
အမေရိကန်ရဲ့ ရေနံလက်ကျန်ကုန်စာရင်းထဲမှာ သိသိသာသာ လျော့ကျသွားခဲ့တဲ့နောက်ပိုင်း စက်တင်ဘာလ ၂၁ ရက်က ကမ္ဘာ့ရေနံဈေးတွေမြင့်တက်လာခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
နယူးယောက်ကုန်သွယ်မှုမှာ နိုဝင်ဘာလ ပေးပို့မှုအတွက် အမေရိကန်ရဲ့ WTI ရေနံပေးပို့မှုမှာတော့ တစ်စည်ကို ဒေါ်လာ ၄၅ ဒသမ ၃၄ နဲ့ ဒေါ်လာ၁ ဒသမ ၂၉ ထိ မြင့်တက်လာခဲ့ပါတယ်။ လန်ဒန်မှာလည်း နိုဝင်ဘာလအတွက် Brent ရေနံပေးပို့မှုနှုန်းက တစ်စည်ကို ဒေါ်လာ ၄၆ ဒသမ ၈၃ဒေါ်လာ နဲ့ ယခင် နေ့က ဈေးကွက်ပိတ်သိမ်းချိန်တန်ဖိုးထက် ၉၅ ဆင့်မြင့်တက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်က အမေရိကန်စွမ်းအင်ဌာနက ယင်းနိုင်ငံရဲ့ရေနံကုန်စည်စာရင်းထဲမှာ ပြီးခဲ့တဲ့အပတ်ကထိ စည်ပေါင်း ၆ ဒသမ ၂ သန်း လျော့ကျသွားခဲ့တယ်လို့ ထုတ်ဖော်ကြေညာသွားခဲ့ပါတယ်။
ဒါပမေယ့်လည်း ယခုလို တစ်ပတ်စာ ကုန်စာရင်းကျဆင်းခဲ့တဲ့အပေါ်လေ့လာသူတွေက စောင့်ကြည့်ရဦးမယ်လို့ ပြောဆိုသွားပြီး ရေနံဈေးနှုန်းတွေဟာ အလျှံပယ်ဖြစ်နေတဲ့ ပေးသွင်းမှုတွေအောက်မှာပဲ မူတည်နေသေးတယ်လို့ ဆိုသွားပါတယ်။
ရေနံဈေးပိုင်းအတွက် ဈေးကွက်ထဲ တင်သွင်းမှုအရေအတွက်က မူတည်နေသေးတဲ့အချိန်မှာ ဈေးနှုန်းပိုင်း သိသိသာသာ မြင့်တက်သွားစေဖို့အတွက်ရေတိုကာလအတွင်း ကျော်လွှားရမယ့် အခက်အခဲတွေ အများကြီး ရှိနေသေးတယ်လို့ Platts Analytics က Anthony Starkey က ပြောပါတယ်။
တစ်ချိန်တည်းမှာတော့ ပြီးခဲ့တဲ့လကအစောပိုင်းက နိုင်ငံမှာ ရေနံထုတ်လုပ်မှု တစ်နေ့ကို စည်ပေါင်း ၁၁ ဒသမ ၇ သန်းကျော်နဲ့ အမြင့်ဆုံး နှုန်းထားကို ရောက်ထားခဲ့တယ်လို့ ရုရှက ထုတ်ဖော်ထားခဲ့ပါသေးတယ်။
" ဈေးကွက်ထဲမှာ အလွန်အကျွံထုတ်လုပ်တင်သွင်းမှုတွေက ပျောက်ကွယ်မသွားသေးပါဘူး၊ ခုတစ်ကြိမ်ကတော့ ရုရှအလှည့်ရောက်လာပြန်ပါပြီ" ဆိုပြီး
ရေနံအကျိုးဆောင်လုပ်ငန်း PVM က ထုတ်ပြန်သွားခဲ့ပါတယ်။
ရေနံအကျိုးဆောင်လုပ်ငန်း PVM က ထုတ်ပြန်သွားခဲ့ပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment