ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

1.12.14

သြစတြေးလျကမ်းခြေတွင် ကလေးများဆော့ကစားနေစဉ် မြေမြှုပ်ထားသော ကလေးတစ်ဦး၏အလောင်းကိုတွေ့ရှိ

သြစတြေးလျနိုင်ငံ ဆစ်ဒနီကမ်း ခြေတွင် ကလေးများဆော့ကစားနေ စဉ် မြေမြှုပ်ထားသော ကလေးတစ် ဦး၏အလောင်းကို ခလုတ်တိုက်မိခဲ့ ကြောင်း လွန်ခဲ့သောရက်သတ္တပတ် ခန့်ကလည်း လမ်းဘေးရေမြောင်း တွင် မွေးကင်းစကလေးတစ်ဦးကို တွေ့ရှိပြီးနောက် ယခုအဖြစ်အပျက် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သြစတြေး လျ စုံစမ်းစစ်ဆေးသူများကပြောခဲ့ ကြောင်း င်္ဗဏ သတင်းများအရ သိ ရသည်။

ကမ်းခြေတွင် မြေမြှုပ်ထားသော ကလေးတစ်ဦး၏အလောင်းကို ယနေ့ နံနက်ရှာဖွေတွေ့ရှိပြီးနောက် ဆစ် ဒနီမြို့၏ ဆင်ခြေဖုံးရပ်ကွက်တစ်ခု ဖြစ်သော မာရူဘရာရှိကမ်းခြေသို့ ရဲများ လာရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

''သဲတွေနဲ့မြှုပ်ထားတဲ့ ကလေးကိုတွေ့တဲ့အချိန်မှာ ကလေး တွေဟာ ကမ်းခြေမှာဆော့ကစားနေ ကြတယ်။ ဒီကလေးသေဆုံးရတဲ့ အ ကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှု တွေ ဆက်လုပ်နေတယ်။ ဒါပေမဲ့ ကလေးရဲ့အသက်နဲ့ ယောက်ျားလေး လား၊ မိန်းကလေးလားဆိုတာ မဆုံး ဖြတ်ရသေးဘူး'' ဟု ရဲကပြောသည်။

အလွန်သေးငယ်သော မွေးကင်း စကလေးငယ်ကို အသက်ခြောက်နှစ် သို့မဟုတ် ခုနစ်နှစ်သာရှိသေးသော ကလေးငယ်များက တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း ရဲအရာရှိအန်ဒရူးဟော်လန် က ပြောသည်။

''ကလေးကို ၃ဝစင် တီမီတာခန့်အနက်ရှိတဲ့ တွင်းမှာမြှုပ် ထားခဲ့တယ်။ အလောင်းကသိပ်ပျက် စီးနေတဲ့အတွက် ကလေးရဲ့အသက် ကိုတော့ မသိရတော့ပါဘူး''ဟု ယင်း က သတင်းထောက်များကို ပြောခဲ့ သည်။

ဟော်လန်နှင့် စုံစမ်းစစ်ဆေး သူများသည် ကလေး၏မိဘကိုရှာရန် ကြိုးစားနေကြောင်း သိရသည်။

ပြီးခဲ့သော ရက်သတ္တပတ်က လည်း မွေးကင်းစကလေးငယ်တစ် ဦးကို လမ်းဘေးရေမြောင်းတွင် ငို လျက်တွေ့ရှိခဲ့ပြီး ထိုကလေးအား အနက် ၂ ဒသမ ၅စင်တီမီတာ (၈ ဒသမ ၂ပေ)ရှိသော ရေမြောင်းတွင် တွေ့ခဲ့ခြင်းဖြစ်သည်။

ထိုကလေး၏ မိခင်အား လူသတ်ရန်ကြိုးပမ်းမှုဖြင့် တရားစွဲဆိုထားကြောင်း သိရပြီး သူမ ၏အမှုအား ဒီဇင်ဘာ ၁၂တွင် စစ် ဆေးမည်ဖြစ်သည်။

Ref: AFP  (Democracytoday)

MH-17 လေယာဉ်ပစ်ချခံရရာတွင် သေဆုံးသူ တစ်ဦး၏ မိခင်က ယူကရိန်းကို တရားစွဲ

မလေးရှားလေယာဉ်ပစ်ချခံရ ရာတွင် သေဆုံးသွားသူတစ်ဦး၏ မိခင်က ယူကရိန်းကို ဥရောပလူ့အ ခွင့်အရေးတရားရုံးတွင် တရားစွဲဆို ကြောင်း၊ ယူကရိန်းသည် အန္တရာယ် မကင်းသော ယင်း၏ လေပိုင်နက်ကို ပိတ်ထားရန် ပျက်ကွက်သည်ဟူ၍ စွပ်စွဲကြောင်း ဂျာမန်သတင်းစာ တစ်စောင်က ဖော်ပြခဲ့သည်။

ထိုအမျိုးသမီးသည် စထရက်စ် ဘာ့ဂ်အခြေစိုက် တရားရုံးတွင် လွန် ခဲ့သောသီတင်းပတ်၌ ဦးတိုက်လျှောက် ထားခဲ့သည်။ ယူကရိန်းက လူ့အသက် ဘေးအန္တရာယ်ကို လျစ်လျူပြုထားခဲ့ သောကြောင့် ခရီးသည်များသေဆုံး ရခြင်းအတွက် လျော်ကြေးငွေ ယူရို ၈ဝဝဝဝဝ ရလိုကြောင်း ဦးတိုက် လျှောက်ထားခဲ့သည်ဟု Bild သ တင်းစာက ဖော်ပြသည်။

မလေးရှားလေယာဉ် MH-17 သည် သောင်းကျန်းသူများ ထိန်းချုပ် ထားရာ ယူကရိန်းအရှေ့ပိုင်းဝေဟင် တွင် ပစ်ချခံခဲ့ရရာ ခရီးသည် ၂၉၈ ဦး သေဆုံးခဲ့ရသည်။

ထိုသေဆုံးသူ များအနက် ၁၉၃ ဦးတို့မှာ ဒတ်ခ်ျ များဖြစ်ကြ၍ ဂျာမန်လေးယောက် ဖြစ်ကြောင်း မလေးရှားလေကြောင်း လိုင်းအဆိုအရ သိရ၏။

Ref, The Striaits Times

၁၅ မိနစ်အတွင်း ရလဒ်သိရမည့် အီဘိုလာရောဂါ စမ်းသပ်သည့် နည်းသစ်ကို သုတေသီတို့တွေ့ရှိ

အီဘိုလာရောဂါပိုးကူးစက်ခြင်း ရှိ၊ မရှိ စမ်းသပ်သည့်နည်းသစ်သည် ၁၅မိနစ်အတွင်း အဖြေထွက်ကြောင်း၊ ထိုနည်းသစ်ကို ဂီနီတွင် စမ်းသပ်မည် ဖြစ်ကြောင်း သိရသည်။

ယခုစမ်းသပ်နည်းသည် လက်ရှိ အသုံးပြုနေသည့်နည်းထက် ခြောက် ဆပိုမြန်သည်ဖြစ်ရာ အီဘိုလာရော ဂါ ကူးစက်ဖြစ်ပွားသူများကို အရှိန် မြှင့်၍ စမ်းသပ်ပေးနိုင်မည်ဖြစ်သည်။ ထိုနည်းသစ်ကို ဂီနီနိုင်ငံ၏မြို့တော် ကိုနာကရီရှိ ဆေးရုံတစ်ရုံတွင် လက် တွေ့စမ်းသပ်ကြည့်မည်ဟု သိရသည်။

အီဘိုလာရောဂါပိုးကူးစက်ခြင်း ရှိ၊ မရှိ စောစီးစွာစမ်းသပ်နိုင်လျှင် ရောဂါကူးစက်မှု ထိန်းချုပ်ရေးကို ဆောလျင်စွာပြုလုပ်နိုင်မည့်ပြင် ဆေး ကုသပေးခြင်းကိုလည်း အလျင်အမြန် ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ ရောဂါကူးစက်မှုရှိ၊ မရှိ လျင်မြန်စွာ စမ်းသပ်နိုင်ခြင်းဖြင့် ရောဂါကူးစက် မှုကိုလည်း ထိန်းချုပ်နိုင်မည်ဖြစ် သည်။

အာဖရိကအနောက်ပိုင်းနိုင်ငံ များတွင် အီဘိုလာရောဂါကြောင့် လူ ၅၆ဝဝကျော် သေဆုံးနေစဉ် ယခုကဲ့ သို့ ရောဂါကူးစက်မှု ရှိ၊ မရှိ စမ်းသပ် သည့် နည်းသစ်ပေါ်ထွက်လာခဲ့ရာ လူ့ အကျိုးကိုကောင်းစွာဆောင်ရွက်ပေး နိုင်မည်ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က ဆိုသည်။

အီဘိုလာရောဂါစမ်းသပ်နည်း သစ်ကို ဆီနီဂေါနိုင်ငံ ဒါကာရှိ ''ရွှေ့ ပြောင်း၍ရသော ခရီးဆောင်လက် ဆွဲသေတ္တာဓာတ်ခွဲခန်း''ကို အသုံးပြု လျက် ဂီနီတွင် စမ်းသပ်မည်ဟု ဆီနီ ဂေါနိုင်ငံ ဒါကာရှိ ဏျေအနကမ ဌာနမှ သုတေသီများဦးဆောင်သည့် သုတေ သီအဖွဲ့တစ်ဖွဲ့က ဆိုသည်။

ထိုရွှေ့ ပြောင်း၍ရသည့် ခရီးဆောင်လက်ဆွဲ သေတ္တာဓာတ်ခွဲခန်းကို အထောက် အကူပစ္စည်းနည်းသောနေရာတွင် လည်း အသုံးပြုနိုင်ရန် ဖန်တီးတီထွင် ထုတ်လုပ်ထားခြင်းဖြစ်သည်ဟု သိရ သည်။

ထိုရွှေ့ပြောင်း၍ရသော ဓာတ် ခွဲခန်းတွင် solar panel တစ်ခု၊ ဘက်ထရီတစ်လုံးပါဓာတ်ခဲနှင့်ရလဒ် ကို ဖတ်သောကိရိယာနှင့်လက်တော့ပ် အသေးတစ်လုံးတို့ ပါဝင်သည်။

စမ်းသပ်ရာတွင်အသုံးပြုသည့် ဓာတ်စမ်းပစ္စည်းများကို လောက်စာ လုံး အခြောက်ကဲ့သို့ ရနိုင်သည်။

ဆို လိုသည်မှာ ထိုစမ်းသပ်ဓာတ်ပစ္စည်း များကို အခန်းတွင်းအပူချိန်၌ အသုံး ပြုနိုင်သည့်ပြင် သယ်ယူပို့ဆောင်နိုင် သည်ဟု သိရသည်။

လက်ရှိအသုံးပြုနေသည့် စမ်း သပ်နည်းအလားတူပင် စမ်းသပ်နည်း သစ်သည်လည်း ရောဂါပိုး၏မျိုးဗီ ဇပစ္စည်းများကို ထောက်လှမ်းနိုင် သည်။

Ref; Mail Online  (Democracytoday)

ဟောင်ကောင်ဒီမိုကရေစီ ထောက်ခံသူများနှင့် ရဲတပ်ဖွဲ့ အဓိကရုဏ်းဖြစ်ပွား

ဟောင်ကောင်မှာ ဒီမိုကရေစီ ထောက်ခံသူတွေနဲ့ ရဲတပ်ဖွဲ့တို့ ဒီနေ့ တနင်္လာနေ့ မနက်စောပိုင်းမှာ အဓိကရုဏ်းဖြစ်ပွားခဲ့ပါတယ်။

ရဲတွေက ဆန္ဒပြသမားတွေကို နောက်ဆုတ်ဖို့ အမိန့်ပေးထားပေမယ့် ဆန္ဒပြသမားတွေက အစိုးရရုံးတွေကို ၀ိုင်းဖို့ ကြိုးစားရင်း ထိပ်တိုက်တွေ့ကြတာပါ။ ဆန္ဒပြသမားတွေက အစိုးရုံးကို ၀ိုင်း၊ လမ်းတွေကို ဖွင့်ပေး ဆိုတဲ့ ကြွေးကြော်သံတွေကို အော်ကြရင်း အက်မာရာဒီ နယ်မြေထဲက အစိုးရရုံးတွေဆီကို ချီတက်ကြပါတယ်။

တချို့ ဆန္ဒပြသမားတွေဟာ သစ်သား ဒိုင်းတွေ၊ အတားအဆီးတွေကို ကိုင်ဆောင်ခဲ့ကြပြီး ရဲက နောက်ပြန်ဆုတ်ဖို့ ပြောတာကို အာခံရင်း ဆက်လက်ချီတက်ခဲ့လို့ ရဲတွေနဲ့ ထိပ်တိုက်တွေ့တဲ့ အထိ ဖြစ်ကြပါတယ်။

အင်အားအလွန်အကျွံသုံးတယ်လို့ စွပ်စွဲတဲ့ ရဲတွေဟာ ဆန္ဒပြသမားတွေကို နံပါတ် ဒုတ်တွေနဲ့ ရိုက်ပြီး နောက်ပြန်ဆုတ်အောင် လုပ်ခဲ့ပါတယ်။

ဟောင်ကောင်မှာ ဒီမိုကရေစီတောင်းဆိုတဲ့ ဆန္ဒပြသမားတွေဟာ ၂၀၁၇ ရွေးကောက်ပွဲကို ဒီမိုကရေစီနည်းကျ ကျင်းပခွင့်ရဖို့ တောင်းဆိုနေတာ ၂ လကျော်နေပါပြီ။ အုပ်ချုပ်ရေးမှူးလောင်းကို ပြည်မကြီးအစိုးရက ခေါင်းခေါက်ရွေးချယ်ပေးတာမျိုး မဟုတ်ဘဲ လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရဖို့ တောင်းဆိုနေတာပါ။

အခုနောက်ဆုံး ထိပ်တိုက်တွေ့မှုဖြစ်တဲ့ နေရာဟာ ဟောင်ကောင်ရဲ့ စီးပွားရေးအချက်အချာ မြို့နယ်နဲ့ ကပ်လျက်ရှိပါတယ်။ သောကြာနေ့ညနဲ့ စနေနေ့ မနက်စောပိုင်း ဆန္ဒပြပွဲတွေအတွင်း လူအနည်းဆုံး ၂၈ ယောက် အဖမ်းခံခဲ့ရပါတယ်။

DVB

စာအုပ်ဆိုင်၌စာအုပ်များ အိုဘားမားဝယ်ယူ ဒေသစီးပွားရေးကို ထောက်ပံ့ရန်ဟုဆို

အမေရိကန် သမ္မတဘားရက် အိုဘားမားက အသေးစားစီးပွားရေး လုပ်ငန်းများကို ထောက်ပံ့သည့်အ နေဖြင့် ဝါရှင်တန်ရှိ စာအုပ်ဆိုင်တစ် ခုတွင် စာအုပ်များဝယ်ယူခဲ့သည်။

အားလပ်ရက်ဈေးဝယ်ခြင်းတစ်ခု လည်းဖြစ်သည်။

နိုင်ငံရေးနှင့် လွတ်လပ်ရေးလို လားသူ စာအုပ်ဆိုင်သို့ အိုဘားမား လာရောက်ခြင်းမှာ အသေးစား စီးပွားရေးလုပ်ငန်းသို့ လာရောက် ခြင်းဖြစ်ပြီး၊ ဈေးဝယ်သူများကိုလည်း ဒေသတွင်းရှိ ကုန်စည်များကိုအား ပေးရန် အားပေးရာလည်းရောက် သည်ဟု ဆိုသည်။

အမေရိကန်ကျေးဇူးတော်နေ့ Black Friday တို့၌ လျှော့ဈေး ဖြင့်ရ၍ လူများအလုအယက် ဈေးဝယ်ခဲ့ကြရာ ထိန်းမနိုင်သိမ်းမ ရဖြစ်ပြီး ဆိုင်ကြီးများတွင်ပို၍များ သည်ဟုဆိုသည်။

အိုဘားမားသည် သူ၏သမီး နှစ်ဦးဖြစ်သည့် ဆာရှင်နှင့်မာလီယာ တို့နှင့်အတူ စာအုပ်ဆိုင်သို့လာခဲ့ ခြင်းဖြစ်သည်။

အိုဘားမားသည် အ သက်အရွယ်စုံဖတ်ရှုနိုင်သည့် စာ အုပ် ၁၇ အုပ်ဝယ်ယူခဲ့သည်။

Age of Ambition, Chasing Fortune Truth and Faith in the New China နှင့် Brown Girl Dreaming စာအုပ်တို့ ပါဝင်သည်။

ထို့အပြင် ဂျက်ကလင်းဝုဒ်ဆင်၏ ကလေးဘဝ ပုံပြင်စာအုပ်ကိုလည်း ဝယ်ယူခဲ့သည် ဟု ဆိုသည်။

စာအုပ်ဆိုင်မှာ အိမ်ဖြူတော်မှ မိုင်အနည်းငယ်ကွာဝေးသည်ဟု ဆို သည်။

ထိုအချိန် လူတစ်ဦးက ဂွမ် တာနာမို စစ်အကျဉ်းထောင်ကိစ္စ ဘယ်လိုလဲဟု အော်၍မေးခဲ့ရာ ''ကျွန် တော်တို့လုပ်နေပါတယ်။ ဘာပြဿ နာမှမရှိပါဘူး''ဟု ပြန်ပြောခဲ့သည်။

အိုဘားမားက ဂွမ်တာနာမို အကျဉ်းထောင်ကိုပိတ်ရန် ကတိ ပေးခဲ့သည်။ သို့ရာတွင် အကျဉ်းသား ၁ဝဝ ခန့်ရှိနေဆဲဖြစ်သည်။

Ref: CNA  (Democracytoday)

ထိုင်းအိမ်ရှေ့မင်းသား၏ မိဖုရားနာမည်နောက်တွင် တော်ဝင်မိသားစုနာမည် သုံးစွဲခွင့် ရုပ်သိမ်း

ထိုင်းအိမ်ရှေ့မင်းသား မဟာ ဗာဂျီရာ လောင်ကွန်က သူ့မိဖုရားရဲ့ နာမည်နောက်မှာ တော်ဝင်မိသားစုနာမည် ထည့်သွင်း သုံးစွဲတာကို ရုပ်သိမ်းလိုက်ပါတယ်။

သူမိဖုရားရဲ့ ဆွေမျိုးသားချင်းတွေ အတော်များများ အဂတိလိုက်စားမှု စွပ်စွဲချက်နဲ့ အဖမ်းခံရပြီးနောက် အိမ်ရှေ့မင်းသားက အခုလို ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာနကို ညွန်းကြားရာမှာ အိမ်ရှေ့မင်းသားရဲ့ မိဖုရား မင်းသမီး စီရီ ရက်စမီရဲ့ နာမည်နောက်မှာ တော်ဝင်မိသားစုရဲ့ မိသားစုနာမည်ဖြစ်တဲ့ အက္ကာရာပေါင်ပရီချာဆိုတဲ့နာမည်ကို မသုံးဖို့ ပါရှိပါတယ်။

အိမ်ရှေ့မင်းသား  မဟာ ဗာဂျီရာ လောင်ကွန်က သက်တော် ၆၂ နှစ် ရှိပြီး သူရဲ့ မိဖုရားကတော့ ၄၂ နှစ်အရွယ် ဖြစ်ပါတယ်။

နိုဝင်ဘာလထဲမှာ ရဲက ဖမ်းတဲ့ လူ ၁၉ ယောက်ထဲမှာ အိမ်ရှေ့မင်းသားရဲ့ မိဖုရား ဆွေတော်မျိုးတော် ၃ ယောက်လည်း ပါဝင်နေပါတယ်။

DVB

HIV-AIDS ဝေဒနာသည် တောင်အာဖရိကတွင် အများဆုံး ဖြစ်

တောင်အာဖရိကနိုင်ငံက ဒါဗေတောင်မြို့နယ်ထဲမှာ အေအိုင်ဒီအက်စ် ပညာပေးဖို့ စည်းရုံး လှုပ်ရှားမှုတွေနဲ့ ကွန်ဒုံးဝေတဲ့ အစီအစဉ်တွေ ပြုလုပ်နေကြပါတယ်။

တောင်အာဖရိကမှာ ၂၀၁၃ ခုနှစ်က HIV-AIDS ဝေဒနာသည် ၆ ဒသမ ၄ သန်းရှိလို့ ကမ္ဘာနိုင်ငံတွေအလိုက်ဆိုရင်  အများဆုံး ဦးရေ ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်မှာ အစိုးရက အေအာဗွီဆေး ဖြန်ဝေတဲ့ အစီအစဉ်ကို ပြုလုပ်ခဲ့သလို့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပါတယ်။

တောင်အာဖရိက အစိုးရရဲ့ အေအာဗွီဆေး ဖြန့်ဝေတဲ့အစီအစဉ်ဟာ ကမ္ဘာမှာ အကြီးအကျယ်ဆုံးလည်း ဖြစ်ပါတယ်။ ဒီနေ့ဆိုရင် ဒီအစီအစဉ်ဟာ  လူအသက် သန်းပေါင်းများစွာအတွက် အရေးကြီးနေတယ်လို့ စည်းရုံးလှုံ့ဆော်နေသူတွေက ဆိုကြပါတယ်။

တောင်အာဖရိကမှာ ၂၀၀၀ ပြည့်နှစ် အစောပိုင်းနှစ်တွေအထိ HIV-AIDS ပြသနာကို အစိုးရ ကိုယ်တိုင်က ပွင့်ပွင့်လင်းလင်း မရှိခဲ့ဘဲ ကုသရေး အစီအစဉ်တွေအတွက်လည်း စိတ်မပါလက်မပါ ရှိခဲ့တာပါ၊

အခုတော့ အေအာဗွီဆေးနဲ့ ကုသမပေးနေတဲ့ လူနာဦးရေ ၂ သန်းခွဲ ရှိတယ်လို့ တက်ကြွ လှုပ်ရှားသူတဦးဖြစ်တဲ့ မာ့ခ် ဟေးဝုဒ်က ပြောပါတယ်။

ဒါပေမယ့် ဒီနေ့အထိ ပညာရေးဖို့ ကိစ္စဟာ အများကြီး လိုအပ်နေသေးတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဆိုကြပါတယ်။

တောင်အာဖရိဟာ ကမ္ဘာမှာ HIV/AIDS လူနာသစ်တွေလည်း အလျင်အမြန်ဆုံး နှုန်းနဲ့ တိုးပွားနေတဲ့နိုင်ငံ ဖြစ်ပါတယ်။

အထူးသဖြင့် လူမည်း အမျိုးသမီးတွေဟာ အဆိုးရွားဆုံး ကူးစက်ခံရသူတွေ ဖြစ်ပြီး အသက် ၁၅ နှစ်နဲ့ ၄၉ နှစ်အကြာ အမျိုးသမီးတွေထဲက ၂၃ ဒသမ ၂ ရာခိုင်နှုန်းဟာ ရောဂါ ကူးစက်ခံနေရပါတယ်။

၂၀၁၂ ခုနှစ်က လေ့လာမှုတခုအရ အမျိုးသား ၁၈ ဒသမ ၈ ရာခိုင်နှုန်းလည်း ကူးစက်ခံ နေရပါတယ်။

အစိုးရရဲ့  အေအာဗွီပရိုဂရမ်ဟာ အောင်မြင်ပေမယ့် ၂၀၁၂ ခုနှစ်စာရင်းအရ တောင်အာဖရိကလူဦးရေရဲ့ ၁၂ ဒသမ ၂ ရာခိုင်နှုန်ဟာ HIV ကူးစက်ခံထားရပါတယ်။

၂၀၀၈ ခုနှစ်က လူဦးရေရဲ့ ၁၀ ဒသမ ၆ ရာခိုင်နှုန်းပဲ ရှိခဲ့လို့ အရေအတွက် တိုးသွားတဲ့ သဘော ဖြစ်ပါတယ်။

တချိန်တည်းမှာ HIV ကူးစက်မှုနဲ့ ပတ်သက်လို့ သိရှိနားလည်သူ ဦးရေဟာလည်း ၂၀၀၈ ခုနှစ်ထက် ကျဆင်းသွားတယ်တယ်ဆိုတာကို ပြသနေပါတယ်။

ဒါကြောင့် တောင်အာဖရိကအစိုးရဟာ နောက်ထပ် နှစ်နှစ်အတွင်း HIV  ဆေးဝါးအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ သုံးစွဲဖို့ ရည်ရွယ်ထားပါတယ်။

ဒီပမာဏဟာ နဂို ရှိပြီးသား ၂၀၁၄-၂၀၁၅ HIV  အတွက် ကျန်းမားရေ ဘက်ဂျက် ၁ဒသမ၄ ဘီလီယံအပေါ်မှာ ထပ်ပြီး ဖြည့်စွက်တာ ဖြစ်ပါတယ်။

တောင်အာဖရိကအစိုးရဟာ HIV လူနာတဦးချင်စီအတွက် ဆေးစရိတ်အဖြစ် ၅၀၇ ဒေါ်လာကို  အသုံးပြုနေပါတယ်။

DVB

တူရကီနဲ့ ငြိမ်းချမ်းရေးရဖို့ ဖြစ်နိုင်ကြောင်း Kurd ခေါင်းဆောင်ပြော

တူရကီနိုင်ငံမှာ ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ တရားမ၀င်အဖွဲ့အစည်း Kurdistan Workers Party ရဲ့ ခေါင်းဆောင် ဖြစ်သူက တူရကီအစိုးရအနေနဲ့ ကာ့ဒ်လူမျိုးတွေရဲ့ အခွင့်အရေးတွေကို အာမခံမယ်ဆိုရင် လပိုင်းအတွင်း ငြိမ်းချမ်းရေးရနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ဆယ်စုနှစ်သုံးစုကြာ တူရကီနိုင်ငံအရှေ့တောင်ပိုင်းကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ တိုက်ပွဲဝင်နေခဲ့ပြီး လူပေါင်း ၄ သောင်း သေဆုံးခဲ့ရတဲ့အထိ ဖြစ်ခဲ့တဲ့ ဆန့်ကျင်နေမှုကို အဆုံးသပ်စေရေး ညှိနှိုင်းဆွေးနွေးဖို့ လုပ်ငန်းစဉ်တရပ်ကို ရေးဆွဲထားပြီး ဖြစ်ကြောင်း KWP ခေါင်းဆောင် Abdullah Ocalan က တနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

Ocalan ရှိရာ အစ္စတန်ဘူလ်မြို့ပြင်က အကျဉ်းထောင်ကို ကာ့ဒ် လိုလားသူ ဥပဒေပြုလွှတ်တော်အမတ်တွေ သွားရောက်ခဲ့ပြီးတဲ့နောက် အခုလို ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ အစိုးရဘက်ကကော ကာ့်ဒ်တွေဘက်ကပါ ဒီမိုကရေစီနဲ့ကိုက်ညီတဲ့ အဖြေရရှိအောင် တာဝန်ခံမှု စိတ်ပိုင်းဖြတ်မှုနဲ့ ယုံကြည်စိတ်ချမှု စတာတွေနဲ့ ညှိနှိုင်းကြမယ်ဆိုရင် လေးလကနေ ငါးလအတွင်းမှာ သဘောတူညီမှု ရနိုင်လိမ့်မယ်လို့ Ocalan က ပြောတယ်လို့ ဆိုပါတယ်။

Ocalan နဲ့ အရာရှိတွေ ကြား ဘာတွေ ဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ထုတ်ဖေါ်ပြောဆိုခြင်းမရှိပါဘူး၊ ဒါပေမဲ့ ညှိနှိုင်းဆွေးနွေးဖို့ လုပ်ငန်းစဉ် အခြေခံမူနဲ့ပတ်သက်ပြီး မကြာခင်မှာ ထုတ်ပြန်မှာ ဖြစ်တယ်လို့ပြောပါတယ်။

VOA


ဟောင်ကောင်မှာ ဆန္ဒပြသူတွေ ရဲနဲ့ ထိပ်တိုက်ရင်ဆိုင်မှု ထပ်မံဖြစ်ပွား

ဟောင်ကောင်ကျွန်းမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက အစိုးရရုံးစိုက်ရာနေရာကနေ တခြားနေရာတွေကို တိုးချဲ့ဆန္ဒပြဖို့ ကြိုးစားနေတဲ့အချိန် ရဲတပ်ဖွဲ့တွေ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Admiralty အရပ်မှာရှိတဲ့ အဓိက လမ်းမကြီးကို ဆန္ဒပြသူတွေကို သိမ်းပိုက်ဖို့ ကြိုးစားနေကြတာမှာ သန်းခေါင်ကျော် တနင်္လာနေ့ အစောပိုင်းမှာ ရဲက တားထားတဲ့နေရာကို ဆန္ဒပြသူတွေက ဖြတ်ကျော်သွားနိုင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဘက်ကလည်း မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေအသုံးပြုပြီး ပြန်လည် ခုခံခဲ့တဲ့အတွက် လူအတော်များများ ထိခိုက်ဒဏ်ရာရပြီး အနည်းဆုံး ၁၈ ယောက်လောက်လည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

ဒါဟာ ဆန္ဒြုပသူတွေနဲ့ ရဲတပ်ဖွဲ့အကြား လွန်ခဲ့တဲ့သီတင်းပတ်အတွင်းဖြစ်ခဲ့တဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေထဲက နောက်ဆုံး ဖြစ်ပေါ်မှုလည်း ဖြစ်ပါတယ်။ သောကြာနေ့တုန်းကလည်း Mong Kok အရပ်မှာရှိတဲ့ အတားအဆီးတွေကို ရဲတပ်ဖွဲ့က ရှင်းလင်းဖို့ ကြိုးစားစဉ် ဆန္ဒပြသူတွေနဲ့ လုံးထွေးသတ်ပုတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်အတွင်း ဆန္ဒပြကျောင်းသားခေါင်းဆောင် ၂ ဦးဖြစ်တဲ့ Lester Shum နဲ့ Joshua Wong တို့ အပါအ၀င် လူအတော်များများ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလနှောင်းပိုင်းကစလို့ ဆန္ဒပြပွဲတွေ ဆက်တိုက် ဖြစ်ပေါ်နေခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ အင်အားနည်းလာနေပြီ ဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေအပေါ် လူထုရဲ့ထောက်ခံမှု တဖြည်းဖြည်းနဲ့ လျော့နည်းလာနေပြီလို့ မကြာခင်က ကောက်ယူခဲ့တဲ့ လူထုစစ်တမ်း အတော်များများမှာ ဖော်ပြထားပါတယ်။

VOA