ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

1.3.14

အုပ်စုဖွဲ့ရိုက်နှက်မှု ဖြစ်ပွားခဲ့သော ပြိုင်ကားငါးစီးမှ လူငယ်များ၏ မိဘများက ပြန်လည်ရှင်းလင်း


လှိုင်မြို့နယ်တွင် အငှားယာဉ်တစ်စီးမှ ယာဉ်မောင်းနှင့် ခရီးသည်တစ်ဦး အပါအဝင် ယာဉ်ပါဖျက်ဆီးခဲ့သည့် ပြိုင်ကားငါးစီးမှ လူငယ်များ၏ မိဘများက ကားကျော်တက်သည့်ကိစ္စဖြင့် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်း မဟုတ်ကြောင်း ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၅ နာရီက အင်းစိန်လမ်းမကြီးပေါ်ရှိ Fuji စားသောက်ဆိုင်တွင် မီဒီယာအချို့နှင့် တွေ့ဆုံရှင်းလင်းခဲ့သည်။

ဆီးချိုနဲ့ ဆင်တုံးမနွယ်



ဆီးချို ပျောက်နည်း မျာစွာထဲ့က နည်းလမ်းလေး တစ်ခုပါ .... ( ဆီးချိုနဲ့ ဆင်တုံးမနွယ် moonseed vine )

အကျိုးရှိသော စကားသည် မှတ်သားသူများ အဖို့ အဖိုး ထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက် တစ်ခုကို တွေ့ရခြင်း ဖြစ်ပါသည်။

ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွားရောက် ပြပါတယ်။ အထူးကု သမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) ဆေးပညာရှင်များ အထူး လေးစားရသည် ဆရာကြီး ဖြစ်ပါသည် ။

ဆရာဝန်ကြီးဟာ ခေတ်ပေါ် နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာ ဆေးပညာကို ကျွမ်းကျင်ပါတယ်။

ကျွန်တော့်ကို ပေးတဲ့ နည်းက မြန်မာနည်းပါ။

ပုဂံဒေသတွင် ယဉ်ကျေးမှု အမွေအနှစ်များ ရေရှည် တည်တံ့အောင် ထိန်း သိမ်းစောင့်ရှောက် ခရီးသွား လုပ်ငန်း ပိုမိုတိုးတက်လာရေး နိုင်ငံတော် အစိုးရနှင့်အတူ ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်





ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယမန်နေ့ ညနေ ၃ နာရီက ပုဂံမြို့ရှိ ဧည့်ရိပ်သာ၌ ပုဂံဟိုတယ်ဇုန်မှ လုပ်ငန်းရှင်များနှင့် တွေ့ ဆုံ ဆွေးနွေးသည်။ ရှေးဦး စွာ နိုင်ငံတော် သမ္မတက နိုင်ငံတော် အစိုးရ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးပြုပြင် ပြောင်းလဲမှု လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ ထိုသို့ဆောင်ရွက်ရာတွင် အောင်မြင်မှုများ ရရှိခဲ့သကဲ့ သို့ တွေ့ကြုံရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ဖြေရှင်းခဲ့ရမှု၊ မမျှော်လင့်ဘဲ ဖြစ်ပေါ်လာခဲ့သည့် ပဋိပက္ခများကို လည်း ဖြေရှင်း ဆောင်ရွက်ခဲ့ရမှု၊ ပွင့်လင်းမြင်သာ သည့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လာနိုင်သည်နှင့် အမျှ နိုင်ငံတကာ ဆက်ဆံရေး တိုးတက်လာမှုနှင့် အတူ စီးပွားရေး အခွင့်အလမ်းများလည်း ပွင့်လန်းလာ မှုကြောင့် ပြည်ပ ရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက်လာမှု၊ နိုင်ငံ့စီးပွားရေး တိုးတက်လာရန်အတွက် အထူးစီးပွားရေးဇုန်များ ထူထောင်နေမှု၊ ကမ္ဘာ့ဘဏ် အပါအဝင် နိုင်ငံ တကာ ငွေကြေး အဖွဲ့အစည်း များ၊ ဥရောပသမ ဂ္ဂနှင့် နိုင်ငံတကာ အစိုးရများက ကြွေးမြီများ ဖြေလျှော့ပေးခဲ့မှုနှင့် ပေါင်းကူးအနေဖြင့် အတိုးနှုန်းသက်သာသော ကြွေးမြီများ ထုတ်ချေး ပေးလာ မှု၊ နိုင်ငံရေး တည်ငြိမ်လာမှုနှင့်အတူ ပွင့်လင်းမြင်သာ လာမှုကြောင့် မြန်မာနိုင်ငံသို့ ဝင်ထွက်သွားလာသည့် နိုင်ငံတကာမှ ခရီးသွားများ တိုးတက်များပြား လာမှုတို့ကို အကျယ်တ ဝင့် ရှင်းလင်းပြောကြားသည်။

ကွမ်းခြံကုန်း ကျောက်မီးသွေးစက်ရုံ စီမံကိန်း၌ မဂ္ဂါဝပ် ၃၀၀ ထွက်ရှိမည့် ပထမ အဆင့်အတွက် အမေရိကန်ဒေါ်လာ သန်း ၄၈၀ ခန့် သုံးစွဲရန် လျာထား





ရန်ကုန်မြို့ ကွမ်းခြံကုန်းမြို့နယ်တွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း၌ မဂ္ဂါဝပ် ၃ဝဝ ထွက်ရှိမည့် ပထမအဆင့် စီမံကိန်းတွင် အမေရိကန်ဒေါ်လာ သန်း ၄၈ဝ ခန့် အသုံးပြုရန် လျာထားကြောင်း ယင်းစီမံကိန်း အထွေထွေ မန်နေဂျာ ဦးမြင့်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

အလုပ်သမား တစ်သောင်းကျော် တောင်ကိုရီးယားကို ပို့ပြီးကြောင်း ပြောကြား

၂၀၁၁ ကနေ ၂၀၁၄ နှစ်စပိုင်းအထိ တောင်ကိုရီးယားနိုင်ငံကို မြန်မာနိုင်ငံသား အလုပ်သမား တစ်သောင်းကျော် ပို့ပေးပြီးဖြစ်ကြောင်း အစိုးရ အလုပ်သမားဝန်ကြီးဌာန ပြည်ပရေးရာအေဂျင်စီ ဒါရိုက်တာ ဦးဝင်းမြင့်က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့၊ ရှစ်မိုင် အလုပ်သမားရေးရာရုံးမှာ ရန်ကုန်အခြေစိုက် တောင်ကိုရီးယားနိုင်ငံသံရုံးက တာဝန်ရှိသူတွေနဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ဒါရိုက်တာ ဦးဝင်းမြင့်က ပြောခဲ့တာပါ။

ပြောင်းရွှေ့ပေးမယ့်နေရာ သမီးကလေးရွာသားတွေ လက်မခံ



ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သမီးကလေးကျေးရွာကနေ ပြောင်းရွှေ့ခဲ့ရတဲ့ အိမ်ထောင်စု ၁၅၇ စုကို နေရာပြန်လည်ချထားပေးဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မြေ ၉ ဧကကျော် ၀ယ်ယူပြီး စီစဉ်ပေးခဲ့ပေမဲ့ သမီးကလေး ကျေးရွာသားတွေက မပြောင်းရွှေ့လိုကြဘူးလို့ ပြောပါတယ်။

သီးခြားလူမျိုး သတ်မှတ်ပေးဖို့ နာဂအဖွဲ့တောင်းဆို


လာမယ့် မတ်လ ၂၉ ရက်နေ့မှာ စတင်မယ့်၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ နာဂလူမျိုးတွေရဲ့ ကုတ်နံပါတ်ကို ချင်းလူမျိုးအောက်မှာ ထည့်သွင်းဖော်ပြထားတာကို လက်မခံနိုင်ကြောင်း နာဂလူမျိုးတွေက ဒီနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ကန့်ကွက်လိုက်ပါတယ်။

ရန်ကုန်မြို့ ယုဇနဟိုတယ်မှာ ဒီနေ့ကျင်းပတဲ့ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူတဲ့ လုပ်ငန်းနဲ့ပတ်သတ်တဲ့ ဌာနေတိုင်းရင်းသား နာဂလူမျိုးတွေရဲ့ သတင်းစာရှင်းလင်းပွဲမှာ နာဂလူမျိုးတွေဟာ ချင်းတိုင်းရင်းသား မျိုးနွယ်စုဝင်တွေ မဟုတ်တဲ့အတွက် သီးခြားသတ်မှတ်ပေးဖို့ နာဂရိုးရာ ယဉ်ကျေးမူအဖွဲ့ဝင် ဦးစိန်မောင်က အခုလိုတောင်းဆိုလိုက်တာပါ။

၈၈ ခေါင်းဆောင်တွေ နယ်ရုံးခွဲတာဝန်ခံ ၂၀၀ ကျော်နဲ့ ပထမဆုံး တွေ့ဆုံ


၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ရှေ့လုပ်ငန်းစဉ်တွေမှာ တူညီအောင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ နယ်ဒေသမှာရှိတဲ့ ရုံးခွဲတာဝန်ခံ ၂၀၀ လောက်ဟာ ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့ တွေ့ဆုံဆွေးနွေးနေကြပါတယ်။

သာပေါင်းမှာ လယ်သမား ၁၄ ဦး ထောင်ချခံရ


ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ သပြေကျွန်းကျေးရွာက တောင်သူ ၁၄ ယောက်ကို ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ လယ်မြေတွေမှာ ၀င်ရောက်စိုက်ပျိုးတဲ့အတွက် ကျူးကျော်ဝင်ရောက်မှု ပုဒ်မ ၄၄၇၊ ကျော်နင်းမှုပုဒ်မ ၄၄၁ နဲ့ သာပေါင်းမြို့နယ် တရားရုံးက မနေ့က ထောင်ဒဏ်တစ်လစီ ချမှတ်လိုက်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာရန်ပုံငွေအဖွဲ့အနေဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လို


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် သဘာဝအတွက် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့၏ ဗြိတိန်နိုင်ငံရုံးခွဲမှ ဂုဏ်ထူးဆောင်သံအမတ်မစ္စ ဂေလ်ဒါ နာဗီ ဒီ- ဝေါလ်ကာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၄ နာရီခွဲတွင် နိုင်ငံတော် သမ္မတအိမ်တော်ရှိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

မတ် ၁၇ ရက် တင်မယ့် ကင်တားနား အစီရင်ခံစာ



မြန်မာနိုင်ငံ ကို ပြီးခဲ့တဲ့ လဆန်းပိုင်းက နောက်ဆုံးအကြိမ် အနေနဲ့ သွားရောက် လေ့လာခဲ့တဲ့ ကုလ သမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် တောမတ်စ် အိုဟဲ ကင်တားနား ဟာ လာမယ့် မတ်လ ၁၇ ရက်နေ့မှာ သူ့တွေ့ရှိချက် အစီရင်ခံစာ ကို ဂျနီဗာ မှာ တင်သွင်းမှာပါ။

ဗင်နီဇွဲလားအစိုးရ နုတ်ထွက်ပေးရန် တောင်းဆိုမှုများ ထပ်မံဖြစ်ပွား


ဗင်နီဇွဲလားနိုင်ငံ ကာရာကက်စ်မြို့ အရှေ့ပိုင်း လူကုန်ထံရပ်ကွက်မှာ အစိုးရ ကို နုတ်ထွက်ပေးဖို့ တောင်းဆိုနေတဲ့ ဆန္ဒပြသမားတွေနဲ့ လုံခြုံရေး တပ်တွေအကြားမှာ ထိပ်တိုက် တွေ့နေတုန်းပါပဲ။

လွန်ခဲ့တဲ့ ၂ ပတ်အတွင်း မြင်နေရတဲ့ ပုံစံအတိုင်းပဲ ဆန္ဒပြသမားတွေက ခြောက်လမ်းသွား အဝေးပြေးလမ်းကို ပိတ်ဖို့ ကြိုးစားတာကို လုံခြုံရေးတပ်တွေက မျက်ရည်ယိုဗုံးတွေ သုံးပြီး တားဆီး လူစုခွဲခဲ့ပါတယ်။

မိခင်ဖြစ်သူဈေးသွားနေချိန် ဖခင်ဖြစ်သူက သားအရင်းကို သတ်ပစ်


နိုင်ဂျီးရီးယား နိုင်ငံရဲ့ မြို့တော် လာဂို့စ် မှာ ဖခင် ဖြစ်သူဟာ အသက် (၄) နှစ်အရွယ် ရှိ သားအရင်း ဖြစ်သူကို သတ်ပစ် ခဲ့တာမို့ တရား ရုံးမှာ အမှု ရင်ဆိုင် နေရကြောင်း ဒေးလီးမေးလ် သတင်း တစ်ရပ်မှာ ဖော်ပြထား ပါတယ်။ အသက် (၃၀) နှစ်အရွယ်ရှိ ခရစ္စအဲလ်ဗစ်ဟာ သားဖြစ် သူ ဂေါ့ဖ်ရစ် ငိုကြွေး နေတာကို စိတ်ဆိုး ဒေါသ ထွက်ပြီး ရိုက်နှက် ဆုံးမ ရာကနေ ခြေလွန် လက်လွန် ဖြစ်သွား ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ခရစ္စအဲလ်ဗစ်ဟာ သားဖြစ်သူကို နှိပ်စက်မှု တွေ မကြာခဏ ပြုလုပ် ခဲ့တဲ့ကြောင်း ထင်ရှား တဲ့ အထောက် အထားတွေ တွေ့ရှိခဲ့ ရပါတယ်။ ကလေးငယ် ဟာ အရွယ်နဲ့ မမျှအောင် နှိပ်စက် ခံခဲ့ ရပါတယ်။ ခရစ္စအဲလ်ဗစ်ဟာ သားဖြစ်သူ ကို မကောင်း ဆိုးဝါး ကလေးငယ် အဖြစ် သတ် မှတ်ထားပြီး ဒီကလေး မွေးဖွားပြီး တဲ့နောက် စီး ပွားရေး လုပ်ငန်းတွေ ကျဆင်း သွားခဲ့တာမို့ နှိပ်စက် ခဲ့ခြင်း ဖြစ်ပါတယ်။ အပြစ် မဲ့တဲ့ ကလေးငယ်ဟာ ဖခင်အရင်း ဖြစ်သူရဲ့ နှိပ် စက်မှုကို တောက်လျှောက် ခံခဲ့ပြီး မိခင် ဖြစ်သူ ဈေးဝယ် ထွက်ပြီး ပြန်ရောက် လာချိန်မှာ သေဆုံး နေတာ တွေ့ခဲ့ရလို့ ရဲတပ်ဖွဲ့ကို တိုင် ကြားခဲ့ခြင်း ဖြစ်ပါ တယ်။ 

ကျူးကျော်များကို နေရာချပေးရန် စနစ်တကျ ပြင်ဆင်နေ


ကျူးကျော်မြေနေရာတွေမှာ နေထိုင်သူတွေကို စာရင်းကောက်ခံနေသလို သူတို့ကို နေရာ ချပေးနိုင်မယ့် နေရာတွေကိုလည်း ရှာဖွေနေတယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောပါတယ်။

အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်၌ ဆုံးဖြတ်အတည်ပြုမည်


မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေကြမ်းအား လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက်များ ရှိသဖြင့် ပြည်ထောင်စု လွှတ်တော်၌ ဆုံးဖြတ်အတည်ပြုမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေး၍ ပြင်ဆင်ချက်များဖြင့် ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပြီး ပြည်သူ့လွှတ်တော်မှလည်း ပြင်ဆင်ချက်များဖြင့် အတည်ပြုကာ အမျိုးသားလွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။

ကာတာနိုင်ငံတွင် စားသောက်ဆိုင်တခု ဂက်စ်အိုးပေါက်ကွဲ၊ ၁၂ ဦး သေဆုံး


ကာတာနိုင်ငံ မြို့တော် ဒိုဟာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က တူရကီစားသောက်ဆိုင်တခု ဂက်စ်အိုးပေါက်ကွဲခဲ့လို့ ကလေး ၂ ဦးအပါအ၀င် လူ ၁၂ ဦးသေဆုံးခဲ့ပြီး အခြားလူ ၃၀ လည်း ဒဏ်ရာရရှိခဲ့ပါတယ်။

အမေရိကန် လူ့အခွင့်အရေး ချိုးဖောက်မှု တရုတ်ကြေညာချက်ထုတ်


အမေရိကန်ပြည်ထောင်စုမှာ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ ကိစ္စတွေကို
ဖော်ပြထားတဲ့ အစီရင်ခံစာကို တရုတ်နိုင်ငံက ထုတ်ပြန်လိုက်ပါတယ်။
တရုတ်အစိုးရ အပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ထားတဲ့ အမေရိကန်အစိုးရရဲ့
ကမ္ဘာတဝန်းလူ့အခွင့်အရေးနှစ်ပါတ်လည်အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီးနောက်မှာ
ခုလို တရုတ်ဖက်ကလဲ ပြန်ပြီး အစီရင်ခံစာထုတ်ခဲ့တာဖြစ်ပါတယ်။

ထိပ်ဆုံးက ပုဂံမြို့ 


ကမ္ဘာကျော်မဂ္ဂဇင်းကြီးတစ်ခုဖြစ်တဲ့ Wanderlust မဂ္ဂဇင်းက ပုဂံမြို့ ကို ၂၀၁၄ခုနှစ်အတွက် ခရီးသွားဖို့  အကောင်းဆုံးမြို့ အဖြစ်ရွေးချယ်ခဲ့ပါတယ်။ ကမ္ဘာပေါ်က မြို့ ပေါင်း ၇၆၈ မြို့ မှာ ပုဂံက ထိပ်တန်းမြို့ အဖြစ် မဲ ၉၇.၅ ရာခိုင်နှုန်းနဲ့ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။
ဒုတိယမြို့ က လောနိုင်ငံက Luang Prabangမြို့  ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်လုံးလုံး ဒီမြို့ က ပထမနေရာ တောက်လျှောက်ယူခဲ့တာဖြစ်ပါတယ်။

ယူကရိန်း အချုပ်အခြာ အာဏာ ရုရှားလေးစားဖို့ အိုဘားမား ပြောကြား


ယူကရိန်းနိုင်ငံကို ရုရှားက စစ်ရေးအရ ကျူးကျော်မယ် ဆိုရင် ပေးဆပ်ရတဲ့ တန်ဘိုး ရှိလိမ့်မယ်လို့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားက ပြောလိုက်ပါတယ်။ ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ရုရှားက ဘယ်လိုမျိုး ချိုးဖောက်တာမဆို အကြီးအကျယ် မတည်မငြိမ် ဖြစ်စေ လိမ့်မယ်လို့ သောကြာနေ့က သမ္မတအိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

သန်းခေါင်စာရင်း ကောက်ယူရေး ကုလသမဂ္ဂနဲ့ မြန်မာအစိုးရ ပူးပေါင်းဆောင်ရွက်


မြန်မာနိုင်ငံတွင်း အခုလာမယ့် လဆန်းပိုင်းထဲ တနိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူဖို့ လုပ်ငန်းစဉ်အတွက် အစိုးရအပြင်၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ လက်နက်ကိုင်တွေနဲ့ပါ တွေ့ဆုံညှိုနှိုင်းမှုတွေ လုပ်ခဲ့ရတယ်လို့ UNFPA ကုလသမဂ္ဂလူဦးရေ ရံပုံငွေအဖွဲ့က ပြောပါတယ်။ ကောက်ခံမှု မတိုင်ခင် အငြင်းပွားနေတဲ့ တိုင်းရင်းသားလူမျိုးကိစ္စတွေနဲ့ ပတ်သက်လို့တော့၊ ဒါဟာ လူမျိုးတိုင်း အုပ်စုတိုင်းအနေနဲ့ သူတို့အမည်သူတို့ သတ်မှတ်ခွင့်ရှိတယ်လို့ ဆိုပါတယ်။ UNFPA မြန်မာ ဌာနေတာဝန်ခံဖြစ်သူနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက ဒီအကြောင်းသတင်းပေးပို့ထားတာပါ။

မြန်မာနိုင်ငံတွင်း MSF လုပ်ငန်း ရပ်ဆိုင်းမှု ကန်စိုးရိမ်





မြန်မာနိုင်ငံတွင်း လိုအပ်တဲ့လူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့ နိုင်ငံတကာ အသိုက်အဝန်းနဲ့ ဆက်ပြီး လက်တွဲ လုပ်ဆောင်သွားပါလို့ အမေရိကန်ပြည်ထောင်စုက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ရဲ့ မြန်မာနိုင်ငံတွင်းက လုပ်ငန်းတွေကို ရပ်ဆိုင်းထားဖို့ မြန်မာ အစိုးရက ညွှန်ကြားခဲ့တယ် ဆိုတဲ့အပေါ် အခုလို တိုက်တွန်း လိုက်တာပါ။ မြန်မာအစိုးရ ပြောရေးဆိုခွင့်ရှိသူကတော့ MSF ရဲ့ လုပ်ငန်းတွေ အားလုံးကို ရပ်ဆိုင်းတာ မဟုတ်ဘဲ ရခိုင်ပြည်နယ်ဘက်မှာ ရပ်ဆိုင်းထားဖို့သာ ပြောတာဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

၂၀၀၈ဖွဲ့စည်းပုံပြင်ရေး ၈၈ အကြမ်းမဖက် ဆောင် ရွက်မည်


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အကြမ်းမဖက် လူထု လှုပ်ရှားမှုနဲ့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ၈၈မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင် ကပြောလိုက်ပါတယ်။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းရဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးကို ဖေဖေါ်ဝါရီလ (၂၈)ရက်နေ့က ရန်ကုန်မြို့မှာ ပထမဆုံး အကြိမ် ကျင်းပခဲ့တာပါ။ မအင်ကြင်းနိုင်က အကြောင်းစုံကိုပြောပြထားပါတယ်။

ချမ်းအေးသာဇံမြို့နယ်အတွင်း ကျည်ကာအင်္ကျီ( home made)နှင့် လက်နက်များ သိမ်းဆည်းရမိ

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်၌ ဖေဖော်ဝါရီလ(၂၈)ရက်နေ့ ညနေပိုင်းက အမှတ်(၈၃)×(၈၄)လမ်း နှင့် (၃၄)×(၃၄) လမ်းကြား အနောက်အပ်ချုပ်ဗလီဝင်းအတွင်း နေထိုင်သူတစ်ဦးထံမှ ကျည်ကာအင်္ကျီ( home made) များနှင့် လက်နက်များ ဖမ်းဆီးရမိခဲ့သည်ဟု အမှတ်(၈) ရဲစခန်းမှ သိရှိရသည်။