1.12.14

သြစတြေးလျကမ်းခြေတွင် ကလေးများဆော့ကစားနေစဉ် မြေမြှုပ်ထားသော ကလေးတစ်ဦး၏အလောင်းကိုတွေ့ရှိ

သြစတြေးလျနိုင်ငံ ဆစ်ဒနီကမ်း ခြေတွင် ကလေးများဆော့ကစားနေ စဉ် မြေမြှုပ်ထားသော ကလေးတစ် ဦး၏အလောင်းကို ခလုတ်တိုက်မိခဲ့ ကြောင်း လွန်ခဲ့သောရက်သတ္တပတ် ခန့်ကလည်း လမ်းဘေးရေမြောင်း တွင် မွေးကင်းစကလေးတစ်ဦးကို တွေ့ရှိပြီးနောက် ယခုအဖြစ်အပျက် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သြစတြေး လျ စုံစမ်းစစ်ဆေးသူများကပြောခဲ့ ကြောင်း င်္ဗဏ သတင်းများအရ သိ ရသည်။

ကမ်းခြေတွင် မြေမြှုပ်ထားသော ကလေးတစ်ဦး၏အလောင်းကို ယနေ့ နံနက်ရှာဖွေတွေ့ရှိပြီးနောက် ဆစ် ဒနီမြို့၏ ဆင်ခြေဖုံးရပ်ကွက်တစ်ခု ဖြစ်သော မာရူဘရာရှိကမ်းခြေသို့ ရဲများ လာရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

''သဲတွေနဲ့မြှုပ်ထားတဲ့ ကလေးကိုတွေ့တဲ့အချိန်မှာ ကလေး တွေဟာ ကမ်းခြေမှာဆော့ကစားနေ ကြတယ်။ ဒီကလေးသေဆုံးရတဲ့ အ ကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှု တွေ ဆက်လုပ်နေတယ်။ ဒါပေမဲ့ ကလေးရဲ့အသက်နဲ့ ယောက်ျားလေး လား၊ မိန်းကလေးလားဆိုတာ မဆုံး ဖြတ်ရသေးဘူး'' ဟု ရဲကပြောသည်။

အလွန်သေးငယ်သော မွေးကင်း စကလေးငယ်ကို အသက်ခြောက်နှစ် သို့မဟုတ် ခုနစ်နှစ်သာရှိသေးသော ကလေးငယ်များက တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း ရဲအရာရှိအန်ဒရူးဟော်လန် က ပြောသည်။

''ကလေးကို ၃ဝစင် တီမီတာခန့်အနက်ရှိတဲ့ တွင်းမှာမြှုပ် ထားခဲ့တယ်။ အလောင်းကသိပ်ပျက် စီးနေတဲ့အတွက် ကလေးရဲ့အသက် ကိုတော့ မသိရတော့ပါဘူး''ဟု ယင်း က သတင်းထောက်များကို ပြောခဲ့ သည်။

ဟော်လန်နှင့် စုံစမ်းစစ်ဆေး သူများသည် ကလေး၏မိဘကိုရှာရန် ကြိုးစားနေကြောင်း သိရသည်။

ပြီးခဲ့သော ရက်သတ္တပတ်က လည်း မွေးကင်းစကလေးငယ်တစ် ဦးကို လမ်းဘေးရေမြောင်းတွင် ငို လျက်တွေ့ရှိခဲ့ပြီး ထိုကလေးအား အနက် ၂ ဒသမ ၅စင်တီမီတာ (၈ ဒသမ ၂ပေ)ရှိသော ရေမြောင်းတွင် တွေ့ခဲ့ခြင်းဖြစ်သည်။

ထိုကလေး၏ မိခင်အား လူသတ်ရန်ကြိုးပမ်းမှုဖြင့် တရားစွဲဆိုထားကြောင်း သိရပြီး သူမ ၏အမှုအား ဒီဇင်ဘာ ၁၂တွင် စစ် ဆေးမည်ဖြစ်သည်။

Ref: AFP  (Democracytoday)

0 comments:

Post a Comment