1.12.14

၁၅ မိနစ်အတွင်း ရလဒ်သိရမည့် အီဘိုလာရောဂါ စမ်းသပ်သည့် နည်းသစ်ကို သုတေသီတို့တွေ့ရှိ

အီဘိုလာရောဂါပိုးကူးစက်ခြင်း ရှိ၊ မရှိ စမ်းသပ်သည့်နည်းသစ်သည် ၁၅မိနစ်အတွင်း အဖြေထွက်ကြောင်း၊ ထိုနည်းသစ်ကို ဂီနီတွင် စမ်းသပ်မည် ဖြစ်ကြောင်း သိရသည်။

ယခုစမ်းသပ်နည်းသည် လက်ရှိ အသုံးပြုနေသည့်နည်းထက် ခြောက် ဆပိုမြန်သည်ဖြစ်ရာ အီဘိုလာရော ဂါ ကူးစက်ဖြစ်ပွားသူများကို အရှိန် မြှင့်၍ စမ်းသပ်ပေးနိုင်မည်ဖြစ်သည်။ ထိုနည်းသစ်ကို ဂီနီနိုင်ငံ၏မြို့တော် ကိုနာကရီရှိ ဆေးရုံတစ်ရုံတွင် လက် တွေ့စမ်းသပ်ကြည့်မည်ဟု သိရသည်။

အီဘိုလာရောဂါပိုးကူးစက်ခြင်း ရှိ၊ မရှိ စောစီးစွာစမ်းသပ်နိုင်လျှင် ရောဂါကူးစက်မှု ထိန်းချုပ်ရေးကို ဆောလျင်စွာပြုလုပ်နိုင်မည့်ပြင် ဆေး ကုသပေးခြင်းကိုလည်း အလျင်အမြန် ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ ရောဂါကူးစက်မှုရှိ၊ မရှိ လျင်မြန်စွာ စမ်းသပ်နိုင်ခြင်းဖြင့် ရောဂါကူးစက် မှုကိုလည်း ထိန်းချုပ်နိုင်မည်ဖြစ် သည်။

အာဖရိကအနောက်ပိုင်းနိုင်ငံ များတွင် အီဘိုလာရောဂါကြောင့် လူ ၅၆ဝဝကျော် သေဆုံးနေစဉ် ယခုကဲ့ သို့ ရောဂါကူးစက်မှု ရှိ၊ မရှိ စမ်းသပ် သည့် နည်းသစ်ပေါ်ထွက်လာခဲ့ရာ လူ့ အကျိုးကိုကောင်းစွာဆောင်ရွက်ပေး နိုင်မည်ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က ဆိုသည်။

အီဘိုလာရောဂါစမ်းသပ်နည်း သစ်ကို ဆီနီဂေါနိုင်ငံ ဒါကာရှိ ''ရွှေ့ ပြောင်း၍ရသော ခရီးဆောင်လက် ဆွဲသေတ္တာဓာတ်ခွဲခန်း''ကို အသုံးပြု လျက် ဂီနီတွင် စမ်းသပ်မည်ဟု ဆီနီ ဂေါနိုင်ငံ ဒါကာရှိ ဏျေအနကမ ဌာနမှ သုတေသီများဦးဆောင်သည့် သုတေ သီအဖွဲ့တစ်ဖွဲ့က ဆိုသည်။

ထိုရွှေ့ ပြောင်း၍ရသည့် ခရီးဆောင်လက်ဆွဲ သေတ္တာဓာတ်ခွဲခန်းကို အထောက် အကူပစ္စည်းနည်းသောနေရာတွင် လည်း အသုံးပြုနိုင်ရန် ဖန်တီးတီထွင် ထုတ်လုပ်ထားခြင်းဖြစ်သည်ဟု သိရ သည်။

ထိုရွှေ့ပြောင်း၍ရသော ဓာတ် ခွဲခန်းတွင် solar panel တစ်ခု၊ ဘက်ထရီတစ်လုံးပါဓာတ်ခဲနှင့်ရလဒ် ကို ဖတ်သောကိရိယာနှင့်လက်တော့ပ် အသေးတစ်လုံးတို့ ပါဝင်သည်။

စမ်းသပ်ရာတွင်အသုံးပြုသည့် ဓာတ်စမ်းပစ္စည်းများကို လောက်စာ လုံး အခြောက်ကဲ့သို့ ရနိုင်သည်။

ဆို လိုသည်မှာ ထိုစမ်းသပ်ဓာတ်ပစ္စည်း များကို အခန်းတွင်းအပူချိန်၌ အသုံး ပြုနိုင်သည့်ပြင် သယ်ယူပို့ဆောင်နိုင် သည်ဟု သိရသည်။

လက်ရှိအသုံးပြုနေသည့် စမ်း သပ်နည်းအလားတူပင် စမ်းသပ်နည်း သစ်သည်လည်း ရောဂါပိုး၏မျိုးဗီ ဇပစ္စည်းများကို ထောက်လှမ်းနိုင် သည်။

Ref; Mail Online  (Democracytoday)

0 comments:

Post a Comment