1.3.14

မိခင်ဖြစ်သူဈေးသွားနေချိန် ဖခင်ဖြစ်သူက သားအရင်းကို သတ်ပစ်


နိုင်ဂျီးရီးယား နိုင်ငံရဲ့ မြို့တော် လာဂို့စ် မှာ ဖခင် ဖြစ်သူဟာ အသက် (၄) နှစ်အရွယ် ရှိ သားအရင်း ဖြစ်သူကို သတ်ပစ် ခဲ့တာမို့ တရား ရုံးမှာ အမှု ရင်ဆိုင် နေရကြောင်း ဒေးလီးမေးလ် သတင်း တစ်ရပ်မှာ ဖော်ပြထား ပါတယ်။ အသက် (၃၀) နှစ်အရွယ်ရှိ ခရစ္စအဲလ်ဗစ်ဟာ သားဖြစ် သူ ဂေါ့ဖ်ရစ် ငိုကြွေး နေတာကို စိတ်ဆိုး ဒေါသ ထွက်ပြီး ရိုက်နှက် ဆုံးမ ရာကနေ ခြေလွန် လက်လွန် ဖြစ်သွား ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ခရစ္စအဲလ်ဗစ်ဟာ သားဖြစ်သူကို နှိပ်စက်မှု တွေ မကြာခဏ ပြုလုပ် ခဲ့တဲ့ကြောင်း ထင်ရှား တဲ့ အထောက် အထားတွေ တွေ့ရှိခဲ့ ရပါတယ်။ ကလေးငယ် ဟာ အရွယ်နဲ့ မမျှအောင် နှိပ်စက် ခံခဲ့ ရပါတယ်။ ခရစ္စအဲလ်ဗစ်ဟာ သားဖြစ်သူ ကို မကောင်း ဆိုးဝါး ကလေးငယ် အဖြစ် သတ် မှတ်ထားပြီး ဒီကလေး မွေးဖွားပြီး တဲ့နောက် စီး ပွားရေး လုပ်ငန်းတွေ ကျဆင်း သွားခဲ့တာမို့ နှိပ်စက် ခဲ့ခြင်း ဖြစ်ပါတယ်။ အပြစ် မဲ့တဲ့ ကလေးငယ်ဟာ ဖခင်အရင်း ဖြစ်သူရဲ့ နှိပ် စက်မှုကို တောက်လျှောက် ခံခဲ့ပြီး မိခင် ဖြစ်သူ ဈေးဝယ် ထွက်ပြီး ပြန်ရောက် လာချိန်မှာ သေဆုံး နေတာ တွေ့ခဲ့ရလို့ ရဲတပ်ဖွဲ့ကို တိုင် ကြားခဲ့ခြင်း ဖြစ်ပါ တယ်။ 

ခရစ္စ အဲလ်ဗစ်ဟာ ငိုကြွေး နေတဲ့ ကလေး ငယ်ကို အငိုရပ် သွားဖို့ ပါးစပ် ထဲ သော့က လောက် ထည့်ထားခြင်း၊ ကလေးငယ်ရဲ့ ခန္ဓာ ကိုယ်ကို မီးပူနဲ့ ကပ်ခြင်း၊ တုတ်ချောင်းနဲ့ နာ ကျင်အောင် ရိုက်နှက်ခြင်း တို့ကို ပြုလုပ် ခဲ့ပါ တယ်။ ခရစ္စ အဲလ်ဗစ်ဟာ သူ့ကိုယ်သူ စိတ်မ နှံ့တဲ့ ပုံစံပေါက် အောင် ပြုလုပ်ပြီး အမှုကနေ လွတ်အောင် ကြိုးစား ခဲ့ပေမယ့် ရဲတပ်ဖွဲ့ဝင် တွေက ဘာ စိတ်ဝေဒနာ မှ မရှိဘူးလို့ အတည် ပြုခဲ့ပါတယ်။ ခရစ္စ အဲလ်ဗစ်ကို ဖေဖော်ဝါရီလ (၁၀)ရက်နေ့ မှာ စတင် ဖမ်းဆီး ခဲ့ပြီး သား အရင်း ဖြစ်သူကို နှိပ်စက် ညှဉ်းပန်း သတ်ဖြတ် ခဲ့တာကို ထိရောက် တဲ့ ပြစ်ဒဏ် ချမှတ် နိုင်ရေး ဆောင်ရွက် နေတယ်လို့ သိရပါတယ်။
The Messenger

0 comments:

Post a Comment