ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

30.9.16

တရုတ်နိုင်ငံက မြန်မာသရက်သီးခြောက် တန်ချိန် ၃,၀၀၀ ဝယ်ယူရန် ကမ်းလှမ်း

တရုတ်နိုင်ငံ နန်နင်းမြို့ အခြေစိုက် ကုမ္ပဏီ တစ်ခုက မြန်မာနိုင်ငံမှ သရက်သီးခြောက် တန်ချိန် ၃,၀၀၀ ဝယ်ယူရန် ကမ်း လှမ်းထားကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း (MFVP)မှ သတင်းရရှိသည်။

သိုင်းချောင်း သစ်ထုတ်လုပ်ရေးစခန်းကို သဘာဝ အခြေခံခရီးသွားလုပ်ငန်း ဖွင့်လှစ်ရန် ပြင်ဆင်

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရ-ကိုးပင်လမ်းခွဲ အနီးတွင် ရိုးမသစ် ထုတ်လုပ်သည့် လုပ်ငန်းတစ်ခု ဖြစ်သည့် သိုင်းချောင်း သစ်ထုတ်လုပ်ရေးစခန်းကို သဘာဝ အခြေခံခရီးသွားလာရေး လုပ်ငန်း ဖွင့်လှစ်ရန် ယခုနှစ် သြဂုတ်လမှ စတင်ကာ ပြင်ဆင်နေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

ဝါကျွတ်တော့မည်ဖြစ်သောကြောင့် မန္တလေးတွင် အိမ်ခြံမြေအငှားဈေးကွက် စတင်လှုပ်ရှားလာပြီး ဈေးနှုန်းများ ၂၅ ရာခိုင်နှုန်းအထိမြင့်တက်လာ


မန္တလေး မြို့ အိမ်ခြံမြေဈေးကွက်အတွင်း ၀ါ ကျွတ် ကာလသို့ရောက်ရှိတော့မည် ဖြစ်သောကြောင့် အရောင်းအ၀ယ် ထက် အိမ်ငှားရမ်းမှုများ ပိုမိုသွက် လက်လှုပ်ရှားလာပြီး အငှားဈေးနှုန်း များမှာ ယခင်နှစ်က ထက် ၂၅ ရာ ခိုင်နှုန်းအထိမြင့်တက်လာကြောင်း အိမ်ခြံမြေ အကျိုးတော်ဆောင်လုပ်ငန်း များမှသိရသည်။

နယ်စပ်ကုန်သွယ်ရေးတွင် ယခင်နှစ်အလားတူကာလထက် အမေရိကန်ဒေါ်လာသန်း ၂၀၀ နီးပါး ပိုမိုတင်ပို့နိုင်ခဲ့


လက် ရှိဘဏ္ဍာနှစ် စက်တင်ဘာလအထိ နယ်စပ်ကုန်သွယ်ရေးပိုင်းတွင် ယခင်နှစ်အလား တူကာလထက် အမေရိကန်ဒေါ်လာသန်း ၂၀၀ နီးပါး ပိုမိုတင်ပို့ထားကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။

29.9.16

အိုဘားမား ဗီတိုသုံးပယ်ချတဲ့ ဥပဒေကြမ်း လွှတ်တော်အတည်ပြု

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တုန်းက အမေရိကန်ပြည်ထောင်စုမှာ တိုက်ခိုက်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ဆော်ဒီအာရေးဗျနိုင်ငံကို တရားစွဲဖို့ ခွင့်ပြုတဲ့ဥပဒေမူကြမ်းကို သမ္မတ Barack Obama က ဗီတိုအာဏာသုံး ပယ်ချခဲ့တာကို အမေရိကန်ကွန်ဂရက်က လက်မခံကြောင်း မဲပေး ဆုံးဖြတ်ခဲ့ကြပါတယ်။

အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ Facebook ကတစ်ဆင့်အကျိုး အမြတ်အများကြီးရရှိတယ်လို့ Facebookရဲ့အာရှ-ပစိဖိတ်ဖွံ့ဖြိုးရေး ခေါင်းဆောင်ပြော

လက်ရှိအချိန်မှာ ကြော်ငြာလုပ်ငန်းရှင်ကြီးတွေနဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေအတွက် ကြီးမားတဲ့ အခွင့်အလမ်းတွေ

ယခုနှစ်မှာ မြန်မာနိုင်ငံမှာ ပြည်ပသို့ ရေထွက်ပစ္စည်းပို့ကုန် တင်ပို့မှုမြင့်တက်လျက်ရှိ

၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရေထွက်ပစ္စည်းပို့ကုန်တင်ပို့မှုမြင့်တက်လျက်ရှိတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းများအရ သိရပါတယ်။

၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၁၁ ဒသမ ၄၆ ရာခိုင်နှုန်းရှိပြီး အနည်းငယ်သာကျဆင်း


၂၀၁၆ ခုနှစ် သြဂုတ်လ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၁ ဒသမ ၄၆ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၁၆ ခုနှစ် ဇူလိုင်လတစ်နှစ် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၁၂ ဒသမ ၁၂ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်း အနည်းငယ် ကျဆင်းခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်း အဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။

ပခုက္ကူမြို့နယ် ကမ္မမြို့ အမှတ် (၂) ရပ်ကွက် အတွင်းမှ ဖြတ်သန်းသွယ်တန်းထားသည့် ကျောက်ခွက်ရေနံမြေမှ အရာတော် ရေနံမြေသို့ ပို့လွှတ်သော ရေနံပိုက်လိုင်း ယိုစိမ့်မှုဖြစ်ပွားရာ လူနေရပ်ကွက်အတွင်း ရေနံများပျံ့နှံ့ခဲ့

ပခုက္ကူမြို့နယ်၊ ကမ္မမြို့အမှတ် (၂) ရပ်ကွက်အတွင်းမှ ဖြတ်သန်းသွယ်တန်းထာသည့် ကျောက်ခွက်ရေနံမြေမှ အရာတော်ရေနံမြေသို့ ပို့လွှတ်သော ရေနံပိုက်လိုင်း စက်တင်ဘာ ၂၈ ရက် နံနက် ၈ နာရီခန့်က ယိုစိမ့်မှု ဖြစ်ပွားရာ လူနေရပ်ကွက်အတွင်း ရေနံများပျံ့နှံခဲ့ကြောင်း သိရသည်။

မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ဖားကန့်မှ ရေမဆေးကျောက် ရှာဖွေသူများ သွားရောက် အကြံပြုနိုင်မည့် အစီအစဉ် ပျက်ပြယ်

မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ရေမဆေးကျောက် ရှာဖွေသူများ၏ အခန်းကဏ္ဍ ပါဝင်နိုင်ရန် ဖားကန့်မှ ရေမဆေးကျောက် ရှာဖွေသူများကိုယ်စား လူငါးဦးမှ ဥပဒေကြမ်း ကော်မတီသို့ သွားရောက်အကြံပြုမည့် အစီအစဉ် ပျက်ပြယ်ခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားများ၏ ဆန္ဒမပါဘဲ သံလွင်မြစ်တွင် ဆည်များဆောက်လုပ်မည့် စီမံကိန်း ဆက်လက် လုပ်ဆောင်ပါက အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ထိခိုက်နိုင်ဟု SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ပြောကြား

သံလွင်မြစ်တွင် ဆည်များဆောက်လုပ်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် စီမံကိန်းများအား တိုင်းရင်းသားများ၏ ဆန္ဒမပါဘဲ ဆက်လက် လုပ်ဆောင်ပါက အမျိုးသားရင် ကြားစေ့ရေး ကြာသထက် ကြာနိုင်ကြောင်းနှင့် ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားသည်။

ရှမ်းမြောက်တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ ရဟတ်ယာဉ်ဖြင့် ကင်းလှည့်


လောက်ကိုင်တွင် ဒုံးပစ်လောင်ချာများ တွေ့ရှိကာပေါက်ကွဲမှုအချို့ ဖြစ်ပွားပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသလုံခြုံရေးအတွက် တပ်မတော်နှင့်ရဲတပ်ဖွဲ့က ရဟတ်ယာဉ်ဖြင့် ကင်းလှည့်နေကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မလေးရှားလေကြောင်း ခရီးသည်တင်လေယာဉ် ပစ်ချခံရမှုတွင် ရုရှားလုပ်ဒုံးကျည် အသုံးပြုခဲ့ဟုဆို

ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ပစ်ချခံခဲ့ရသော မလေးရှားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်သည် အစိုးရတပ်ဖွဲ့များကို တိုက်ခိုက်နေသော သူပုန်များက ထိန်းချုပ်ထားသည့် ကျေးရွာမှနေ၍ ပစ်ခတ်ခဲ့သော ဘတ်အမျိုးအစား ဒုံးကျည်ထိမှန်ခံခဲ့ရကြောင်း၊ ယင်း ဒုံးကျည်မှာ ရုရှားလုပ်ဒုံးကျည်ဖြစ်ကြောင်း နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးမှူးများက စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားသည်။

28.9.16

Call Deposit အတိုးနှုန်းများ လျှော့ချရန် ပြည်တွင်းဘဏ်များ ညှိနှိုင်း

အပ်ငွေအပေါ် နေ့စဉ် အတိုးပေးရသော Call Deposit အပ်ငွေအတိုးနှုန်းကို လျှော့ချရန် ပြည်တွင်းဘဏ်များ ညှိနှိုင်း လုပ်ဆောင်လျက်ရှိကြောင်း ဘဏ်လုပ်ငန်းရှင် အသိုင်းအ၀ိုင်းထံမှ သိရသည်။

မိုဘိုင်းဖုန်းတွေထဲက မည်သည့်အချက်အလက်မဆိုဖောက်ထွင်းရယူနိုင် တယ်လို့ FBI အတွက် iPhone ကိုhack လုပ်ပေးခဲ့တယ်ဆိုတဲ့ ကုမ္ပဏီပြော


လုံခြုံရေးမြင့်လှပါတယ်ဆိုတဲ့ ယနေ့ခေတ် ဘယ်ဖုန်းမျိုးမကိုမဆို ဖုန်းထဲကအချက်အလက်တွေ ဖောက်ထွင်းရယူနိုင်တယ်လို့ Cellebrite လို့ ခေါ်တဲ့ အစ္စရေးကုမ္ပဏီတစ်ခုက BBC ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

Brexit နောက်ပိုင်း ဗြိတိန်ရဲ့ ကုမ္ပဏီအများစု ပြည်ပကို လုပ်ငန်းတွေပြောင်းရွှေ့လုပ်ကိုင်သွားဖို့ စဉ်းစား


ဥရောပသမဂ္ဂကနေ ထွက်ဖို့မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း ဗြိတိန်ကုမ္ပဏီတွေရဲ့ စီအီးအို လေးပုံ ပုံ သုံးပုံလောက်ဟာဆိုရင် နိုင်ငံရပ်ခြားမှာပဲ လုပ်ငန်းတွေ ပြောင်းရွှေ့သွားရောက်လုပ်ကိုင်ဖို့ စဉ်းစားနေကြတယ်လို့ စစ်တမ်းတစ်ရပ်အရ သိရပါတယ်။

အမေရိက ကGSP(အထူးကုန်သွယ်မှုကင်းလွတ်ခွင့်)ပြန်ပေးလိုက် တာကြောင့် ထုတ်ကုန် ၅,၀၀၀ နီးပါး အမေရိက ကို အခွန်လွတ်တင်ပို့ခွင့်ရ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ယခုလစက်တင်ဘာ ၁၆ ရက်ကနေ ၂၄ ရက်နေ့အထိ အမေရိကန်ကို တရားဝင်သွားရောက်ခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်က နိုင်ငံကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

အာရှဒေသရဲ့ဦးဆောင်ခရီးသွားလုပ်ငန်းကုမ္ပဏီ HG Travel က လုပ်ငန်းတွေ တိုးချဲ့ဖို့ ပြင်ဆင်လာ

အရှေ့တောင်အာရှဒေသရဲ့ ဦးဆောင်ခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ HG Travel ဟာဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ ယင်းရဲ့ ရုံးခွဲမှာ အုပ်ချုပ်မှုဒါရိုက်တာသစ်တစ်ဦးကို ခန့်အပ်လိုက်ပြီဖြစ်ပြီးတော့ နိုင်ငံမှာယင်းရဲ့ လုပ်ငန်းတည်ရှိမှုကို ချဲ့ထွင်ဖို့ ပြင်ဆင်လာပြီဖြစ်ပါတယ်။ 

27.9.16

ကုလကောင်စီ၌ ဆီးရီးယားအရေး အမေရိကန်နှင့်ဗြိတိန်တို့၏ ပြစ်တင်ကြိမ်းမောင်းခံရပြီးနောက် ရုရှ ဒေါသတစ်ကြီး ပြန်လည်တုန့်ပြန်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ဆီးရီးယားအရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံအပေါ် အမေရိကန်နှင့်ဗြိတိန်တို့ သုံးနှုန်းသွားသော ပြစ်တင်ပြောစကားများမှာ လက်သင့်ခံနိုင်စရာ အကြောင်းမရှိဟု ရုရှက ပြန်လည်တုန့်ပြန်ဝေဖန်သွားသည်။

ကန်သံအမတ်ကြီး ကချင် ခရီးစဉ်တွင် စစ်ပြေးဒုက္ခသည် အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို တင်ပြခဲ့ဟုဆို

ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ပထမဆုံး အကြိမ်အဖြစ် ရောက်ရှိနေသော အမေရိကန် သံအမတ်ကြီး Scot Marciel  အား လက်ရှိ ကချင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများနှင့် ပတ်သက်၍ တင်ပြခဲ့သည်ဟု မြစ်ကြီးနား မြို့မှ ကချင်အဖွဲ့  တစ်ခုဖြစ်သော (Myu sha zin lum)မှ တာဝန်ခံ ဦးဇော်ဂျတ်က ပြောသည်။

အလုပ်သမား ဥပဒေများ ပြန်လည် ပြင်ဆင်ရန် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များ ဆွေးနွေးမည်

အလုပ်သမားဆိုင်ရာ ဥပဒေများအပေါ် ပြန်လည် ပြင်ဆင်ရန်နှင့် အလုပ်သမားများ စွမ်းဆောင်ရည် မြှင့်တင်ခြင်းများ ပြုလုပ်ရန် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စာလှယ်များ တွေ့ဆုံဆွေးနွေးကာ ဖိုရမ် ကျင်းပမည်ဖြစ်ကြောင်း အလုပ်သမားရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများထံမှ သိရသည်။

လူ့အခွင့်အရေး ကော်မရှင်ပါ အဖွဲ့ဝင်အချို့ကို ထိရောက်စွာ အရေးယူရန် လွှတ်တော်အတည်ပြု

လူ့အခွင့်အရေးကို အကာအကွယ် မပေးသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်အချို့ကို  ထိရောက်စွာ အရေးယူရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ယနေ့ (စက်တင်ဘာ ၂၆ ရက်) ကျင်းပသော ပြည်သူ့လွှတ်တော်တွင် အတည်ပြုလိုက်သည်။

မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး ပြည်တွင်းလုပ်ငန်းရှင်များသာ ဦးစားပေး လုပ်ကိုင်စေမည်

တနင်္သာရီတိုင်းဒေသ ကြီးရှိ မြိတ်ကျွန်းစုများ၌ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေ ရေး ဆောင်ရွက်ရာတွင် အိမ်နီး ချင်းနိုင်ငံရှိ ကုမ္ပဏီအချို့က ကမ်း လှမ်းမှုရှိသော်လည်း ပြည်တွင်းရှိ တိုင်းရင်းသား လုပ်ငန်းရှင်များ သာ ဦးစားပေးဆောင်ရွက်စေမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးအုန်းမောင်က ပြော ကြားသည်။

မြောက်ကိုရီးယားတွင် ပထမဆုံးအကြိမ် လေကြောင်းစွမ်းရည် ပြပွဲတစ်ခု ကျင်းပ

ပုံမှန်အားဖြင့် မြောက်ကိုရီးယားသည် ၎င်းတို့၏ စစ်လက်နက် စွမ်းရည်နှင့် ပတ်သက်၍ သိုဝှက်စွာ ပြုမူလှုပ်ရှားတတ်သည့် နိုင်ငံတစ်ခု ဖြစ်သည်။ သို့သော် ပြီးခဲ့သည့် သီတင်းပတ်ကုန်ကမူ အာရှတိုက် အရှေ့မြောက်ပိုင်းရှိ အထီးကျန် ကွန်မြူနစ် နိုင်ငံတွင် ပထမဆုံးအကြိမ် နိုင်ငံတကာ လေကြောင်းပြပွဲ တစ်ရပ်ကို ကျင်းပပြီး တိုက်လေယာဉ်များ၊ အခြားစစ်သုံးလေယာဉ်များကို ခင်းကျင်းပြသသွားခဲ့သည်။

26.9.16

ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းများ စွမ်းအားပြည့်လေ့ကျင့်နိုင်ပါမှ ပြည်ပရန် ကာကွယ်နိုင်မည်ဟု တပ်ချုပ်ပြော


ပြည်ပအန္တရာယ်ကာ ကွယ်နိုင်ရန်နှင့် တပ်မတော်အနေ ဖြင့် ပူးပေါင်းစစ်ဆင်မှုလေ့ကျင့် ခန်းများကို စွမ်းအားပြည့်လေ့ကျင့် နိုင်မှသာ အခြားနိုင်ငံတပ်မတော် များနှင့် ရင်ပေါင်တန်းနိုင်မည် ဖြစ် ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ပြောသည်။

ပြည်ဝင်ခွင့်ဗီဇာ ဖြေလျှော့မှုများ နှစ်ပတ်အတွင်း အတည်ပြုထုတ်ပြန်မည်

မြန်မာနိုင်ငံသို့ ပြည် ၀င်ခွင့်ဗီဇာနှင့်ပတ်သက်၍ ဖြေ လျှော့မှုများ နှစ်ပတ်အတွင်း အ တည်ပြုထုတ်ပြန်နိုင်မည်ဟု အ လုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးမြင့်ကြိုင် က ပြောသည်။

ရန်ကုန်တိုင်းအစိုးရထံသို့ အခွန်ငွေ ၁၅ ရာခိုင်နှုန်းကို ပြည်တွင်းအခွန် ကလွှဲပြောင်းပေး

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်တွင်းအခွန်များဦး စီးဌာနက ငါးလအတွင်း ကောက်ခံ ရရှိသော အခွန်ရငွေ၏ ၁၅ ရာခိုင် နှုန်း (ကျပ်သန်း ၇၀၀ ကျော်)ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့သို့ ပထမဆုံးအကြိမ် လွှဲပြောင်း ပေးခဲ့ကြောင်း သတင်းရရှိသည်။

အမေရိကန်နှင့် တောင်ကိုရီးယားကို လက်တုံ့ပြန်မည်ဟု မြောက်ကိုရီးယား သတိပေး

မကြာသေးမီက အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးလှုပ်ရှားမှုများ၊ အထူးသဖြင့် တောင်ကိုရီးယားသို့ အမေရိကန် B1 ဗုံးကြဲလေယာဉ်များ စေလွှတ်မှုကို စစ်ရေးအရ တုံ့ပြန်မည်ဟု မြောက်ကိုရီးယား စစ်ဘက်က ကြာသပတေးနေ့တွင် သတိပေးလိုက်ကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။ 

မြန်မာနိုင်ငံတွင်း ပိုမိုတင်းကျပ်သည့် ဥပဒေများနှင့် ရင်ဆိုင်လာရသည့် တရုတ်




အငြင်းပွားဖွယ် မြစ်ဆုံဆည်ဖြစ်ရပ် အပြီးတွင် အန္တရာယ်ကြီးသည့် စီမံကိန်းများ လုပ်ဆောင်နေသည့် ရင်းနှီးမြှုပ်နှံသူများကို ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုမှုများ ပိုမိုလုပ်ဆောင်လျက် ရှိသည်။

ပရိသတ်များ စိတ်ဝင်စားနေသည့် MMA ပြိုင်ပွဲ အောက်တိုဘာ ၇ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည်


မြန်မာအားကစားပရိသတ်များ စိတ်ဝင်စားမှု မြင့်တက်လာသည့် MMA (ဘက်စုံကိုယ်ခံပညာသုံး) အားကစား ပြိုင်ပွဲကို အောက်တိုဘာ ၇ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မြန်မာနာမည်ကျော် ကစားသမား အောင်လအန်ဆန်အပါအဝင် ပွဲစဉ်ကိုးပွဲ ပါဝင်မည်ဖြစ်သည်။

ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်တွင် ဘုရားဖူးပြည်သူများ အခမဲ့တည်းခိုနိုင်ရန် စီစဉ်ပေးမည်


မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ရာတွင် တည်းခိုနိုင်ရန်အတွက် အခမဲ့တည်းခိုနိုင်သည့်နေရာများ စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။ 

BRT ပြေးဆွဲနေတဲ့ ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီရဲ့ ရှယ်ယာများကို အောက်တိုဘာမှာ ရောင်းချမယ်

ရန်ကုန်မြို့တွင်း BRT Lite ဘတ်စ်ကားများ ပြေးဆွဲနေတဲ့ ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီ(Yangon Bus Public
Company) က အစုရှယ်ယာများရောင်းချဖို့ အတွက် ယနေ့မှာ ကြေညာလိုက်ပါတယ်။

အဆိပ်ရှိ ရေနေသတ္တ၀ါ တွေ့ရှိရတာကြောင့် ထိုင်းနိုင်ငံရဲ့ ဖူးခက် ကမ်းခြေတွေမှာ ရေကူးခွင့်ပိတ်ပင်

ထိုင်းနိုင်ငံရဲ့ နာမည်ကျော် ခရီးသွားဒေသတစ်ခုဖြစ်တဲ့ ဖူးခက်ကအထင်ကရ ကမ်းခြေသုံးခုမှာဆိုရင် လူသေဆုံးစေတဲ့ Jellyfish ပုံစံတူ အဆိပ်ရှိ ရေနေသတ္တ၀ါတွေ တွေ့ရှိထားတာကြောင့် အားလပ်ရက်ခရီးထွက်လာသူတွေကို ရေကူးခွင့်ပိတ်ပင်ထားလိုက်ပြီဖြစ်ပါတယ်။

23.9.16

အမေရိကန်ရဲ့ ရေနံလက်ကျန်ကုန်စာရင်း လျော့ကျသွားခဲ့ပြီးနောက်ပိုင်း ရေနံဈေးတက်

အမေရိကန်ရဲ့ ရေနံလက်ကျန်ကုန်စာရင်းထဲမှာ သိသိသာသာ လျော့ကျသွားခဲ့တဲ့နောက်ပိုင်း စက်တင်ဘာလ ၂၁ ရက်က ကမ္ဘာ့ရေနံဈေးတွေမြင့်တက်လာခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဗြိတိန်ထောက်လှမ်းရေး MI6 တွင် ၀န်ထမ်းအင်အား ၁၀၀၀ တိုးချဲ့မည်


ဗြိတိန်လျှို့ဝှက်ထောက်လှမ်းရေးဌာန MI6 တွင် လာမည့် ၂၀၂၀ ပြည့်နှစ်မတိုင်မီ ၀န်ထမ်းအင်အား ၁၀၀၀ နီးပါး တိုးချဲ့ခန့်ထားမည်ဟု သိရှိရကြောင်း ဘီဘီစီသတင်းက ဆိုသည်။

Brexit ကြောင့်အာရှဒေသကစီးပွားရေးတွေလုပ်ငန်းအတွက် ထိခိုက်မှုတွေရှိလာနိုင်တယ်လို့ ဗြိတိန်ကုန်သွယ်ရေးဝန်ကြီးဟောင်းဆို


EUကနေ ဗြိတိန်နှုတ်ထွက်မှုနောက်ဆက်တွဲဂယက်အနေနဲ့ အာရှဒေသက စက်မှုလုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ

" ကျုံထော်ရေတံခွန်အနီးတွင် တိုက်ပွဲပြန်ဖြစ်နေ "

မဲသဝေါဒေသ ကျုံထော်ရေတံခွန်အနီးတွင် ယနေ့(စက်တင်ဘာ ၂၃ ရက်)နံနက်မှ စ၍ တိုက်ပွဲပြန်ဖြစ်နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ဂျပန်နိုင်ငံအနီး ပစိဖိတ်သမုဒ္ဒရာအောက်မှာ ငလျင်လှုပ်


ဂျပန်ကမ်းရိုးတန်းမှ ကီလိုမီတာ ၁၅၀ လောက်မှာရှိတဲ့ ပစိဖိတ်သမုဒ္ဒရာအတွင်း သောကြာနေ့ မနက်စောပိုင်းက ပြင်းအား (၆.၃) ရှိ ငလျင်တစ်ခု လှုပ်သွားကြောင်း အမေရိကန်ဘူမိဗေဒ (USGS) က ပြောပါတယ်။

ဦးခေါင်းသေး၊ ဦးနှောက်သေး ကလေးငယ်တိုင်းသည် ဇီကာဗိုင်းရပ်စ်ကြောင့် မဟုတ်

ဦးခေါင်းသေး၊ ဦးနှောက် သေးပြီး ဉာဏ်ရည်နိမ့်သည့် က လေးမွေးဖွားလာခြင်းသည် ဇီကာဗိုင်းရပ်စ်ကူးစက်ခံရမှု တစ်ခုတည်းကြောင့် မဟုတ်ဘဲ အခြားသော အကြောင်းများကြောင့် လည်း ဖြစ်နိုင်သဖြင့် လေ့လာဆန်းစစ်ရန်လိုအပ်ကြောင်း သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာရင်ရင်စိုးက ပြောသည်။

အကြီးစားကျောက်မျက်တူးဖော်မှုကို ခွင့်မပြုတော့သည့် ကျောက်မျက်ဥပဒေကြမ်း လွှတ်တော်တင်

၁၀ နှစ်အထိ တူး ဖော်ခွင့်ပြုထားသည့် အကြီးစား ကျောက်မျက်တူးဖော်မှုကို ခွင့် မပြုတော့သည့် မြန်မာ့ကျောက် မျက်ရတနာဥပဒေကို တတိယ အကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း အား လက်ခံဆွေးနွေးရန် အမျိုး သားလွှတ်တော်က စက်တင်ဘာ ၂၂ ရက်တွင် ဆုံးဖြတ်ခဲ့သည်။

မြောက်ဦးမြို့မှ နန်းတော်မြင်ကွင်းကိုကွယ်နေသည့် ဆေးရုံဟောင်းအဆောက်အအုံများကို ဖျက်သိမ်းဖယ်ရှားသွားမည်


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၈ ရက်မြောက် နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ မေးခွန်း (၈) ခု မေးမြန်းဖြေကြားခြင်း၊ အရေးကြီးအဆိုနှင့်အဆိုတစ်ခု တင်သွင်းခြင်း၊ အစီရင်ခံစာတစ်ခုဖတ်ကြားခြင်းတို့ ဆောင်ရွက်ကြသည်။

ကလိုထူးဘောကရင်အစည်းအရုံး (KKO) ခွဲထွက်အဖွဲ့၏ မိုင်းထောင်ဖောက်ခွဲရန်စီစဉ်မှုများကို တပ်မတော်ကရှင်းလင်း

ကရင်ပြည်နယ် မြိုင်ကြီးငူ-မဲသဝေါနယ်မြေတွင် အခြေပြုလှုပ်ရှား လျက်ရှိသော ကလိုထူးဘောကရင်အစည်းအရုံး (KKO) ခွဲထွက်အဖွဲ့ သည် တပ်မတော်စစ်ကြောင်းများနှင့် တပ်စခန်းများကို လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများ ဆောင်ရွက်ခဲ့မှုကြောင့် တပ်မတော်က နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။

နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုမှတ်တမ်းလွှာကို Myanmar Now သတင်းထောက်ချုပ် ဦးဆွေဝင်း အား ချီးမြှင့်မည်


ရန်ကုန်မြို့ အမှတ် (၉) ရပ်ကွက်၊ လမ်း (၄၀) (အထက်ဘလောက်) ရှိ အင်းဝအပ်ချုပ်ဆိုင်တွင်

22.9.16

ဗဟိုဘဏ် ရည်ညွှန်းနှုန်း ဆက်လက် မတိုးမြှင့်ခဲ့သော စက်တင်ဘာ ၂၁ ရက်တွင် နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၅၁ ကျပ်အထိ ပြန်လည်ကျဆင်း

ဗဟိုဘဏ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်း ဆက်လက် မတိုးမြှင့်ခဲ့သော စက်တင်ဘာ ၂၁ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၅၁ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့ကြောင်း နိုင်ငံခြားငွေကြေး ဈေးကွက်အတွင်း အရောင်းအ၀ယ် ပြုလုပ်သူများထံမှ သိရသည်။

ပွင့်လင်းရာသီနီးကပ်လာချိန် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ပြန်လည်အသက်ဝင်လာနေ


ပြည်တွင်းကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ပြန်လည်အသက်ဝင်လာနေပြီလို့ မြန်မာနိုင်ငံအဝေးပြေး ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းထံကသိရပါတယ်။

NLD အစိုးရသစ်လက်ထက်တွင် ၂၀၀၈ အခြေခံဥပဒေကို လိုရာဆွဲအသုံးပြုခဲ့ဟု တပ်မတော်ဝေဖန်


အစိုးရသစ်လက်ထက် လွှတ်တော်တွင် ဥပဒေကြမ်းများကို ပြဋ္ဌာန်းခြင်း ရုတ်သိမ်းခြင်း များ ပြုလုပ်ရာတွင် ဥပဒေပြုရေး တာဝန်ရှိသူများသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုရာဆွဲအသုံးပြုခဲ့သည်ဟု တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးမြင့်မောင်က စက်တင်ဘာ ၂၀ ရက်လွှတ်တော်အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

လူ့အခွင်အရေးကော်မရှင်မှ တာဝန်ရှိသူများအား မှုခင်းထိန်ချန်မှုဖြင့် တရားစွဲဆိုသွားရန်ရှိ ဟုဆို


မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများအား ရာဇ၀တ်ကြောင်းဖြင့် မှုခင်းထိန်ချန်မှု အပါအ၀င် တရားစွဲဆိုသွားရန်ရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် (HYGIENIC LEGAL CLINIC) မှ စက်တင်ဘာလ ၂၂ရက်က The Ladies သို့ပြောသည်။

ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ အွန်လိုင်းမှတစ်ဆင့် အမြန်ဆုံးဆောင်ရွက်နိုင်မည့် မြန်မာအလိုအလျောက်ကုန်ပစ္စည်းရှင်းလင်းရေးစနစ် စတင်

ပြည်သူက ရွေးချယ်တင်မြှောက်လိုက်သည့် ဒီမိုကရေစီအစိုးရအနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွား၊

ပျက်စီးမှုများကြီးမားစွာဖြစ်ပေါ်နေသည့် ချင်းပြည်နယ်လမ်းများကို ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်မည်



ယခု မိုးရာသီကာလက အပျက်အစီးကြီး မားစွာ ဖြစ်ပေါ်ခဲ့သည့် ချင်းပြည် နယ်အတွင်းရှိလမ်းများ ကို ကမ္ဘာ့ ဘဏ်၏ ချေးငွေအကူအညီဖြင့် လာမည့်ပွင့်လင်းရာသီတွင် ပြန်လည်ပြုပြင်၍ အဆင့်မြှင့်တင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း
ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန် ကြီး၊ ဦးရွှေထီးယိုက ပြောသည်။

မိုးလွန်ကာလ ဘင်္ဂလားပင်လယ်အော်၌ ဆိုင်ကလုန်းမုန်တိုင်း သုံးကြိမ်ဖြစ်နိုင်

မိုးနှောင်းကာလအလွန် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ဘင်္ဂလားပင်လယ်အော်၌ ဆိုင်ကလုန်းမုန်တိုင်း သုံးကြိမ်ခန့်ဖြစ်နိုင်သည့်အတွက် မုန်တိုင်းအန္တရာယ်ကို သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

နယ်သာလန်နှင့် ဘယ်လ်ဂျီယံ ကုမ္ပဏီနှစ်ခုပူးပေါင်း၍ကြက်မွေးမြူရေးတွင် ဒေါ်လာ ၁၀ သန်းကျော် ရင်းနှီးမြှုပ်နှံမည်

နယ်သာလန်နှင့် ဘယ်လ် ဂျီယံနိုင်ငံမှ ကုမ္ပဏီနှစ်ခုပူးပေါင်း ပြီး မြန်မာနိုင်ငံတွင် ကြက်ပေါက် အကောင်ရေ ၁၂ သန်းနှစ်စဉ်ထုတ် လုပ်ရန် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ် ကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ သတင်းရရှိသည်။

ကန်ဒေါ်လာလဲနှုန်း အမြင့်ဈေးတွင်သာ ရပ်တည်

ဘဏ်နှင့် ငွေကြေးအဖွဲ့ အစည်းအချို့က ပြင်ပဈေးကွက် တွင် ၀င်ရောက် ဈေးကစားမှု ကြောင့် အမေရိကန် ဒေါ်လာတန်ဖိုး ဆက်တိုက်မြင့်တက်လာ ကြောင်း သတင်းရရှိသည်။

21.9.16

Microsoft က e- Government နှင့် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာများကို အစိုးရနှင့် ပူးပေါင်း လုပ်ဆောင်မည်

အမေရိကန် ပြည်ထောင်စု အခြေစိုက် နည်းပညာ ကုမ္ပဏီ Microsoft က e- Government လုပ်ငန်းများနှင့် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာများကို အစိုးရနှင့် ပူးပေါင်း လုပ်ဆောင်မည် ဖြစ်ကြောင်း Microsoft ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Mr. Sy Wann က ပြောကြားသည်။

ဆန္ဒထုတ်ဖော်မှု အပါအ၀င် ၀ိနည်းနှင့် မညီသော သံဃာတော်များကို အာဏာစက်နှင့်ပါ အရေးယူမည်

ဆန္ဒထုတ်ဖော်မှုအပါအ၀င် ၀ိနည်းတော်နှင့်အညီ ကျင့်ကြံနေထိုင်ခြင်းမရှိသော ရဟန်း၊ သံဃာတော်များကို ဓမ္မစက်ဖြင့်သာမက အာဏာစက်ဖြင့်ပါ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

မြန်မာ့အသေးစားစီးပွားရေးလုပ်ငန်းများသို့ ငွေချေးနိုင်ရန် ကန်ဒေါ်လာ ၁၀ သန်းကျော် အမေရိကန် ပံ့ပိုးကူညီမည်


မြန်မာ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး နှင့်စီးပွားရေးလုပ်ငန်းများအားလုံး ပါဝင်ပြီး ဖွံ့ဖြိုးလာစေရန်ရည်ရွယ် ချက်ဖြင့် အမေရိကန်မှချေးငွေအာ မခံအစီအစဉ်အဖြစ် အမေရိကန် ဒေါ်လာ ၁၀ သန်းကျော်ကို အသေး စားချေးငွေအသင်းအဖွဲ့ငါးဖွဲ့သို့ ပေး အပ်ခဲ့သည့်သဘောတူညီချက်လက် မှတ်ရေးထိုးပွဲကို စက်တင်ဘာ ၂၀ ရက် က ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး တွင် ပြုလုပ်ခဲ့သည်။

ဘာရက်-၈ ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုအောင်မြင်ဟု အိန္ဒိယ ပြောကြား

မြေပြင်မှ ဝေဟင်အတွင်းသို့ တာဝေးခရီးပစ်ခတ်နိုင်သော ခေတ်မီဒုံးကျည်သစ်ကို စက်တင်ဘာ ၂ဝ ရက်တွင် စမ်းသပ်ပစ်ခတ်ခဲ့ရာ အောင်မြင်မှုရခဲ့ကြောင်း၊ အဆိုပါဒုံးကျည်မှာ ဘာရက်-၈ အမျိုးအစား အဏုမြူလက်နက်ထိပ်ဖူး သယ်ဆောင်နိုင်သော ဒုံးကျည်ဖြစ်ပြီး အိန္ဒိယနှင့် အစ္စရေးနိုင်ငံတို့ ပူးပေါင်းထုတ်လုပ်ခြင်းဖြစ်ကြောင်း အိန္ဒိယစစ်ဘက်ဆိုင်ရာ အထက်တန်းတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အစိုးရအနေဖြင့် အငှားအိမ်ရာ ဖော်ဆောင်ပေးရန် အခက်အခဲရှိနေဟုဆို

ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးနှုန်း မြင့်တက်ခြင်းကို ဖြေရှင်းပေးနိုင်ရန်မှာ အငှားအိမ်ရာ တည်ဆောက်ပေးရန် ဖြစ်သော်လည်း အစိုးရအနေဖြင့် အငှားအိမ်ရာ ဖော်ဆောင်ပေးရန် အခက်အခဲရှိနေကြောင်း မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ သိရသည်။

EU အနေဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံတင်သွင်းမည့် မြန်မာ လူ့အခွင့်အရေး ဆိုင်ရာ ဆုံးဖြတ်ချက်များကို တင်သင့်ကြောင်း ဥရောပ-မြန်မာကွန်ရက်ကတောင်းဆို

EU အနေဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံ တင်သွင်းမည့် မြန်မာနိုင်ငံနှင့်ဆိုင်သည့် လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို တင်သင့်ကြောင်း ဥရောပ-မြန်မာကွန်ရက်က တောင်းဆိုကြောင်း ထုတ်ပြန်ကြေညာချက် တစ်စောင်အား စက်တင်ဘာ ၁၉ရက်က ထုတ်ပြန်သည်။

19.9.16

အမှိုက်များဖြင့်တည်ဆောက်ပြီးနေစွမ်းအင်ဖြင့် အနွေးဓာတ်ပေးသောစာသင်ကျောင်းကို ဥရုဂွေးတွင် ဖွင့်လှစ်

လူဦးရေ ၅၀၀ ခန့်နေထိုင် သော ဥရုဂွေးနိုင်ငံ ဂျူရီဂူဘယ်ရီမြို့ ကလေးတွင် စွန့်ပစ်ပစ္စည်းအမှိုက် များဖြင့် တည်ဆောက်ပြီး နေစွမ်း အင်ဖြင့်သာ အနွေးဓာတ်ပေးသော စာသင်ကျောင်းတစ်ကျောင်းကို စတင် ဖွင့်လှစ်အသုံးပြုနေပြီဖြစ်ကြောင်း စက်တင်ဘာ ၁၈ ရက် င်္ဗဏ သတင်း တွင် ဖော်ပြပါရှိသည်။

ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည်သင်္ဘော တိမ်းမှောက်ခဲ့ရာ လူ ၁၂ ဦး သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ပျောက်ဆုံးနေ


ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်မှုများပြားသည့် ရှေးဟောင်း အယုဒ္ဒယမြို့တွင် ထိုင်းနိုင်ငံသာ မူစလင်လူမျိုး ၁၅၀ ခန့် စီးနင်းလိုက်ပါလာသော လှေတစ်စင်း တိမ်းမှောက်ခဲ့ပြီးနောက် အနည်းဆုံး ၁၂ ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ရန်ကုန်နှင့် မန္တလေး အပါအဝင် ဒေသအချို့တွင် ဟိုတယ်အသစ် တည်ဆောက်ခွင့် တားမြစ်

ရှိနေသည့် ဟိုတယ်အခန်းအရေအတွက်နှင့် ဧည့်သည်ဝင်ရောက်မှု ညီမျှခြင်း မရှိသောကြောင့် ရန်ကုန်နှင့် မန္တလေး အပါအဝင် ဒေသအချို့တွင် ဟိုတယ်သစ် တည်ဆောက်ခွင့်ကို အောက်တိုဘာလ ၃၁ ရက်တွင် စတင်တားမြစ်လိုက်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

နောင်နှစ်နွေရာသီ ဟော်လန်ရဲတပ်ဖွဲ့မှာ လင်းယုန်တွေ တာဝန် ထမ်းဆောင်တော့မယ်

ဒတ်ခ်ျရဲတပ်ဖွဲ့ဟာ လင်းယုန်ငှက် အတော်များများကို ဝယ်ထားပြီးတော့ လေ့ကျင့်ပေးနေပါတယ်။

အမေရိကန် Treasury ဌာနမှ မြန်မာနိုင်ငံဆိုင်ရာ ဆန်ရှင်ရုပ်သိမ်းခြင်း ဆိုင်ရာ လုပ်ငန်းစဉ် ထုတ်ပြန်ကြေငှာ

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ အဆုံးသတ်ရန် ရည်ရွယ်ထားသည်ဟု သမ္မတ အိုဘားမားက ထုတ်ဖော်ကြေညာပြီး ဖြစ်ရာ ထိုဆုံးဖြတ်ချက် တရားဝင် သက်ရောက်စေရန် ၁၉၉၇ တွင် ထိုစဉ်က သမ္မတ ကလင်တန်၏ အမိန့်ဖြင့် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုအမိန့်ကို ပယ်ဖျက်သည့် အမိန့်သစ်အား သမ္မတ အိုဘားမားက ထုတ်ပြန်ရမည်ဖြစ်သည်။

တရုတ်နဲ့ ရုရှား တောင်တရုတ်ပင်လယ် ပူးတွဲစစ်ရေးလေ့ကျင့်

တရုတ်နဲ့ ရုရှား တောင်တရုတ်ပင်လယ် ပူးတွဲစစ်ရေးလေ့ကျင့်
တရုတ်နဲ့ ရုရှားရေတပ်တွေဟာ ရှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုအတွင်း တရုတ်နိုင်ငံတောင်ပိုင်း၊ ဂွမ်ဒေါင်းပြည်နယ် ကမ်းလွန် တောင်တရုတ်ပင်လယ်ထဲမှာ ပူးတွဲ စစ်ရေးလေ့ကျင့်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဒီကနေ့ပြောပါတယ်။

အာရှဒေသက လုပ်ငန်းတွေအားလုံးကျော်ဖြတ်ပြီး ဈေးကွက်တန်ဖိုး အမြင့်ဆုံးလုပ်ငန်းဖြစ်လာတဲ့ Alibaba

တရုတ်ရဲ့ e-commerce လုပ်ငန်းကြီးဖြစ်တဲ့ Alibaba ရဲ့လက်ရှိဈေးကွက်တန်ဖိုးဟာဆိုရင် အခြားအာရှမှာ စာရင်းသွင်းလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေအားလုံးထက် သာလွန်ပြီးစုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂၆၆ ဘီလီယံထိ ရှိလာခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ဒေါ်လာဈေးတက်နေချိန် ရေနံဈေးကျဆင်း

အမေရိကန်ဒေါ်လာဈေးဟာ နိုင်ငံတကာငွေကြေးဈေးနှုန်းမှာ သောကြာနေ့မှာသိသိသာသာတိုးတက်သွားပါတယ်။