1.3.14

ထိပ်ဆုံးက ပုဂံမြို့ 


ကမ္ဘာကျော်မဂ္ဂဇင်းကြီးတစ်ခုဖြစ်တဲ့ Wanderlust မဂ္ဂဇင်းက ပုဂံမြို့ ကို ၂၀၁၄ခုနှစ်အတွက် ခရီးသွားဖို့  အကောင်းဆုံးမြို့ အဖြစ်ရွေးချယ်ခဲ့ပါတယ်။ ကမ္ဘာပေါ်က မြို့ ပေါင်း ၇၆၈ မြို့ မှာ ပုဂံက ထိပ်တန်းမြို့ အဖြစ် မဲ ၉၇.၅ ရာခိုင်နှုန်းနဲ့ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။
ဒုတိယမြို့ က လောနိုင်ငံက Luang Prabangမြို့  ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်လုံးလုံး ဒီမြို့ က ပထမနေရာ တောက်လျှောက်ယူခဲ့တာဖြစ်ပါတယ်။
နောက်တတိယမြို့ ကဗီယက်နမ်က Hoi Anမြို့ ဖြစ်ပါတယ်။
ခရီးသွားဖို့ အကောင်းဆုံးနိုင်ငံက နမီးဘီးယားနိုင်ငံ၊နယူးဇီလန်နဲ့ ကိုလံဘီယာက ပူးတွဲဒုတိယ
မြန်မာက စတုတ္ထနေရာမှာရှိပါတယ်။
ဝမ်းမြောက်ဂုဏ်ယူစွာနှင့်အမိမြန်မာပြည်ရဲ့ ကောင်းသတင်း ကိုမြန်မာပြည်သူပြည်သားအားလုံးကြား သိရအောင် ဝေမျှလိုက်ပါတယ်။
အမိမြန်မာပြည်ငြိမ်းချမ်းပါစေ။

(ဓာတ်ပုံတွေက ပုဂံသားဓာတ်ပုံဆရာ ပုဂံမင်းမင်းဦးရဲ့ လက်ရာများဖြစ်ပါတယ်။)http://www.themeltingpot4u.com/2014/02/blog-post_9274.html

0 comments:

Post a Comment