ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

18.1.14

ဒေါ်အောင်ဆန်းစုကြည် ဆုရဇာတ်ကား အော်စကာအတွက် ဇကာတင်စာရင်းဝင်

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် က ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ဒေါ်အောင်ဆန်းစုကြည်ဆုရရှိခဲ့တဲ့ “The Act of Killing” မှတ်တမ်းရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံးမှတ်တမ်းရုပ်ရှင် အော်စကာဆု ဆန်ကာတင်စာရင်းဝင်အဖြစ် ရွေးချယ်ခံရတယ်လို့ သိရပါတယ်။

ခန္ဓာကိုယ် အလှအပကို ဖော်ဆောင်ပေးတဲ့ ရင်သား ကျန်းမာရေး

မိန်းကလေး တစ်ယောက် ကြည့်ကောင်း တယ်လို့ သတ်မှတ်ခံရတဲ့ အခါမှာလည်း ရင်သား အလှဟာ ပါဝင် ပတ်သက် နေပါတယ်။

ရင်သားလှတဲ့ မိန်းကလေး တွေဟာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေတတ် ကြပါတယ်။ ဒါကြောင့် မိန်းကလေး တစ်ယောက် အတွက် ရင်သားအလှ မထိခိုက် စေဖို့နဲ့ ရင်သား ကျန်းမာရေး ကောင်းမွန် နေစေဖို့ အတွက် သိထားသင့်တဲ့ လမ်းညွှန်ချက် တွေကို ဖော်ပြ ပေးလိုက်ပါတယ်။

စကတ်ဝတ်ဖို့အတွက် ကျောင်းထွက်ခဲ့သူ

ရုရှားနိုင်ငံမှာ နေထိုင်သူ Vladimir Fomin ဟာ စကတ်ဝတ်ခြင်းကို ခုံမင်သူ ဖြစ်ပါတယ်။ စကတ်ဝတ်ပေမယ့် မိန်းမစိတ် ဝင်သူ မဟုတ်ပါဘူး။ စကတ်ဝတ်ပြီး နေရတာကိုပဲ အဆင်ပြေတယ်၊ သင့်လျော် တယ်လို့ လက်ခံထားခြင်းကြောင့် ဖြစ်ပါတယ်။

ဒါကြောင့်မို့လည်း တက္ကသိုလ်ကနေ အထုတ်ခံရပါတယ်။ ရုရှားက Ivanovo University မှာ သင်္ချာဘာသာကို စကော်လာရှစ်နဲ့ ကျောင်းတက်ခွင့်ရ ပါတယ်။ ကျောင်းဆရာများက စကတ်မဝတ်ဖို့ အကြိမ်ကြိမ်တားပေမယ့် ဝတ်ဆင်ခဲ့ ပါတယ်။ သူ့အနေနဲ့ ငယ်စဉ်ကတည်းက စကတ်ဝတ်ရ

အိန္ဒိယတွင် အမျိုးသမီးများအတွက် အသေးစား ပစ္စတိုသေနတ်များ ထုတ်လုပ်

ကျည်ဆန်(၆)တောင့် ထည့်ထားပြီး ပစ်ခတ်ရာတွင် တွန်းကန်အား နည်းပါးသလို အမျိုးသမီး တစ်ဦး၏ ပိုက်ဆံအိတ်ထဲတွင် အလွယ်တကူ ထည့်ယူသွားနိုင်မည် ဖြစ်သည်

ခင်ဝင့်ဝါ ပါဝင်သရုပ်ဆောင်မည့် ကျွန်တော့်ရည်းစား ဘုရားမှာနေသည်.

ခင်ဝင့်ဝါ ပါဝင်သရုပ်ဆောင်မည့် ကျွန်တော့်ရည်းစား ဘုရားမှာနေသည်.
စိုးရန်အောင် ခေါင်ဆောင် မင်းသားအဖြစ်သရုပ်ဆောင်မည်ဖြစ်ပြီး
ခင်ဝင့်ဝါ ပါဝင်သရုပ်ဆောင်မည့် ကျွန်တော့်ရည်းစား ဘုရားမှာနေသည်
ရုပ်ရှင်ဇတ်ကား ကန်တော့ပွဲပေး

မင်းဘူးမြို့ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းမှာလုပ်အားပေးတဲ့ခင်ဝင့်ဝါ.

၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁၆ရက်နေ့ မှာ Miss Golden Land Myanmar Organization နှင့် Miss Supranational Myanmar - ခင်ဝင့်ဝါ တို့ မင်းဘူးမြို့ ဗြဟ္မစိုရ်လူမှု ကူညီရေးအသင်း (၁၁)နှစ်ပြည့်အထိမ်းအမှတ် သို့ သွားရောက်ကာ နာရေးကူညီမှုလုပ်အားပေးခဲ့ကြပါတယ်... ဇန်န၀ါရီလ(၁၆)ရက်နေ့ ရှိ နာရေး (၃)ခုတွင်
ခင်ဝင့်ဝါကိုယ်တိုင် နာရေးကားမောင်းပြီး သုသာန်သို့ ကူညီပို့ ဆောင်ပေးခဲ့ပါတယ်....

ဘန်ကောက်မြို့ ပိတ်ဆို့ရေး ၆ ရက်မြောက် ဆက်လက်ဆန္ဒပြ

မနေ့က ဘန်ကောက်မြို့ဗုန်းပေါက်ကွဲမှုမှာ လူ ၃၀ ကျော် ဒဏ်ရာရခဲ့ပေမယ့် ထိုင်းဆန္ဒပြသူတွေကတော့ ဘန်ကောက်မြို့ပိတ်ဆို့ရေး အစီအစဉ်ကို ဇန်န၀ါရီလ ၁၈ ရက်နေ့ စနေနေ့မှာလည်း ဆက်လက်ဖော်ဆောင်နေကြပါတယ်။

ထမင်းစားပြီး ရှောင်ကြဉ်ရမည့် အလေ့အထများ

ထမင်းစားစား ပြီးချင်း၊ မနက်စာ၊ နေ့လည်စာ၊ ညစာ စားစားပြီးချင်း ရှောင်ကြဉ်ရမယ့် လုပ်ဆောင် ချက်များ ဖြစ်ပါတယ်။

၁။ ဆေးလိပ် မသောက်ရ

ထမင်းစားစား ပြီးချင်း ဆီးကရက် ၁ လိပ် သောက်ခြင်းဟာ ၁၀ လိပ်သောက် တာနဲ့ ညီမျှတယ်လို့ သက်သေပြ ထားပါတယ်။ ဒါကြောင့် ဆေးလိပ် အရမ်းသောက် ချင်တယ် ဆိုရင် တောင်မှ အစာ စားပြီးချင်း မသောက်သုံး သင့်သေးပါဘူး။

Miss Popular ဆုကို voting ပေး၍ ရွေးချယ်ချီးမြှင့်ပေးနိုင်

ဇန်န၀ါရီလ (၂၄) ရက်နေ့ MCC ခန်းမ တွင် ကျင်းပမည့် Mister & Miss University ပြိုင် ပွဲကြီးတွင် Mr University, Miss University ဆုကြီး နှင့်အတူ Title ဆုများပေးအပ်မည်ဖြစ်ရာ Mr Popular ဆုနှင့် Ms Popular title ဆုကိုလည်း ပေးအပ်ချီးမြှင့်မည် ဖြစ်ပါသည်။
title ဆုအတွက် online ပရိသတ်၏ ဆန္ဒမဲ vote များဖြင့် ရွေးချယ်မည်ဖြစ်၍ အောက်ပါ facebook link များတွင် ဆန္ဒမဲပေးနိုင်ပြီဖြစ်ကြောင်း သိရပါသည်။
အဆိုပါ voting ပေး ရွေးချယ်ပေးခြင်းကို ဇန်န၀ါရီလ (၂၄) ရက်နေ့ နေ့လယ် ၁၂ နာရီ တိတိ အထိ ပေးနိုင်ပြီး
Miss University Myanmar facebook နှင့် Popular Journal facebook နှစ်ခုပေါင်းပြီး like အများဆုံး ရရှိသူ
အမျိုးသား တစ်ဦး နှင့် အမျိုးသမီး တစ်ဦးကို Mister Popular ဆု နှင့် Miss Popular ဆုကို ရွေးချယ်ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။


မြန်မာ့မြားပစ်အသင်း၏ ပထမဆုံးရွှေ စတင်ဆွတ်ခူး

မြန်မာလက်ရွေးစင်မသန်စွမ်းအားကစားမြားပစ်(compoud)အသင်းမှ
ထိုင်းအသင်းကိုအမှတ်ပြတ်ဖြင့် အနိုင်ရရြှိ့ပီး
မြန်မာပြည်အတွက်မြားပစ်၏့ ပထမဆုံးရွှေဆုကို
ရယူပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။

photo by -ဆရာဦးအောင်သူရ (မြန်မာ့လက်ရွေးစင်အသင်းမြားပစ်နည်းပြ)

Popular Myanmar News Journal

ရေမချိုးတာ နှစ် ခြောက်ဆယ် ကျော်ပြီ ဖြစ်တဲ့ ကမ္ဘာ့အညစ်ပတ်ဆုံး အသက် ၈၀ အရွယ် လူပျိုအဘိုးကြီးက ကြင်ယာဖက်ရှာ

တစ်ကိုယ်ရည်နေထိုင်တဲ့ လေလွင့်အဘိုးကြီး Amou Haji ဟာ အသက် ၂၀ အရွယ်က မိန်းမတစ်ယောက်ကို ပိုးပန်းခဲ့ဖူးပေမယ့် အချစ်ရေးကံမကောင်းခဲ့ပဲ သူ့ ချစ်သူကို ဆုံးရှုံးလိုက်ရပါတယ်။ အဲဒီ့အချိန်ကစ ရေမချိုး၊ မသန့် ရှင်းပဲ နေထိုင်ခဲ့တဲ့ Amou Haji ဟာ အခုဆို အသက် ၈၀ အရွယ်ကို ရောက်ရှိလာပါပြီ။

အိပ်ရာမဝင်မီ အကြော လျှော့ပါ

ပုံမှာ ဖော်ပြထားတဲ့ အကြောလျှော့နည်း (၃) မျိုးဟာ သက်တောင့် သက်သာ ရှိစေခြင်း၊

စိတ်ဖိစီးမှု လျော့နည်း ကျဆင်းစေခြင်းနဲ့ ညဘက်မှာ ကောင်းမွန်စွာ အိပ်ပျော် စေခြင်းစတဲ့ အကျိုး ကျေးဇူးတွေကို ရရှိစေပါတယ်...

ဒီလေ့ကျင့်ခန်း တွေလုပ်ဖို့ မိနစ်အနည်းငယ်သာ လိုအပ်ပြီး ဒီလိုလုပ်နိုင်ဖို့ ဘာအကူ ပစ္စည်း ကိရိယာမှ မလိုအပ်ပါဘူး... နည်းလမ်း တစ်မျိုးစီကို ပုံမှာပြထားတဲ့ အတိုင်း စက္ကန့် ၃၀ လောက် အကြောလျှော့ လုပ်ဆောင်ပေးဖို့ လိုအပ်ပါမယ်..

တရုတ်မှ ဖယောင်းသုတ် ပန်းသီးများ ဈေးကွက်အတွင်း ဝင်ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ မန္တလေးဈေးကွက် အတွင်းသို့ ပန်းသီး ခြောက်ဘီးကား ရှစ်စီးခန့် နေ့စဉ် ဝင်ရောက်လျက်ရှိပြီး ယင်းပန်းသီးများ ထိခိုက်မှု မရှိစေရန် ဖယောင်းသုတ်ထားမှု ရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက် ပန်းမန်စိုက်ပျိုး တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောကြားသည်။

ထိုင်းကလပ် ဖူးခက်အက်ဖ်စီသို့ ပိုင်စိုး ပြောင်းရွှေ့

ရတနာပုံအသင်းမှ ကွင်းလယ် ဘယ်တောင်ပံ ကစားသမား ပိုင်စိုးသည် ထိုင်းပထမတန်း ကလပ် ဖူးခက်အက်စီ သို့ ပြောင်းရွှေ့ ရောက်ရှိသွားပြီဖြစ်သည်။

အခြေခံဥပဒေ ပြင်ဆင်လိုစိတ်ရှိ၊ မရှိ ဖွင့်ဟပြောဆိုဖို့ ဒေါ်အောင်ဆန်းစုကြည် စိန်ခေါ်

၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးချယ်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ချင်ဘူးဆိုရင် ဘာကြောင့် မပြင်ချင်သလဲဆိုတာကို ပြည်သူတွေထံ ရှင်းရှင်းလင်းလင်း ချပြရမှာဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ဒီနေ့ ပြောလို်က်ပါတယ်။

ဘန်ကောက် ရပ်ဆိုင်းရေး ဆန္ဒပြပွဲအတွက် တစ်ရက်လျှင် ဒေါ်လာ သုံးသိန်းကျော် ကုန်ကျ

ထိုင်းနိုင်ငံ ဘန်ကောက် မြို့တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ အင်အားစု
များ လုပ်ဆောင် လျက်ရှိသော ဘန်ကောက် ရပ်ဆိုင်းရေး ဟူသည့် လူထုဆန္ဒပြပွဲကြီးသည် တစ်ရက်လျှင် ဒေါ်လာ သုံးသိန်းလေးသောင်း (ဘတ်ငွေ ၁၀သန်း) ကုန်ကျလျက် ရှိသည်ဟု အတိုက်အခံ ပြည်သူ့ ဒီမိုကရေ စီ ပြုပြင်ပြောင်းလဲရေး ကော်မတီ (PDRC )

မောင်တောအကြမ်းဖက်မှု မွတ်စလင်ရွာသား ၈၄ ဦးကို ဖမ်းဆီးစစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရာတန် မွတ်စလင်ကျေးရွာမှာ တပ်ကြပ်ကြီးအဆင့်ရှိတဲ့ ရဲအရာရှိတစ်ဦး အကြမ်းဖက်ခံ ရပြီး ပျောက် ဆုံးနေတဲ့ကိစ္စနဲ့ ဆက်နွယ်ပြီး ဒုချီးရာတန်ကျေးရွာက မွတ်စလင် ၈၄ ဦးကို အာဏာပိုင်တွေဘက် က ခေါ်ယူစစ်ဆေးနေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က RFA ကို ဒီကနေ့ ပြောပါတယ်။

ဒဏ်ရာရ ထိုင်းဆန္ဒပြသူ သေဆုံး

ထိုင်းနိုင်ငံက အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ စနေနေ့မှာတော့ ရဲဌာနချုပ် အဆောက်အအုံဝင်း အတွင်းမှာ ၀င်ရောက်ဆန္ဒပြကြပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ဒီအဆောက် အအုံဝင်းမှာ တဖက်နဲ့တဖက် တင်းမာမှုတချို့ ရှိခဲ့ပုံရပေမယ့် စနေနေ့မှာတော့ ရဲတွေက ဌာနချုပ် အ၀င်တံခါးကို ဖွင့်ပေးခဲ့ပြီး ဆန္ဒပြသူတွေကို အထဲကို ၀င်ရောက်ခွင့်ပေးခဲ့ပါတယ်။

ကလေးစစ်သား ၉၆ ယောက်ကို မိဘတွေထံ လွှဲပြောင်းအပ်နှံ

မြန်မာ့တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အရွယ်မရောက်သေးတဲ့ ကလေးစစ်သား ၉၆ ယောက်ကို ဒီနေ့ အခမ်းအနားကျင်းပပြီး တာဝန်ကနေ နှုတ်ထွက်ခွင့်ပြုလိုက်ပြီး မိဘတွေထံ ပြန်လည်အပ်နှံလိုက်ပါတယ်။

ဒီနေ့အခမ်းအနားဟာ ၅ ကြိမ်မြောက်ဖြစ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး( ကြည်း)၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF နဲ့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်များအား စစ်မူထမ်းခြင်းမှာ ကာကွယ်ထိန်းသိမ်းရေး ကော်မတီ CTFMR တို့ ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။

ပရိသတ်တွေနဲ့ ထပ်တူ Huawei ကို လက်ခံလိုက်တဲ့ ဝတ်မှုံရွှေရည်

Huawei မှ မင်းသမီး ဝတ်မှုံရွှေရည်အား မြန်မာပြည် Brand Ambassador တစ်ဦးအဖြစ် ခန့်အပ်ခဲ့ရာတွင် ဝတ်မှုံရွှေရည်က''ပထမဆုံး အနေနဲ့ ကစ်ကို အခုလို Huawei ရဲ့ Brand Ambassador အဖြစ် ရွေးချယ် လိုက်တဲ့ အတွက် အရမ်းကို ပျော်ရွှင်ပြီး ဂုဏ်ယူမိပါတယ်။ Huawei တံဆိပ် ဖုန်းတွေဟာ မြန်မာပြည်မှာသာ မက ကမ္ဘာမှပါ အောင်မြင်တဲ့ Brand တစ်ခု ဖြစ်ပါတယ်။