1.3.14

ချမ်းအေးသာဇံမြို့နယ်အတွင်း ကျည်ကာအင်္ကျီ( home made)နှင့် လက်နက်များ သိမ်းဆည်းရမိ

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်၌ ဖေဖော်ဝါရီလ(၂၈)ရက်နေ့ ညနေပိုင်းက အမှတ်(၈၃)×(၈၄)လမ်း နှင့် (၃၄)×(၃၄) လမ်းကြား အနောက်အပ်ချုပ်ဗလီဝင်းအတွင်း နေထိုင်သူတစ်ဦးထံမှ ကျည်ကာအင်္ကျီ( home made) များနှင့် လက်နက်များ ဖမ်းဆီးရမိခဲ့သည်ဟု အမှတ်(၈) ရဲစခန်းမှ သိရှိရသည်။


အနောက် အပ်ချုပ်ဗလီဝင်းနေ ဦးရာရာ ဆိုသူထံမှ ကျည်ကာ အင်္ကျီ (မိုးကာအကျီအတွင်း၌ သံပြားထည့်ထား) ၃ ထည် နှင့် ဓါး၊ လှံ၊ လေးဂွ၊ မှိန်း၊သံပေသီးလုံးနှင့် ခရင်းခွ များ ဖမ်းဆီးရမိခဲ့ကြောင်း အင်တာနက်သတင်းများအရ သိရှိရသည်။

Shwe Myitmakha Media Group

0 comments:

Post a Comment