1.12.14

စာအုပ်ဆိုင်၌စာအုပ်များ အိုဘားမားဝယ်ယူ ဒေသစီးပွားရေးကို ထောက်ပံ့ရန်ဟုဆို

အမေရိကန် သမ္မတဘားရက် အိုဘားမားက အသေးစားစီးပွားရေး လုပ်ငန်းများကို ထောက်ပံ့သည့်အ နေဖြင့် ဝါရှင်တန်ရှိ စာအုပ်ဆိုင်တစ် ခုတွင် စာအုပ်များဝယ်ယူခဲ့သည်။

အားလပ်ရက်ဈေးဝယ်ခြင်းတစ်ခု လည်းဖြစ်သည်။

နိုင်ငံရေးနှင့် လွတ်လပ်ရေးလို လားသူ စာအုပ်ဆိုင်သို့ အိုဘားမား လာရောက်ခြင်းမှာ အသေးစား စီးပွားရေးလုပ်ငန်းသို့ လာရောက် ခြင်းဖြစ်ပြီး၊ ဈေးဝယ်သူများကိုလည်း ဒေသတွင်းရှိ ကုန်စည်များကိုအား ပေးရန် အားပေးရာလည်းရောက် သည်ဟု ဆိုသည်။

အမေရိကန်ကျေးဇူးတော်နေ့ Black Friday တို့၌ လျှော့ဈေး ဖြင့်ရ၍ လူများအလုအယက် ဈေးဝယ်ခဲ့ကြရာ ထိန်းမနိုင်သိမ်းမ ရဖြစ်ပြီး ဆိုင်ကြီးများတွင်ပို၍များ သည်ဟုဆိုသည်။

အိုဘားမားသည် သူ၏သမီး နှစ်ဦးဖြစ်သည့် ဆာရှင်နှင့်မာလီယာ တို့နှင့်အတူ စာအုပ်ဆိုင်သို့လာခဲ့ ခြင်းဖြစ်သည်။

အိုဘားမားသည် အ သက်အရွယ်စုံဖတ်ရှုနိုင်သည့် စာ အုပ် ၁၇ အုပ်ဝယ်ယူခဲ့သည်။

Age of Ambition, Chasing Fortune Truth and Faith in the New China နှင့် Brown Girl Dreaming စာအုပ်တို့ ပါဝင်သည်။

ထို့အပြင် ဂျက်ကလင်းဝုဒ်ဆင်၏ ကလေးဘဝ ပုံပြင်စာအုပ်ကိုလည်း ဝယ်ယူခဲ့သည် ဟု ဆိုသည်။

စာအုပ်ဆိုင်မှာ အိမ်ဖြူတော်မှ မိုင်အနည်းငယ်ကွာဝေးသည်ဟု ဆို သည်။

ထိုအချိန် လူတစ်ဦးက ဂွမ် တာနာမို စစ်အကျဉ်းထောင်ကိစ္စ ဘယ်လိုလဲဟု အော်၍မေးခဲ့ရာ ''ကျွန် တော်တို့လုပ်နေပါတယ်။ ဘာပြဿ နာမှမရှိပါဘူး''ဟု ပြန်ပြောခဲ့သည်။

အိုဘားမားက ဂွမ်တာနာမို အကျဉ်းထောင်ကိုပိတ်ရန် ကတိ ပေးခဲ့သည်။ သို့ရာတွင် အကျဉ်းသား ၁ဝဝ ခန့်ရှိနေဆဲဖြစ်သည်။

Ref: CNA  (Democracytoday)

0 comments:

Post a Comment