29.6.13

မငြိမ်မသက်မှုများ ဖြစ်ပွားနေသော ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ကင်းလှည့်တပ်ဖွဲ့ ဗုံးထောင် တိုက်ခိုက် ခံရ

မငြိမ်မသက်မှုများ ဖြစ်ပွားနေသော ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ကင်းလှည့် တပ်ဖွဲ့အား ဗုံးထောင်တိုက်ခိုက် မှု တစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲမှုသည် တပ်ဖွဲ့ဝင်များ တင်ဆောင်ထားသော ကင်းလှည့် ယာဉ်တစ်စီးသည် ထိုင်းနိုင်ငံ တောင်ပိုင်း ပတ္တနီပြည်နယ်ရှိ ဆည်မြောင်းတစ်ခု ၏လမ်းဘေး မှ ဖြတ်သန်းစဉ် ဒေသစံတော် ချိန် မွန်းလွဲ ၁ နာရီတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖြစ်ပွားမှုကြောင့် မည်သူမျှ ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရပြီး အဆိုပါ တိုက်ခိုက်မှုသည် ထိုင်းနိုင်ငံ တောင်ပိုင်းမှ ခွဲထွက်ခွင့်တောင်း အတိုက်အခံအဖွဲ့၏ လက်ချက် ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က သုံးသပ် ထားသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ယာလာ၊ ပတ္တနီနှင့် နာရာသီဝက် ပြည်နယ်သုံးခုမှ မူဆလင် လူမျိုးများသည် ပြည် နယ်ခွဲထွက်ခွင့် တောင်းခံခဲ့သောကြောင့် ၂ဝဝ၄ ခုနှစ် ဇန်နဝါရီလမှ စ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။ အဆိုပါ တိုက်ခိုက်မှုပေါင်း ၁၁ဝဝဝ ကျော်တွင် လူပေါင်း ၅ဝဝဝ ကျော် သေဆုံးပြီး ၉ဝဝဝ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment