ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

8.7.13

ကမ္ဘာ့ထိပ်သီး ပြင်သစ်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်စီစဉ်




   ပြင်သစ်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင် ရန် ကြိုးပမ်းလျကရှိကြောင်း ဇူလိုင်၇ရက်ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ဇွန်လ ၃ ရက်တွင် ရန်ကုန်မြို့၌ကျင်းပသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုဆိုင်ရာ အစည်းအဝေးပွဲသို့ ပြင်သစ်စီးပွားရေးသံမှူး တက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက မြန်မာနိုင်ငံအနေနဲ့ ရေ၊ လမ်းတံတားနှင့် လျှပ်စစ်မီးကဲ့သို့သောအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရန် အလျင်အမြန် လိုအပ်လျှက်ရှိကြောင်းနှင့် တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် လျှပ်စစ်ဓါတ်အားသည် အဓိကသော့ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ယင်းသတင်းတွင်ပါရှိသည်။ ပြီးခဲ့သည့်လပိုင်းအတွင်းက ရန်ကုန်အခြေစိုက်စက်မှုဇုန်များတွင် လျှပ်စစ်ဓာတ် အား၂၄နာရီ စလုံးပြတ်တောက်ခဲ့မှုကြောင့်စက်မှုလုပ်ငန်း အများအပြားသည် လုပ်ငန်းများ ရပ်နားခဲ့ရကာ ယင်းပြဿနာအား ဖြေရှင်းရေးအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်ရန် ပုဂ္ဂလိ ကလုပ်ငန်းရှင်များအား လှိုင်သာယာမြို့နယ် ကနောင်ခန်းမအစည်းအဝေးပွဲကျင်းပကာ ဆွေးနွေးခဲ့ကြသော် လည်းညှိနှိုင်းမှုများသည် အောင်မြင်မှုမရှိခဲ့ပေ။ လျှပ်စစ်ကဏ္ဍအပြင် နှစ်နိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်း၊ ပ ညာရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍတို့တွင်လည်း ပူးပေါင်းဆောင်ရွက်ရန် စီစဉ်လျက် ရှိသည်။ တရားဝင်ကိန်းဂဏန်းများအရ မြန်မာနိုင်ငံအနေဖြင့် ပြင်သစ်နိုင်ငံမှ ကုန်ပစ္စည်း တင်သွင်းမူ (Import)ပမာ ဏသည် ၂၀၁၂ ခုနှစ်တွင် ကန်ဒေါ်လာ ၃၄သန်းကျော်ရှိကာ ပြင်သစ်နိုင်ငံသည် မြန်မာနိုင်ငံတွင် မေလ ၃၁ ရက်အထိ ကန်ဒေါ်လာ ၄၉၉ ဒသမ ၉၂၆ သန်း ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ ထား သည့် နိုင်ငံများအနက် အမှတ်စဉ် ခုနစ်တွင် ရပ်တည်လျက်ရှိသည်။


Ref..မဇ္ဈိမသတင်းဌာန

ဂျောက်ဂျက်နဲ့ ကျော်ထွဋ်ဆွေတို့ အဖွဲ အုပ်စုလိုက် ရိုက်မှု တရားလိုဘက်က မကျေအေးပေးသေး

ဟစ်ပ်ဟော့ပ် သမားတွေဖြစ်တဲ့ ဂျောက်ဂျက်နဲ့ ကျော်ထွဋ်ဆွေတို့အုပ်စုက လူငယ် တဦးတည်းကို ၇ ယောက် ဝိုင်းရိုက်ခဲ့ကြ တယ်လို့ စွဲချက်တင်ပြီး အမှု ဖြစ်ခဲ့တာ အခု ၁ နှစ်ကျော်ကြာလာတဲ့ အချိန်မှာ စွဲချက်အတင်ခံရတဲ့ ဘက်က ကျေအေးခိုင်း ပေမယ့် တရားလိုဘက်က မကြေအေးနိုင်ဘူးလို့ ပြောလာပါတယ်။

၂၀၁၂ ဇန်နဝါရီ ၁၆ မှာ ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ ရွှေဇံ၊ ဘုန်းမောင်၊ ဆန်နီအောင်၊ ညီညီလွင်နဲ့ လှိုင်ကြွယ်တို့ ၇ ဦး အုပ်စုက အသက် ၂၂ နှစ်အရွယ် ညိုဝင်းထွန်း ဆိုတဲ့ လူငယ်တဦးကို အုပ်စုလိုက် ဝိုင်းရိုက်ကြလို့ ညိုဝင်းထွန်း သတိလေစ် မေ့မြောပြီး ဆေးရုံမှာ ၃ ရက်လောက် ဆေးကုသမှု ခံခဲ့ရတယ်လို့ ညိုဝင်းထွန်းရဲ့ ဖခင် ဦးထွန်းဝင်းက ပြောပါတယ်။

ဦးထွန်းဝင်းက အဲဒီကိစ္စကို မကျေနပ်တာကြောင့် ရဲစခန်းတွင် ပုဒ်မ ၃၂၅/ ၂၉၄ (၁၁၄) (ကြိုတင် ပြင်ဆင်ထားသော လက်နက်ဖြင့် နာကျင်စေမှု၊ ပြင်းထန်ဒဏ်ရာရစေမှု) နဲ့ ဆွဲချက်တင်ခဲ့ပေမယ့် ပန်းပဲတန်း တရားရုံး ရောက်တဲ့အခါမှာ ပုဒ်မ ၃၂၃/၂၉၄ (မိမိအလိုအလျောက် နာကျင်စေမှု) နဲ့ အမှုဖွင့်ထားတာ သိခဲ့ရကြောင်း၊ ဒါပေမယ့်လည်း ၁ နှစ်ကျော်ကြာတဲ့ အထိ အမှုက ထူးခြားခြင်း မရှိသေးကြောင်း ဦးထွန်းဝင်းက ဆိုပါတယ်။

စွဲချက်အတင်ခံခဲ့ရသူ တွေထဲက တဦးဖြစ်တဲ့ ကျော်ထွဋ်ဆွေကတော့ သူတို့ ရန်ဖြစ်ခဲ့ကြတာ မှန်ကန်ပေမယ့်လည်း ညိုဝင်းထွန်း တဦးတည်းကို သူတို့ တဖွဲ့လုံးက ဝိုင်းရိုက်ကြတာ မဟုတ်တဲ့အကြောင်း၊ လူငယ်သဘာဝ တဖွဲ့နဲ့တဖွဲ့ ရန်ဖြစ်ကြတာ ဖြစ်တဲ့အကြောင်း ဧရာဝတီကို ပြောပြ ပါတယ်။

ကျော်ထွဋ်ဆွေက “လူငယ်တွေ ဆိုတာတော့ အရင်ကတည်းက ရန်ဖြစ်တာတွေဘာညာတော့ ရှိတာပါပဲ။ ကျနော်တို့မှ မဟုတ်ပါဘူး၊ လူငယ်တိုင်း ရန်ဖြစ်တတ်ကြတာပဲလေ။ သူ့ဘက်က မတရားခံရတယ် ဆိုတာကတော့ မဟုတ်ပါဘူး။ သူတို့သာ လက်မြန်ရင် ကျနော်တို့ ခံရမှာပေါ့။ ကျနော်တို့က အန္တရာယ် ကာကွယ်နိုင်ခဲ့တာပေါ့။ တယောက်တည်းကို ဝိုင်း ရိုက်တာတော့ မဟုတ်ဘူး။ ကျန်တဲ့သူတွေ ထွက်ပြေးသွားလို့ပါ။ သူတို့ဘက်မှာလည်း လူတွေပါပါတယ်” လို့ ရှင်းပြပါတယ်။

ဦးထွန်းဝင်းရဲ့သား ညိုဝင်းထွန်းဟာ ဟစ်ပ်ဟော့ပ်အဆိုတော် ရဲနောင်နဲ့ သူငယ်ချင်း ဖြစ်ခဲ့ပြီး ညိုဝင်းထွန်း အလုပ်ရသွား ချိန်မှာ ရဲနောင်နဲ့ သိပ် မတွဲဖြစ်တော့ကြောင်း၊ နောက် ၆ လလောက် ကြာသွားချိန်မှာ ရဲနောင်နဲ့ ဟစ်ပ်ဟော့ပ် အဆိုတော် ရွှေဇံ (ခ) SZ တို့ နှစ်ဦး ရှိုးပွဲတခုမှာ စကားများခဲ့ကြကြောင်း၊ ရွှေဇံက ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ ဘုန်းမောင်မောင်၊ ဆန်နီအောင် တို့နဲ့ သူငယ်ချင်းတွေ ဖြစ်တဲ့အတွက် အခုလို ရန်ပွဲထဲမှာ အုပ်စုလိုက် ပါလာခဲ့ခြင်း ဖြစ်ကြောင်း ဦးထွန်းဝင်းဆီက သိရပါတယ်။

“အဲဒီမှာ ရှိုးပွဲပြီး နောက်ရက် လူ ၁၅ ယောက်ခေါ်၊ သူတို့အိမ်က ဟိုင်းလတ်ကား တစီးရှိတယ်၊ နံပါတ်ပြားဖြုတ်ပြီး ရဲနောင်ကို လိုက်ရှာတယ်။ ရဲနောင် အိမ်ရှေ့ပတ်နေကြ တာပေါ့။ ခြိမ်းခြောက်တာတွေပါ အော်ဟစ် ပြောတော့ ရဲနောင်အမေက ရဲကို ဖုန်းဆက် တိုင်တယ်။ အဲဒီမှာ သူတို့က ဗိုလ်ဆွန်ပက် လမ်းကို ပတ်တာမှာ ဦးသားက အဲဒီလမ်းပေါ်မှာ လက်ဘက်ရည် ထိုင်သောက်နေတာ။ သူတို့က တွေ့သွားပြီး ဦးသားဆိုတာလည်းသိ၊ သူတို့ သူငယ်ချင်းလည်းဖြစ်တဲ့ လှိုင်ကြွယ်က ခေါ်ခိုင်းလို့ ဆိုပြီး ပြောခေါ်တော့ ဦးသား လိုက်သွားတယ်။ သူတို့ကားနားလည်း ရောက်ကော ပါလာတဲ့သူတွေက ထိုးကြ ကန်ကြတယ်။ ဆေးရုံကြီးမှာ ၂ ည ၃ ရက်နေခဲ့ရတယ်။ ကွဲပြဲဖူးရောင်ပြီး သတိပါ လစ်ခဲ့တော့တာပေါ့” လို့ ဦးထွန်းဝင်းက ပြောပါတယ်။

ညိုဝင်းထွန်း ဗိုလ်ဆွန်ပက်လမ်းထဲမှာ အရိုက်ခံနေရချိန် လမ်းထဲက ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့က ရဲ စခန်းကို ခေါ်ခဲ့ကြောင်း၊ အရိုက်ခံရတဲ့ တုတ်တွေ၊ သတင်းစာ ပတ်ထားတဲ့ အုတ်ခဲကျိုးတွေကို ရဲစခန်းက သိမ်းမိကြောင်း၊ တရားရုံးရောက်တော့ သတင်းစာ ပတ်ထားတဲ့ အုတ်ခဲကျိုးကို မပြဘဲ ရိုးရိုး အုတ်ခဲကိုပဲ သက်သေအဖြစ် ပြခဲ့ကြောင်း၊ ရဲစခန်းမှာ ပုဒ်မ ၃၂၅/ ၂၉၄/ ၁၁၄ နဲ့ ဆွဲချက်တင်ခဲ့ပေမယ့် တရားရုံးတင်တော့ မိမိအလိုအလျောက် နာကျင်စေမှု ဆိုပြီးဖြစ်သွားကြောင်း၊ ပုဒ်မ ပြောင်းသွားတာ ကိုလည်း မကျေနပ်ကြောင်း ဦးထွန်းဝင်းက ဆိုပါတယ်။

“အခု ရွှေဇံ၊ ကျော်ထွဋ်ဆွေ၊ ဂျောက်ဂျက်၊ ဘုန်းမောင်၊ ဆန်နီအောင်တို့ကို ၃၂၃/ ၂၉၄ နဲ့ ဆွဲတယ်၊ ညီညီလွင်နဲ့ လှိုင်ကြွယ် တို့ကိုတော့ ၁၁၄ ပုဒ်မ ချတယ်။ ဒါကိုမကျေနပ်ဘူး။ ရုံးချိန်းကလည်း ၃၁ ချိန်းရှိပြီ။ ဒီမှာလည်း ရုံးချိန်း ၂၀ လောက်ကို အကြောင်းမဲ့ ပျက်တာတွေ ရှိတယ်၊ ခွင့်ကြိုက်သလို တင်တယ်၊ ခွင့်ပေးတယ်။ အမှုဖြစ်တာက ၂၀၁၂ ဇန်နဝါရီ ၁၆ မှာ ဖြစ်တာပါ။ ၁ နှစ်ကျော်ပါပြီ။ နောက် သက်ဆိုင်ရာကို ထပ်တက်မလို့ပါ။ အမှန်က သူတို့ကကြိုတင်ကြံရွယ်ချက်နဲ့ လုပ်တယ်၊ ရန်ညှိုးမရှိဘဲ လုပ်တယ်။ သူတို့တပ်တာ ၂၉၄ ဆိုတာ ဆဲဆိုတဲ့အမှု၊ ဒါက သွားလာရင်း အခန့်မသင့် ဖြစ်တတ်တာ။ အခုက အဲဒီလို မဟုတ်ဘူး။ တရားရုံးက ပန်ပဲတန်း တရားရုံးမှာပါ။ တရားသူကြီး နာမည်က ဦးနန္ဒမျိုးပါ။ သူတို့ဘက်က ကျေအေးဖို့ ပြောတယ်၊ မောက်မာလို့ မကျေအေးပါဘူး” လို့ ဦးထွန်းဝင်းက ဆက်ပြောပါတယ်။

ကျော်ထွဋ်ဆွေကလည်း အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တနှစ်ကျော် ကြာသွားပြီ ဖြစ်တဲ့အတွက် အမှုနဲ့ ပတ်သက်ပြီး ဘာမှ မပြောချင်တော့ဘူးလို့ ဆိုပါတယ်။

“အမှုနဲ့ ပတ်သက်ပြီး ကတော့ ဘာမှ မပြောချင်ပါဘူး။ လူငယ်အချင်းချင်း ရန်ဖြစ်တဲ့ သဘောပါ။ ပြီးတော့ အမှုက တနှစ်လောက် ရှိနေပြီ။ အခုမှ ထည့်တာ ဘာသဘောလဲတော့ မသိဘူး။ အဓိကကတော့ အခုမှ ပိုသိသွားတဲ့ သဘောပါ။ ပြဿနာက လူငယ်ဆိုတော့ ကိုယ့်ကိုကြည့်ရင်တောင် ဒီကောင် ဘာကြည့်တာလဲဆိုတဲ့ စိတ်တွေရှိပါတယ်။ လူငယ် ပြဿနာ ဖြစ်တာပါ။ ကျန်တာတော့ ဘာမှ မပြောလိုပါဘူး။ လူငယ်တိုင်း ရန်ဖြစ်ဖူးကြ ပါတယ်။ ဒီလိုပါပဲ။ နာမည်တွေသုံးပြီး သတင်းစာ တွေမှာ ရှင်းလင်းတဲ့ အတွက်ကတော့ ကောင်းပါတယ်။ မဟုတ်ရင် ကိုယ့်ဘာသာကိုယ် ပရိုမိုးရှင်း လုပ်နေရဦးမယ်” လို့ ကျော်ထွဋ်ဆွေက ဧရာဝတီကို ပြောပါတယ်။

တရားလို ညိုဝင်းထွန်းဘက်က ရှေ့နေ ဦးခင်ဇော် (ဟင်္သာတ) ဆီကို အမှုပုဒ်မတွေနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်ရာမှာ တရားရုံးက ပုဒ်မပြောင်းတပ်တဲ့ အတွက် တရားလိုဘက်က နစ်နာတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ဆွဲထားတဲ့ ပုဒ်မတွေက တရားရုံးမှာ ဆွဲချက်တင်တော့ ပြောင်းသွားတယ်။ တရားလိုဘက်ခြမ်း စစ်ပြီးချိန်မှာ ဆွဲချက် တင်တယ်ပေါ့။ တရားရုံးကဆွဲချက် ပုဒ်မ ပြောင်းလိုက်တာပေါ့။ တရားရုံးကို တင်တော့ ၃၂၅/ ၂၉၄ (၁၁၄) နဲ့ တင်တာမှာ ဆွဲချက် တကယ်တင်တော့ ပုဒ်မက ၃၂၃ ဖြစ်သွားတာပေါ့။ အခုတင်ထားတဲ့ ၃၂၃ က မိမိအလိုအလျောက် နာကျင်စေမှုပေါ့ဗျာ။ ပြောရရင် ထက်ထက်မိုးဦး အမှုပေါ့။ ဒဏ်ငွေ ၁၀၀၀ လောက်နဲ့ ကျေနပ်ရတဲ့ အမှုပေါ့။ အခုက ဂျောက်ဂျက်တို့က ကားနံပါတ်ပြား ဖြုတ်လာတယ်၊ တိုင်ချက်မှာလည်း ပေါ်တယ်။ စစ်ချက်မှာလည်း ပေါ်တယ်။ ၇ ယောက် ကနေ တယောက်တည်းကို ဝိုင်းရိုက်တာ။ ပထမ တရားရုံးတင်တဲ့ ဆွဲထားတဲ့ပုဒ်မ ၃၂၅ က ရန်ဖြစ်ဖို့အတွက် ကြိုတင်ပြင်ဆင် လာတဲ့ လက်နက်ပါတယ်။ ပြင်းထန် ဒဏ်ရာရစေခဲ့တဲ့ အတွက် ဒီပုဒ်မနဲ့ ဖွင့်တာပါ။ အခု တရားရုံးက သတ်မှတ်ထားတဲ့ ပုံက တရားခံလို့ သတ်မှတ်ခံထားရသူတွေ အတွက်တော့ သက်သာသွားတာပေါ့။ သူ့ပုဒ်မ အရက ငွေသားဆို ၁၀၀၀ ထပ် ပိုရိုက်လို့ မရဘူးလေ။ တဘက် ခံရတဲ့ ကလေးမှာက ကားပေါ်မှာ ရိုက်ဖို့အတွက် အုတ်ခဲတွေ၊ တုတ်တွေ တင်လာတယ်၊ တကယ်လည်း အရိုက်ခံ ခဲ့ရတယ်။ အခုကျတော့ ပုဒ်မ ၃၂၃ အပြောင်းခံခဲ့ရတာ ဆိုတော့ တရားမျှတမှု မရှိဘူးပေါ့။ နစ်နာတယ်လို့ သတ်မှတ်တာပေါ့။ ဒီအပေါ်မှာတော့ ဘာမှ ထင်မြင်ချက် မပေးလိုပါဘူး” လို့ တရားလိုရှေ့နေ ဦးခင်ဇော် (ဟင်္သာတ) က ဧရာဝတီကို ရှင်းပြပါတယ်။

Ref: The Irrawaddy (Burmese Version)

Sams ung ဖုန်းများ မြန်မာစာစနစ် ပြန်ပြင်နေ




   လူသုံးများသော ဆမ်ဆောင်းမိုဘိုင်းဖုန်းများအတွင်း မြန်မာစာစနစ် ထည့်သွင်းရာတွင် ဖောင့်အခက်အခဲ အနည်းငယ်ရှိနေသောကြောင့် ပြန်လည်ပြုပြင်နေပြီး မကြာမီအတွင်း ပြုပြင်ပေးနိုင်မည်ဖြစ်သည်ဟု Sams -ung Brand ၏ ပြည်တွင်းကိုယ်စားလှယ်တစ်ခုဖြစ်သော Mobitel Distribution မှ ကိုကောင်းဆက်က ပြော သည်။ ကိုကောင်းဆက်က “လောလောဆယ်တော့ နည်းနည်းပြင်ဖို့ အပိုင်းလေးတွေရှိပါသေးတယ်။ မြန်မာ စာဖောင့်မှာ စာလုံးပေါင်းသတ်ပုံအလွဲ အမှားလေးတွေရှိတယ်။ အကုန်လုံး အပြည့်အစုံမရသေးဘူး။ အဲဒါ ကိုတော့ပြင်နေတယ်။ နောက်ထပ် ၁၅ရက်လောက်ဆို အားလုံး အကုန်ပြီးစီးသွားလောက်ပါပြီ” ဟု ဇူလိုင် ၇ ရက်ကပြောသည်။ ဆမ်ဆောင်းဟန်းဆက်များတွင် မြန်မာစာစနစ် တပါတည်းပါရှိမှု ကို Samsung Galaxy S4 စတင်ထွက်ရှိသည့် ဧပြီလကုန်ပိုင်းကထည့်သွင်းပေးခဲ့ပြီးလက်ရှိတွင် Samsung Galaxy S 4 နှင့် Sams -ung Grand ဟန်းဆက်များတွင်သာ မြန်မာစာစနစ် ထည့်သွင်းပေးထားသည်ဟု ဆမ်ဆောင်း ကုမ္ပဏီ ၏ မြန်မာနိုင်ငံရုံးခွဲမှ အထွေထွေမန်နေဂျာ ကိုဇော်ကိုက ပြောသည်။၎င်းက “Galaxy S4 စထွက်ကတည်းက Local Language (ပြည်တွင်းဘာသာစကား) ဖြစ်တဲ့ မြန်မာဘာသာစကားကို ထည့်သွင်းဖို့လုပ်နေကြတယ်။ ဆမ်ဆောင်းဟန်းဆက် မော်ဒယ်အကုန်လုံးမှာ ထည့်သွင်းပေးသွားမှာပါ။ လောလောဆယ်တော့ အရောင်း များ တဲ့မောဒယ်တွေမှာပဲ အရင်ထည့်သွင်းပေးသွားဦးမယ်ီ”ဟု ပြောသည်။
   ယင်းသို့ ဟန်းဆက်အတွင်း မြန်မာစာ ဖောင့် တစ်ပါတည်းပါဝင်လာခြင်းကြောင့် မြန်မာစာအသုံးပြုလို၍ Root ဖောက်သည့်အတွက် ဆမ်ဆောင်းမှပေးထားသော အာမခံချက်မရတော့သည့် အခက်အခဲများပြေ လည် သွားမည်ဖြစ်သည်။ ကိုကောင်းဆက်က “International Warranty ထဲမှာပါတဲ့ အာမခံချက်တွေထဲ Root ဖောက်လို့ရှိရင် အာမခံချက်မရနိုင်တော့ဘူး။ ဒီမှာလည်း အဲဒီပြဿနာကို တော်တော်ရှင်းရပါတယ်။ အခု ကျွန်တော်တို့ ရောင်းလိုက်တဲ့ကုမ္ပဏီတွေမှာ ဒီနေ့ရောင်းလိုက်ပြီဆိုတာနဲ့ Root ဖောက်လိုက်ကြတယ်။ တကယ် တကယ်မှာ Serivce Centre ကို ပြန်သွားမယ်၊ ပြန်ပြမယ်ဆိုရင် ဒီဟာက အကျုံးမဝင်တော့ပါဘူး။ အခုလို မြန်မာစာစနစ် တစ်ပါတည်း ပါရှိတဲ့အခါ Root ဖောက်ထားခြင်းမရှိတဲ့ အတွက် ကျွန်တော်တို့အနေနဲ့ Service ပေးတဲ့အခါ ဖြစ်လာတဲ့ပြဿနာတွေကို သေချာ ဖြေရှင်းပေးနိုင်ပါတယ်”ဟု ပြောသည်။
   ဆမ်ဆောင်း အမှတ်တံဆိပ် ဟန်းဆက်များမှာ မြန်မာနိုင်ငံတွင် ဈေးကွက်ဝေစု အများစုရရှိထားပြီး ယင်း သို့ မြန်မာစာစနစ်တစ်ပါတည်းပါရှိခြင်းသည် ပြည်တွင်းဈေးကွက်တွင် ဝယ်လိုအားတက်သွားနိုင်ကြောင်းကို ဟန်းဆက်အရောင်းဆိုင်အများစုက သုံးသပ်ကြသည်။

Ref...Mizzima - News in Burmese

ပြိုင်ကားယှဉ်ပြိုင်မှု တရားဝင် ပြုလုပ်ရန် မျှော်လင့်သူများ ရှိလာ




   ရန်ကုန်မြို့အတွင်းကားပြိုင်ပွဲများတရားဝင် ပြုလုပ်ခွင့်ပေးပါက ညပိုင်းလမ်းမများပေါ်တွင် ကားပြိုင်ကာ . မောင်းနှင်မှုများမှာ ယခုထက်ပိုမိုနည်းပါးသွားနိုင်သည်ဟု ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်း ထိန်း သိမ်းရေး နှင့် ကြီးကြပ်မှုကော်မတီမှသိရသည်။ လက်ရှိအချိန်တွင် လူငယ်များ နှင့် ဖွဲ့စည်းထားသည့် ပြိုင် ကားမောင်း အဖွဲ့များအများအပြားရှိနေပြီး ရန်ကုန်မြို့ နှင့် မန္တလေးမြို့များ၌ ပြိုင်ကား မောင်းအဖွဲ့ အနည်း ဆုံး ၁၅ ဖွဲ့ရှိသည်ဟု ပြိုင်ကားမောင်း အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံ တွင် ပထမဆုံးသော တရားဝင် ပြိုင်ကားပြိုင်ပွဲကို ဇူလိုင်လ ၁ ရက်တွင် သုဝဏ္ဏအားကစားကွင်းအနီး ပြိုင်ကားကွင်း၌ ကျင်းပခဲ့ သည်ဟုသိရပြီး အဆိုပါ ကားပြိုင်ပွဲတွင် နီဆန်းကားအမျိုးအစား အများဆုံးပါဝင်ပြီး အခြားကားအမျိုးအစား များလည်း ပါဝင်သည်ဟု သိရှိရသည်။

http://pyichit-thar.blogspot.com/2013/07/blog-post_7.html

နားပူ နားဆူ

Ref: burmese classic

အိမ်ဖော်ကို အဓမ္မကျင့်သည်ဟု စွပ်စွဲခံရသည့် သာသနာရေးလ/ထညွှန်မှူးကို ဝန်ကြီးရုံးစစ်ဆေး



   အိမ်ဖော်ကို အဓမ္မကျင့်သည်ဟု စွပ်စွဲတိုင်ကြားခြင်းခံရသော ဟင်္သာတခရိုင်၊ သာသနာရေးဦးစီးရုံးမှလက် .ထောက်ညွှန်မှူးကို နေပြည်တော်ရှိ ပြည်ထောင်စုအဆင့် သာသနာရေးဝန်ကြီးရုံးက စုံစမ်းစစ်ဆေးရေး အ ဖွဲ့က လာရောက်စစ်ဆေးခဲ့သည်ဟု စစ်ဆေးခံရသည့် ကာယကံရှင်က ပြောကြားသည်။ ရန်ကုန်မြို့ရှိ M 3 စားသောက်ဆိုင်တွင် ဇူလိုင်၇ရက်ကသတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ခရိုင်သာသနာရေးလက်ထောက်ညွှန် မှူး ဦးသန်းထွန်းက သတင်းထောက်များကို ရှင်းလင်းပြောကြားခြင်းဖြစ်သည်။ ဦးသန်းထွန်းကိုသူ၏ အိမ်မှ အိမ်ဖော်အား အဓမ္မကျင့်သည် ဟုစွပ်စွဲကာ အိမ်ဖော်၏ ဝမ်းကွဲအစ်မက သာသနာရေးဝန်ကြီးဌာနသို့ ပြီးခဲ့ တဲ့မေလက စာရေးသားတိုင်တန်းခဲ့သဖြင့် ထိုလနှောင်းပိုင်းက ယခုကဲ့သို့ စစ်ဆေးခံရခြင်း ဖြစ်သည်ဟု ကာ ယကံရှင်က ဆိုသည်။ ထို့ပြင် သူနှင့်ပတ်သက်၍ပျံ့နှံ့နေသော ကောလာဟလများနှင့်ပတ်သက်၍ “ကျွန်တော့် ကိုသာသနာရေးဝန်ကြီးက ရာထူးကယာယီရပ်ဆိုင်း ထားတယ်ဆိုတာမဟုတ်ပါဘူး။ ခုချိန်ထိအမိန့်ထုတ်ပြန် ချက် မရောက်လာသေးပါဘူး” ဟု သူက ရှင်းပြသည်။ ဝန်ကြီးရုံးက စစ်ဆေးပြီးသွားသော်လည်းနှစ်လနီးပါး ကြာမြင့်ပြီဖြစ်သည့် ယခုအချိန်အထိရလဒ်တစ်စုံတစ်ရာကို အကြောင်းကြားမလာသေးကြောင်းဦးသန်းထွန်း က ဆိုသည်။ “မမှန်ကန်တဲ့ တိုင်ကြားချက်အပေါ် ကျွန်တော့်ကိုယ်ကျွန်တော် သက်သေထားပြီး ရင်ဆိုင်သွား မှာပါ” ဟု လည်းသူကဆိုသည်။ ထို့ပြင် သူ့ကိုစွပ်စွဲတိုင်ကြားသူများကို “ဟင်္သာတရဲစခန်းမှာကျွန်တော့်ဘက် က ပြန်လည်အမှုဖွင့် တိုင်ကြားထားပါတယ်”ဟု လည်း ၎င်းက ပြောသည်။ အိမ်ဖော် အမျိုးသမီးငယ်ဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေဦးထိန်ဝင်းကလည်း ယခုကိစ္စနှင့် ပတ်သက်၍ သူ့အမှုသည်ဘက်မှ “အထောက်အထား နည်းနည်းလိုနေတယ်။
   ရဲတပ်ဖွဲ့ဘက်က ဖော်ထုတ်ဖို့လိုတာပေါ့။ အခုရဲစခန်းရဲ့ အဖြေ ကိုစောင့်နေတယ်”ဟု ရှင်းပြခဲ့သည်။ ယခု ကိစ္စနှင့်ပတ်သက်ပြီး အမျိုးသမီးငယ်ဘက်မှ တိုင်ကြားမှုကိုဟင်္သာတရဲစခန်းက အမှုအမှတ်(ပ) ၈၉ /၂၀၁ ၃ ဖြင့် အမှုဖွင့်ထားကြောင်းသာ အဆိုပါရဲစခန်းက အတည်ပြုခဲ့ပြီး ရာဇဝတ်မှုဖြစ်နေသဖြင့် အသေးစိတ်ကို မူဖြေကြားရန်မဖြစ်နိုင်ကြောင်း ပြောကြားသည်။ ယခုဖြစ်ရပ်တွင် အဓမ္မကျင့်ခံရသည်ဟု ဆိုသူ အမျိုးသမီး ငယ်မှာ အသက် ၁၄ နှစ် အရွယ်သာရှိသေးသည်။ မိန်းကလေးငယ်၏ ဝမ်းကွဲအမဖြစ်သူက “နစ်နာမှုတွေအ တွက် အမှန်တရားမပေါ်မချင်း အစ်မတို့ဘက်က ဆက်တိုင်ကြားသွားမှာပါ” ဟု မဇ္ဈိမကို ပြောသည်။ သူမက သူ့ညီမအတွက် သာသနာရေး ဝန်ကြီးဌာနအပြင် ပြည်ထဲရေးဝန်ကြီးဌာနနှင့် အောက်လွှတ်တော်၏ ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီတို့ကို တိုင်ကြားထားသည်ဟုလည်း ဆက်ပြောသည်။

Ref..Mizzima - News in Burmese

ရွှေတိဂုံ စေတီတော်သို့ နိုင်ငံခြားသားဧည့်သည် လာရောက်ဖူးမြော်မှုနှုန်း ငါးနှစ်ဆက်တိုက် မြင့်တက်ခဲ့၊ ၂၀၁၃ ခုနှစ်အတွင်း တရုတ်လူမျိုး တက်ရောက်မှု သိသာစွာ လျော့ကျ

 
ရွှေတိဂုံ စေတီတော်သို့ နိုင်ငံခြားသားဧည့်သည် လာရောက်ဖူးမြော်မှုနှုန်းမှာ ငါးနှစ် ဆက်တိုက် မြင့်တက် လာခဲ့ကာ ၂၀၁၃ ခုနှစ်အတွင်း ရွှေတိဂုံ စေတီတော်သို့ တရုတ်လူမျိုးများ တက်ရောက်မှု သိသာစွာ လျော့ကျသွားကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၏ ထုတ်ပြန်သော စာရင်းများအရ သိရှိရသည်။

ရွှေတိဂုံ စေတီတော်သို့ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်အတွင်း နိုင်ငံခြားသားဧည့်သည် ၇၈၃၂၃ ဦး၊ ၂၀၀၉ ခုနှစ်အတွင်း ၁၁၃၅၂၉ ဦး၊ ၂၀၁၀ ပြည့်နှစ်အတွင်း ၁၇၅၀၅၄ ဦး၊ ၂၀၁၁ ခုနှစ်တွင်၂၂၅၃၈၁ ဦးနှင့် ၂၀၁၂ ခုနှစ်တွင် ၅၉၂၉၇၂ ဦးတို့ ၀င်ရောက်ဖူးမြော်မှု ဆက်တိုက်မြင့်တက် လာခဲ့ကြောင်း သိရသည်။

"ရွှေတိဂုံ စေတီတော်ကို နိုင်ငံခြားသားဧည့်သည် တက်ရောက်မှုက ပြီးခဲ့တဲ့နှစ်တွေထက် ပိုပြီး များ လာပါတယ်။ ကျွန်တော့်အထင်တော့ သိပ်မကြာမီမှာ ပြည်တွင်းဘုရားဖူး ဦးရေနဲ့ ဧည့်သည်နိုင်ငံခြားသား ၀င်ရောက်မှုဦးရေ ဘုရားပေါ်တက်ရောက်မှုက တန်းတူဖြစ်လာမှာပါ" ဟု ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောကြားသည်။

ရွှေတိဂုံ စေတီတော်သို့ တက်ရောက်မှု များပြားလေ့ရှိသည့် တရုတ်လူမျိုး တက်ရောက်ဖူးမြော်မှုမှာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လအထိ ၁၇၆၁၈ ဦး ၀င်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇွန်လတွင် ၁၀၀၃၅ ဦး ၀င်ရောက်ခဲ့ကာ ရွှေတိဂုံ စေတီတော်သို့ တက်ရောက်မှု သိသာစွာ လျော့ကျသွားကြောင်း သိရသည်။

ထို့ပြင် ၂၀၁၃ ခုနှစ်အတွင်း ကိုရီးယားလူမျိုး ၁၁၀၃၉ ဦး၊ ပြင်သစ်လူမျိုး ၁၁၀၆၂ ဦးနှင့် ဂျာမနီလူမျိုး ၈၀၈၇ ဦး တက်ရောက်ခဲ့ကာ ပြီးခဲ့သည့်နှစ်ထက် တက်ရောက်မှု မြင့်တက်လာကြောင်း သိရသည်။"အခုလို မိုးရာသီ ရောက်လာတဲ့ အခါကျတော့ တချို့နိုင်ငံခြားသား လူမျိုးတွေ အနေနဲ့လည်း လာရောက်မှု လျော့ကျတာ ဖြစ်နိုင်ပါတယ်" ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

ရွှေတိဂုံ စေတီတော်သို့ ၂၀၀၈ ခုနှစ်မှ စတင်ကာ ပြီးခဲ့သည့် ငါးနှစ်တာ ကာလအတွင်း တက်ရောက်ဖူးမြော်သည့် နိုင်ငံခြားသားများမှ အလှူငွေ အမေရိကန်ဒေါ်လာ၂၀၄၉၀၃၅ နှင့် FEC ၁,၅၃၈,၈၁၇ ရရှိခဲ့ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့မှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။ထို့ပြင် ရွှေတိဂုံ စေတီတော်သို့ အာရှဒေသ နိုင်ငံများမှ နိုင်ငံခြားသား ဧည့်သည်များနှင့် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ နိုင်ငံပေါင်း ၅၀ ကျော်မှ လာရောက်ဖူးမြော်ကြကြောင်း တစ်ရက်လျှင် ပျမ်းမျှတက်ရောက်မှု ဦးရေတစ်ထောင်ကျော်ရှိကြောင်း သိရသည်။
Ref: Eleven Media Group

7 July ကျောင်းသားအရေးတော်ပုံ ၅၁ နှစ်ပြည့် အခမ်းအနားပြုလုပ်၊ ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည်တည်ဆောက်ပေးရေး အဓိကတောင်းဆို


7 July ကျောင်းသားအရေးတော်ပုံ ၅၁ နှစ်ပြည့် အခမ်းအနားကို ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်မှ ရန်ကုန်တိုင်းဒေသကြီး အတိုင်းအတာဖြင့် ဇူလိုင် ၇ ရက်၊ နံနက်ပိုင်းတွင် သန်လျင်မြို့၊ မြို့မလမ်းရှိ အိုးဝေစာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။အထိမ်းအမှတ် အခမ်းအနားကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ)၊ ဗကသ၊ တကသ ကျောင်းသားခေါင်းဆောင်ဟောင်းများ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တက္ကသိုလ်ကျောင်းသား သမဂ္ဂအသီးသီးမှ ကျောင်းသားအရေး တက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် 7 July ကျောင်းသားအရေးတော်ပုံတွင် အသက်ပေး ခဲ့ရသည့် ကျောင်းသား များအား အလေးပြုခြင်း၊ မျိုးဆက်အလိုက် ဖြတ်သန်းခဲ့သော ဗကသ ခေါင်းဆောင်များမှ မိန့်ခွန်းပြောကြားခြင်း၊ ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် နှင်းဆီပန်းများဖြင့် ပုံဖော်ခြင်း၊ နိုင်ငံရေး၊ လူမှုရေး၊ ကျောင်းသားအဖွဲ့အစည်း အသီးသီးမှ 7 July ကျောင်းသားအရေးတော်ပုံ ၅၁ နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သော သ၀ဏ်လွှာများကို ဖတ်ကြားခြင်း၊ အမှတ်တရ ကဗျာများ ရွတ်ဆိုခြင်း ပြုလုပ်ခဲ့သည်။

7 July ကျောင်းသားအရေးတော်ပုံနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး စစ်ဆေးပေးရန်၊ 7 July ကျောင်းသားအရေးတော်ပုံနှင့် ပတ်သက်သည့် မှန်ကန်သည့် သဘောထားအမြင် လူထုကြားတွင် မရှိသဖြင့် တရားဝင် သတ်မှတ်ပေးရန်၊ ဖောက်ခွဲဖျက်ဆီး ခံခဲ့ရသည့် ကျောင်းသားသမဂ္ဂ အဆောက်အဦးကို မူလပုံစံအတိုင်း ပြန်လည်တည်ဆောက်ပေးရန်၊ ကျောင်းသားသမဂ္ဂ အမှတ်တံဆိပ်ဖြစ်သော ခွပ်ဒေါင်းအလံကို အာဏာ၏ သင်္ကေတအဖြစ် အသုံးမပြုရန် စသည်တို့ကို တောင်းဆိုကြောင်း အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာသည့် ၁၉၆၂ တကသ အမှုဆောင်ဟောင်း  ဦးလှရွှေက ဆိုသည်။

"ကျောင်းသားသမဂ္ဂ အဆောက်အဦးဆိုတာ အုတ်တိုင်တစ်တိုင် မဟုတ်ဘူး။ သမဂ္ဂ အဆောက်အအုံဟာ ကျွန်တော်တို့ဘ၀တွေ ဖြစ်ခဲ့တယ်။ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဖျက်ဆီးခံရတာ ဟာ မြန်မာနိုင်ငံရဲ့ ကျောင်းသားလှုပ်ရှားမှု သမိုင်းကို ဖျက်ဆီးလိုက်တာ ဖြစ်တဲ့အတွက် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို မူလပုံစံအတိုင်း ပြန်ဆောက်ပေးပါ။ ပြီးတော့ ဒီအဆောက်အအုံ ကို မြန်မာနိုင်ငံရဲ့ ကျောင်းသားလှုပ်ရှားမှု သမိုင်းပြတိုက်အဖြစ် ထားရှိပေးပါလို့ ကျွန်တော်တောင်း ဆိုပါတယ်" ဟု ဦးလှရွှေက ပြောကြားသည်။

"ဒီပွဲလုပ်ဖို့ ခန်းမငှားတဲ့ နေရာမှာ အာဏာပိုင်အချို့ရဲ့ ဖိအားပေးမှုတွေကြောင့် အခက်အခဲတွေ အများကြီး ရှိတယ်" ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ရန်ကုန်တိုင်း တာဝန်ခံ ဦးမင်းသွေးသစ်က ပြောကြားသည်။ထို့ပြင် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် (တာဝ)၊ နည်းပညာတက္ကသိုလ် (သန်လျင်)၊ သန်လျင်သမ၀ါယမ တက္ကသိုလ် စသည့်တက္ကသိုလ် အသီးသီးမှ ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်များက လက်ရှိအခြေအနေတွင် ရန်ကုန်ပင်မ တက္ကသိုလ်အတွင်း၌ ကျောင်းသားသမဂ္ဂ ပြန်လည်တည်ဆောက်ခြင်းကို ဦးစားပေး လုပ်ဆောင်သင့် မသင့်ဆိုသည့် ခေါင်းစဉ်အောက်တွင် စကားရည်လုပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Ref: first-11

နည်းပြအဖြစ် အီတလီမြေတွင် ဆက်လျှောက်ရန် မန်စီးနီ တံခါးဖွင့်

 
 
 
   မန်စီးတီးနည်းပြဟောင်း မန်စီးနီသည် အီတလီမြေသို့ ပြန်ရောက်ပြီးနောက် နည်းပြသစ်အဖြစ် ကမ်း လှမ်းမှု့များကိုလက်ခံရန် အသင့်ရှိပြီဖြစ်ကြောင်းပြောကြားလိုက်သည်။ ပြီးခဲ့သည့် ဘောလုံးရာသီက FA ဖ လားဖိုင်နယ်တွင် ၀ီဂန်အသင်းအား (၁-၀) ဖြင့် ရှုံးနိမ့်ပြီးနောက် အိမ်ပြန်ခဲ့ရသူ မန်စီနီသည် လာဇီယိုနှင့် အင်တာမီလန်တို့ကိုတော့ အဆင်ပြေစွာ ကိုင်တွယ်နိုင်ခဲ့သူဖြစ်သည်။မန်စီးနီက ပြောကြားခဲ့ရာတွင် “အခု အချိန်ဟာ ကျွန်တော့်အတွက်တော့ အသက်ကြီးတဲ့ အရွယ်ရောက်နေပြီ လို့ မဆိုနိုင်သေးပါဘူး၊ ကလပ်အ သင်းတွေမှာပဲ နည်းပြလုပ်တဲ့လမ်းကို ဆက်လျှောက်မလား၊ ဒါမှမဟုတ် နိုင်ငံ့လက်ရွေးစင်အသင်းကို ကိုယ် တွယ်ဖို့ဆိုရင်လဲ ကျွန်တော့မှာအတွေ့အကြုံကောင်းတွေ ရှိပြီးသားပါ”
   ထို့အပြင် သူကိုင်တွယ်ခဲ့သည့် မန်စီးတီး အသင်းနှင့် ပါတ်သတ်ပြီးလည်းသူက “ဘာပဲပြောပြောပါ ဒီလို အချိန်မှာ အိမ်ပြန်လာခဲ့ရတဲ့အတွက် ပျော်ပါတယ်၊ နှစ်အနည်းငယ်ကြာအောင် ကိုင်တွယ်ခဲ့တဲ့ အဲ့ဒီနေရာ ဟာ တကယ်တော့ ဖိအားတွေ မြောက်များစွာနဲ့ပါ၊ညှာတာမှု့ ကင်းတဲ့ ပါတ်ဝန်းကျင်မှာ ကျင်လည်ခဲ့ရတာ တကယ်တော့ လွယ်တဲ့ကိတ်စ မဟုတ်ပါဘူး။နှစ် (၅၀) လောက်ထိ ဘာအောင်မြင်မှု့မှ မရှိခဲ့တဲ့အသင်းကို ကျွန်တော့လက်ထက်မှာ အရေးကြီးတဲ့ ဆုဖလား (၃) လုံးထိ ရယူပေးနိုင်ခဲ့ပါတယ်၊အဲ့ဒီအတွက်ဘာမှ မပျော် ရွှင်နိုင်စရာ အကြောင်းမရှိပါဘူး။” ဟုလည်း ဆက်လက် ပြောဆိုသွားခဲ့သည်။

Ref...football-cafe.com

ရွန်နီ အား ဘာစီလိုနာသို့  လာရောက်ကစားရန် ဖိတ်ခေါ်လိုက်သည့် ပီကေး



   မန်ချက်စတာယူနိုက်တက်အသင်းဧ။် ကစားသမားဟောင်း၊ ဘာစီလိုနာအသင်းဧ။် အဓိကနောက်ခံ လူဖြစ်သည့် စပိန်လိက်ရွေးစင် နောက်တန်းကစားသမား ဂျရတ်ပီကေးက အသင်းဖော်ဟောင်း ဖြစ်သည့် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးရွန်နီ အနေဖြင့် ဘာစီလိုနာအသင်းသို့  လာရောက်ကစားရန် တိုက် တွန်းလိုက်ပြီး ရွန်နီအနေဖြင့် ဘာစီလိုနာအသင်းသို့  လာရောက်ကစားပါက အသင်းနင့် အလွယ်တကူ အ ထိုင်ကျပြီး ခြေစွမ်း အလျှင်မြန်ပြနိုင်မည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည် ဟု သိရသည်။
   အဆိုပါ မန်ယူနောက်ခံလူဟောင်းက စပေါ့ခ် သတင်းစာသို့ ပြောကြား ခဲ့ရာ ၌ " သူဟာ ကမ္ဘာ့ အကောင်း ဆုံးကစားသမား ၃ ယောက်ထဲမှာ တစ်ယောက်အပါအ၀င် ဖြစ်ဖို့ဘာတွေလိုအပ်ခဲ့တယ်ဆိုတာ ကျနော် သိပါ တယ်။ သူဟာဘာစီလိုနာလိုအသင်း နင့် တကယ်သင့်လျော်လွန်းတဲ့ ကစားသမားတစ်ယောက်ပါ။ သူဟာ အသင်းကစားကွက်အတွက်နေရာများစွာမှာ ထူးခြားစွာ ကစားနိုင်တဲ့သူပါ ။ သူ့ ရဲ့  ကြောက်စရာအကောင်း ဆုံးနှင့်အကျွမ်းကျင်ဆုံးနေရာက ဗဟိုတိုက်စစ်မှူးနေရာပါ ။ ဒါပေမယ့် သူဟာ ၂ရာသီ ၃ရာသီ ဘယ်တောင် ပံ၊ ညာတောင်ပံနှင့်ကွင်းလယ်နေရာတွေမှာ ဆင်းကစားနေခဲ့ရတာကို ကျနော်တို့မြင်တွေ့ခဲ့ရပါတယ်။ သူ ဟာ တကယ့်အကွက်မြင်မှု သန်မာမှုတွနှင့် ပြည်စုံလွန်းပြီး နည်းစနစ်ပိုင်လည်း တကယ့်ကောင်းမွန်တဲ့သူဖြစ် ပါတယ် ။ သူဟာ ဘာစီလိုနာမှာ ခြေစွမ်းပြနိုင်ဖို့  ပြင်ဆင်ရမှာ ဘာအခက်ခဲမှ ရှိလိမ့်မယ်လို့ တော့ ကျနော် မထင်ပါဘူး " ဟု ပြောကြား သွားခဲ့ကြောင်း သိရသည်။

Ref...football-cafe.com

ကြိုဆိုပါတယ် ဟီဂူအင်..ဆိုတဲ့ ပိုဒေါစကီး


   ဆင်နယ်သိုရောက်ရှိလာတော့မည့် ဟီဂူအင်အားကြိုဆိုပါကြောင်းနှင့် မိမိ၏နေရာလုဘက်အဖြစ်သဘော ထားမည်မဟုတ်ကြောင်း အာဆယ်နယ်တိုက်စစ်မှုး ပိုဒေါ့စကီးကပြောဆိုလိုက်သည်။ ယမန်နှစ်ကယမန်နှစ် က ဂျာမန် ကိုလုံးအသင်းမှ ပေါင် (၁၁)သန်းဖြင့်  အာဆင်နယ်သို့ရောက်ရှိလာခဲ့သူ ပိုဒေါ့စကီးသည်အာဆင် နယ် အတွက် (၁၁) ဂိုး သွင်းယူထားပြီး (၁၀) ဂိုး Assist လုပ်ထားသည် ။ ဟီဂူအင်သည် ပြီးခဲ့သည့်နှစ်က ရီး ရဲလ်မတ်ဒရစ်အတွက် (၂၈) ပွဲ ကစားပေးခဲ့ပြီး (၁၆) ဂိုးသွင်းယူခဲ့သည်။ ဟီဂူအင်နှင့်ပါတ်သတ်ပြီး ပိုဒေါ့စ ကီးကပြောဆိုခဲ့ရာမှာ “ကစားသမားကောင်းရောက်လာရင် ကစားသမားကောင်းနဲ့ တွဲကစားရမယ်ယှဉ်ပြိုင် ရမယ် ဆိုတာကလွဲလို ဘာမှစိုးရိမ်ပူပန်တာမျိုး မရှိပါဘူး၊ ရာသီသစ်တစ်ခုကို ရင်မဆိုင်ခင်မှာ ကစားသမား အ၀င်အထွက်ရှိမယ်ဆိုတာ ဒါဓမ္မတာပဲလေ၊ ထိပ်သီးကစားသမားရောက်လာရင်တော့ သတင်းကောင်းပေါ့ ဗျာ” “နောက်ပြီး အင်္ဂလန်ဘောလုံးလောကဆိုတာကလည်း အပြိုင်အဆိုင်သိပ်ကြီးပါတယ်၊ စပိန်လိုမဟုတ် ဘူး ၊ စပိန်မှာတော့ ဘာစီလိုနာရယ် ရီရဲလ်မတ်ဒရစ်ရယ် နှစ်သင်းပဲရှိတယ်၊ ဒီမှာတော့ လေး ငါးသင်းမက ဘူး ခြောက်သင်း ခုနှစ်သင်းလောက်ဟာ ထိပ်သီးနေရာအတွက် အပြိုင်အဆိုင် တိုက်ပွဲဝင်နိုင်စွမ်း ရှိနေကြ တယ်”“အသင်း အနေနဲ့ကြည့်မယ်ဆိုရင်လဲ အသင်းအချို့အသင်းတွေမှာ နည်းပြ အသစ်တွေနဲ့ အစားထိုး ထားကြတာကို တွေ့ရမှာပါ ဒါဟာ အသင်းကိုခိုင်မာစေပါ့မလား ဆိုတာ ပြော ဖို့ တော်တော်ခတ်ပါတယ်၊ အာဆင်နယ်ကတော့ ဒီနည်းပြနဲ့ပဲ အသားကျပြီသား ကျစ်လစ်ပြီးသားပါ၊ ဒီနှစ်တော့ Arsenal will be at the top of the league ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပိုဒေါ့စကီးက ဆက်လက် ပြောဆိုသွားသည်။

Ref...football-cafe.com

အကြမ်းဖက် တိုက်ခိုက်မှုများဖြင့် ပြစ်ဒဏ်ချမှတ် ခံထားရသူ အဘူကာတာဒါကို ဗြိတိန်က ဂျော်ဒန်သို့ လွှဲပြောင်းပေး

ဂျော်ဒန်သို့ ပြန်လည်လွှဲပြောင်းပေးမည့် အဘူကာတာဒါကို ဇူလိုင် ၇ ရက်က လန်ဒန်မြို့ RAF Northolt လေတပ်စခန်းတွင် တွေ့ရစဉ် (Photo:AP)

အကြမ်းဖက် တိုက်ခိုက်မှုများဖြင့် မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရသူ ဂျော်ဒန်နိုင်ငံမှ တရားဟောဆရာ အဘူကာတာဒါကို ၎င်းအပေါ် စွဲဆိုထားသည့် အမှုများအား တရားရုံးတွင် ရင်ဆိုင်ရန်အတွက် ဗြိတိန်အစိုးရက ၎င်း၏နေရပ်နိုင်ငံသို့ ဇူလိုင် ၇ ရက်က ပြန်လည်လွှဲပြောင်း ပေးလိုက်ကြောင်း သိရသည်။ပါလက်စတိုင်း နိုင်ငံတွင် မွေးဖွားခဲ့သူ တစ်ဦးဖြစ်သည့် အဘူကာတာဒါအား ၎င်းကိုဖမ်းဆီးထားသည့် လန်ဒန်မြို့ အရှေ့တောင်ပိုင်းရှိ လုံခြုံတင်းကျပ်သည့် ဘယ်မာ့ရှ် အကျဉ်းထောင်မှ ရဲကားဖြင့် ခေါ်ယူကာ လန်ဒန်မြို့ အနောက်ပိုင်း RAF Northolt လေတပ် စခန်းမှ လေယာဉ်ဖြင့် ဂျော်ဒန်နိုင်ငံ အရှေ့ပိုင်း အမ်မန်မြို့ရှိ မာကာ စစ်ဘက်လေဆိပ် တွင် ဂျော်ဒန် အာဏာပိုင်များထံသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

"နိုင်ငံတကာ စံနှုန်းများနဲ့အညီ အဘူကာတာဒါ အနေနဲ့ သူ့ကိုတရား စွဲပြီး ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေ အပေါ်မှာ ခုခံချေပပိုင်ခွင့်၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု ရှိစွာနဲ့ တရားရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်" ဟု ဂျော်ဒန်ပြန်ကြားရေးဝန်ကြီး မိုဟာမက်မိုမာနီက နိုင်ငံပိုင် Petra သတင်း ဌာ န သို့ ပြောကြား ခဲ့သည်။"အဘူကာတာဒါ အနေနဲ့ မကြာခင်မှာ နိုင်ငံတော် လုံခြုံရေး တရားရုံးကိုသွားပြီး သူ့အပေါ်စွဲဆိုခဲ့တဲ့ အမှုတွေကို နားထောင်ပြီး ပြစ်မှုကျူးလွန်ခြင်း မရှိကြောင်း ပြန်လည်ချေပသွားမှာ ဖြစ်ပါတယ်" ဟု ၎င်း၏အမှုအား ပြန်လည်စစ်ဆေးမှုကို စောင့်ကြည့်လေ့လာနေသည့် အမ်မန်မြို့ အခြေစိုက်၊ လူ့အခွင့်အရေးအဖွဲ့ အဒယ်လာဌာနမှ ရှေ့နေတစ်ဦးက ပြောကြားခဲ့သည်။

အမ်မန်မြို့ရှိ အမေရိကန် စာသင်ကျောင်း တစ်ကျောင်းအား တိုက်ခိုက်မှု အပါအ၀င် အကြမ်းဖက် တိုက်ခိုက်မှုများတွင် ပူးပေါင်းကြံစည်မှုဖြင့် အဘူကာတာဒါကို ၎င်း၏မျက်ကွယ်တွင် ၁၉၉၉ ခုနှစ်၌ ဂျော်ဒန်တရားရုံး တစ်ရုံးက သေဒဏ်ချမှတ်ခဲ့သည်။ သို့သော် မကြာမီပင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းသို့ လျှော့ချခဲ့သည်။ထို့နောက် ဂျော်ဒန်နိုင်ငံတွင် ကျင်းပသည့် ထောင်စုနှစ် ပျော်ပွဲရွှင်ပွဲ၌ ကမ္ဘာလှည့် ခရီးသည်များကို အကြမ်းဖက် တိုက်ခိုက်မှုတွင် ကြံစည်ဆောင်ရွက်မှုဖြင့် ၂၀၀၀ ပြည့်နှစ်တွင် မျက်ကွယ်ထောင်ဒဏ် ၁၅ နှစ် ထပ်မံချမှတ်ခြင်း ခံခဲ့ရသည်။

စပိန်တရားသူကြီး တစ်ဦးက အဘူကာတာဒါသည် ဥရောပတိုက်အတွက် အိုစမာဘင်လာဒင်၏ ညာလက်ရုံး တစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း အဘူကာတာက မိမိသည် ဘင်လာဒါနှင့် တွေ့ဆုံဖူးခြင်းပင် မရှိကြောင်း ငြင်းဆိုခဲ့သည်။ဂျော်ဒန်နိုင်ငံ၏ ဥပဒေအရ အဘူကာတာဒါ အနေဖြင့် တရားရုံးသို့ လာရောက်ပြီး ချမှတ်ထားသည့် ပြစ်ဒဏ်များအပေါ် တရားပြန်လည် ရင်ဆိုင်ခွင့်ရှိကြောင်း သိရသည်။
Ref:AFP

ဒိုင်က ကစားသမား တစ်ဦးကို ဓါးနဲ့ထိုးသတ်ပြီး၊ ပရိတ်သတ်က ဒိုင်ကိုခေါင်းပြန်ဖြတ်တဲ့ ဘောလုံးပွဲ ဘရာဇီးနိုင်ငံအပျော်တမ်းဘောလုံးပွဲ

 
    ဘရာဇီးနိုင်ငံအပျော်တမ်း ဘောလုံးပွဲတစ်ပွဲတွင် ကစားသမားကို ကွင်းလယ်ဒိုင်က အသင့်ယူဆောင် လာသောဓါးဖြင့် ထိုးသတ်ခဲ့သောကြောင့်၊ အသတ်ခံရသည့် ကစားသမား၏ မိတ်ဆွေ(၀ါ) မိသားစုဟု ယူဆ ရသူ ပရိတ်သတ်တစ်ဦးက အဆိုပါ ကွင်းလယ်ဒိုင်ကို ခေါင်းဖြတ်သတ်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ မာရင်ဟာအိုရှိ Pius XII ကွင်းတွင် ယှဉ်ပြိုင် ကစားသွားခဲ့ကြသည့် အပျော်တမ်း ဘောလုံးပွဲတွင် ကွင်းလယ် ဒိုင် ဖြစ်သူက အသက်(၂၀)နှစ် အရွယ် အောက်တာဗီအို ဒါဆေးလ်ဗားအား အနီကဒ်ပြကာ ထုတ်ပယ်ခဲ့သည် ။သို့သော်လည်း အဆိုပါ ကစားသမားကကွင်းတွင်းမှ ထွက်ခွာရန် ငြင်းဆန်ခဲ့သလို၊ ကွင်းလယ်ဒိုင်အား စ တင် တိုက်ခိုက်ခဲ့ကြောင်း Correio24horas ကဖော်ပြသွားခဲ့သည်။ ထို့ကြောင့် ကွင်းလယ်ဒိုင်က အသင့် ယူဆောင်လာသောဓါးဖြင့် ကစားသမားအား ထိုးသတ်လိုက်သည်။ ထိုအချိန်တွင်ဓါးဖြင့် အထိုးခံလိုက်ရ သည့် ကစားသမား၏ မိတ်ဆွေ(၀ါ) မိသားစုဟု ယူဆရသူများက ကွင်းတွင်းသို့ ပြေးဝင်လာပြီး ကွင်းလယ် ဒိုင်အား ခဲဖြင့်ဝိုင်းဝန်းပစ်ပေါက်ခဲ့ကြသည်။ ထိုပရိတ်သတ်ထဲမှ တစ်စုံတစ်ယောက်က ကွင်းလယ်ဒိုင်ခုနအ သုံးပြုခဲ့သည့်ဓါးကို ကောက်ကိုင်ပြီး ကွင်းလယ်ဒိုင်၏လည်ပင်းကို လှီးကာခေါင်းဖြတ်ခဲ့သည်။ ထိုခေါင်းပြတ် ကိုလည်း ဆူးချွတ်ဖြင့်ထောက်ပြီး ကွင်းတွင်းစိုက်ထူခဲ့သည်။ အဆိုပါ ဒေသမှ ရဲမှုးကြီးက - "မျက်မြင် သက်သေတွေရဲ့ ထွက်ဆိုအရ ဒီကိစ္စမှာ ပါဝင်ပတ်သက်ခဲ့တဲ့ သူတွေအားလုံးကို ဖမ်းဆီးစစ်ဆေးသွားမှာပါ" ဟု ပြောကြားသွားခဲ့ပြီး၊ ခေါင်းဖြတ်ခဲ့သည့် တရားခံဟု ယူဆရသူ တစ်ဦးကိုလည်း သိရှိထားပြီး ဖြစ်ကာ၊ စ တင်စစ်ဆေးနေပြီ ဖြစ်ကြောင်း ရဲမှုးကြီးက ပြောကြားသွားခဲ့သည်။

http://www.football-cafe.com/newsdetail.php?newsid=1141#.UdoLUBZ1FvB
Ref: Daily Mail

မှတ်ပုံတင်ဖျက်စီးသူ လျောက်လွှာကို ဦးစားမပေးလို့ဆို




   သြစတြေးလျနိုင်ငံကို ခိုလှုံခွင့်တောင်းသူတွေအနေနဲ့ မှတ်ပုံတင်တွေ နိုင်ငံကူးလက်မှတ်တွေအား ဖျက်စီး သူတွေကို သြစတြေးလျအစိုးရအနေနဲ့ ဒုက္ခသည်စီစစ်မှုမှာ နောက်တန်းကိုပို့မယ်လို့ ကြေငြာခဲ့ ပါတယ်။ သြ စတြေးလျနိုင်ငံကို ရောက်ရှိလာတဲ့ ခိုလှုံခွင့်တောင်းလိုသူတွေရဲ့ လှေတစ်စီး (Credit: ABC licensed) ဇာတ် လမ်းခိုလုံသူတွေ နိုင်ငံသားဖျောက်ဖျက်မှုကို ကိုင်တွယ်ဖို့ အစိုးရတိုက်တွန်းခံရ သြစတြေးလျနိုင်ငံကို ခိုလှုံ ခွင့်တောင်းဖို့ လှေတွေနဲ့ ဝင်ရောက်လာသူတွေဟာ မိမိတို့မှတ်ပုံတင်တွေ နိုင်ငံကူးလက်မှတ်တွေကို ဖျက် စီးတဲ့ အပြင်၊ သူတို့ကို သူတို့ ဘယ်သူ၊ ဘယ်ဝါ၊ ဘယ်နိုင်ငံက လာသလဲ ဆို တာ တွေ ကိုတောင်ပြောဖို့ငြင်း ဆန်နေပြီး - ဒီလို လုပ်ရင် နေထိုင်ခွင့် အခွင့်အရေး ရနိုင်တယ်လို့ ထင်ကြတဲ့အတွက် လုပ်ဆောင်နေကြတာ လို့ သိရပါတယ်။ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးသစ် Tony Burke က ယခင်တုန်းကတော့ အရင်ရောက် သူတွေကို အရင်စီစစ်မှုလုပ်ပေမယ့် ခုအခါမှာ မှတ်ပုံတင်တွေမပါလာတဲ့ သူတွေကို နောက်ဆုံးပို့ပြီး စီစစ်မှု လုပ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ သြစတြေးလျအာဏာပိုင်တွေကမှ တ်ပုံတင်နဲ့နိုင်ငံကူးလက်မှတ်တွေ ကိုပြန်ရဖို့ ကြိုးစားသူတွေကို အကူအညီပေး သွားမယ်ဆိုတဲ့အကြောင်း - ဒီလို ပြန်လည်ပြီး အချက်အလက် ပံ့ပိုးသူတွေကို ဦစားပေးပြီး၊ ကူညီမှုမပြုသူတွေကို နောက်ဆုံးတန်း ပိုပြီးမှ စီစစ်မှာဖြစ်တယ် လို့ပြောသွားပါ တယ်။

ABC

သရုပ်ဆောင်ပုလဲဝင်းရဲ့အမြင်

 
ဥပဒေကို အကုန်လုံးတော့ မဖတ်ဖူးဘူး၊ ပွင့်လင်းမြင်သာနေတဲ့ ခေတ်ကြီးမှာ အဲဒီလိုဥပဒေတွေနဲ့ကန့် သတ်ဖို့ အဆင်ပြေနိုင်မလားတော့ မသိဘူးပေါ့နော်ဒါပေမယ့် ကိုယ့်လူမျိုးကို ချစ်ပြီး ကိုယ့်လူမျိုးကို ထိမ်းသိမ်းရင်တော့ အကောင်းဆုံးပေါ့နော်၊ ဒါပေမယ့်လည်း တစ်ဖက်နဲ့ တစ်ဖက် တစ်ယောက်နဲ့တစ်ယောက်၊ သူ့အမျိုးဘာသာ ကိုယ့်အမျိုးဘာသာ မစော်ကားပဲနဲ့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ယုံကြည်လေးစားမှုနဲ့ပဲ နေသင့်တယ်လို့ ထင်တယ်။ ဥပဒေအနေနဲ့ ပြဋ္ဌာန်းပြီး ကန့်သတ်ရင်တော့ အဆင်ပြေမလားဆိုတာက တွေးစရာပါ။

အခု ဒီမိုကရေစီရတဲ့ခေတ်မှာ နိုင်ငံတကာက ပတ်သက်လာပြီး ပွင့်လင်းတဲ့နိုင်ငံတစ်နိုင်ငံအနေနဲ့ ပတ်သက်မှုတွေ ရှိလာပြီ။ ဘာသာမတူတာတွေလဲ ယူနိုင်တယ်။ ဘာသာတူချင်းယူရင်တော့ အကောင်းဆုံးပေါ့နော်။ ဘာသာမတူတာချင်း ယူခဲ့ရင်တောင် နောက်ကို Generation ကျရင်တော့ ကိုယ့်ရဲ့
ဗုဒ္ဓဘာသာအပေါ် ယုံကြည်သက်ဝင်အောင် ကိုယ်ကစည်းရုံးရမှာက အဓိကပါ။အမေရိကား မှာတောင် မြန်မာဗုဒ္ဓဘာသာတွေကို လေ့လာတယ်။ မွန်မြတ်တဲ့ဗုဒ္ဓဘာသာလို့ လက္ခံပြီး ဗုဒ္ဓဘာသာဝင်ကြသေးတာပဲ။ ဒါကြောင့် မွန်မြတ်ပြီးသား ဗုဒ္ဓဘာသာမှာ ဗုဒ္ဓဘာသာပြန်ပွားအောင် ကိုယ့်ဘာသာကိုသာ ကြိုးစားသင့်တယ်လို့ ထင်တယ်။
Ref: netnews

Core i3,Core i5, Core i7 တို့ ကွာခြားချက်



Core i3:

* Entry level processor.
* 2-4 Cores
* 4 Threads
* Hyper-Threading (processor resources ကို ကောင်းကောင်း အသုံးပြုနိုင်)
* 3-4 MB Catche
* 32 nm Silicon (စွမ်းအင် အသုံးချမှုနည်းပြီး အပူချိန်လျော့)

Core i5:

* Mid range processor.
* 2-4 Cores
* 4 Threads
* Turbo Mode (အသုံးမပြုလျှင် Core ကို အလိုအလျောက် ရပ်နားပေး)
* Hyper-Threading (processor resources ကိုကောင်းကောင်း အသုံးပြုနိုင်)
* 3-8 MB Catche
* 32-45 nm Silicon (စွမ်းအင် အသုံးချမှုနည်းပြီး အပူချိန်လျော့)

intel core i7 300x176 Difference Between Core i3, Core i5, Core i7

Core i7:

* High end processor.
* 4 Cores
* 8 Threads
* Turbo Mode (အသုံးမပြုလျှင် Core ကို အလိုအလျောက် ရပ်နားပေး)
* Hyper-Threading (processor resources ကို ကောင်းကောင်း အသုံးပြုနိုင်)
* 4-8 MB Catche
* 32-45 nm Silicon (စွမ်းအင် အသုံးချမှုနည်းပြီး အပူချိန်လျော့)

--
Ref:hacktrack

ထိုင်းနိုင်ငံမှ ရေပေါ် ရုပ်ရှင်ရုံ


    ကျွန်းပေါ်မှာ ပြုလုပ်ထားတဲ့ ရုပ်ရှင်ရုံ တကယ် ရှိပါတယ်။ ထိုင်းနိုင်ငံ ဖူးခက် ကျွန်းအနီး Kudu Noi ကျွန်း မှာပြုလုပ်ထားတာ ဖြစ်ပါတယ်။တရုတ်ပြည် ရှန်ဟိုင်းမှာ နေထိုင်တဲ့ ဂျာမနီ လူမျိုး ဒီဇိုင်နာတစ်ဦးက သူ့စိတ် ကူးနဲ့ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ယင်းနေရာမှာ ဖူးခက်ကျွန်း ရုပ်ရှင်ပွဲတော်တွေလည်း နှစ်စဉ်ကျင်းပပေး တယ်လို့ဆိုပါတယ်။ ရာသီဥတုကြောင့် ရေတက်လာရင်လည်း မြှုပ်မသွားနိုင်အောင်၊ ပုံမှန်အတိုင်း ကြည့်လို့  ရအောင် အတိမ်အနက်ကိုလညး တွက်ချက်ထားပါတယ်။ အပေါ်မြင့် ယူလို့ရသလို၊ အောက်လည်းချလို့ ရပါ တယ်။ ပင်လယ်ရေပြင်ပေါ်မှာ ရုပ်ရှင်ကြည့်လို့ ရအောင် ဖန်တီးပေးလိုက်နိုင်တဲ့ ဂျာမနီ ဒီဇိုင်နာရဲ့  စိတ်ကူး ဟာ ကမ္ဘာကျော်သွားပြီး Kudu Noi ကို အလည်လာသူအများစုဟာ ရေပေါ်က ရုပ်ရှင်ရုံကို လာရောက် အားပေးလျက် ရှိတယ်လို့ သိရပါတယ်။
--
Ref: huffingtonpost

ဗုဒ္ဓဂါယာပေါက်ကွဲမှု အကြမ်းဖက်တိုက်ခိုက်မှုဟု ပြည်နယ် ပြည်ထဲရေးဝန်ကြီးပြော

အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ်ရှိ ဗုဒ္ဓဂါယာအရပ် မဟာဗောဓိစေတီတော်၌ တနင်္ဂနွေနေ့နံနက်၌ ဗုံး ၉လုံး ဖောက်ခွဲရန် အကြမ်းဖက်သမားများက ကြံစည်ခဲ့ပြီး ဗုံး ၄လုံး မှာ စေတီတော် အတွင်း ၌ ပေါက် ကွဲခဲ့ သည်ဟု Times of India သတင်းစာက ဆိုသည်။

မပေါက်ကွဲသေးသော ဗုံး ၃လုံးကို ကာမပ ဘုန်းကြီးကျောင်းအတွင်း ထောင်ထားခြင်းဖြစ်ပြီး ဥာဏ်တော်အမြင့်ပေ ၈ဝရှိသော ဗုဒ္ဓရုပ်ပွားတော်မြတ်အနီး နောက်ထပ် ၂လုံးကိုမူ မပေါက်ခွဲခင် ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ပေါက်ကွဲမှုမှာ နံနက် ၅နာရီခွဲနှင့် ၆နာရီအတွင်း ဖြစ်ပွားခဲ့ပြီး ခရီးသွားတိုးရစ် ၂ဦး၊ မြန်မာတစ်ဦးနှင့် တိဘက်တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားရသည်ဟု ဆိုသည်။

ပြည်နယ် ပြည်ထဲရေးဝန်ကြီး အာနေးလ် ဂေါ့စ်ဝါမီက ဗုဒ္ဓဂါယာပေါက်ကွဲမှုသည် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း အတည်ပြု ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံအတွင်း ဘာသာရေး၊ လူမျိုးရေးအပေါ် အခြေခံသည့် အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများပေါ်ပေါက်ပြီးနောက်ပိုင်း ဗုဒ္ဓဂါယာ မှာပစ်မှတ် ထားတိုက်ခိုက်ခံ ရနိုင်သည်ဆိုသည့် ထောက်လှမ်းရေးသတင်းများ ရရှိ ခဲ့ခြင်းကြောင့် ပြည်နယ်လုံခြုံရေးများ စောင့်ကြည့်နေဆဲမှာပင် ဗုံးခွဲမှုပေါ်ပေါက်ခြင်းဖြစ်သည်ဟု ရဲချုပ်က ဆိုသည်။

ဗုံးခွဲမှုကြောင့် မဟာဗောဓိစေတီတော်လည်း ထိခိုက်မှုမရှိဘဲ ပရိဘောဂများသာ ပျက်စီးခဲ့ကြောင်းနှင့် ဗုဒ္ဓမြတ်စွာ သဗ္ဗညုတဥာဏ်တော်ရရှိခဲ့ရာ မဟာဗောဓိညောင်ပင်လည်း ထိခိုက်မှု လုံးဝ မရှိ ခဲ့ကြောင်း ပြည်နယ်အရာရှိများကဆိုသည်။

Ref: Kamayut Media

Facebook ကို တစ်လွဲသုံးခြင်း



   မနက်အိပ်ယာထတော့ Facebook ပေါ်တက်ကြည့်လိုက်တယ်။ ရွှေပြာတောင်မှာ အရေးအခင်းဖြစ်တဲ့ ပုံ များမြင်လိုက်ရတယ်။ မဖြစ်သေးဘူး င့ါသူငယ်ချင်းတွေသိအောင် ရှဲပေးလိုက်အုံးမယ်။"တီတီတီတီ"။ ဖုန်းသံ ကလည်းမြည်လာတယ်။ သူငယ်ချင်းတစ်ယောက်ပါ။ "ဟေ့ကောင် တို့တွေ ဆူးလေမှာ ဆန္ဒပြနေတယ်ကွ။ င့ါတို့ ပုံတွေ မင်းမြန်မြန်လာခဲ့။ ငါတို့ Facebook page နဲ့ အကောင့် တွေမှာလည်း ပုံတွေ တင်ထားတယ်။ ဝင်ကြည့်" သူငယ်ချင်းက အဲ့လိုပြောတော့ ကျနော်က"အေးအေး သယ်ရင်း ငါအခုပဲလာပြီ" လို့ပြောပြီး သူ တင်တဲ့ပုံတွေကို ဝင်ပြီး Like လုပ် အကောင့်မှာရှဲပေးလိုက်သေးတယ်။ အကောင့်မှာက Friend ငါးထောင် ရှိတော့ တစ်နာရီအတွင်းပွသွားမှာပါ။ ဒီလိုနဲ့ Laptop ကိုပိတ်ပြီး ဖုန်းအင်တာနက်ဖွင့်လို့ ဆူးလေကို ဘတ်စ် ကားနဲ့သွားပါတယ်။ဟာ...လမ်းမှာလူတွေရိုက်ပွဲဖြစ်နေပါလား။ မဲမဲနဲ့ဖြူဖြူတွေရိုက်နေကြတာ ။ ဒါအမဲမျိုးနဲ့၊ အဖြူမျိုးရန်ပွဲဖြစ်မယ်။ ပုံလေးရိုက်ပြီး Facebook ပေါ်တင်လိုက်အုံးမှ။ ကော်နက်ရှင်က သိပ့်မကောင်းတော့ ပုံလေးနည်းနည်းသေးအောင်လုပ်ပြီး တင်လိုက်အုံးမှပဲ။ ပုံ Status မှာ ဒီလိုလေး ရေးမယ်ကွာ " .. လမ်းထိပ် တွင် ဘာသာခြားတို့အထိကရုန်းဖြစ်၊ ဗမာတွင် လူ သုံးဦးသေ"......။ ဟဲ ဟဲ။ ဟုတ်တာ မဟုတ်တာနောက်မှ ထား။ ဒါမှ ဖွဘုတ်မှာ ငါနာမည်ကြီးမှာ။"တီတီ" ။ သာအေး ဖုန်းဆက်တာပဲ။ ကိုင်လိုက်အုံးမှ။ "ဟေ့ကောင် ...။ ... လမ်းထိပ်မှာ အမဲတွေ ကြမ်းနေတယ်ဆို။ ငါတို့အဖွဲ့ လူ အယောက် ၂၀ ဓားကိုယ်စီနဲ့ ချီတက်နေပြီကွ။ မင်းရှိနေမယ်မလား""အေးအေး" ငါရှိနေမယ်သယ်ရင်း..။ လာသာလာခဲ့။ ငါလည်း ဝင်လုံးနေတယ်" လို့ ကျနော် အေးအေးပဲပြန်ဖြေလိုက်တယ်။ ဟုတ်တာ မဟုတ်တာ နောက်မှထား နာမည်ကြီးဖို့က အဓိက။ အံမယ် ငါရိုက်ပြီးတင်လိုက်တဲ့ ပုံက ၁၅ မိနစ်အတွင်း Share ၁သောင်းကျော်သွားပါလားဟ။ ဟိဟိ ။ကောင်း တယ်။ Facebook message တစ်စောင်ရောက်နေပါလား။ အော် ဘာများလဲလို့ တောင်ကြီးက သူငယ်ချင်း တစ်ယောက် ဘာသာရေးထိကရုန်းတကယ်ဖြစ်မဖြစ် လှမ်းမေးတာပါလား။ ဒီလိုလေးဖြေပေးလိုက်အုံးမှ။ "အေး ဟုတ်တယ် သယ်ရင်း။ တို့ဗမာ လူအယောက် ၁၀၀ သေတယ်။ ..ထိပ်မှာ အသေခံဗုံးပေါက်တယ်။ ဗ ယာကျော်သည်ဗမ်းမီးလောင်လို့ လူ ၂၀ သေတယ်။ ပွဲတွေအပီအပြင်ကြမ်းနေတယ်။ တောင်ကြီးတင်မက ၊ မြန်မာနိုင်ငံတစ်ဝန်း သတိရှိကြပါ။ မိမိလူမျိုးအတွက် ဒီ သတင်းကို ရှဲပေးပါ။ မရှဲရင် သင်ဟာ လူမျိုးမချစ် ဘူးလို့မှတ်ယူပါမယ်"ဟိဟိ။ ဆေးတော့ထိုးလိုက်ပြီ။ ဘာပဲဖြစ်ဖြစ် ငါတော့ ဖွဘုတ်မှာ နာမည်ကြီးတော့မှာ ပဲ ။ အဲ..ဆူးလေး ရောက်ပြီ။ အံမယ် တယ်များနေပါလား။ ဟာ. တုတ်တွေကိုယ်စီနဲ့ပါလား။ ပုံတွေမြန်မြန်ရိုက် မှ။ ဟိုမှာ င့ါသယ်ရင်း ကိုသာဗျော။
   "ဟေ့ကောင်သာဗျော၊ ရိုက်ကုန်ပီလားဟ။ အေးကွ အစောလေးတင် မြန်မာပြည်အထက်ပိုင်း၊အောက်ပိုင်း ၊ တောင်ကြီး နဲ့အခြားမြို့ တွေမှာပါ ရိုက်ကုန်ပြီကြားလို့ တို့လည်းရိုက်ချင်တာနဲ့ ဒီရောက်လာတာ။"တိန်။ ငါ့ ထက်တောင် တယ်နာမည်ကြီးချင်နေပါလားဟ။ တို့လည်းရောချလိုက်မယ်။ "အေးကွ။ ဒီကောင်တွေ မလွယ် ဘူး။ တို့တွေကိုတိုက်နေပြီ။ ကိုယ့်အမျိုးကို ကာကွယ်ရမယ်ကွ။ နေအုံး။ င့ါပုံလေး facebook မှာတင်ဖို့ လှ လှလေး ရိုက်ပေးအုံး။ ပုံလှအောင် အဝတ်တွေနည်းနည်းဖြဲလိုက်အုံးမယ်။""ငရုတ်ဆီပါလိုရင်ပြော သယ်ရင်း ငါ့မှာပါလာတယ်" လို့သာဗျောက ပြောတာနဲ့ မထူးဇာတ်ခင်းပြီး ငရုတ်ဆီပါ နဖူးမှာလူးရင်း တုတ်ဆွဲပြီး ဟန်ရေးပြနေတဲ့ပုံ အရိုက်ခံလိုက်တယ်။ ပြီးတာနဲ့ Facebook ပေါ် ဖုန်းနဲ့ တင်လိုက်တယ်။ ပုံတင်နေတုန်း ရဲ ကားတွေ လည်းရောက်လာပါလေရော၊ ဘာသာခြားတွေလည်း ရောက်နေပြီး ဘယ်ကောင်က ထဆဲလိုက် လဲမသိဘူး။ သုံးဖွဲ့လုံးရိုက်ကုန်တော့ ကျနော်လည်း ဝရုန်းသုန်းကားထွက်ပြေးရပါတယ်။ဟဟ။ မီးခုံးဗုံးတလုံး ကြဲတယ်ဟ။ Facebook ပေါ်မှာ မီးခိုးဗုံး အလုံး ၄၀ ကျော်ကြဲတယ်လို့ဖွဖို့ ပုံလေး ရိုက်အုံးမှ။ ဒီလိုနဲ့ ပုံရိုက်ပြီး ဖွဘုတ်ပေါ်မှာ အထူးသတင်း အနေနဲ့ မီးခုံးဗုံးအလုံး ၄၀ ကြဲပြီး ဘာသာရေး အဓိကရုန်း အလွန်ပြင်းထန်း လျှက်ရှိကြောင်း ရေးပြီးတင်ပစ်တယ်။ မကြာဘူး။ ၁၅ မိနစ်အတွင်း ကိုယ်တင်ထားတဲ့ ငရုတ်ဆီ လူးထား ပုံ ကို မီးခိုးဗုံးတစ်လုံးပုံကော ရှဲပေါင်း ၁သောင်းအထက်တက်ပြီး တစ်မဟုတ်နာမကြီးလာတယ်။ အဲ့ဒီအချိန်မှာ ဟာ.. နယ်တွေမှာ တကယ်ဖြစ်နေပါလားဟ။ ငါပြောတာ တကယ်ယုံပြီးချကုန်ပြီ။ မထူးဘူး။ ရောချမယ်။  "ရန်ကုန်မှာအခြေအနေမဟန်တော့ပါဘူး။ ဆိုင်တွေလည်းပိတ်ကုန်ပါပြီ "အဲ့လိုကွန်းမင့်တွေလိုက်ပေးပစ် တယ်။ ဒီလိုနဲ့အိမ်ပြန်တော့ သူငယ်ချင်းဖုန်းတွေ တစ်ဂွံဂွံလာပါလေရော။ ကိုယ်ကလည်း မီးလောင်ရာလေ ပင့်ချင်နေလေတော့ "အေး ဟုတ်တယ် ငယ်ချင်း။/ င့ါနဖူး အရိုက်ခံလိုက်ရတယ်ကွ။/ အေးအေး။ /မင်းတို့ လည်းမခံနဲ့ချသာချ/ ပုံတွေသာ ဖွဘုတ်ပေါ် ဆက်ဆက်သာတင်ပေး။/ ငါတို့ Like ပြီးရှဲပေးမယ်။ / ညဘက် အချိန်တွေမှာ  ပိုကောင်းတယ်။/ ရိုက်ကွာ။/ အေး တို့ပြောတာတွေ အားလုံး Facebook ပေါ် ပြန်တင်ကွ/ Facebook မှာ ပုံတွေ ပလူပျံပြီလားကွ။/ ဟေ့အေး။ တို့တွေ တကယ်ပြေးရတော့မယ်။/ ဟာ...။ နေ ရာတိုင်း မှာ တကယ်ဖြစ်နေပြီကွ/ ဟာ.... အိမ်တွေ တကယ်မီးလောင်ကုန်ပြီ/ သယ်ရင်းရေ။ ငါပြေးရတော့မယ်/ ဟာ လုပ်ပါအုံး တို့အိမ်ကို ဂဲနဲ့ ထုနေပြီ။/ ပြေးပြီဟေ့။/ဒီလိုနဲ့ နောက်နေ့မနက် အိပ်ယာထလိုက်တော့ လူကိုယ် တိုင် ခြေမလှုပ်နိုင် လက်မလှုပ်နိုင်ပဲ ဆေးရုံပေါ်မျာ ကျောက်ပတ်တီးနဲ့ ဖြစ်နေပါလား။----
----
---
   သင်ခန်းစာ - Facebook သည် ယနေ့ခေတ်တွင် သတင်းအချက်ကူးပြောင်းရန် အလျင်မြန်ဆုံး နဲ့အလွယ်ကူဆုံး ဖြစ်သည်။ ယင်းကိုတစ်လွဲအသုံးချကာ တိုင်းပြည်ပျက်စေမည့်လုပ်ရပ်မျိုး မလု ပ် မိပါစေနှင့်။

--
အောင်ခမ်း (TSJ team)

Ref..techspace.com

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ ကျန်းမာရေး ကဏ္ဍရှိ လိုအပ်ချက်များကို တွေ့ဆုံဆွေးနွေး

 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း အမှုဆောင်များ တွေ့ဆုံကြစဉ်


ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များသည် ဇူလိုင် ၇ ရက်၊ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဆရာဝန်အသင်း (ဗဟို)၊ ခန်းမဆောင် (ဗ)တွင် တွေ့ဆုံ၍ ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်သည့် လိုအပ်ချက်များကို အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်၍ တင်ပြရာတွင် လက်ရှိမြန်မာနိုင်ငံ၌ ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ၊ နေထိုင်စားသောက်မှု ပုံစံများကြောင့်မကူးစက်တတ် သည့် ရောဂါ များ ဖြစ်ပွားနှုန်း မြင့်တက်လျက်ရှိကြောင်း၊ ယင်းရောဂါများကို ကာကွယ်တားဆီးရေး လုပ်ငန်းများ ပိုမိုလုပ်ဆောင်ရန် လိုအပ်လာပါကြောင်း၊ ကင်ဆာဖြစ်ပွားမှု အများဆုံး နိုင်ငံများအနက် မြန်မာနိုင်ငံသည် နံပါတ် ၂ နေရာတွင် ရပ်တည်နေပြီး ကျန်းမာရေး ကဏ္ဍတွင်လည်း ကင်ဆာပြဿနာသည်လည်း အထူးဂရုပြုရမည့် အချက်တစ်ခု ဖြစ်လာပါကြောင်း၊ ကင်ဆာရောဂါ လူနာများ ပိုမိုများပြားလာသည့်နည်းတူ ကင်ဆာဝေဒနာကို ကုသရာတွင် အသုံးပြုရသည့် ဓာတ်ရောင်ခြည် စက်များကိုလည်း နိုင်ငံတော် အနေဖြင့် ပြည်သူ့ဆေးရုံကြီးများတွင် ဖြည့်ဆည်းပေးရန် လိုအပ်လာပါကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် နယ်မြို့များတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေး ၀န်ထမ်းများအတွက် ၀န်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးစေ လိုပါကြောင်း၊ ပြည်တွင်း၌ ကျန်းမာရေး ဆေးကုသစရိတ် ကြီးမြင့်နေသည့်အတွက် ကျန်းမာရေး အာမခံစနစ်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးစေ လိုပါကြောင်း၊ ဆေးတက္ကသိုလ်များကိုလည်း အဆင့်မြှင့်တင်ပေးပြီး ဆေးကျောင်းများ၌ အဆင့်မြင့် သုတေသန ဓာတ်ခွဲခန်းများကိုလည်း ဖြည့်တင်းပေးရန် လိုပါကြောင်းနှင့် ပြည်တွင်းသို့ ဆေးဝါးအတုများ နယ်စပ်ဒေသများမှ အများအပြား ၀င်ရောက်မှုများ ရှိနေသည့်အတွက် တင်းတင်း ကြပ် ကြပ် ဆောင် ရွက်ပေးစေ လိုပါကြောင်း ပြောကြားခဲ့သည်။

မြို့နယ်အချို့တွင် ပုဂ္ဂလိက ဆေးရုံဆေးခန်းများ လက်ရှိအများအပြား ဖွင့်လှစ်လာပြီး အချို့ဆေးရုံ ဆေးခန်းများမှာ ငွေကြေးမြောက်မြားစွာယူ၍ အတု အယောင် ဆေးကု သခြင်းများ ပြုလုပ်နေကြောင်း၊ ယင်းလုပ်ငန်းများ ပေါ်ထွက်လာရခြင်းမှာ ဥပဒေတွင် အားနည်းချက်များ ရှိနေခြင်းကြောင့်ဖြစ်ကြောင်း၊ ဆေးကောင်စီ ဥပဒေ၊ ဆေးဝါးဥပဒေနှင့် ပုဂ္ဂလိက ဆေးရုံဆေးခန်း ဥပဒေများကို ပြင်ဆင်ဖြည့်စွက်ရေးသား သင့်ပါကြောင်း၊ ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်၍ ဆက်စပ်ထုတ်ပြန်ထားသည့် ဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာများ၊ ထုတ်ပြန်ညွှန်ကြားချက်များ ရှိပြီးသော်လည်း အရေးယူမှု အပိုင်းတွင် အားနည်းချက် ရှိနေကြောင်း စသည့်အကြောင်းအရာများကို တက်ရောက်လာသည့် ပါမောက္ခ ဆရာဝန်ကြီးများက တင်ပြဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကျန်းမာရေး ၀န်ကြီးဌာနနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနအသီးသီး အောက်တွင်ရှိသည့် ဌာနများမှ လက်ရှိအခြေအနေနဲ့ ကိုက်ညီသည့် ဖွဲ့စည်းပုံ ပြန်လည်သုံးသပ် ရေးဆွဲရန် လိုအပ်နေပြီဟု ယူဆပါကြောင်း၊ ဥပဒေပါ အချက်အလက်များကို လိုက်နာမှု မရှိသူများကို တိတိကျကျ အရေးယူ ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ ယနေ့ပြောကြားချက်များအရ ကျန်းမာရေးကဏ္ဍတွင် ငွေကြေးပိုင်းဆိုင်ရာ လိုအပ်ချက် များစွာရှိနေပါကြောင်း၊ လိုအပ်နေသည့် ငွေကြေး၊ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို လွှတ်တော်သို့ တင်ပြရန် လိုပါကြောင်း၊ ပြည်သူ့ဆေးရုံကြီးများတွင် လိုအပ်နေသည့် အထွေထွေ ကိစ္စရပ်များကို ကျန်းမာရေး ဦးစီးဌာန၊ အစိုးရ အဖွဲ့ဝင်များ၊ မြို့တော်ဝန်များ အနေဖြင့် သွားရောက်စစ်ဆေး ပေးစေလိုပါကြောင်း ပြန်လည်ဆွေးနွေး ပြောကြားခဲ့သည်။
Ref: first-11

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ပြည်ထောင်စုအဆင့် ၀န်ကြီးများ သံတမန် ၁၈ ဦးတို့ ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာ

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိစဉ်

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ပြည်ထောင်စုအဆင့် ဒုတိယ၀န်ကြီး ၁၃ ဦးနှင့် အတူ နိုင်ငံတ ကာ သံတမန် ၁၈ ဦးတို့ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားခဲ့သည့် နေရာများ သို့ သွားရောက်လေ့လာရန် ဇူလိုင်လ ၇ ရက်နေ့က စတင်သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဒုတိယသမ္မတ၏ ရခိုင်ပြည်နယ် ခရီးစဉ်မှာ ပဋိပက္ခ ဖြစ်ပွားပြီးနောက် တတိယမြောက် ခရီးစဉ်ဖြစ်ကြောင်းနှင့် ရခိုင်ပဋိပက္ခ တစ်နှစ်ပြည့်မြောက်ခဲ့ပြီးနောက် ဒုက္ခသည် များအား ပြန်လည်နေ ရာချထားရေး အစီအမံများကို ကွင်းဆင်းလေ့လာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ဒုတိယသမ္မတ၏ ခရီးစဉ်တွင် အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အစ္စရေး၊ ရုရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အီတလီ၊ ဘရူနိုင်း၊ သီရိလင်္ကာ၊ ဘရာဇီး၊ ဆော်ဒီအာရေဗျ၊ မလေးရှား၊ ဂျပန်၊ ရုရှား၊ ဆွစ်ဇာလန်၊ ဂျာမနီ၊ ပါကစ္စတန်၊ အီဂျစ်နိုင်ငံ သံရုံးများမှ သံတမန်များနှင့် သံရုံးတာဝန်ခံတို့ ပါဝင်ခဲ့ကြောင်း သိရသည်။
 
ရခိုင်ပြည်နယ်သို့ နှစ်ရက်ကြာ ခရီးစဉ်အတွင်း စစ်တွေမြို့နယ်အတွင်းရှိ ဒုက္ခသည် စခန်းများနှင့် မောင်တော၊ မြေပုံ၊ ပေါက်တော စသည့်ဒုက္ခသည် စခန်းများတည်ရှိရာ မြို့နယ်များသို့ သွားရောက်မည်ဖြစ်ကြောင်းလည်း သိရသည်။ယင်းအပြင် ခရီးစဉ် ပြီးဆုံးသည့် ဇူလိုင်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်သွားရန် ရှိကြောင်းလည်း သိရသည်။

Ref: first-11