ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

26.8.15

ရခိုင်ဝန်ကြီးချုပ်(ငြိမ်း) ဦးမောင်မောင်အုန်း အမ်းမြို့နယ်က ဝင်ပြိုင်မည်


အငြိမ်းစားယူသွားသော ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း နေရာတွင် ခေတ္တဝန်ကြီးချုပ်အဖြစ် စီးပွားရေး/ စီမံကိန်း ပြည်နယ်ဝန်ကြီး ဦးမြအောင်က တာဝန်ယူ သွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင် ဦးလှသိန်းက ပြောကြားသည်။

ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေ ဝန်ကြီးဌာန နှစ်ခုရ


 မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တို့အတွက် ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း၄၀၀ ချေးယူခွင့်အား သြဂုတ်လ ၂၅ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြု လိုက်ပြီဖြစ်သည်။

နှစ် ၄၀ နီးပါး ပြန်ဆပ်ရမည့် ချေးငွေများချေးနေမှုသည် နောက်အစိုးရရှစ်ဆက်အထိ အကြွေးများရှိနေမည်ဖြစ်သည့်အတွက် မလိုအပ်သည့် စီမံကိန်း၊ အသုံးစရိတ်များကို ဖြတ်တောက်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဆွေးနွေး


နှစ် ၄၀ နီးပါးပြန်ဆပ်ရမည့် ချေးငွေများချေးနေမှုသည် နောက်အစိုးရရှစ်ဆက်အထိ အကြွေးများရှိနေမည်ဖြစ်သည့်အတွက် မလိုအပ်သည့်စီမံကိန်း၊ အသုံးစရိတ်များကို ဖြတ်တောက်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ပြောကြားသည်။

တပ်မတော်က ထောက်ခံပေးရန် နိုင်ငံရေးပါတီအချို့ တပ်ချုပ်ထံစာပို့ ဟုဆို


၂၀၁၅ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် တပ်မတော်က ထောက်ခံပေးရန် နိုင်ငံရေးပါတီအချို့က စာပေးပို့ တောင်းဆိုထားကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

လွှတ်တော်ရပ်နားရန်ရှိသော်လည်း ကျန်ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း သူရဦးရွှေမန်းပြောကြား

 ရွေးကောက်ပွဲ စည်းရုံးရေးကာလများတွင် လွှတ် တော်အစည်းအဝေးရပ်နားထား ရန်ရှိသော်လည်း ပြဋ္ဌာန်းရန် ကျန် ရှိနေသည့် ဥပဒေများကို အကြွေးကျန်မရှိအောင် ဆောင်ရွက်ရန် လွှတ်တော် ကော်မတီများက ဆောင်ရွက်ရန်လိုကြောင်း ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေ မန်းကပြောကြားသည်။

သံလွင်မြစ်ပေါ်မှ ရေကာတာများ ရှမ်းပြည်နယ်လူထု နှစ်သောင်းကျော်က လက်မခံကြောင်း လက်မှတ်ထိုးပြီး ဩစတြေးလျကုမ္ပဏီထံပေးပို့


 သံလွင်မြစ် ပေါ်တွင် တည်ဆောက်မည့် ရေကာ တာများနှင့်ပတ်သက်ပြီး ရှမ်းပြည် နယ်ရှိ ပြည်သူလူထု နှစ်သောင်း ကျော်က လက်မခံကြောင်းနှင့် ဆန့် ကျင်ကြောင်း လက်မှတ်ရေးထိုးပြီး ရန်ကုန်အခြေစိုက်SMEC ဩစတြေး လျကုမ္ပဏီထံသို့ ဩဂုတ် ၂၅ရက် တွင် ပို့ပေးလိုက်ကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများအဖြစ်ခန့်အပ်သည့် ဒုတိယဗိုလ်ချုပ်ကြီးနှစ်ဦး လွှတ်တော်၌ကတိသစ္စာပြု

ကာကွယ်ရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်ခြင်းခံရသည့် ဒုတိယဗိုလ်ချုပ်ကြီးနှစ်ဦးသည် သြဂုတ် ၂၅ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက၏ ရှေ့မှောက်၌ ကတိသစ္စာပြုခဲ့ကြသည်။
   
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းသည် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေသည် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်ခံရခြင်းဖြစ်သည်။
   
အဆိုပါဝန်ကြီးနှစ်ဦးအား ခန့်အပ်ရန်အတွက် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတရုံးမှ ပေးပို့ထားမှုအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂၊ ပုဒ်မခွဲ (က) ပါ အရည်အချင်းနှင့် မပြည့်စုံကြောင်းကို သက်သေအထင်အရှားပြ၍ ကန့်ကွက်လိုသူရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခဲ့သော်လည်း ကန့်ကွက်ချက်တစ်စုံတစ်ရာမရှိ၍ သြဂုတ် ၂၄ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၀န်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူခဲ့ခြင်းဖြစ်ပြီး သမ္မတကလည်း ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
Credit To >>> Eleven Media Group

PR လျှောက်ထားသူများအနက်မှ ၁၃၁ ဦးကို အမြဲနေထိုင်ခွင့် ပေးအပ်ပြီးနောက် ဒုတိယအသုတ်တွင် ပါဝင်သည့် လျှောက်ထားသူ ၅၀ ကျော်အား ထပ်မံခွင့်ပြုမည်

မြန်မာနိုင်ငံ၌ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် (PR) စနစ် လျှောက်ထားသူများအနက်မှ ၁၃၁ ဦးကို အမြဲနေထိုင်ခွင့် ပေးအပ်ပြီးနောက် ဒုတိယအသုတ်တွင် ပါဝင်သည့်  လျှောက်ထားသူ ၅၀ ကျော်အား ထပ်မံခွင့်ပြုသွားရန် စီစဉ်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သတင်းရရှိသည်။

အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးရာတွင် အားလုံးပါဝင်ရေး ညှိနှိုင်းမည့် သမ္မတအပါအ၀င် နှစ်ဖက်ခေါင်းဆောင်များတွေ့ဆုံပွဲ စက်တင်ဘာလသို့ရွှေ့ဆိုင်းရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအဆိုပြု

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး တစ်ပြိုင်နက်တည်း ပါဝင်ရေးကိစ္စညှိနှိုင်းမည့် နိုင်ငံတော်သမ္မတအပါအ၀င် အစိုးရခေါင်းဆောင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များတွေ့ဆုံပွဲကို သြဂုတ်လအတွင်း ပြုလုပ်ရန် စီစဉ်ထားသော်လည်း ယင်းတွေ့ဆုံပွဲကို စက်တင်ဘာလသို့ ရွှေ့ဆိုင်းပေးရန် တိုင်းရင်းသားလက်နက်ကိုင် အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD) က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းထံသို့ သြဂုတ် ၂၅ ရက်တွင် စာပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။

ဆွမ်ပရာဘွမ်တွင် တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲထပ်ဖြစ်

ကချင်ပြည်နယ် ဆွမ် ပရာဘွမ်မြို့နယ်ရှိ လောဒ်မိုင်ယန်ကျေးရွာအနီးတွင် သြဂုတ် ၂၅ ရက် နံနက်က ကေအိုင်အေ တပ်ရင်း (၇)နှင့် တပ်မတော်တို့ အကြား တိုက်ပွဲများပြန်လည်ဖြစ် ပွားခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလမ်းကြောင်းအပေါ် စိုးရိမ်မှုများရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အတိုက်အခံအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလမ်းကြောင်းအပေါ် စိုးရိမ်မှုများရှိကြောင်း AFP သတင်းဌာနနှင့် တွေ့ဆုံစဉ် သြဂုတ် ၂၅ ရက်က ပြောကြားသည်။