23.9.16

ဗြိတိန်ထောက်လှမ်းရေး MI6 တွင် ၀န်ထမ်းအင်အား ၁၀၀၀ တိုးချဲ့မည်


ဗြိတိန်လျှို့ဝှက်ထောက်လှမ်းရေးဌာန MI6 တွင် လာမည့် ၂၀၂၀ ပြည့်နှစ်မတိုင်မီ ၀န်ထမ်းအင်အား ၁၀၀၀ နီးပါး တိုးချဲ့ခန့်ထားမည်ဟု သိရှိရကြောင်း ဘီဘီစီသတင်းက ဆိုသည်။ MI6 ၏ လက်ရှိဝန်ထမ်းအင်အားမှာ ၂၅၀၀ ဖြစ်သည်ဟုသိရကြောင်း ဘီဘီစီက ပြောသည်။ MI6 မှ အေးဂျင့်များ၊ စပိုင်များ သည် ကမ္ဘာ့နေရာအနှံ့အပြားတွင်တိတ်တဆိတ်တာဝန်ထမ်းဆောင်လျက်ရှိသည်။

ဗြိတိန်နိုင်ငံတော်၏လုံခြုံရေးနှင့် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်အတွက်ဖြစ်သည်။ ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကောင် ဂျိမ်းစ်ဘွန်းသည် MI6 မှလက်ရွေးစင်အေးဂျင့်တစ်ဦးဖြစ်သည်။
"သတင်းအချက်အလက် တော် လှန်ရေးကြီးကြောင့် ကျွန်တော်တို့ရဲ့ လုပ်ပုံကိုင်ပုံတွေ လုံးဝဥဿုံပြောင်း
လဲနေရတယ်။ ခေတ်နဲ့အညီသာလိုက်ပြီးမပြုပြင် မပြောင်းလဲနိုင်ဘူးဆိုရင် နောက်ငါးနှစ်အကြာမှာ ကျွန် တော်တို့ ထောက်လှမ်းရေးတွေ ဘာ မှသုံးစားလို့ရမှာ မဟုတ်တော့ဘူး။ MI6 ဌာနကတော့ ပြုပြင်ပြောင်းလဲ
မှုတွေ လုပ်နေပါတယ်" ဟု MI6 ဌာနအကြီးအကဲက အမေရိကန်သို့ရောက်ရှိစဉ် စက်တင်ဘာ ၂၀ ရက်
တွင် ပြောခဲ့သည်။

Face Recognition နည်းပညာ အရ မျက်နှာနှင့် လူကိုတွဲသိနိုင်သော ကွန်ပျူတာဆော့ဖ်ဝဲများ ပေါ်ပေါက် နေကြပြီဖြစ်သည်။ ထို့ကြောင့် ဓာတ် ပုံပြောင်းကပ်ပြီး မှတ်ပုံတင်အတု၊
ပက်စ်ပို့အတုပြုလုပ်သည့် နည်းလမ်းများသည် ယနေ့ခေတ်တွင် အသုံးမ၀င်တော့ပါ။ လူတိုင်းလူတိုင်း၏
ကိုယ်ရေးရာဇ၀င်အစစ်အမှန်ကို အင် တာနက်တွင် ရှာဖွေဖော်ထုတ်နိုင်ပြီဖြစ်သည်။
ထို့ကြောင့် ထောက်လှမ်းရေးဌာနများသည် လူသစ်မွေးရာတွင်ယခင်ကထက်များစွာ ခက်ခဲနေ
သည်။ အေးဂျင့်တစ်ဦးဖြစ်လိုပါကအင်တာနက်ပေါ်တွင် မိမိ၏ဓာတ်ပုံများ ကိုယ်ရေးအချက်အလက်များ
မဖော်ပြဖူးသူဖြစ်ရန် လိုအပ်သည်။
Credit To >>> Democracy Today

0 comments:

Post a Comment