8.7.13

Sams ung ဖုန်းများ မြန်မာစာစနစ် ပြန်ပြင်နေ




   လူသုံးများသော ဆမ်ဆောင်းမိုဘိုင်းဖုန်းများအတွင်း မြန်မာစာစနစ် ထည့်သွင်းရာတွင် ဖောင့်အခက်အခဲ အနည်းငယ်ရှိနေသောကြောင့် ပြန်လည်ပြုပြင်နေပြီး မကြာမီအတွင်း ပြုပြင်ပေးနိုင်မည်ဖြစ်သည်ဟု Sams -ung Brand ၏ ပြည်တွင်းကိုယ်စားလှယ်တစ်ခုဖြစ်သော Mobitel Distribution မှ ကိုကောင်းဆက်က ပြော သည်။ ကိုကောင်းဆက်က “လောလောဆယ်တော့ နည်းနည်းပြင်ဖို့ အပိုင်းလေးတွေရှိပါသေးတယ်။ မြန်မာ စာဖောင့်မှာ စာလုံးပေါင်းသတ်ပုံအလွဲ အမှားလေးတွေရှိတယ်။ အကုန်လုံး အပြည့်အစုံမရသေးဘူး။ အဲဒါ ကိုတော့ပြင်နေတယ်။ နောက်ထပ် ၁၅ရက်လောက်ဆို အားလုံး အကုန်ပြီးစီးသွားလောက်ပါပြီ” ဟု ဇူလိုင် ၇ ရက်ကပြောသည်။ ဆမ်ဆောင်းဟန်းဆက်များတွင် မြန်မာစာစနစ် တပါတည်းပါရှိမှု ကို Samsung Galaxy S4 စတင်ထွက်ရှိသည့် ဧပြီလကုန်ပိုင်းကထည့်သွင်းပေးခဲ့ပြီးလက်ရှိတွင် Samsung Galaxy S 4 နှင့် Sams -ung Grand ဟန်းဆက်များတွင်သာ မြန်မာစာစနစ် ထည့်သွင်းပေးထားသည်ဟု ဆမ်ဆောင်း ကုမ္ပဏီ ၏ မြန်မာနိုင်ငံရုံးခွဲမှ အထွေထွေမန်နေဂျာ ကိုဇော်ကိုက ပြောသည်။၎င်းက “Galaxy S4 စထွက်ကတည်းက Local Language (ပြည်တွင်းဘာသာစကား) ဖြစ်တဲ့ မြန်မာဘာသာစကားကို ထည့်သွင်းဖို့လုပ်နေကြတယ်။ ဆမ်ဆောင်းဟန်းဆက် မော်ဒယ်အကုန်လုံးမှာ ထည့်သွင်းပေးသွားမှာပါ။ လောလောဆယ်တော့ အရောင်း များ တဲ့မောဒယ်တွေမှာပဲ အရင်ထည့်သွင်းပေးသွားဦးမယ်ီ”ဟု ပြောသည်။
   ယင်းသို့ ဟန်းဆက်အတွင်း မြန်မာစာ ဖောင့် တစ်ပါတည်းပါဝင်လာခြင်းကြောင့် မြန်မာစာအသုံးပြုလို၍ Root ဖောက်သည့်အတွက် ဆမ်ဆောင်းမှပေးထားသော အာမခံချက်မရတော့သည့် အခက်အခဲများပြေ လည် သွားမည်ဖြစ်သည်။ ကိုကောင်းဆက်က “International Warranty ထဲမှာပါတဲ့ အာမခံချက်တွေထဲ Root ဖောက်လို့ရှိရင် အာမခံချက်မရနိုင်တော့ဘူး။ ဒီမှာလည်း အဲဒီပြဿနာကို တော်တော်ရှင်းရပါတယ်။ အခု ကျွန်တော်တို့ ရောင်းလိုက်တဲ့ကုမ္ပဏီတွေမှာ ဒီနေ့ရောင်းလိုက်ပြီဆိုတာနဲ့ Root ဖောက်လိုက်ကြတယ်။ တကယ် တကယ်မှာ Serivce Centre ကို ပြန်သွားမယ်၊ ပြန်ပြမယ်ဆိုရင် ဒီဟာက အကျုံးမဝင်တော့ပါဘူး။ အခုလို မြန်မာစာစနစ် တစ်ပါတည်း ပါရှိတဲ့အခါ Root ဖောက်ထားခြင်းမရှိတဲ့ အတွက် ကျွန်တော်တို့အနေနဲ့ Service ပေးတဲ့အခါ ဖြစ်လာတဲ့ပြဿနာတွေကို သေချာ ဖြေရှင်းပေးနိုင်ပါတယ်”ဟု ပြောသည်။
   ဆမ်ဆောင်း အမှတ်တံဆိပ် ဟန်းဆက်များမှာ မြန်မာနိုင်ငံတွင် ဈေးကွက်ဝေစု အများစုရရှိထားပြီး ယင်း သို့ မြန်မာစာစနစ်တစ်ပါတည်းပါရှိခြင်းသည် ပြည်တွင်းဈေးကွက်တွင် ဝယ်လိုအားတက်သွားနိုင်ကြောင်းကို ဟန်းဆက်အရောင်းဆိုင်အများစုက သုံးသပ်ကြသည်။

Ref...Mizzima - News in Burmese

0 comments:

Post a Comment