တို့ ထာဝရမဟာမိတ် KIO/KIA နဲ့ ပူးပေါင်းပြီးမှ ဒီမူးယစ်ဆေးဝါးကို တိုက်ဖျက်တာ။ ကျနော်တို့ ဟိုဖက် ၄၇၈၊ ၃၆၇၊ ၂၅၆၊ ၇၁၇ တပ်ရင်း နယ်မြေဖက်မှာတော့ ကျနော်တို့ရဲ့ တအာင်း TNLA ရဲ့ တဖွဲ့ ဗဟိုကော်မတီ အစည်းအဝေး နိုဝင်ဘာလ ၁၇ ရက်နေ့က ဆုံးဖြတ်ပြီးမှ ကျနော်တို့ရဲ့ မူက ၂၀၁၇ မှာ တအာင်း နယ်မြေ မှာရှိတဲ့ မူးယစ်ဆေးဝါး ပပျောက်သွားအောင် ဆိုပြီးတော့ စီမံကိန်းချထားတာ။

မေး၊ ။ လက်ရှိ မူးယစ်ဆေးဝါး တိုက်ဖျက်နေတဲ့ အခြေအနေကရော ဘယ်လိုရှိလဲ။
ဖြေ။ ။ ကျနော်တို့ ပထမနှစ် မူးယစ်ဆေးဝါး တိုက်ဖျက်တဲ့အခါမှာ အခက်အခဲအမျိုးမျိုး ကြုံတွေ့ရတာပေါ့။ မူးယစ်ဆေးဝါး တိုက်ဖျက်နေတဲ့အချိန် တဖက်တလမ်း ရန်သူဖက်မှာလည်း တိုက်ရတယ် ဆိုတော့ တော်တော်လေး ပင်ပန်းတယ်။ မိုးတွင်းကာလလည်း ဖြစ်တယ်ဆိုတော့ တော်တော်လေးကို တိုက်ယူရတာပေါ့။ တချို့ လူထုတွေ၊ ကျနော်တို့ တအာင်းလူထုတွေ၊ သဘောမပေါက်နိုင်တဲ့ လူထုတွေ အများကြီး ရှိတယ်။ သဘောပေါက်နေတဲ့လူက ၁၀၀ ရာခိုင်နှုန်းမှာ ၇၅ ရာခိုင်နှုန်းကတော့ သဘောပေါက်တယ်၊ မူးယစ်ဆေးဝါး ကိစ္စပေါ့နော်။

မေး။ ။ မူးယစ်ဆေးဝါး တိုက်ဖျက်တဲ့ အခါမှာ အဓိက ကြုံတွေ့ရတဲ့ အခက်အခဲက ဘာဖြစ်မလဲ။
ဖြေ။ ။ အခက်အခဲကတော့ ကျနော်တို့ တအာင်းလူထုတွေ၊ လုပ်ငန်းရှင်တွေ၊ လူထုအသံက စစတိုက်ဖျက် တဲ့ အချိန်က မဖြစ်နိုင်ဘူး။ ပြီးခဲ့တဲ့ အဖွဲ့အစည်းအမျိုးမျိုး အစိုးရတောင်မှ ဌာနဆိုင်ရာတွေ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့တွေ၊ ရဲအဖွဲ့တွေ၊ တပ်အဖွဲ့တွေ နှစ်တိုင်နှစ်တိုင်း လာတိုက်ဖျက်တောင်မှ မရဘူး။ အခုဟာ TNLA က တပ်စပြီး ထူထောင်နေတဲ့ အချိန်လည်း ဖြစ်တယ်၊ မနိုင်ဘူးလို့ စောစောပိုင်းက လူထု အဲလိုမျိုးမြင်တယ်။ ဒါပေမယ့် လက်တွေ့ တကယ် ပြတ်ပြတ်သားသား တိုက်ဖျက်ရတဲ့ အချိန်ကျ၊ သြော် … လာဘ်လည်းမယူဘူး၊ လာဘ်ပေးလာဘ်ယူလည်း လက်မခံဘူးဆိုတော့ ဒီပုံစံနဲ့ဆိုရင် မူးယစ်ဆေးဝါး တိုက်ဖျက်နိုင်မယ်လို့ လူထုက တဖြည်းဖြည်း အသိဝင်လာတာပေါ့။

မေး။ ။ ပြီးခဲ့တဲ့ ဘိန်းစိုက်ရာသီမှာ တိုက်ဖျက်ခဲ့တာ ဘယ်လောက်ရှိလဲ။
ဖြေ။ ။ ကျနော်တို့ စုစုပေါင်း မူးယစ်ဆေးဝါး အထွက်နှုန်းများတဲ့ ၃ နေရာပေါ့နော်၊ ကျနော်တို့ တိုက်ဖျက်တာ ဧကပေါင်း ၃၀၀၀ လောက်ရှိတယ်။

မေး။ ။ ဖျက်လိုက်တဲ့ ဘိန်းခင်းတွေက ဘယ်သူတွေရဲ့ အခင်းတွေလဲဗျ။
ဖြေ။ ။ ခပ်များများက ဒီမန်တုံမြို့နယ်က ရှိနေတဲ့ တအာင်းနယ်မြေမှာ၊ အထူးသဖြင့် မူးယစ်ဆေးဝါး စိုက်ပျိုး တဲ့ နေရာလည်း ဖြစ်တယ်။ အဲဒီဟာတွေ ခပ်များများက တအာင်လူမျိုးတွေ စိုက်ပျိုးနေတဲ့ တောင်သူ ၄၀ ရာခိုင်နှုန်းရှိတယ်။ တရုတ်တွေက ၆၀ ရာခိုင်နှုန်းရှိတယ်။

မေး။ ။ ဒီနယ်မြေမှာ ဘိန်းကို စိုက်ပျိုးခွင့်ပြုတာ အခွန်ကောက်တာက ဘယ်သူတွေလဲဗျ။
ဖြေ။ ။ လက်ရှိ ကျနော်တို့ မြင်တွေ့ရတဲ့ အဖွဲ့အစည်းဆိုရင် ဒီနားလေးမှာ ပန်ဆေး ကျော်မြင့် ပထမ၊ ဒုတိယ က ဦးတီခွန်မြတ် တို့ အဲဒီနှစ်ဖွဲ့တော့ လိုင်စင်ရသလိုပေါ့၊ လူထုဆီ၊ လုပ်ငန်းရှင်ဆီမှာ လွတ်လွတ်လပ်လပ် စိုက်ပျိုးခွင့်ပေးတယ်။ အခွန်အခ ကောက်တဲ့ နေရာမှာလည်း လွတ်လွတ်လပ်လပ် ကောက်တယ်။ ဘိန်းထွက်တဲ့ အချိန်မှာလည်း ဘိန်းမည်းကို စုစည်းပြီးမှ အဖြူဖြစ်အောင်၊ ရာမဖြစ်အောင် ပြန်ပြီး ချက်တဲ့ စက်ရုံတွေလည်း ပန်ဆေး ကျော်မြင့်က ၁၂ လရာသီ လုပ်ငန်းကို လည်ပတ်အောင် သူတို့လုပ်တယ်။

မေး။ ။ မူးယစ်ဆေးဝါး တိုက်ဖျက်ရတဲ့ အဓိက ရည်ရွယ်ချက်က ဘာဖြစ်မလဲ။
ဖြေ။ ။ ကျနော်တို့ မူးယစ်ဆေးဝါး အထူးသဖြင့် တိုက်ဖျက်ရတယ်ဆိုတော့ ကျနော်တို့ တအာင်းလူမျိုးတွေ အမျိုးသားတွေ တဖြည်းဖြည်းကနေ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ အမျိုးသားတွေ တပုံတခေါင်း ဖြစ်နေတယ်။ လူငယ်လူရွယ်တွေလည်း ပညာတတ်နေတဲ့ လူငယ်တွေတောင်မှ ရွာထဲပြန်လာပြီ ဆိုလို့ရှိရင် ဒီမူးယစ်ဆေးဝါးကိုပဲ စွဲသွားတာ။ တချို့ရွာမှာ နေနေတဲ့ အမျိုးသားတွေ၊ သူတို့ရှိနေတဲ့ အမျိုးသမီးတွေ၊ သားသမီးတွေလည်း ဒီစီးပွားရေးကဏ္ဍမှာ မလည်ပတ်တဲ့ အတွက် ခပ်များများက ဒီခေတ်ကြီးမှာ သူတို့ တရုတ်ပြည်ကို စိတ်ဝင်စားကြတယ်လေ၊ အလုပ်သွားလုပ်ကြတာ၊ ယောက်ျားက ဘိန်းနည်းနည်းစားပြီး စကားနည်းနည်း များပြီဆိုလို့ရှိရင် အမျိုးသမီးတွေက အသက်ရှုလမ်းကြောင်းက တရုတ်ပြည်ပဲသွား ရင် ကောင်းမယ်ပေါ့။ သွားရင်းနဲ့ ဟိုဘက် တရုတ်ပြည်မှာ အိမ်ထောင်ကျတာ အများကြီး။ နောက်ကွယ်မှာ ဒီကလေးတွေပဲ ဒုက္ခရောက်တယ်။ ကျနော်တို့ တအာင်းနယ်မြေမှာရှိတဲ့ မြို့နယ် အသီးသီးတွေပေါ့နော၊ ကျနော်တို့ တအာင်းလူမျိုးတွေ နောက်ထပ် ၃ နှစ်လောက် ဒီအတိုင်း ထားလိုက်မယ်ဆိုလို့ရှိရင် တအာင်း အမျိုးသားတွေ မရှိသလောက်ဖြစ်သွားပြီ၊ တုံးသလောက်ဖြစ်သွားပြီး အားလုံး ဘိန်းသမားဖြစ်ကုန်ပြီ။ ဒါကြောင့် ကျနော်တို့ TNLA အထူးသဖြင့် ဒီမူးယစ်ဆေးဝါးကို တိုက်ဖျက်နေတာ။

မေး။ ။ ဘိန်းခင်းတိုက်ဖျက်တာ၊ ကျေးရွာအတွင်းမှာ မူးယစ်ဆေးဝါး တိုက်ဖျက်နေတာ ဘယ်လောက် အထိ အောင်မြင်လဲ။
ဖြေ။ ။ ကျနော်တို့တပ်ကို အမြဲအခြေချနေမယ့် နေရာတွေက ၇၅ ရာခိုင်နှုန်း အောင်မြင်တယ်လို့ ကျနော် တို့ ပြောနိုင်တယ်။ ကျနော်တို့ တချို့နေရာတွေ လက်လှမ်းမမီနိုင်တဲ့နေရာတွေ၊ ၅၀ – ၆၀ ရာခိုင်နှုန်း အောင်မြင်မှုတော့ ရှိတာပေါ့နော။ အခုကျနော်တို့ (အထူးတပ်ရင်း) ၁၁၂ နေတဲ့နေရာတွေ သူတို့ အမြဲလှုပ်ရှားနေတဲ့ နေရာတွေမို့လို့ ၇၅ ရာခိုင်နှုန်း အောင်မြင်တယ်လို့ ပြောနိုင်တယ်။

မေး။ ။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို တကယ်လုပ်နေတယ်ဆိုတဲ့ TNLA တပ်မတော် အနေနဲ့ရော မူးယစ်ဆေးဝါး စိုက်ပျိုးတဲ့ ဖက်မှာရော၊ ထုတ်လုပ်တဲ့ဘက်မှာရော၊ အခွန်ကောက်တဲ့ ဘက်မှာရော အဲဒီနေရာတွေမှာ ကင်းရှင်းမှု ရှိရဲ့လား။
ဖြေ။ ။ ကင်းရှင်းမှုရှိတယ်။

မေး။ ။ ဘာကြောင့်ပြောနိုင်တာလဲ။
ဖြေ။ ။ ကျနော်တို့ရဲ့ ဦးတည်ချက်က အမြန်ဆုံး ဘိန်းပပျောက်သွားနိုင်အောင်၊ ဒီလာဘ်ပေးလာဘ်ယူ စနစ်က ကင်းရှင်းရမယ်၊ မူးယစ်ဆေးဝါး စိုက်ပျိုးနေတဲ့ တောင်သူတွေရဲ့ အပင်ကိုလည်း ဖျက်ပစ် ရ မယ်၊ ရောင်းဝယ်သူလည်း တားဆီးရမယ်၊ သုံးစွဲသူကိုလည်း အမြန်ဆုံး ပညာပေး တားဆီး အနေ နဲ့တော့ အဲဒီ အပိုင်းတွေက လုပ်ရမယ်။

မေး။ ။ TNLA အနေနဲ့ ဘိန်းတိုက်ဖျက်ဖို့ ကိစ္စ လာမယ့် ဘိန်းရာသီမှာ ပိုပြီးတော့ တိုက်ဖျက်ဖို့ အစီအ စဉ်တွေ ရှိလား။
ဖြေ။ ။ ရှိတယ်၊ အဲဒါ အထူးသဖြင့် ကျနော်တို့ TNLA ရဲ့ ပထမ တိုက်ပွဲပေါ့။ အထူးသဖြင့် အင်အားသုံးပြီး မူးယစ်ဆေးဝါး နှိမ်နှင်းနိုင်မယ့် အခုကတည်းက ကျနော်တို့ ပြင်ဆင်ထားတဲ့ အတိုင်းအတာတွေ ရှိတယ်။

မေး။ ။ အဲဒီလိုဆိုရင် ပြည်သူ့စစ်နဲ့ TNLA တို့ အကြားမှာ ဘိန်းစစ်ပွဲတွေ ဖြစ်မလာနိုင်ဘူးလား။
ဖြေ။ ။ ဘိန်းတိုက်ဖျက်ရေးရဲ့ စစ်ပွဲကို ကြိုတင်မြင်ပြီးမှ မူးယစ်ဆေးဝါးကို တိုက်ဖျက်နေတာတော့ မဟုတ်ဘူး။ ကျနော်တို့ ဦးတည်တဲ့ဟာက မူးယစ်ဆေးဝါးကိုပဲ တိုက်ဖျက်နိုင်အောင်။ ဒါပေမယ့် တကယ်လို့ ကျနော်တို့အပေါ်မှာ သံသယဝင်လာပြီးမှ၊ ရန်သူတွေ အင်အားစုပြီးမှ ကျနော်တို့ကို တိုက်လာမယ် ဆိုလို့ရှိရင် စစ်ရဲ့ လုပ်ထုံးလုပ်နည်းပေါ့နော၊ ကျနော်တို့ရဲ့ မျှော်မှန်းချက်က ဘိန်းကိုနိုင်ဖို့အရေးက ကျနော်တို့မှာ ပြည့်ပြည့်စုံစုံတော့ လုပ်ထားတာရှိတယ်။

မေး။ ။ ဒီနှစ်မှာ (ဘိန်းခင်း) ဧက ၃၀၀၀ လောက် ဖျက်ဆီးနိုင်ခဲ့တယ်ဆိုတော့ လာမယ့်နှစ်မှာ ဘယ်လောက်ထိ ဖျက်ဆီးနိုင်မယ်လို့ မျှော်လင့်ထားလဲ။
ဖြေ။ ။ လာမယ့်နှစ်က ကျနော်တို့ တအာင်းနယ်မြေမှာ ဘိန်းစိုက်ပျိုးနေတဲ့ တောင်သူတွေဟာ ရာခိုင်နှုန်းလျှော့တယ်လို့ ကျနော်တို့ အခုပြောနိုင်တယ်။ ပြီးခဲ့တဲ့နှစ်က ကျနော်တို့ တအာင်းနယ်မြေမှာ ဧက ၅၀၀၀ ရှိမယ် ဆိုလို့ရှိရင် ဒီနှစ်က ဧက ၃၀၀ လောက်ပဲ သူတို့စိုက်မှာ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရဲ့ ထိထိမိမိ လုပ်သွားတဲ့ အတိုင်းအတာတွေလည်း လူထုက ၇၅ ရာခိုင်နှုန်းလောက် ရှိထားတယ်လေနော။

မေး။ ။ ဘိန်းခင်းတွေ ဖျက်ဆီးလိုက်တဲ့ အတွက်ကြောင့် တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ဆိုတယ်။ အဲဒီကာလက နောက်ထပ် ဘိန်းစိုက်ရာသီ ဘယ်ကာလလောက်ဖြစ်မလဲ၊ အဲဒီအတွက်ရော TNLA ဘက်က ဘယ်လောက်အထိ ပြင်ဆင်ထားလဲ။
ဖြေ။ ။ ကျနော်တို့ရဲ့ ခြေလှမ်းက ဒုတိယနဲ့ တတိယ ပြင်ဆင်ထားတယ်။ ပထမပြီးခဲ့တဲ့လပေါ့နော၊ လူထုစီ မှာလည်း စည်းရုံးရေးတွေ၊ စာတွေရော ဖြန့်ထားတယ်။ ဒုတိယ အောက်တိုဘာလပေါ့။ ကျနော်တို့ရဲ့ စစ်ကြောင်းတွေ လွှတ်ပြီးမှ စိုက်ပျိုးနေတဲ့ တောင်ပေါ်တွေ၊ ခြံတွေ အမြန်ဆုံး ဒုတိယနေရာမှာ တားဆီးဖို့ ပွဲတကယ့်ကြမ်းရမယ့်အချိန်က ဖေဖော်ဝါရီ ဒုတိယ အပတ်နဲ့ မတ်လ ဒုတိယအပတ်က တကယ်ကြမ်းတမ်းမယ့် တိုက်ဖျက်ရေး အချိန်လည်း ဖြစ်တယ်။

မေး။ ။ တအာင်းလူမျိုးတွေ အနေနဲ့ကျတော့ရော ဘိန်းကြောင့် ဘယ်လောက်တောင် ထိခိုက်ပျက်စီးမှု မျိုးတွေ ရှိနေလို့လဲ။
ဖြေ။ ။ ကျနော်တို့ တအာင်းလူမျိုးတွေ ဘက်စုံကနေ မူးယစ်ဆေးဝါးကဏ္ဍမှာ ဆုံးရှုံးတဲ့ အပိုင်းမှာ အများကြီးပေါ့နော။ ပထမ ကျနော်တို့ အားကိုး ကိုးကွယ်ရမယ့် ဗုဒ္ဓဘာသာရေးပေါ့နော၊ ဘာသာရေးနေရာ မှာလည်း ကျသွားတဲ့ အပိုင်းတွေလည်း မြင်တွေ့ ရတယ်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေးပေါ့၊ အမျိုးမျိုးကနေ ဒီတအာင်းလူမျိုးတွေ ၁၀၀ ရာခိုင်နှုန်းမှာ ၇၅ ရာခိုင်နှုန်းဟာ ဒီမူးယစ်ဆေးဝါးစစ်ပွဲထဲမှာ ကျဆုံးတယ်လို့ ကျနော်တို့ပြောနိုင်တယ်။

မေး။ ။ ဘိန်းဆိုတာကို စစ်ဦးစီးချုပ်အနေနဲ့ ဘယ်လိုမြင်လဲ။
ဖြေ။ ။ ဘိန်းက အထူးသဖြင့် ကျနော်တို့ရဲ့ ရန်သူပဲ။ ကျနော်တို့ တအာင်းဒေသမှာ သေနတ်သံ မထွက်ဘဲနဲ့ လူတွေက သေသေသွားရတဲ့ အပိုင်းတွေ။ အထူးသဖြင့် ကျနော်တို့ရဲ့ ရန်သူပဲ။ ကျနော်တို့ PSLF ရဲ့ ဗဟိုကော်မတီရယ်၊ ကျနော်တို့ TNLA ရယ်ပေါ့နော်၊ ရှေ့နောက်ကနေ အားလုံးဆန်းစစ်ပြီးမှ မူးယစ်ဆေးဝါး ကဏ္ဍမှာ အမြန်ဆုံး မူးယစ်ဆေးဝါး ရှိနေသရွေ့တော့ ဘာပဲလုပ်လုပ် အဆင်မပြေနိုင်ဘူး၊ ဘာပဲလုပ် လုပ် အောင်မြင်မှုမရနိုင်ဘူး။ TNLA ပေါ်လာတဲ့ အချိန်မှာလည်း ဒီမူးယစ်ဆေးဝါး ရှိနေသရွေ့တော့ ကျနော်တို့ ရဲ့ လိုရာခရီး ပန်းတိုင်တော့ မရောက်နိုင်ဘူး၊ မူးယစ်ဆေးဝါး တအာင်းနယ်မြေမှာ အခန်း ကဏ္ဍ ပေါင်းစုံပေါ့၊ ကျနော်တို့ တအာင်းလူမျိုးတွေ ဖွံ့ဖြိုးလာမှပဲ။ ကျနော်တို့ သူများလို၊ မြန်မာနိုင်ငံ မှာရှိနေ တဲ့ တိုင်းရင်းသားတွေလို တန်းတူရေး ပညာကဏ္ဍမှာ အခုလက်ရှိ ခေတ်ဖွံ့ဖြိုးတိုးတက်တဲ့ ကဏ္ဍမှာ ကျနော် တို့ တအာင်းလူမျိုးတွေ ဒီအတိုင်းပဲ ကျဆုံးအမှောင်ဘဝကနေ နေရမယ့် ဘဝမဖြစ်စေချင်ဘူး။ အထူးသဖြင့် ကျနော်တို့ TNLA က မူးယစ်ဆေးဝါးကို နံပါတ်တစ် ဦးစားပေးနေရာကနေ တိုက်ယူရတာ။

The Irrawaddy

စနိုဒန်၏ နိုင်ငံရေး ခိုလှုံခွင့်နှင့် စပ်လျဉ်း၍ အီကွေဒေါနှင့် ရုရှား နိုင်ငံတို့အား အမေရိကန် သတိပေး

အမေရိကန် အမျိုးသား အေဂျင်စီ၏ လျှို့ဝှက် အစီအစဉ်များအား ဖွင့်ချခဲ့သည့် အက်ဒ်ဝပ်စနိုဒန်သည် ရုရှားနိုင်ငံအတွင်း နိုင်ငံရေး ခိုလှုံခွင့် တောင်းခံရန် ဆန္ဒရှိနေကြောင်း ရုရှား အာဏာပိုင် တစ်ဦးက ဇွန် ၂၇ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားသမ္မတဗလာဒီမာပူတင် အနေဖြင့်လည်း စနိုဒန်၏ နိုင်ငံရေးခိုလှုံ ခွင့် တောင်းခံမှုအား စဉ်းစားဆုံးဖြတ်နိုင်ကြောင်း ရုရှားသမ္မတဆိုင်ရာ လူအခွင့် အရေးကောင်စီ မှ ခေါင်းဆောင်တစ်ဦး ဖြစ်သူမီခေးလ် ဖီနိုတော့ဗ်က Interfax သတင်းဌာနသို့ ပြောကြားခဲ့သည်။

အမေရိကန်မှ သူလျှိုလုပ်မှု နှစ်ခု အပါအဝင် ကြီးလေးသော ပြစ်မှုသုံးခုဖြင့် တရားစွဲဆိုခြင်း ခံထားရသော စနိုဒန်သည် မော်စကိုမြို့ရှိ ရှက်ရီမီယေမို လေဆိပ်သို့ ဇွန် ၂၃ ရက်က ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အီကွေဒေါ နိုင်ငံကလည်း စနိုဒန်၏နိုင်ငံရေး ခိုလှုံခွင့် တောင်းခံမှုအား လက်ခံ ရရှိ ခဲ့ကြောင်း၊ သို့ရာတွင် ၄င်း၏ နိုင်ငံရေး ခိုလှုံခွင့်နှင့် စပ်လျဉ်း၍ အလျင်အမြန် ဆုံးဖြတ်သွားမည် မဟုတ်ကြောင်း အီကွေဒေါ နိုင်ငံခြားရေး ဝန်ကြီးဌာနက အစောပိုင်း၌ ထုတ်ပြန် ခဲ့သည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ အမေရိကန် နိုင်ငံက စနိုဒန်အား အမေရိကန် ပြည်ထောင်စုသို့ ပြန်လည် လွှဲပြောင်း ပေးရန် ရုရှား နိုင်ငံအား ဇွန် ၂၇ ရက်က ထပ်လောင်း တောင်းဆိုခဲ့ပြီး ၄င်းအား အီကွေဒေါ နိုင်ငံက နိုင်ငံရေး ခိုလှုံခွင့် ပေးခဲ့ပါက ၄င်းနိုင်ငံနှင့် အမေရိကန် နှစ်နိုင်ငံ အကြား ဆက်ဆံရေးအား ထိခိုက်စေ နိုင်သည်ဟု အမေရိကန် နိုင်ငံက သတိ ပေးခဲ့ကြောင်း သိရသည်။

မြ၀တီ

မြန်မာ့ဆန် ဂျပန်အရည်အသွေး စစ်ဆေးမှုများ အောင်မြင်

ရန်ကုန်- နှစ်ပေါင်း ၄၅နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် ဂျပန်အစိုးရ စစ်ဆေးရေးအဖွဲ့များ၏ အရည်အသွေးစစ်ဆေးမှု ဆောင်ရွက်ခြင်းများတွင် အောင်မြင်ခဲ့ကြောင်း သတင်း ရရှိသည်။ ဂျပန်နိုင်ငံသို့ပထမဆုံးအကြိမ်အဖြစ် တန်းမြင့်ဆန်တန်ချိန် ငါးထောင်တင်ပို့ရာတွင်ရုပ်ပိုင်းဆိုင်ရာ အသွင်ပြင်ကောင်းခြင်း၊ စားသုံးမှုအရသာကောင်းခြင်း၊ ဓာတုဗေဒဓာတ်ကြွင်းကင်းစင်ခြင်းတို့ကြောင့် ဂျပန်နိုင်ငံ အနေဖြင့် ပိုမိုဝယ်ယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်ကပြောသည်။ “အင်မတန်မှကျပ်တည်းတဲ့ ဂျပန်နိုင်ငံကို ပို့နိုင်တဲ့အတွက် ကျန်တဲ့နိုင်ငံတွေ စိတ်ပူစရာမလိုတော့ဘူး”ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဦးချစ်ခိုင် ကပြောသည်။

အဆိုပါ ဆန်တန်ချိန်ငါးထောင်ကို ပြီးခဲ့သည့် မေလဆန်းမှစ၍ ပို့ခဲ့ပြီးဂျပန်နိုင်ငံအစိုးရအဖွဲ့ကအဆင့်ဆင့် စစ်ဆေးရာအောင်မြင်ခဲ့ခြင်းဖြစ်သည်ဟု သတင်းရရှိသည်။ ဂျပန်နိုင်ငံအနေဖြင့် မြန်မာဆန်မျိုးများဖြစ်သော အင်းမရဲဘော်၊ မှော်ဘီ-၂နှင့် ဆင်းသွယ်လတ်တို့ ထပ်မံဝယ်ယူလိုကြောင်း သတင်းရရှိသည်။ လက်ရှိ တွင် ဈေးနှုန်းမကိုက်ညီသဖြင့် ပြည်ပနိုင်ငံသို့ ပုံမှန်ကုန်သွယ် ရေကြောင်းမှ ဆန်တင်ပို့ခြင်းရပ်နားထားပြီး ဥရောပသမဂ္ဂနိုင်ငံများသို့ စတင်တင်ပို့နေသည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် ၁ဒသမ ၄သန်းကျော်တင်ပို့နိုင်ခဲ့သည်။

7Day News Journal

ဗဟိုဘဏ်တွင် ဒုဝန်ကြီးသုံးဦးခန့်အပ်မည်

ရန်ကုန်- မြန်မာနိုင်ငံတော်ဗဟိုဘဏ်အား လွတ်လပ်စွာရပ်တည်ခွင့်ပေးရန် ဖွဲ့စည်းပုံအသစ်အရ ဒုတိယ ၀န်ကြီးသုံးဦး ခန့်အပ်သွားရန်ရှိကြောင်း သတင်းရရှိသည်။ ဗဟိုဘဏ်၏ ဖွဲ့စည်းပုံအရ ဘဏ္ဍာအခွန်ဝန်ကြီး ဌာနမှ ခွဲထွက်ရာတွင် ငွေကြေးလုပ်ငန်းများထိန်းချုပ်ဆောင်ရွက်ရာ၌ လွယ်ကူအဆင်ပြေစေရန် လူဦးရေ တိုးမြှင့်ခန့်ထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်ရန်ကုန်ရုံးခွဲမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ညွှန်ချုပ်တွေခန့်လိုက်တာတော့ ပထမခြေလှမ်းပဲ”ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။ နိုင်ငံတော်သမ္မတ က မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ငွေရေးကြေးရေးကြပ်မတ်ကွပ်ကဲမှုဌာန၊ စီမံကိန်းနှင့် ငွေကြေး ဌာန၊ ငွေကြေးစီမံခန့်ခွဲမှုဌာနတို့တွင် ညွှန်ကြားရေးမှူးချုပ် သုံးဦးခန့်အပ်ကြောင်း ဇွန် ၂၈ ရက်ထုတ်နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။ အထက်ပါဌာနများမှာ အသစ်ဖွဲ့စည်းသည့်ဌာနများဖြစ်ပြီး မူရင်းရှိပြီး သားဌာနများကို ကွပ်ကဲမည်ဖြစ်ကြောင်းမြန်မာနိုင်ငံဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ဆို သည်။ “ညွှန်ချုပ်တွေခန့်လိုက်တယ်ဆိုတာ ၀န်ကြီးဌာနနဲ့အဆင်တူဖြစ်သွားတယ်။ သမ္မတရဲ့လက်အောက် ကနေ တိုက်ရိုက်ကွပ်ကဲမယ်ဆိုတဲ့ သဘောပဲ။ စင်ကာပူလိုဖြစ်သွားတာ”ဟု မြန်မာနိုင်ငံသားများဘဏ်တွင် အုပ်ချုပ်မှုဒါရိုက်တာလုပ်ခဲ့သူ ဘဏ်ပညာရှင် ဦးမျိုးဦးကပြောသည်။ ထိုကဲ့သို့ ညွှန်ချုပ်များခန့်လိုက် သဖြင့် ငွေကြေးပေါ်လစီများနှင့် ပတ်သက်၍ ဆုံးဖြတ်ရာတွင် ကိုယ်ပိုင်ဆုံးဖြတ်နိုင်တော့မည်ဖြစ်ကြောင်း
ဦးမျိုးဦးကပြောသည်။

လက်ရှိဗဟိုဘဏ်ကိုသီးခြားဖွဲ့စည်းရန် ဥပဒေရေးဆွဲထားမှုမှာ နိုင်ငံတော်သမ္မတထံမှ စိစစ်ပြင်ဆင်မှု အချို့ပြု လုပ်ပြီး ပြည်ထောင်စု လွှတ်တော်ကို ပြန်ချပေးထားသည့်အတွက် ယနေ့လွှတ်တော် အတွင်း ပြဋ္ဌာန်းနိုင်မည်ဟု မြန်မာနိုင်ငံဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုး တက်ရေးကော်မတီမှ သတင်းရရှိသည်။

7daynews

မြန်မာနိုင်ငံသည် အာရှ၏ နောက်ထပ် ကျားတကောင်ဖြစ်သည်

ယုံ၍ ပုံမလောင်းလိုက်ပါနှင့်။ အာရှကျားနိုင်ငံများ၏ စီးပွားရေးစနစ်နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးက နည်း နည်းမျှ မတူပါ။ မြန်မာနိုင်ငံ၏စီးပွားရေးကို ယခုတိုင် သယံဇာတအခြေခံစီးပွားရေးစနစ်ဖြင့် လည်ပတ် မောင်းနှင်လျှက်ရှိနေသေးပြီး သဘာဝဓာတ်ငွေ့ကဏ္ဍ၊ စိုက်ပျိုးရေး ထွက်ကုန်များ၊ ကျွန်းသစ်၊ ကျောက်စိမ်း၊ တွင်းထွက်ပစ္စည်းများဖြင့် အခြေခံ လုပ်ကိုင်နေရဆဲ ဖြစ်သည်။ ဤသို့သော အခြေခံ ထွက်ကုန်များသည် ပြီးခဲ့သည့်နှစ် မြန်မာနိုင်ငံ၏ နိုင်ငံခြား တင်ပို့ရောင်းချမှု၏ ၈၀ ရာခိုင်နှုန်း ရှိနေခဲ့သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည်လည်း ၎င်းကိုပင် အခြေပြု လာရောက်နေကြသည်။
ရေနံ၊ သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် သတ္ထုတူးဖော် ရေးလုပ်ငန်းများတွင် လာရောက်မြှုပ်နှံ လုပ်ကိုင်ခဲ့ကြရာ ပြီးခဲ့သည့် ဆယ်စုနှစ် ငါးနှစ်အတွင်း၌ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ ၉၀ ရာခိုင်နှုန်း ရှိနေ သည်။ မြန်မာနိုင်ငံက အနောက်နိုင်ငံများနှင့် ပြန်၍ အဆင်ပြေ သင့်မြတ်လာသည့် အတွက်ကြောင့် ထို ကဏ္ဍများအပေါ်တွင် စိတ်ဝင်စားမှုများ ပို၍ပင် ရှိလာခဲ့သည်။ မြန်မာအစိုးရသစ်က ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ကဏ္ဍလုပ်ကွက် ၁၀ ခုအတွက် သဘောတူညီမှုများကို ယခုနှစ်တွင်ပင် ထပ်၍ လက်မှတ်ရေးထိုး ခဲ့ပြီး နောက်ထပ် လုပ်ကွက် ၂၃ ခုအတွက်လည်း ကမ်းလှမ်းထားသေးသည်။ ထိုမျှမက အစိုးရသစ်က သတ္တုတူးဖော်ရေး လုပ်ငန်းများနှင့် စိုက်ပျိုးရေး စီမံကိန်းများအတွက် မြေများကိုလည်း ကမ်းလှမ်းပေးအပ် ခဲ့သေးသည်၊ အချို့ သူများက တယ်လီကွန် ဆက်သွယ်ရေးနှင့် ဘဏ်လုပ်ငန်းတို့ အပေါ်တွင် စိတ်ဝင်စားမှု ရှိနေကြသော်လည်း မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတ ထုတ်ယူရောင်းချသည့် လုပ်ငန်းသည်သာ ရင်းနှီးမြှုပ်နှံသူတို့အတွက် ဆွဲဆောင်မှုအဖြစ် ပိုမြင်နေကြသည်။

နှိုင်းယှဉ်ချက်အရ ဆိုရလျှင် အာရှကျားနိုင်ငံများက သဘာဝ သယံဇာတ ရှားပါးကြပြီး ပြည်ပပို့ကုန် တိုးတက် ဖြစ်ထွန်းလာစေရေး အပေါ်သာ မှီခိုအားထားခဲ့ကြရသည်။ သူတို့ဆီကို လာရောက်ကြ သည့် နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုများမှာလည်း လူသုံးကုန် ထုတ်လုပ်ရေးအတွက် လာရောက်ကြခြင်းဖြစ်ပြီး သဘာဝ သယံဇာတအတွက် လာရောက်ကြခြင်း မဟုတ်ပေ။ သူတို့က လုံးဝမတူခြားနားသည့် နိုင်ငံတကာ အခင်းအကျင်း အနေအထားတခုတွင်  ရှင်သန်ဖွံ့ဖြိုးလာခဲ့ရသူများ ဖြစ်သည်။ နိုင်ငံရပ်ခြားတင်ပို့ရန် ပြိုင်ဆိုင်မှု နည်းပါးနေသေးသော အခြေအနေတွင် ဖွံ့ဖြိုးလာခဲ့ခြင်း ဖြစ်သည်။ သူတို့က ထုတ်ကုန်များကို စားသုံးမှု အလွန်မြင့်မားသည့် အနောက်နိုင်ငံများသို့ ရောင်းချကြသည်။ အနောက်နိုင်ငံများသည် ကမ္ဘာ့ စီးပွားရေး အကျပ်အတည်း၏ သက်ရောက် ရိုက်ခတ်မှုများကို ယခုလောလောဆယ်တွင် ရင်ဆိုင်နေရ သည့် နိုင်ငံများ ဖြစ်သည်။

မြန်မာနိုင်ငံအတွက်မူ ကံမကောင်း အကြောင်းမလှသည့် အချက်မှာ အခြေခံထွက်ကုန်များ အားထားမှီခို တင်ပို့နေကြရသည့် နိုင်ငံများ ဖြစ်သောကြောင့် အာရှကျားနိုင်ငံများထက် ဖွံ့ဖြိုးမှုနှေးကွေးရန် အကြောင်း ရှိနေပါသည်။ တဖက်တွင်လည်း နိုင်ငံ့စီးပွားရေး၏ အခြားကဏ္ဍများတွင် တန်းတူညီမျှမှု မရှိသော ရင်းနှီးမြှုပ်နှံမှုကို ဖြစ်ပေါ်စေသည်။ ဤသို့သော အခြေအနေမျိုးကို ဒတ်ခ်ျရောဂါ (Dutch disease) ဟု ခေါ်ကြသည်။ မြန်မာနိုင်ငံအနေဖြင့် ဤကဲ့သို့သော ရောဂါမျိုးကို ခံစားနေရပြီဖြစ်၍ လာမည့်နှစ်များတွင် လည်း နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခက်အခဲ အဟန့်အတားများ ရှိနေစေဦးမည် ဖြစ်သည်။
သဘာဝဓာတ်ငွေ့  ပြည်ပ တင်ပို့ရောင်းချမှုမှ ရရှိလာသည့်ငွေကြောင့် နိုင်ငံ၏ ငွေကြေး ကျပ်တန်ဖိုးကို မြင့် တက် လာစေသည်။ ၂၀၀၇ ခုနှစ်တွင် တဒေါ်လာလျှင် ၁၄၀၀ ကျပ်မှ၊ ၂၀၁၁ ခုနှစ်တွင် ၇၀၀ ကျပ်အောက် ကျဆင်းခဲ့သည်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအတွက် အဓိက အခက်အခဲတခု ဖြစ်စေသည်။ ဤသို့ ကျပ်ငွေဈေး ဆက်လက် မြင့်တက်နေမှုအတွက်ကြောင့် (တဖက်တွင်လည်း အထွေထွေလုပ်ငန်း စရိတ် စကများ မြင့်မားနေခြင်း၊ အခြေခံ အဆောက်အဦ ညံ့ဖျင်းခြင်း၊ ပြိုင်ဆိုင်မှု အားကောင်းသည့် အကြိတ် အနယ် ယှဉ်ပြိုင်ရသည့် နိုင်ငံတကာဝန်းကျင် အခြေအနေရှိနေခြင်းအတွက်ကြောင့်) မြန်မာနိုင်ငံလူသုံးကုန် ထုတ်လုပ်ရေးနှင့် ကုန်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် ကျန်သည့် ကျားနိုင်ငံများကို အတုယူ လုပ်ဆောင်နိုင်ရန် ခက်ခဲစေပါလိမ့်မည်။

မြန်မာနိုင်ငံက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လိုအပ်လျှက် ရှိသည်
ဤအချက်မှာ ခက်ခဲရှုပ်ထွေးလှသည်။ မြန်မာနိုင်ငံရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှာ မလိုအပ်သော နေရာ များသို့သာ အများဆုံး ၀င်ရောက်လာကြလိမ့်မည်။ လိုအပ်မှု အနည်းဆုံး ကဏ္ဍများ၌ အများဆုံး ရောက် လာနေကြခြင်းဖြစ်ပြီး ပြောရလျှင် သဘာဝသယံဇာတများထုတ်လုပ်ကြရန် လာရောက် ရင်းနှီးမြှုပ်နှံနေခြင်း ပင် ဖြစ်သည်။ ဤသို့သော ရင်းနှီးမြှုပ်နှံမှုများသည် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အနည်းငယ်မျှကိုသာ ဖြစ်စေ ပါသည်။ သာမန်ပြည်သူများအတွက် အလုပ်အကိုင် အများအပြားကို ဖန်တီးပေးလိမ့်မည် မဟုတ်ပါ။ အဓိကအကျိုးရှိစေမည့်သူမှာ အစိုးရဖြစ်ပြီး အစိုးရအတွက် ၀င်ငွေများ ရရှိလာစေမည်။ သို့သော်လည်း အခြားနိုင်ငံ အစိုးရများကဲ့သို့ပင် မြန်မာနိုင်ငံရှိ အစိုးရကလည်း သဘာဝ သယံဇာတများမှ ရလာမည့် ၀င်ငွေကို တိုင်းပြည် ကုန်ထုတ်လုပ်ရေး တိုးတက်ကောင်းမွန်စေသည့် အရင်းမြစ်များကို ထုတ်လုပ်မှုဖြစ်စေ သည့် ရင်းနှီးမြှုပ်နှံမှု အဖြစ်သို့ ပြန်လည် ပြောင်းလဲနိုင်စွမ်း မရှိကြပါ။ ဤအခြေအနေအစား နေပြည်တော်ရှိ လူအများစု လက်ခံထားကြသည့် သဘောထားမှာ “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာရင် စီးပွားရေး အလိုလို တိုးတက်လာမည်” ဟူ၍ ဖြစ်သည်။ ဤအရင်းအနှီးများ အပေါ်တွင် လူများစုက လက်ခံထား ကြသည့် သဘောထားမှာ “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် တိုးတက်ဖွံ့ဖြိုးမှုကို တန်းတူထား” မြင်နေကြသည်။ ဤအချက်မှာ မမှန်ကန်ပါ။ မတူကွဲပြားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် စီးပွားရေးစနစ်အပေါ် မတူ ကွဲပြားသည့်အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေသည်။ နည်းပညာနှင့် လုပ်နည်းကိုင်နည်းများ ဆောင်ကျဉ်း လာသည့်၊ လွှဲပြောင်းပေးလာမှုရှိသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် အကျိုးဖြစ်ထွန်းစေသော်လည်း သဘာဝ သယံဇာတများ အတွက် လာရောက်ကြသည့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများသည် အန္တရာယ်ရှိစေ သည်။

အကြောင်းမှာ ပြန်လည် ဖြည့်ဆည်းနိုင်စွမ်း မရှိသည့် ပိုင်ဆိုင်မှုများကို ရောင်းစားခြင်းမှ ရလာသည့် ၀င်ငွေ ဖြစ်သောကြောင့်ပင်။ အစိုးရက ရရှိလာသည့် ငွေကြေးများကို ကုန်ထုတ်လုပ်မှု တိုးတက်စေသည့် အပေါ်တွင် ထုတ်လုပ်နိုင်စွမ်း ဖြစ်စေမည့် ကဏ္ဍများတွင် ပြန်လည် ရင်းနှီးမြှုပ်နှံနိုင်စွမ်း မရှိသေးသည့် ကာလတွင် ဤသို့သော ပိုင်ဆိုင်မှု သယံဇာတများကို မည်သည့် အတွက်ကြောင့် အလျင်စလို ရောင်း ချလိုကြရပါသနည်း။ မြန်မာနိုင်ငံသည် မကြာသေးမီက  သယံဇာတ ထုတ်လုပ်ရေး လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှု ရှိစေရေး ကြိုးပမ်းမှု Extractive Industries Transparency Initiative (EITI) အဖွဲ့ကြီးက ချမှတ်သော လမ်းညွန် သတ်မှတ်ချက်များကို သဘောတူလိုက်နာရန် ပြင်ဆင်လုပ်ကိုင်ခဲ့သည်။ ထိုသို့ သဘောတူ လိုက်နာမည်ဆိုလျှင် အကျင့်ပျက် ခြစားမှုကို တိုက်ဖျက်ရန် အထောက်အကူ ဖြစ်စေပြီး သဘာဝရင်းမြစ်များမှ ရရှိလာသည့် ထိုဝင်ငွေများကိုလည်း ပြည်သူအများ သိရှိအောင် စာရင်းဇယားများ ထားရှိလာစေမည် ဖြစ်သည်။ သို့သော်လည်း ဤသို့ ပွင့်လင်းမြင်သာမှုနှင့်  နိုင်ငံတော် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေတို့ရှိလျှင် တိုင်းပြည်၏ စီးပွားရေးဟန်ချက် မညီလည်း အလုပ်ဖြစ်နိုင်သည်ဟု ပုံသေကားကျ ပြော မရပါ။ သို့သော်လည်း ဤသို့ ပွင့်လင်းမြင်သာမှုနှင့် နိုင်ငံဓနဥစ္စာ ကြွယ်ဝမှု ရန်ပုံငွေ (Sovereign wealth fund) တို့မှာ နိုင်ငံတခု၏ မျှတညီညွတ်သည့် စီးပွားရေးစနစ်အတွက် အစားထိုးနိုင်မည့် နည်းလမ်းများ မဟုတ်ကြပါ။ ဤသို့ သဘာဝ သယံဇာတ ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ အလျင်စလို အလုံးအရင်း မရောက်ရှိလာသေးသည့်တိုင် ပို၍ ကောင်းမွန်သည့် အခြေအနေတရပ် ဖန်တီးနိုင်ပါသေး သည်။

မြန်မာနိုင်ငံ၏ ပြဿနာမှာ အရင်းအနှီး မရှိခြင်းပင် ဖြစ်သည်
ဟုတ်ပါသည်။ သို့သော် အခြေခံ ပြဿနာမှာ အရင်းအနှီးမရှိ၊ ချို့တဲ့နေမှု မဟုတ်ပေ။ သို့သော် ရှိသည့် အရင်းအနှီးကို ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်ကောင်းမွန်စေရန် ထိထိရောက်ရောက် အသုံးမချနိုင် သည့် စီးပွားရေးစနစ်သာ  အဓိကပြဿနာဖြစ်နေသည်။ ပြီးခဲ့သည့် နှစ်များအတွင်း ရန်ကုန်နှင့် မန္တလေးမြို့ များတွင် အိမ်မြေဈေးများ အဆမတန်တက်နေခြင်းမှာ မြန်မာနိုင်ငံ၏ လူကုံထံလူနည်းစုတွင် သိသာထင်ရှား သည့် ငွေကြေးရင်းမြစ်များ မတန်တဆရှိနေကြောင်း ပြသနေခြင်းပင်ဖစ်သည်။ မြို့လယ်ခေါင်ရှိ မြေ ၁ ဧက ဈေးနှုန်းမှာ ဒေါ်လာ ၁ သန်းကျော် ရှိနေရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့  မြေဈေးထက်ပင် များပြားနေ ပါသည်။ ဤသို့ ဈေးနှုန်းမြင့်နေစေသည့် အခြား အကြောင်းအချက်များလည်း ရှိနေပါသေး သည်။ အဓိက အကြောင်းအချက်တခုမှာ တခြား ရင်းနှီးမြှုပ်နှံမှုပြုစရာ နေရာမရှိခြင်းပင် ဖြစ်ပါသည်။ ဘဏ်များအပေါ် ယုံကြည်မှုမရှိကြဘဲ ငွေကြေးများကိုနိုင်ငံရပ်ခြားသို့ ရွှေ့ပြောင်းရန်လည်းခက်ခဲလှသည်။သို့အတွက်ကြောင့် လူအများက သူတို့ပိုင်ဆိုင်မှုများကို မရွှေ့ပြောင်းနိုင်သည့် အိမ်ခြံမြေ၊ ရွှေနှင့်ကျောက်မျက်များဖြင့် စုဆောင်း သိုမှီးထားကြခြင်း ဖြစ်ပါသည်။

တချိန်တည်းမှာပင် နိုင်ငံ၏ ကျေးလက်ဒေသများ၌ ချေးငွေရရှိရန် ခက်ခဲနေကြပြန်သည်။ အပေါင်ထားစရာ ပစ္စည်း မရှိသူများက တရားမ၀င် ငွေချေးသည့် နေရာများမှ ချေးငွေရယူရန် ကြိုးပမ်းနေကြရပြီး တလလျှင် ၁၀ ရာခိုင်နှုန်းမျှ အတိုးပေးနေကြရပါသည်။ နိုင်ငံပိုင် စိုက်ပျိုးရေးဘဏ်ကလည်း လယ်သမားများကို စိုက်ပျိုးရေးစားရိတ် လိုအပ်ချက်၏ သုံးပုံတပုံမျှကိုသာ ထုတ်ချေးပေးနိုင်သည်။ ပုဂ္ဂလိက ဘဏ်များ အနေဖြင့် လယ်သမားများကို ငွေမထုတ်ချေးရန် တားမြစ်ထားသည်။ ဤသည်မှာ ယခင်ဆိုရှယ်လစ်အစိုးရ လက်ထက်မှနေ၍ အမွေဆက်ခံ ကြွင်းကျန်နေရစ်သည့် မလိုအပ်တော့သော ဥပဒေတခုလည်း ဖြစ်သည်။ ဤစနစ်ကြောင့်ဖြစ်ပေါ်လာသည့်ရလဒ်မှာ အရင်းအနှီးများသည် ကျေးလက်ဒေသသို့မရောက် ရှိတော့ခြင်းဖြစ်သည်။ ပိုက်ဆံငွေကြေးများပိုရလာခြင်းကြောင့်လည်း ဤပြဿနာကိုဖြေရှင်းနိုင်ဖွယ်မမြင်ပါ။

မြန်မာ့စီးပွာရေး ပြဿနာများ၏ လက်သည်တရားခံမှာ အရေးယူ ပိတ်ဆိုမှုများ ဖြစ်သည်
သေချာ လေ့လာကြည့်မည်ဆိုပါက မဟုတ်ပါ။ ဒဏ်ခတ် အရေးယူမှုကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးကို ထိခိုက်သည်။ သို့သော်လည်း ပုဂ္ဂလိကဏ္ဍအတွက် ကြုံတွေ့နေရသည့် အကြီးမားဆုံး ပြဿနာ မဟုတ်ပါ။ ရန်ကုန်နှင့် မန္တလေးရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပြောဆိုကြည့်ရာ ပြီးခဲ့သည့်နှစ်များအတွင်း သူတို့ ရင်ဆိုင် ကြုံတွေ့နေရသည့် အကြီးမားဆုံး ပြဿနာမှာ လျှပ်စစ် ထောက်ပံ့ပေးမှု ပြဿနာ၊ နိုင်ငံရေး မတည်ငြိမ်မှု၊ အကျင့်ပျက်ခြစားမှုများပင်ဖြစ်ပြီး ဤအကြောင်းအချက်များအားလုံးမှာ အစိုးရ၏ ထိန်းချုပ်နိုင် မှုအတွင်း ရှိပါသည်။ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုမှာ နောက်ထပ် အကြီးမားဆုံး အခက်အခဲ ဖြစ်ပါသည်။ အကြောင်းမှာ အမေရိကန်ပြည်ထောင်စု ငွေကြေးဝန်ဆောင်မှုများ ပိတ်ပင်ထားမှု (U.S. Financial services ban) ကြောင့်အပိုကုန်ကျစားရိတ်များ ဖြစ်ပေါ်စေပြီး အမေရိကန်သို့ ပြည်ပပို့ကုန် ဈေး ကွက်ပျောက် ဆုံးသွားစေသည်။ အခြားသော ပြဿနာများတွင် ညံ့ဖျင်းသည့် အခြေခံအဆောက်အဦ၊ အစိုးရ၏ တဖက်သတ် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ အတင်းအကျပ်သဘော စိတ်ထင်လျှင် ထင်သလို ဆုံး ဖြတ်ချက်များ ချမှတ်ခြင်း၊ သမာသမတ်ကျ ဘက်လိုက်မှုကင်းသည့် မျှတဘက်လိုက်မှုကင်းသည့် တရားစီရင်ရေးစနစ် ရှိမနေခြင်း၊ စသည်တို့ကြောင့် မြန်မာနိုင်ငံတွင် ကုန်ကျစားရိတ် မြင့်မားလာစေပါသည်။ ကုမ္ပဏီကြီး အများစုအဖို့ကား ဒဏ် ခတ်ပိတ်ဆို့မှု ဆိုသည်မှာ သူတို့စီးပွားရေး လုပ်ကိုင်ရာတွင် ကြုံတွေ့ရ သည့် အငယ်စား အခက်အခဲ တခုသာ ဖြစ်ပါသည်။

ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုကို မူလက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေအပေါ် တုံ့ပြန်ဆောင်ရွက် မှုအဖြစ်သာရှုမြင်ထားခဲ့ကြပါသည်။ သို့သော်လည်း ၎င်းတို့သည် ယခုအခါတွင်မထိရောက်အသုံးမ၀င်တော့ ပါ။ သို့သော်လည်း ၎င်းအသုံးဝင်သည့် အခန်းကဏ္ဍကို ဖော်ပြလာကြပါသည်။ ဒဏ်ခတ်အရေးယူမှုက ပစ်မှတ်ထားနေသည့် အကြီးမားဆုံးနှင့် ဆက်သွယ်မှုအကောင်းဆုံး ကုမ္ပဏီကြီးများမှာ ဤအရေးယူမှု ကို ကျော်လွှားလုပ်ဆောင်နိုင်ရန် ငွေကြေးအရင်းအနှီးနှင့် နိုင်ငံတကာ အဆက်အသွယ်များ ရှိနေကြ ပါသည်။ ဤသို့ အရင်းမြစ်များ မရှိကြသည့် အငယ်စားနှင့် အလတ်စား ကုန်ထုတ်လုပ်မှု လုပ်ငန်းများ (SMEs)  မှာ ဒဏ်ခတ်ပိတ်ဆို့မှု၏ နောက်ဆက်တွဲကို ခံကြရပြီး ၎င်းတို့မှာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အတွက် မရှိမဖြစ် အရေးပါသည့် လုပ်ငန်းများ ဖြစ်ကြပါသည်။ ဒဏ်ခတ်အရေးယူမှုသည် မြန်မာနိုင်ငံ စီးပွားရေးအတွက် အဓိကပြဿနာ မဟုတ်ပါ။ သို့သော်လည်း ဒဏ်ခတ်ပိတ်ဆို့မှုကို ဆက်လက် ထိန်းသိမ်း ထားခြင်းအားဖြင့် လူ့အခွင့်အရေးအတွက် စိုးရိမ်ပူပန်မှုများကို ဖြေရှင်းကြရန် အထောက်အကူ ဖြစ်စေမည် မဟုတ်သကဲ့သို့ ပြုပြင်ပြောင်းလဲမှုများနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတား ဖြစ်ရန်ပင် ရှိပါသည်။

(ဆက်လက် ဖော်ပြပါမည်)
(Foreign Policy မဂ္ဂဇင်းတွင် ဖော်ပြထားသော ဂျာရက် ဘစ်ဆင်ဂျာ (Jared Bissinger) ၏ Think Again: Burma’s Economy ကို ဘာသာပြန်ဆို ဖော်ပြပါသည်။ ဂျာရက် ဘစ်ဆင်ဂျာသည် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ မက်ကွာရီ တက္ကသိုလ် (Macquarie University) တွင် ပါရဂူဘွဲ့အတွက် ကြိုးပမ်းနေသည့် ကျောင်းသားတဦး ဖြစ်ပါသည်။ ဂျာရက် ဘစ်ဆင်ဂျာသည် ယခင်က အမျိုးသား အာရှသုတေသနဆိုင်ရာ ဗျူရိုမှ ပညာရှင်တဦးလည်း ဖြစ်သည်။)

ဧရာဝတီ Blog

ကမ္ဘာ့ပထမဆုံး လေယာဉ်ပြန်ပေးဆွဲဖြစ်ရပ်မှန်ကို ယခုနှစ်ကုန် စရိုက်မည်

၁၉၅၄ ခုနှစ်က ကမ္ဘာပေါ်မှာ ပထမဆုံးဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံကလေယာဉ်ပြန်ပေးဆွဲတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင် ကို ဒီနှစ်ကုန်ပိုင်း ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှန်ရုပ်ရှင်ကို ဒါရိုက်တာ အဏ်ထော်နီက ရိုက်ကူး ချိန်ခြောက်လသတ်မှတ်ပြီး ရိုက်ကူးစရိတ်တချို့ကို ပြန်ကြားရေးဝန်ကြီး ဌာနဆီတင်ပြတောင်းခံသွားမယ်လို့ ဒါရိုက်တာအဏ်ထော်နီက ဆိုပါတယ်။ ကုန်ကျစရိတ် ကျပ်သိန်းပေါင်း ၃၀၀၀ လောက် ခန့်မှန်းထားတယ် လို့ ပြောပါတယ်။

“ပြန်ကြားရေး ဒု-၀န်ကြီး ဦးပိုက်ထွေးက ဟိုတလောက လာတွေ့တယ်။ နိုင်ငံတော်သမ္မတကြီးကလည်း အနုပညာသမားတွေကို မြေတောင်မြှောက်ပေးတဲ့ အစီအစဉ်တခုပေါ်လာတယ်။ ဇာတ်လမ်းကောင်းတယ်၊ ကမ္ဘာကို သွားလို့ရနိုင်တဲ့အတွက် လိုအပ်ရင် ရုပ်ရှင်သမားတွေကို နိုင်ငံတော်ကမတည်ပြီး ထုတ်ချေးပေး မယ်ပြောလို့ ကိုယ်တိုင် နိုင်ငံတော်သမ္မတဆီတင်မယ်၊ ခွင့်ပြုချက်ရတဲ့အပေါ် မူတည်ပြီး ဇာတ်ကားကို ထုတ်ချေးမယ်။”  ဒီဖြစ်ရပ်ကိုရိုက်ကူးတဲ့အခါမှာ လိုအပ်မယ့် အမေရိကန်နိုင်ငံထုတ် ဒါကိုတာ လေယာဉ်ပုံစံ ကိုတော့ အမေရိကန်နိုင်ငံကိုပဲ အကူအညီတောင်းခံသွားမယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်မှန်ကို ပြန်လည် ရိုက်ကူးဖို့အတွက် အဓိကကျတဲ့ ရည်ရွယ်ချက်နဲ့ ပရိသတ်ကိုပေးချင်တဲ့ အချက်အလက်အလက်တွေနဲ့ ပတ်သက်ပြီး ဒါရိုက်တာအဏ်ထော်နီက အခုလိုပြောပါတယ်။

“ကမ္ဘာနဲ့ချီပြီး ပထမဆုံးဖြစ်တဲ့ ဇာတ်လမ်းဆိုတော့ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာရော၊ ပထမဆုံးစလုပ်တဲ့သူက စွန့်ဦးတီထွင်ပဲလေ။ ကိုယ့်နိုင်ငံက စွန့်ဦးတီထွင်ပြီး သတ္တိရှိရှိနဲ့ လေယာဉ်ပြန်ပေးဆွဲတယ်ဆိုတော့၊ အသက် ကိုတောင်စွန့်ပြီး လုပ်ခဲ့တဲ့ ကြံစည်မှုကြီး။ ဒီလို ကြံစည်မှုမျိုးကို လုပ်ရဲတဲ့သတ္တိရှိသူဟာ ကိုယ့်နိုင်ငံ က ပေါက်ဖွားခဲ့တဲ့သူတွေ ဖြစ်လို့ ဒါကို ရိုက်ပြလာခြင်းအားဖြင့် ကမ္ဘာကို ချပြရတာ ဂုဏ်ယူစရာပေါ့။” နိုင်ငံတကာဖြန့်ချိမယ့် ဇာတ်လမ်းဖြစ်တဲ့အပြင် ကမ္ဘာကျော်ဖြစ်ရပ်မှန် ဇာတ်လမ်းကို ပြန်လည်ရိုက်ကူး တာဖြစ်တဲ့အတွက် တိကျတဲ့အချက်အလက်မှန်တွေကို သက်ရှိထင်ရှားရှိနေသေးတဲ့ ဦးစောကျော်အေးက ကူညီပေးမယ်လို့ အဲ့ဒီဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ ဗိုလ်စောသိန်းကျော် (ကွယ်လွန်) ရဲ့ သားဖြစ်သူ ဦးစောဒေါဒေါ က ပြောပါတယ်။ ကေအန်ဒီအိုက သူတို့အဖွဲ့အတွက် လိုအပ်တဲ့လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေသယ်ယူ ဖို့အတွက် လေယာဉ်တစ်စီး လိုအပ်လာတာကြောင့် လေယာဉ်ကို ရယူလိုရုံသက်သက် ပြန်ပေးဆွဲမှု ကို ပြုလုပ်ခဲ့ကြတာလို့ ဆိုပါတယ်။

ဒီဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးတဲ့နေရာမှာ နာမည်ရနေတဲ့မင်းသား၊မင်းသမီးတွေကို လုံးဝ သုံးမှာမဟုတ် ဘဲ အသစ်တွေနဲ့သာ ရိုက်ကူးမယ်လို့ သိရပါတယ်။ ၁၉၅၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ဟာ ဦးနုအစိုးရ လက်ထက် ရန်ကုန်ကနေ ရခိုင်ပြည်နယ်ကို ပြေးဆွဲခဲ့တဲ့လေယာဉ်ပေါ်မှာ ဖြစ်ခဲ့တာဖြစ်ပြီး ကေအန်ဒီအို အဖွဲ့ဝင် ၃ ဦးက ဦးစီးပြီး ပြန်ပေးဆွဲခဲ့တာပါ။ ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့သူတွေအနက် ဦးစောကျော်အေးက သက်ရှိထင်ရှားရှိပြီး ကျန် ဦးစောသိန်းကျော်နဲ့ အငြိမ်းဆိုတဲ့ပုဂ္ဂိုလ်တို့ကတော့ ကွယ်လွန်သွားပြီဖြစ်ပါတယ်။

ယုဇနကိုကို (ဒီဗွီဘီ)

အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီအစည်းအဝေး အမြန်ဆုံး ခေါ်ယူပေး ဖို့ တောင်းဆိုထား

ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့က ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းဟာ သမ္မတဆီ သ၀ဏ်လွှာ တစ်စောင်ရေးသားပြီး အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီအစည်းအဝေး အမြန်ဆုံး ခေါ်ယူပေး ဖို့ တောင်းဆိုထားတယ်လို့ ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာထုတ်ဖော်ပြောဆိုပါတယ်။

အကြောင်းကတော့ သမ္မတဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီရဲ့ ဆောင် ရွက်ချက်တွေ အနက် တချို့အဖွဲ့တွေနဲ့ ဆွေးနွေးရာမှာ အောင်မြင်တာတွေ ရှိသလို၊ တချို့အဖွဲ့နဲ့ တွေ့ဆုံတဲ့ အခါမှာ မလိုလားအပ်တဲ့ ကိစ္စရပ်တွေနဲ့ ဘေးထွက် ဆိုးကျိုးတွေ ဖြစ်ပေါ် လာနိုင်တယ်ဆိုပြီး ပြည်သူတွေနဲ့ အမတ်တွေက သူကို တင်ပြလာခဲ့ကြောင်း၊ ဒါကြောင့် ဒီကိစ္စတွေကို အလေးအနက်ထား ဆွေးနွေးဖို့ လိုအပ်လာလို့ တောင်းဆိုရခြင်း ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီအတွက် ဒီနေ့ သမ္မတဆီက သ၀ဏ်လွှာ တစောင် ပေးပို့လာပေမယ့် ဘယ်လို အချက်တွေ ဖော်ပြထား တယ်ဆိုတာ ထုတ်ဖော်ပြောဆိုဖို့ မသင့်သေးဘူးလို့ သူရဦးရွှေမန်းက ပြောပါတယ်။

ဒီဗွီဘီ

မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုနှင့် အရေးယူခံရသည့် သရုပ်ဆောင်ဘုန်းလျှံ

ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် ဟိန်းထူးလင်း(ခ) ဘုန်းလျှံအား မူးယစ်ဆေးဝါးများလက်ဝယ်ထားရှိ သုံးစွဲမှု ဖြင့် ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ ဇွန် ၂၈ ရက်နေ့က မူးယစ်အထူးအဖွဲ့မှ မူးယစ်ဆေးဝါးသတင်းအရ ယင်း ရုပ်ရှင် သရုပ်ဆောင် ခေတ္တနေထိုင်ရာ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ သာယာဝတီလမ်း ၌ရှိသော Inn တစ်ခုအတွင်းသို့ ၀င်ရောက်ရှာဖွေရာမှ ၎င်း၏ အဖော်ဖြစ်သူ ဦးမောင်ထွန်းလှဆိုသူနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

၎င်းတို့နေသော အခန်းအတွင်းရှိ ကုတင်ခေါင်းရင်း ကြမ်းပြင်ပေါ်တွင် ချထားသော ခရီးဆောင် လက်ဆွဲ အိတ်အတွင်းတွင် Red Ruby စီးကရက်ဗူး ခွံတစ်ခုတွေ့ရပြီး ထိုစီးကရက်ဗူးခွံထဲ၌ WY စာတမ်းပါရှိသော လိမ္မော်ရောင် စိတ်ကြွဆေးပြား (၄၇)ပြား၊အစိမ်း ရောင် (၂)ပြား၊စုစုပေါင်း (၄၉)ပြား နှင့်အတူ ဦးမောင်ထွန်းလှ အိပ်သော ကုတင်ခေါင်းရင်းမှ ဂျာနယ်ခေါက်ထဲ၌ တိပ်အကြည်ဖြင့်ကပ်လျက် အဖြူရောင် တစ်ရှုးစက္ကူအတွင်း ပလတ်စတစ်အိတ်အကြည်ဖြင့် ထုတ်လျက်ထားရှိသော လိမ္မော်ရောင် စိတ်ကြွဆေးပြား (၉၉)ပြားအား တွေ့ရှိကာ ဖမ်းဆီးရမိခြင်းဖြစ်သည်။ အဆိုပါအခန်းအတွင်းတွင် စိတ်ကြွဆေးပြားများနှင့်အတူ စိတ်ကြွဆေးပြားသုံးစွဲရာတွင်အသုံးပြု ရသော ရေသန့် ဘူးဘေးဘက်တွင် ပိုက်တပ်လျက်နှင့်(၆)လက်မခန့်ရှိ ခဲပြား (၂)ပြား၊မီးခြစ် (၁)လုံးတို့ကို သိမ်းဆည်းရမိပြီး စုစုပေါင်း စိတ်ကြွဆေးပြား ကျပ်(၇)သိန်းလေးသောင်းဖိုးခန့် ဖမ်းဆီးရမိခြင်းဖြစ်သည်။

ဗဟန်းမြို့နယ်ရဲစခန်းမှ သရုပ်ဆောင် ဘုန်းလျှံနှင့်အဖော်ဖြစ်သူ ဦးမောင်ထွန်းလှတို့အား မူးယစ်ဆေးဝါးနှင့် စိတ် ကိုပြောင်းလဲစေသောပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အမူဖွင့်အရေးယူထားကြောင်း သိရသည်။ “ဆေး အပြား (၃၀)နဲ့အထက်ဆို ၁၉(က) ဆို ထောင်ဒဏ်က ၁၀ နှစ်ကနေ နှစ်အကန့်အသတ်မရှိ ကျခံရနိုင် တယ်။ အပြား၃၀ အောက်ဆိုရင်တော့ ၁၆ (ဂ) ဆို ၅ နှစ် ကနေ ၁၀ နှစ်အထိ အရေးယူနိုင်တယ်” ဟု မှုးယစ်အထူးအဖွဲ့မှ ဒု-ရဲမှူး ဦးခင်မောင်သိန်းကပြောသည်။

myitmakhamediagroup
http://myitmakhamediagroup.com/detail.php?newid=5005

သုဝဏ္ဏဘူမိ (သထုံ) မြို့ဟောင်း တည်နေရာ တူးဖော်မှုကို လာမည့် ပွင့်လင်းရာသီတွင် စတင်မည်

ပထမဆုံး စတင်တူးဖော်မှု ပြုလုပ်မည့် အရက်သမ၊ ၀င်က နေရာများပြမြေပုံ

မော်လမြိုင်တွင် ပြုလုပ်ခဲ့သည့် သုဝဏ္ဏဘူမိ အလုပ်ရုံ ဆွေးနွေးပွဲအရ သမိုင်းအစဉ်အလာ ကြီးမားသည့် သုဝဏ္ဏဘူမိမြို့ဟောင်း တည်နေရာ တူးဖော်မှုကို လာမည့်ပွင့်လင်းရာသီတွင် စတင်မည် ဖြစ်ကြောင်း ဇွန် ၂၆ ရက်၌ ဦးကျော်ဦးလွင် (ညွှန်ကြားရေးမှူးချုပ်) က ပြောကြားသည်။ ''ဒီနှစ်ရက်အတွင်းမှာ သမိုင်း၊ ပထ၀ီ ပညာရှင်တွေ ရှေးဟောင်း သုတေသနဆိုင်ရာ ပညာရှင်တွေ ရှာဖွေတွေ့ရှိထားတဲ့ အထောက်အထားတွေ အရ သုဝဏ္ဏဘူမိရဲ့ မြို့ဟောင်းက အရက်သမ၀င်းက နေရာတွေကို ပထမ တူးဖော်ပြီး၊ ဒုတိယအနေနဲ့ လက်ရှိသထုံမြို့ နေရာမှာ ဆက်လက်တူးဖော်ဖို့ အစီအစဉ် ရှိပါတယ်။ သထုံမှာ တူးဖော်မှုတွေ ပြုလုပ်ရင် လူနေရပ်ကွက်တွေကို ရှောင်ကွင်းပြီးမှ တူးပါမယ်။ ကွင်းဆင်းတူးဖော်တဲ့ နေရာမှာလည်း သက်ဆိုင်ရာရဲ့ ဘဏ္ဍာငွေ ခွင့်ပြုချက်အလိုက် နှစ်စဉ်သုတေသန စီမံချက်အလိုက် တူးဖော်ဆောင်ရွက်သွားဖို့ ရှိပါတယ်'' ဟု ဦးကျော်ဦးလွင်က ဆက်လက် ပြောကြားပါသည်။

အဆိုပါ စာတမ်းဖတ်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကို ဇွန် ၂၅ နှင့် ၂၆ ရက်များတွင် ပြုလုပ်ခဲ့ရာ ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်တက်ရောက်ပြီး မွန်ပြည်နယ်မှ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ကြကြောင်း သိရသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ တွင် ဦးမောင်တိုး (အငြိမ်းစားညွှန်ကြားရေးမှူး) က ကျောက်စာနှင့် ရှေးဟောင်းစာပေ အထောက်အထားများမှ သုဝဏ္ဏဘူမိ၊ ဦးမြင့်အောင် (ရှေးဟောင်းသုတေသနပညာရှင်) က THE EXCAVATIONS OF AYETHAMA AND WINKA ၊ ဒေါက်တာကျင်စွမ် (ပါမောက္ခ၊ ပထ၀ီဝင် မော်လမြိုင်တက္ကသိုလ်) က သုဝဏ္ဏဘူမိ တည်နေ ရာ လေ့လာခြင်း၊ ဦးစံဝင်း (အငြိမ်းစား၊ သမိုင်းပညာရှင်) က သုဝဏ္ဏဘူမိ အထောက်အထားများနှင့် သုတေသနလုပ်ငန်း၊ ဦးနိုင်ချစ်ဖေ (လ၊ထ ညွှန်ကြားရေးမှူးငြိမ်း) က သုဝဏ္ဏဘူမိမြို့ဟောင်း ဒေသ ကို ပြန်လည်ဆန်းစစ်ခြင်း၊ ဦးလှသောင်းက ရှေးဟောင်းစာပေများတွင် တွေ့ရသော သုဝဏ္ဏဘူမိ၊ ဦးဌေးဝေက သုဝဏ္ဏဘူမိ သထုံမြို့ဟောင်း၏ သမိုင်းနိဒါန်း၊ နိုင်ခင်မောင်လေးက သုဝဏ္ဏဘူမိ ရှေး မြို့တော်ဟောင်းများ၏ ယခုလက်ရှိ တည်နေရာ၊ ဒေါက်တာလဲ့လဲ့ဝင်း (ဒုညွှန်ကြားရေးမှူး -သမိုင်း သုတေသန ဦးစီးဌာန) က သထုံမြို့ဟောင်း၏ လက်ရှိအခြေနေကို လေ့လာခြင်း စာတမ်းများကို အသီးသီး ဖတ်ကြားဆွေးနွေး ခဲ့ကြသည်ဟု သိရသည်။

Eleven

facebook က လှမ်းမှာနိုင်တဲ့ Hays ထမင်းဘူး ဝန်ဆောင်မှု


မြန်မာပြည်မှာ ထမင်းဆိုင် တဆိုင်ဆိုင် သို့မဟုတ် အိမ်တအိမ်အိမ်က လပေး ချိုင့်ဆွဲ မှာစားတာမျိုး လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက ရှိနေခဲ့ပေမယ့် အိမ်တိုင်ရာရောက် ထမင်းဘူးပို့ ဝန်ဆောင်မှု လုပ်ငန်းမျိုးကိုတော့ ကိုရီးယား ဇာတ်လမ်းတွဲ တွေထဲမှာပဲ မြင်ဖူးကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့ တဲ့ မေလကမှ အင်တာနက် facebook စာမျက်နှာပေါ်မှာ Heys လို့ အမည်ရတဲ့ အိမ်အရောက် ထမင်းဘူး ဝန်ဆောင်မူ လုပ်ငန်း စာမျက်နှာ တခုကို တွေ့ခဲ့ရပါတယ်။ တနေ့နဲ့ တနေ့ ဟင်းအမယ်မထပ်တဲ့ အပြင် ထမင်း၊ ဟင်း၊ ငပိ တို့စရာ အစုံအလင်ပါတဲ့ ထမင်းတဘူးကို ၈၅၀ ကျပ်နဲ့ အိမ်တိုင်ရာရောက် ဝန်ဆောင် မှုပေးတဲ့ အတွက် သင့်တင့်တဲ့ နှုန်းထားတခုလို့ မှာယူစားသုံးသူတွေက ဆိုကြပါတယ်။ ထမင်းတဘူးကို ၈၅၀ ကျပ်နဲ့ ပုံစံတကျ အမယ်စုံ လုပ်ပေးနိုင်တာ ဘာကြောင့်လဲ ဆိုတော့ ရန်ကုန်မှာ ထမင်းဆိုင်တွေ ကလည်းများ၊ ချိုင့်ဆွဲစနစ်တွေ ကလည်း ပေါနေတာကြောင့် ဈေးချင်း အတူတူ၊ ပုံစံလည်း မကွာရင် အပြင်မှာပဲ စားကြ လိမ့်မယ်၊ အခုလို စုံစုံလင်လင် လုပ်ပေးတော့ စိတ်ဝင်စားမှုကို ပိုရစေနိုင်တယ်လို့ Heys အစားအစာ အိမ်အရောက် ဝန်ဆောင်မှု လုပ်ငန်းရဲ့ လူမှုဆက်သွယ်ရေး အပိုင်းကို တာဝန်ယူထားတဲ့ ကိုသူရက ရှင်းပြပါတယ်။ 

Heys ထမင်းဘူး အိမ်တိုင်ရာရောက် ဝန်ဆောင်မှုလုပ်ငန်းကို ဟိုတယ်လုပ်ငန်းမှာ အတွေ့အကြုံရှိခဲ့တဲ့ အမျိုးသား သူငယ်ချင်း ၃ ယောက်က စိတ်ကူးခဲ့တာ ကြာပြီဖြစ်ပေမယ့် အခုမှ အကောင်အထည် ဖော်ဖြစ် ခဲ့တာလို့ သိရပါတယ်။ အမျိုးသားတွေချည်း ချက်ကြ ပြုတ်ကြပြီး လုပ်ငန်းပေါ်မှာ တယောက်တမျိုး စီတာဝန်ယူထား ကြတယ်၊ တယောက်က အမှာစာအတိုင်း ထမင်းဘူးတွေကို လိုက်ပို့ပေးပြီး တယောက် က ဈေးကွက်နဲ့ လူမှုကွန်ရက်ကို တာဝန်ယူတယ်၊ နောက် တယောက်က တခြား လိုအပ်တာတွေကို လုပ်တယ်လို့လည်း သိရပါတယ်။ “အရင်တုန်း ကတည်းက အစားအစာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို စိတ်ဝင်စားခဲ့ကြတာ။ အစားအသောက်တွေကို ထွင်ရတာ ကျနော်တို့ ၃ ယောက်စလုံးက အရူးအမူး ဝါသနာပါတာ၊ ပြောရမယ် ဆိုရင်တော့ ငြိမ်ငြိမ်မနေချင်ကြဘူး ပေါ့ဗျာ” လို့ ကိုသူရက ပြောပါတယ်။
နေ့စဉ် ချက်ပြုတ်မယ့် ဟင်းလျာတွေကို တပတ်စာ မီနူးအစီအစဉ် ရေးဆွဲထားပြီး တခါတလေ မှာတော့ အဆင်ပြေသလို ပြောင်းလိုက်တာ မျိုးလည်း ရှိတယ်လို့ သိရပါတယ်။ စားသုံးသူတွေ အတွက် တနေ့တမျိုး မရိုးရအောင် ဆိုပြီး မြန်မာ အစားအစာ အပြင်၊ ရှမ်း၊ တရုတ်၊ ထိုင်း စသည်ဖြင့် စတိုင် အမျိုးမျိုးနဲ့ ဟင်း လျာတွေကို စားအုန်းဆီ၊ အချိုမှုန့် လုံးဝမသုံးဘဲ ချက်ပြုတ်တယ် လို့လည်း ကိုသူရက ရှင်းပြပါတယ်။ အဲဒီလို စားအုန်းဆီနဲ့ အချိုမှုန့် လုံးဝမသုံးဘူး ဆိုတာနဲ့ နေ့စဉ်ရရှိမယ့် ဟင်းလျာတွေကို သူတို့ facebook မှာ ကြေညာထား သေးတာပါ။

“Heys ဆိုတဲ့ နာမည်တခုကို လူသိစေချင်တယ်၊ အလုပ်ကိုလည်း စေတနာထားပြီး လုပ်တာကြောင့် လူသိများလာရင်တော့ အကျိုးရှိမယ်လို့ ထင်ပါတယ်” လို့ ကိုသူရက ပြောပါတယ်။ ထမင်းဘူး ဝန်ဆောင် မှုက မြန်မာနိုင်ငံမှာ ရှိသင့်တဲ့အကြောင်း၊ လမ်းဘေးမှာ ရောင်းချနေတဲ့ အစားအစာတွေထက် သန့်ရှင်း သပ်ရပ်စွာ ထုတ်ပိုးထားတဲ့ အချက်က ထမင်းဘူး ဝယ်ယူ မှာစားဖို့ အားသာချက် တခုဖြစ်ကြောင်း၊ ပုံမှန် မှာယူ စားသုံးသူ တဦးက အိမ်တိုင်ရာရောက် ထမင်းဘူး ဝန်ဆောင်မှု လုပ်ငန်းအပေါ် သုံးသပ်ပါတယ်။
Heys ထမင်းဘူးကို နေ့စဉ်နီးပါး စားသုံးလေ့ရှိသူ ကိုအောင်အောင်ကလည်း “သန့်သန့်ရှင်းရှင်းနဲ့ သပ်သပ် ရပ်ရပ် ချက်ပြုတ် ထားပြီး ထုတ်ပိုးထားသလို၊ အရသာကလည်း မဆိုးဘူး၊ အပြင်ထွက် စားဖို့ကလည်း အချိန် သိပ်မပေးနိုင်ဘူးလေ။ ဒါကြောင့် မှာစားဖြစ်တယ်” လို့ သူ့အမြင်ကို ပြောပြပါတယ်။


ထမင်းဟင်းတွေကို အကန့်သုံးကန့်ပါတဲ့ ဖော့ဘူး အကြီးစားနဲ့ သပ်သပ်ရပ်ရပ် ထုပ်ပိုးထားတဲ့အတွက် စားသုံးသူ အနေနဲ့ အဆင်ပြေသလို စားပြီးသားဖော့ဘူးကို လွှင့်ပစ်လိုက်ရုံ ဖြစ်တဲ့အတွက် ဆေးကျောစရာ အလုပ်တခုလည်း သက်သာပါတယ်။ ပုံစံခွက်နဲ့ မှောက်ထည့်ထားတဲ့ ထမင်းက တကန့်၊ အဓိကဟင်းလျာ တကန့်၊ အရွက်ကြော်လို အရန်ဟင်းလျာက တကန့် ဖြစ်ပါတယ်။ ငပိသုပ်၊ ငပိရည်၊ ငရုပ်သီးဆားထောင်း စတဲ့ ငပိတမျိုးမျိုးကိုတော့ ပလတ်စတစ်အိတ်ငယ် လေးနဲ့ ထုပ်ပိုးထားပြီး တို့စရာ တမျိုးမျိုးလည်း ပါပါသေး တယ်။ ၈၅၀ ကျပ်နဲ့ ထမင်းဟင်း၊ ငပိတို့စရာ အကုန်ပါတဲ့ သူတို့ထမင်းဘူးမှာ ဆန်ကတော့ နည်းနည်း ကြမ်းတာ တွေ့ရပါတယ်။ ပြီးတော့ ထမင်းအစားများတဲ့ ယောက်ျားကြီးတွေ ဆိုရင် အဲဒီထမင်းနဲ့ မလောက်ငဘူး လို့ သိရပါတယ်။ တော်ရုံပဲ စားတဲ့ သူတွေအတွက်ကတော့ အတော်လောက်ပဲ ဖြစ်ပါတယ်။
အမျိုးသားတွေ ချက်တဲ့ဟင်းလျာတွေ ဖြစ်တာကြောင့် တခါတလေ အစပ်အဟပ် လိုအပ်ချက် ရှိပေမယ့် ဟင်းလျာတိုင်းကို တော့ အဆင်ပြေအောင် လုပ်ကြတယ်လို့လည်း ကိုသူရက ပြောပြပါတယ်။
“လောလောဆယ်တော့ လုပ်ငန်းက ကုမ္ပဏီတွေဆီကို ဦးတည်ပြီး ရောင်းနေတာပေါ့၊ အိမ်တွေကလည်း အမှာစာရပေမယ့် အခက်အခဲ လေးတွေရှိတော့ မပို့ဖြစ်သေးဘူး၊ အခုထိလည်း အမြတ်က သိပ်မရသေး ပါဘူး” လို့ Heys က ကိုသူရက ဆိုပါတယ်။

နေ့စဉ် ဟင်းလျာမီနူးကို ပုံနဲ့တကွ သူတို့ရဲ့ facebook စာမျက်နှာမှာ ဖော်ပြတဲ့အတွက် စိတ်ဝင်စားတဲ့ သူတွေက ဝေဖန်ချက် ဝင်ပေးရင်း မေးမြန်းတာလေးတွေ တွေ့ရပါသေးတယ်။ “အိမ်အရောက်ပို့ ဝန်ဆောင်မှုစနစ်က အစာစားဖို့အတွက် အချိန်တခု ပေးစရာ မလိုတော့ဘူးလေ။ ပြီးတော့ ၈၅၀ ကျပ်နဲ့ စနစ်တကျ လုပ်တယ်၊ အချိုမှုန့် လုံးဝနီးပါး မပါတာကိုလည်း သဘောကျလို့ ပုံမှန် မှာစားဖြစ်တယ်” လို့ Heys ရဲ့ ပုံမှန် ဖောက်သည် ကိုငြိမ်းချမ်းက ပြောပါတယ်။ လောလောဆယ်မှာတော့ ရန်ကုန်မြို့ထဲတဝိုက် တနေ့ကို ထမင်းဘူး အမှာစာ ၅၀ ကနေ ၈၀ လောက်အထိ ပုံမှန် ပို့ဖြစ် နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် လုပ်ငန်းစပ်တူ လုပ်ချင်တဲ့သူတွေလည်း ရှိနေတာကြောင့် အမျိုးသား ၃ ယောက် မဟုတ်တော့ဘဲ စပ်တူ လုပ်ဖို့ အမျိုးသမီးတယောက်ပါရှယ်ယာဝင်လာတယ်၊ ဒါ့အပြင်Haysအဖွဲ့ဟာလက်ရှိမှာတော့ နေပြည်တော် ဘက်ကိုလည်း ဈေးကွက် ချဲ့ထွင်ဖို့ ရှိနေပါတယ်။ ရန်ကုန်မှာတော့ သူတို့ရဲ့ ပို့ဆောင်ရေး အစီအစဉ်က ရန်ကင်းကနေ စတင် ထွက်ရတာ ဖြစ်တဲ့အတွက် ထမင်းဘူးတွေကို မြို့ရဲ့ ဧရိယာတခုမှာ အနည်းဆုံး ၅ ဘူး အမှာရှိမှ သွားပို့နိုင်တာပါ။ ရန်ကုန်မြို့လယ် ယာဉ်ကျောပိတ်ဆို့မှုတွေကြား ထမင်းဘူး မှာသူတွေ အချိန်မီစားရဖို့ ပြေးပြေးလွှားလွှား ချက်ပြုတ် ပို့ဆောင်ရတဲ့ ကိစ္စက လွယ်လှတာတော့ မဟုတ်ပါဘူး။ “သူသူကိုယ်ကိုယ် ထမင်းချိုင့်တဘက်နဲ့ ကားတိုးစီးရတဲ့ အလုပ်ကို လုပ်ချင်ကြမှာ မဟုတ်ဘူး၊ ကျနော်တို့ ဆိုရင်လည်းမလုပ်ချင်ဘူး။ ထမင်းချိုင့်လည်း သယ်စရာမလို၊ ဖွယ်ဖွယ်ရာရာလည်း စားရမယ်ဆိုရင် လူတွေက မှာကြမှာပဲလို့ တွက်ဆပြီး ကျနော်တို့ ဒီအလုပ်ကို လုပ်ဖြစ်ကြတယ်” လို့ Hays အဖွဲ့ဝင်တဦးက ရှင်းပြပါတယ်။

နေ့စဉ် လျှပ်စစ်မီးပျက်လို့၊ ဂက်စ်ကုန် သွားလို့၊ အိမ်ရှင်မ နေမကောင်းလို့ အစရှိတဲ့ အကြောင်းပြချက်တွေ၊ စိတ်ဖိစီးမှုတွေနဲ့ ကျောင်းမမီ၊ ရုံးမမီမှာ စိုးရိမ်နေရတဲ့ မြန်မာလူမှု အသိုင်းအဝန်းရဲ့ ကွက်လပ်တခုကို Hays က တထောင့်တနေရာက စမ်းသပ် ဖြည့်စွက် လိုက်တာလို့ Hays ရဲ့ ဖောက်သည်တဦးက သုံးသပ်လိုက် ပါတယ်။
ဧရာဝတီ Blog