ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

7.5.13

ငွေစက္ကူအတုများ ထုတ်လုပ်မှု KIO အဖွဲ့ဝင်အချို့ ပါဝင်ပတ်သက်မှုရှိနေ


၇.၅.၂၀၁၃၊ အင်္ဂါနေ့
 


ကိုချို(ရွှေလီ) Yingyin post China တရုတ်နိုင်ငံမှရင်ကျန်းမြိုတွင်ဖမ်းဆီးရမိခဲ့သော မြန်မာငွေစက္ကူအတုများ ထုတ်လုပ်ရာတွင်အသုံးပြုခဲ့သောပုံနိပ်စက်များ
 
 
 
တရုတ်နိုင်ငံတွင် မြန်မာငွေစက္ကူအတုများ ထုတ်လုပ်မှု KIO အဖွဲ့မှ အချို့ ပါဝင်ပတ်သက်မှုရှိနေ မေလ ၇ ရက် ၂၀၁၃ ယခုနှစ် အေပြီလ ၁၂ ရက်နေ့က မြစ်ကြီးနားမြို့တွင် တရုတ်နိုင်ငံသားများထံမှ မြန်မာငွေကျပ် (၅၀၀၀)တန် ငွေစက္ကူအတုများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ တရုတ်အစိုးရ တာဝန်ရှိသူများမှ တရုတ်နိုင်ငံတွင်း ကွင်းဆက် တရားခံများအား ဖမ်းဆီးဖော်ထုတ်ခဲ့ရာ အေပြီလ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံ ရင်ကျန်းမြို့တွင် တရားခံ(၆) ဦးအား မြန်မာငွေစက္ကူအတုပြုလုပ်သည့်စက်(၇)လုံး၊ မြန်မာငွေအတု(၅၀၀၀)တန်နှင့် (၁၀၀၀၀)တန် ၁၁.၄ ကုဋေ တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။ 

ငွေစက္ကူအတုပြုလုပ်သူများအနေဖြင့် စုစုပေါင်း ငွေစက္ကူအတု(၂၀)ကုဋေဖိုး ထုတ်လုပ်ခဲ့ပြီး ဖမ်းဆီးရမိခဲ့သည့် ငွေစက္ကူအတုမှာ (၁၃)ကုဋေခန့်သာ ရှိသေး သဖြင့် (၇)ကုဋေခန့်မှာ ဖမ်းဆီးရမိခဲ့ခြင်း မရှိသေးကြောင်း တရားခံများက ထွက်ဆိုခဲ့သည်။ ဖမ်းဆီးရမိခဲ့သော တရားခံများတွင် KIO အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ တာဝန်ရှိသူအချို့ ပါဝင်ပတ်သက်လျက် ရှိကြောင်း သိရှိရပြီး ယခုအခါ လိုင်ဇာရှိ ၎င်းတို့၏အိမ်နှင့် ပိုင်ဆိုင်မှုလုပ်ငန်းအချို့အား KIO မှ ချိတ်ပိတ် သိမ်းဆည်းထားကြောင်း သိရှိရသည်။ 

ယခုအခါ တရုတ်နိုင်ငံမှာ ပြုလုပ်သည့် မြန်မာကျပ်ငွေ (၅၀၀၀)တန်နှင့် (၁၀၀၀၀)တန်အတုအချို့ မြန်မာငွေကြေးဈေးကွက်အတွင်း လည်ပတ်နေသည်ဟု ယူဆရကြောင်း၊ မြန်မာနိုင်ငံ ငွေကြေးဈေးကွက်ကို မထိခိုက်နိုင်ကြောင်း မြန်မာ့စီးပွားဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ငွေတုပြုလုပ်သူများအနေဖြင့် ၎င်းငွေကြေးများအား ကျောက်စိမ်းနှင့် သစ်များဝယ်ယူရာတွင် အသုံးပြုလျက် ရှိသည်။ ငွေစက္ကူအတုများအနေဖြင့် သေသေချာချာကြည့်ရှုပါက အတုနှင့်အစစ်ခွဲရ လွယ်ကူကြောင်း သိရှိရပြီး ငွေအတုနှင့်အစစ်ခွဲခြားပုံအား နိုင်ငံပိုင်သတင်းစာများတွင်လည်း သတိပေးဖော်ပြခဲ့သည်။ 



 
 


http://www.facebook.com/pages/Myanma-Light/146261005536139

တရုတ်သချုင်္ိင်း တိုးချဲ့မှု ထားဝယ် ကူးတို့ဆိပ်ဒေသခံများ ကန့်ကွက်


၇.၅.၂၀၁၃၊ အင်္ဂါနေ့

 

တနင်္သာရီတိုင်း ထားဝယ်မြို့နဲ့ ၃ မိုင်လောက်အကွာမှာရှိတဲ့ ကူးတို့ဆိပ်ကျေးရွာ ရွာသားတွေပိုင်တဲ့ စားကျက်မြေမှာ တရုတ်သချုင်္ိင်းတိုးချဲ့ဖို့အတွက် ခြံစည်းရိုးကာနေတာကို ရွာသား ၆၀ လောက်က တားဆီးခဲ့ကြရာမှာ ရဲနဲ့ အချေအတင် ဖြစ်ခဲ့ပါတယ်။
မေလ ၄ ရက်နေ့က အခုလို ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ကူးတို့ဆိပ်ကျေးရွာသား ဦးမြင့်လွင်က “ကျနော်တို့ရွာသားတွေက ပြောတယ်။ ဒီပြဿနာက မပြေလည်သေးဘူး။ အရှုပ်အရှင်း ဖြစ်နေတဲ့အချိန်မှာ ခြံစည်းရိုးလာကာတာ လက်မခံဘူးလို့ ပြောတယ်။ အဲဒါကို ရဲက တားရဲတဲ့လူတား၊ တားရင် ဖမ်းမယ်၊ ပြောလို့မရရင် ပစ်မယ်ဆိုပြီး ပြောပါတယ်” လို့ ဆိုပါတယ်။
ဒီတရုတ်သချုင်္ိင်းဟာ ထားဝယ်မြို့ကနေ လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်က ပြောင်းရွှေ့လာကာစက ၂ ဧကသာရှိပြီး နောက်ပိုင်း ကျေးရွာသချုင်္ိင်းမြေ ၅ ဧက၊ လယ်သမား ၂ ဦးပိုင်မြေ ၄ ဧက သိမ်းယူခဲ့ပြီးနောက် အခု ရွာသားတွေပိုင် စားကျက်မြေအထိ တဖြည်းဖြည်း တိုးချဲ့သိမ်းယူခဲ့တာ စုစုပေါင်း ၁၇.၂၅ ဧက ရှိပြီလို့ ဦးမြင့်လွင်က ပြောပါတယ်။
အခု ထပ်ပြီးတိုးချဲ့တဲ့ မြေနေရာဟာ ကျေးရွာရဲ့ အိမ်တွေနဲ့ အရမ်းနီးကပ်သလို ရွာသားတွေရဲ့ အသက်သွေးကြော စားကျက်မြေဖြစ်တဲ့အတွက် ရွာသားတွေက ကန့်ကွက်တာလို့ ဆိုပါတယ်။
“ဆိုးတာက စားကျက်မြေကို သိမ်းယူပြီး သချုင်္ိင်းလုပ်မှာကို ရွာသားတွေက သဘောမတူဘူး။ စားကျက်မြေက ၆.၁၁ ဧက ရှိတယ်။ အဲဒီစားကျက်မြေက ရွာနဲ့ အိမ်နဲ့လည်း အရမ်းနီးကပ်တယ်။ နောက် လယ်ယာမြေသွားတဲ့နေရာလည်း ဖြစ်နေ တယ်။ ကျွဲနွားတွေ ထိန်းကျောင်းတဲ့နေရာလည်း ဖြစ်နေတယ်။ အဲဒီစားကျက်မြေက ရွာသားတွေရဲ့ အသက်သွေးကြောလို ဖြစ်နေတာပေါ့။”
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်၊ ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အဆင်ဆင့် စာရေးတင်ပြခဲ့ပေမယ့် အရေးမယူပေးဘူးလို့ ဦးမြင့်လွင်က ပြောပါတယ်။           
“ခရိုင်အုပ်ချုပ်ရေးအဖွဲ့ကလည်း ကျနော်တို့ရွာကို ဆင်းလာပြီး ကျနော်တို့ တင်ပြထားတာ ဘာမှ နားမထောင်ဘဲနဲ့ ပြောချင်တာပြောပြီး ကြိမ်းမောင်းပြန်သွားတယ်။ နင်တို့ တားလို့မရဘူး၊ တားရင် ဖမ်းမယ်၊ ဆီးမယ်ဆိုပြီး ပြောပြီး ပြန်သွားတယ်။”
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ထားဝယ်မြို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး ကွန်ရက်အဖွဲ့ရဲ့ တာဝန်ရှိသူ ဦးသန်းဝင်းက “အဲသချုင်္ိင်းက မြန်မာဗုဒ္ဓဘာသာလူမျိုးတွေ နေတဲ့အိမ်ရှေ့မှာ လာရောက်မယ် အုတ်ဂူတွေက။ အဲဒါဆို မနက်အိပ်ရာထ ဘုရားမရှိခိုးဘဲ အဲဒီသချုင်္ိင်းပုံကို ရှိခိုးမလား။ ရွာခံသချုင်္ိင်းကျတော့ မတိုးချဲ့ပေးဘဲနဲ့ ဧည့်သည်သချုင်္ိင်း တိုးချဲ့ပေးတယ်ဆိုတာ ဒါဟာ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးတာ၊ လူ့အခွင့်အရေး ဆုံးရှုံးတာ။ သေသူနဲ့ ရှင်သူ မြေကြီး ဘယ်သူ့ကို ပေးမလဲ။ အသက်ရှင်နေတဲ့သူတွေက မျှော်လင့်ချက်ရှိတယ်။ နောက်လာမယ့် မျိုးဆက်ကလေးတွေ အဲဒီမြေပုံတွေပေါ်မှာ အိပ်ရမှာလား။ အဲတော့ ဘယ်တုန်းကပဲ သိမ်းသိမ်း။ အသက်ရှင်နေတဲ့သူတွေအတွက် ပြန်ပြီးတော့ ပေးသင့်တယ်” လို့ ပြောပါတယ်။
သချုင်္ိင်းအတွက် မြေတွေ သိမ်းယူစဉ်ကလည်း ဒေသခံတွေရဲ့ သဘောထားတွေကို မေးမြန်းခြင်းမရှိဘဲ သိမ်းယူခဲ့တာလို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ကူးတို့ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ တရုတ်ဘုံကျောင်းတာဝန်ရှိသူ၊ တနင်္သာရီတိုင်း ၀န်ကြီးချုပ်၊ ခရိုင်အုပ်ချုပ်ရေးမှူး နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မရခဲ့ပါဘူး။
ထားဝယ်မြို့ ကူးတို့ဆိပ်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လူဦးရေ ၄၀၀ ကျော်နေထိုင်တယ်လို့ ကူးတို့ဆိပ်ရွာသား ဦးမြင့်လွင်က ပြောပါတယ်။ ကျေးရွာသားတွေဟာ ရာသီပေါ်သီးနှံတွေ စိုက်ပျိုးရောင်းချပြီး အသက်မွေးဝမ်းကျောင်း ပြုကြတာ များတယ်လို့ ဆိုပါတယ်။
ကူးတို့ဆိပ် ကျေးရွာသားတွေပိုင် စားကျက်မြေမှာ တရုတ်သချုင်္ိင်း လာရောက်တိုးချဲ့မှု ပြဿနာအပါအ၀င် တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ်အတွင်း မတရားသိမ်းဆည်းထားတဲ့ မြေယာတွေအတွက် မေ ၁၆ ရက်နေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး ကွန်ရက်အဖွဲ့ရဲ့ တာဝန်ရှိသူ ဦးသန်းဝင်းက ပြောပါတယ်။

DVB 

မိုးညှင်း အမှတ်(၂)အောင်သပြေဈေးသစ် မစည်ကား၍ ပဋိပက္ခဖြစ်ပွားနေ

၇.၅.၂၀၁၃၊ အင်္ဂါနေ့

မိုးညှင်းမြို့ရှိ အမှတ်(၂) အောင်သပြေဈေးသစ် မှ ဈေးသူဈေးသားများနှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ အစည်းများကြား ဈေးလူမစည်သည့်ကိစ္စနှင့်ပါတ်သတ်၍ ပဋိပက္ခဖြစ်ပွားလျှက်ရှိသည်။
အဆိုပါဈေးမှာ ကိုယ်ထူကိုယ်ထ ဆောက်လုပ်သည့်ဈေးဖြစ်သည်နှင့်အညီ ဈေးဧရိယာ ကျယ်ကျယ်ဝန်းဝန်းနှင့် ဈေးဆိုင်ခန်းပေါင်း ၃၀၀ ကျော်ရှိသည့် ဈေးသစ်ဖြစ်သည်။

“ဈေးမှာ အခွန်အခ နေ့တိုင်းပေးနေရပေမယ့်၊ လူမရှိတဲ့ ဈေးကိုလာပြီး ဈေးသည် အချင်းချင်း တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြန်နေရတယ်၊ အရင်ဈေး ဖျက်ခိုင်းတုန်းကပေးခဲ့တဲ့ ကတိတွေအတိုင်းလည်း ဆောင်ရွက်ပေးခြင်း မရှိလို့ ဈေးသည်တွေ ဒုက္ခရောက်နေရတော့ ကတိအတိုင်း လုပ်ပေးစေချင်တယ်”ဟု အောင်သပြေဈေးမှ ဈေးဖွင့်လှစ်ရောင်းချသူတစ်ဦးကပြောသည်။

အဆိုပါဈေးသစ်ဖွင့်လှစ်ပါကမိုးမလင်းဈေးနှင့်ကျူးကျော်ဈေးသည်များအား ရောင်းချခွင့်ဖျက်သိမ်းခိုင်းမည်ဟု ပြောဆိုခဲ့ခြင်း၊ လူစည်ကားစေရန်လိုင်းတို သုံးဘီးကားဂိတ်များကို ဖွင့်လှစ်ပြေးဆွဲစေမည်ဟု ပြောကြားထား ခြင်း၊ ဈေး သန့်ရှင်းရေး ရေမြောင်းတူးဖော်ပေးမည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ဈေးသည် များအား ပြောဆိုကာ ပြောင်းရွှေ့ဖွင့်လှစ်စေခြင်းဖြစ်သည် ဟု အောင်သပြေဈေးသူဈေးသားတို့က ဆိုသည်။

ဈေးသူဈေးသားများအနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်များထံသို့ အကြောင်းကြားစာ အကြိမ်ကြိမ်တင်ပြတောင်းခံကာ ဈေးစည်ကား ရန် ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်တွင် ထူးခြားမှုမရှိဟု ဈေးသူဈေးသားများက ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မိုးညှင်းမြို့နယ် စည်ပင်သာယာရေးရုံး၌ မေလ ၆ ရက်နေ့က အစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့သည်ဟု သိရသည်။
“ဒီနေ့ အစည်းအဝေးမှာတော့ အချက်(၃) ချက်ကို ဆွေးနွေးခဲ့ကြတယ်၊ ဈေးသူဈေးသားတွေကတော့ အရင် ကိစ္စတွေကို ပြန်ပြောကြတယ်၊ မြောင်းကတော့ စဖေါ်နေပြီ ၊ အုတ်မတတ်နိုင်သေးတာပဲရှိတယ်၊ ဖွင့်ပြီးမှ အပြင် ပျံကျ ဈေးသည်တွေကို တားမြစ်ပေးမှာ၊ ဈေးမြန်မြန်ဖွင့်ဖို့ဆိုတာက ဆိုင်ခန်းအားလုံးပြီးမှ ဖြစ်မယ်”ဟု မိုးညှင်း မြို့မိမြို့ဖ ဥက္ကဌ ဦးမြင့်အေးက ပြောသည်။

ထိုအစည်းအဝေး၌ လုံခြုံရေးဝန်ထမ်းထားရှိပေးခြင်း၊ မြောင်းများကို ပြန်လည်တူးဖော်ပေးခြင်းနှင့် ဈေးသစ် ဖွင့်လှစ်နိုင်ရေးအတွက် အမြန်ဆုံးအကောင်အထည်ဖေါ်ရေး ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
“ဆောက်လို့ မပြီးသေးတဲ့ ဆိုင်ခန်းတွေကို (၃)ရက်အတွင်း ခေါ်ပြီးဆွေးနွေးမယ်၊ မဆောက်နိုင်ရင် သိမ်းပြီး တော့ လေလံပစ်မယ်၊ ဈေးကို မြန်မြန်ဖွင့်နိုင်အောင်လုပ်ရမယ်၊ ချေးငွေလိုတယ်ဆိုလို့ လွန်ခဲ့တဲ့ ၂လက ချေးငွေ လည်း စီစဉ်ပေးခဲ့တယ်”ဟု ဦးမြင့်အေးက ဆက်ပြောသည်။

အောင်သပြေ အမှတ် (၂) ဈေးကို အဆင့်မြင့်ဈေးအဖြစ် ဆောက်လုပ်ပေးရန်အတွက် လွှတ်တော်သို့ စာတင် ပေးခဲ့ဖူးကြောင်း၊ လာမည့်လွှတ်တော်အစည်းအဝေး၌လည်း ယခုကိစ္စကို ဦးစားပေးအနေဖြင့် စီစဉ်ဆောင်ရွက် ပေးရန် တင်ပြပေမည်ဖြစ်ကြောင်း ဈေးဖွင့်လှစ်ပြီးမှ အနီးအနားကားဂိတ်များမှာလည်း လိုက်ပါဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းတင့်အောင်က ဆိုသည်။

မြစ်မခ