ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

26.8.13

အစိုးရ၏ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကို KIO မေးခွန်းထုတ်

သြဂုတ်လ ၂၆ ရက် ၂၀၁၃
 
အစိုးရ၏ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကို KIO မေးခွန်းထုတ်

သြဂုတ်လ ၂၆ ရက် ၂၀၁၃

အစိုးရ၏ တစ်ပြည်လုံး အတိုင်းအတာ ဆောင်သည့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ပွဲကို  ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ KIO ထံ တရားဝင် အကြောင်း ကြားမှုများ မရှိကြောင်း KIO ၏ တွေ့ဆုံ ဆွေးနွေးရေး အဖွဲ့ ခေါင်းဆောင် ဆရာ ဆွမ်လွတ်ဂမ်က ပြောသည်။

“တစ်ကယ်တော့ အစိုးရ ဘက်က တစ်နိုင်ငံလုံး အတိုင်းအတာ ဆောင်တဲ့ အပစ်အခတ် ရပ်စဲ ရေးကိုကြေငြာ ပေးလိုက် ယုံနဲ့ ပြီးသွားတဲ့ ကိစ္စပါ၊ ဒါပေမယ့် အရင် မလုပ်ပေး ဘဲနဲ့ တရားဝင် ထုတ်ပြန်ချက် မရှိဘဲဟိုဟာ လုပ်မယ် ဒီဟာလုပ် မယ် ပြောဆို နေတဲ့ အပေါ်မှာ ကျနော် တို့မှာ တွေးစရာ ဖြစ်လာ ရတယ်” ဟုဆိုပါသည်။

အစိုးရ၏ တစ်နိုင်ငံလုံး အတိုင်းအတာ ဆောင်သော အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲကို လာမည့် အောက်တိုဘာလတွင် နေပြည်တော်၌ ကျင်းပ နိုင်ရန် ကြိုပမ်းလျက် ရှိကြောင်း ဦးအောင်မင်းက မီဒီယာ များအား ထုတ်ဖော် ပြောကြား ခဲ့ပြီး ဖြစ်သည်။

ယင်းအောက်တိုဘာလ မတိုင်မီတွင် ဝန်ကြီး ဦးအောင်မင်းသည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ငြိမ်းချမ်းရေး အပြီးသတ် ဆွေးနွေးရန် ရှိသည်ဟု ဦးအောင်မင်းက သြဂုတ် ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် ထုတ်ဖော် ပြောကြား ခဲ့ပါသည်။

KIO အဖွဲ့ အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ ဆောင်သည့် အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် မေလကုန်၌ ဝန်ကြီး ဦးအောင်မင်း တို့နှင့် မြစ်ကြီးနား၌ တွေ့ဆုံစဉ် မေးမြန်း ခဲ့ပါသည်။ ဤမေးမြန်း ချက်အပေါ် ယနေ့အထိ ဦးအောင်မင်း အနေဖြင့် ပြန်လည် ဖြေကြား ပေးခဲ့ခြင်း မရှိကြောင်း ဆရာ ဆွမ်လွတ်ဂမ်က ပြောသည်။

ဤအချိန်မှ စ၍ ယနေ့အထိ KIA အား အကြောင်း ပြန်ကြားခြင်း မရှိခဲ့သဖြင့် ဤကဲ့သို့ ထုတ်ဖော် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

KIO အဖွဲ့ အနေဖြင့် မြစ်ကြီးနားမြို့ တွေ့ဆုံ ပွဲမှရရှိ ထားသည့် နှစ်ဖက် သဘော တူညီချက် (၇) ချက် ထဲမှ မည်သည့် အချက်များ ဆွေးနွေး မည်ကို အစိုးရမှဆွေးနွေး လိုသည့် အချက် အပေါ် ၌ပင် KIO ဘက်က ပြင်ဆင်မှုများ ဆက်လုပ် သွားရန် ရှိသည်ဟု ဆိုသည်။

KIO နှင့် အစိုးရ အဖွဲ့ တို့၏ နှစ်ဖက် ဆွေးနွေးပွဲ ဖြစ်မြောက်ရန် KIO Technical Team (၅) ဦး ကော်မတီက ညှိနှိုင်းရေး အတွက် ကြားဝင် ဆောင်ရွက်ပေးရသည့် အဖွဲ့ ဖြစ်ကြောင်းလည်း ဆက်ပြောကြား သွားသည်။

ကချင် ပြည်နယ် မြစ်ကြီးနား မြို့တွင် KIO Technical Team ရုံးကို ဖွင့်လှစ် နိုင်ခဲ့ သည်မှာ တစ်လခန့် ကျော်လွန် သွားသည့် တိုင်အောင် အစိုးရနှင့် KIO Technical Team တို့က နှစ်ဖက် ပြန်လည် တွေ့ဆုံ နိုင်ခဲ့ခြင်း မရှိ သေးကြောင်း KIO Technical Team မှ ပြောခွင့်ရ ဆရာ ဒေါင်ခန့်က ပြောသည်။

KIO Technical Team ကို ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့က KIO ၏ ဗဟို ဦးဆောင် ကော်မတီ အဖွဲ့မှ အတည်ပြု ခဲ့ပြီး ဇူလိုင်လ ၂၃ ရက်နေ့တွင် KIO Technical Team ရုံးကို ဖွင့်လှစ် နိုင်ခဲ့သည်။

KIO သည် အစိုးရ၏ ငြိမ်းချမ်းရေး အဖွဲ့နှင့် ကချင်ပြည်နယ် အတွင်း ဖြစ်ပွား နေသော တိုက်ပွဲများ လျှော့ချရေး အတွက် တရားဝင် (၉) ကြိမ်နှင့် အလွတ်သဘော (၅) ကြိမ်ခန့် တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး ဖြစ်ပါသည်။ သို့သော်လည်း တိုက်ပွဲ များသည် ယနေ့ အထိ ရှိနေ ဆဲပင် ဖြစ်ပါသည်။

KIO/KIA သည် ၁၉၉၄ ခုနှစ် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ရယူ ခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် နှစ်ဖက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား ခဲ့ကြသည်။

ရွှေဟင်္သာ

အစိုးရ၏ တစ်ပြည်လုံး အတိုင်းအတာ ဆောင်သည့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ပွဲကို ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ KIO ထံ တရားဝင် အကြောင်း ကြားမှုများ မရှိကြောင်း KIO ၏ တွေ့ဆုံ ဆွေးနွေးရေး အဖွဲ့ ခေါင်းဆောင် ဆရာ ဆွမ်လွတ်ဂမ်က ပြောသည်။

သိမ်းဆည်းခံ လယ်မြေများ ပြန်ရရန် တောင်ငူမှ ကော့သောင်းမြို့အထိ လမ်းလျှောက်မည်

တောင်ငူ၊ သြဂုတ် ၂၅ 
 
သိမ်းဆည်းခံ လယ်မြေများ ပြန်ရရန် တောင်ငူမှ ကော့သောင်းမြို့အထိ လမ်းလျှောက်မည်

တောင်ငူ၊ သြဂုတ် ၂၅

တောင်ငူခရိုင်အတွင်း အကြောင်းအမျိုးမျိုးဖြင့် သိမ်းဆည်းထားသော လယ်မြေများ ပြန်လည် ရရှိရေးနှင့် တောင်သူများကို တရားစွဲခြင်းမှ ပြန်လည် ရုပ်သိမ်းပေးရန် တောင်းဆိုသည့် အနေနှင့် သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် တောင်ငူမြို့နှင့် မိုင် ၇၀၀ နီးပါး ကွာဝေးသည့် တနင်္သာရီတိုင်း ကော့သောင်းမြို့သို့ လယ်သမား အကျိုးဆောင် တစ်ဦးက တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒ ဖော်ထုတ်မည် ဖြစ်ကြောင်း တောင်သူ အကျိုးတော်ဆောင် ဦးခင်ဇော်က The Voice သို့ ပြောကြားသည်။

အကျိုးတော်ဆောင် ဦးခင်ဇော်နှင့် တောင်ငူမြို့နယ်၊ အုတ်တွင်း မြို့နယ်များမှ လယ်ယာမြေ သိမ်းဆည်းခံ တောင်သူ ၁၆ ဦးတို့ သြဂုတ်လ ၁၄ ရက်နေ့ က တောင်ငူမြို့နှင့် ၆၆၅ မိုင် ကွာဝေးသော ကချင်ပြည်နယ် လိုင်ဇာမြို့သို့ လမ်းလျှောက် ဆန္ဒ ဖော်ထုတ်ခဲ့ရာတွင် နေပြည်တော်ကောင်စီ နယ်မြေ ရမည်းသင်းမြို့နယ် အဝင်တွင် မြို့နယ် အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့က တားမြစ်ခဲ့ပြီး သြဂုတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်၌ မော်တော် ယာဉ်ဖြင့် တောင်ငူမြို့သို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း အဆိုပါ လမ်းလျှောက် အဖွဲ့တွင် ပါဝင်သူ တစ်ဦးက ပြောကြားသည်။

လိုင်ဇာကို လမ်းလျှောက်တဲ့အခါမှာ လူငါးယောက်ထက် ကျော်ရင် စီတန်း လှည့်လည်ခွင့် ဥပဒေနဲ့ ငြိတာကို တွေ့ရတယ်။ ဒါကြောင့် အခု ဒုတိယ အကြိမ်မှာ တစ်ဦးတည်း လမ်းလျှောက်ပြီး ဆန္ဒဖော် ထုတ်မယ်။ နောက်က ဝန်းရံတဲ့သူ အချို့တော့ ပါလိမ့်မယ်ဟု တစ်ကိုယ်တော် လမ်းလျှောက်မည့် တောင်သူလယ်သမား အကျိုးဆောင် ဦးခင်ဇော်က ရှင်းပြသည်။

တောင်သူလယ်သမား အကျိုးဆောင်သည် သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၈ နာရီတွင် တောင်ငူ မြို့နယ် ကင်းဆိပ်ကျေးရွာရှိ ၎င်းအိမ်မှ စတင် ထွက်ခွာမည် ဖြစ်ပြီး တောင်ငူ၊ ညောင်လေးပင်၊ ဘုရားကြီး၊ သထုံ၊ မော်လမြိုင်၊ ရေး၊ မြိတ်၊ ထားဝယ်နှင့် ကော့သောင်းမြို့များအထိ လမ်းလျှောက် ဆန္ဒ ဖော်ထုတ်မည် ဖြစ်ပြီး တစ်နေ့ ၃၅ မိုင်ခန့်အထိ လမ်းလျှောက်မည် ဖြစ်ပြီး ၎င်း ခရီးစဉ် အောင်မြင်ပါက မကွေးတိုင်းဒေသကြီးနှင့် မြန်မာနိုင်ငံ တိုင်းနှင့်ပြည်နယ် အသီးသီးကို ဆက်လက် ထွက်ခွာမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

လက်ရှိ တောင်ငူခရိုင်အတွင်း တပ်မတော် တပ်ရင်း တပ်ဖွဲ့များနှင့် မြို့နယ် အုပ်ချုပ်ရေး အဖွဲ့အစည်း များက အကြောင်းအမျိုးမျိုးဖြင့် သိမ်းဆည်း ထားသော လယ်မြေဧက ၁၀၀၀ ကျော် ရှိနေပြီး ယခုနှစ် ဇွန်လအတွင်း ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြသည့် ဒေသခံ တောင်သူ အယောက် ၁၃၀ ကျော် ကို နယ်မြေ ကျော်နင်းမှု အပါအဝင် ဝတ္တရား နှောင့်ယှက်မှုတို့ဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက တရား စွဲဆိုထားကြောင်း တောင်ငူ မြို့နယ် မြောက်ရေကြည် ကျေးရွာအုပ်စု သဲဖြူကျေးရွာမှ လယ်သိမ်းခံ တောင်သူတစ်ဦးက ပြောကြားသည်။

Voice 
 
 
 
 
 
 
 
 
 
 
 
  တောင်ငူခရိုင်အတွင်း အကြောင်းအမျိုးမျိုးဖြင့် သိမ်းဆည်းထားသော လယ်မြေများ ပြန်လည် ရရှိရေးနှင့် တောင်သူများကို တရားစွဲခြင်းမှ ပြန်လည် ရုပ်သိမ်းပေးရန် တောင်းဆိုသည့် အနေနှင့် သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် တောင်ငူမြို့နှင့် မိုင် ၇၀၀ နီးပါး ကွာဝေးသည့် တနင်္သာရီတိုင်း ကော့သောင်းမြို့သို့ လယ်သမား အကျိုးဆောင် တစ်ဦးက တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒ ဖော်ထုတ်မည် ဖြစ်ကြောင်း တောင်သူ အကျိုးတော်ဆောင် ဦးခင်ဇော်က The Voice သို့ ပြောကြားသည်။

LG က စမတ်ဖုန်းအတွက် HD LCD Display Panel အသစ် မိတ်ဆက်

LG နည်းပညာကုမ္ပဏီမှ စမတ်ဖုန်းတွေအတွက် အရည်သွေးမြင့် Display Panel ဖြစ်သည့် Quad HD AH-IPS LCD Panel ကို သြဂုတ်လ (၂၂) ရက်နေ့တွင် ဆိုးလ်မြို့တွင် မိတ်ဆက်ပြသခဲ့ကြောင်း သတင်းထုတ် ပြန်ခဲ့သည်။ ၅ ဒဿမ ၅ လက်မရှိသည့် Quad Panel သည် 2560x 1440 resolution နှင့် 538 ppi (Pixel Per Inch) အစရှိသည့် အရည်အသွေးတို့ကို ပိုင်ဆိုင်ထားပြီး နောက်ထပ်ထွက်ရှိမည့် စမတ်ဖုန်းများ တွင် စတင်အသုံးပြုသွားနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

အစိုးရ၏ မြေဈေး သတ်မှတ်ချက် စံနှုန်း သတ်မှတ်ချက်သာဖြစ်

မြန်မာ့ အိမ်၊ ခြံ၊ မြေဈေးကွက် ဈေးနှုန်း အဆမတန် မြင့်မားနေမှုကို ထိန်းချုပ်နိုင်ရန် အစိုးရ၏ သက်ဆိုင်ရာ အဖွဲ့အစည်းများက နေရာ၊ ဒေသ အလိုက် မြေဈေးနှုန်းများ သတ်မှတ်ခြင်းသည် စံနှုန်း တစ်ခုအနေနှင့် သတ်မှတ်ခြင်းသာ ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။

ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်အုတ်ဂူအား မြေးများက ပြုပြင်ရန် တောင်ကြီးစည်ပင်သို့ ခွင့်ပြုချက်တောင်းခံ

ဦး ကျော်သူ (နာရေးကူညီမှုအသင်း၊ ရန်ကုန်)က စော်ဘွားကြီးအုတ် ဂူသို့သွားရောက်ကာ မှတ်တမ်း တင်သည့် ဩဂုတ် ၂၄ရက်ထုတ် ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ (စာ-၁၇)သတင်းကိုဖတ်ပြီးနောက် တောင်ကြီးမြို့ ချမ်းသာရပ်ကွက် အတွင်းတည်ရှိနေသော ဝန်းသို စော်ဘွားကြီးဦးအောင်မြတ်အုတ် ဂူအား မြေးတော်စပ်သူများက ဝိုင်းဝန်းပြုပြင်မွမ်းမံလိုသဖြင့် မန္တလေးမြို့မှ ဩဂုတ်၂၅ရက်က ရောက်ရှိလာကြောင်း

စပါး ကြမ်းခင်းဈေး သတ်မှတ်ခြင်း MDRI သဘောမတူ

တောင်သူလယ်သမား အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကြမ်းတွင် စပါးကြမ်းခင်းဈေး သတ်မှတ်ရေးကို ထည့်သွင်းထားခြင်းမှာ ဈေးကွက် စီးပွားရေးစနစ်နှင့် ကိုက်ညီခြင်း မရှိ၍ ထည့်သွင်းခြင်း မပြုရန် အကြံပြု ထားကြောင်း Myanmar Development Research Institute (MDRI) စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးဌာန ဆက်ဆံရေးမှူး ဦးတင်မောင်သန်းက ပြောကြားသည်။

မဟာချိုင်တွင် မြန်မာလုပ်သား ၁၀ဝကျော် အလုပ်နားခံရ

ထိုင်း နိုင်ငံ၊ မဟာချိုင်ရှိ SBS ငါးသန့် စင်စက်ရုံတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၁၀၀ ကျော် ကိုစက်ရုံမှ ရုတ်တရက် အလုပ်မှ ရပ်နားလိုက်ရကြောင်း မြန်မာအ လုပ်သမားသမဂ္ဂအဖွဲ့အစည်း (Free Trade Union of Myanmar)FTUM မှ အဖွဲ့အစည်း တာဝန်ခံ ဦးကျော်မြင့်က Dawei Watch သို့ ပြောသည်။

ရန်ကုန်မြေ ၈ဝ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်မှု မမှန်ကန်

ရန်ကုန် စည်ပင်နယ်နိမိတ်အတွင်း ရှိ မြေရှစ်ဆယ် ရာခိုင်နှုန်းခန့်မှာ ပိုင် ဆိုင်မှု မမှန်ကန်ခြင်းများဖြစ်နေကြောင်း စည်ပင်သာယာရေး ကော်မတီမှ သိရ သည်။

မြေပိုင်ဆိုင်မှု မမှန်ကန်ဟု ဆိုလို ရင်းမှာ ရန်ကုန်စည်ပင်၌ အမည်ပေါက် နေသော ပိုင်ရှင်နှင့်လက်ရှိတွင် နေထိုင် နေသည့် ပိုင်ရှင် မတူညီခြင်း ဖြစ်သည်။ ယင်းကဲ့

နော်ဝေ အကူအညီဖြင့် နိုင်ငံသား စိစစ်ရေးကတ် ကိုးသောင်းကျော် အခမဲ့ ထုတ်ပေး

မြန်မာနိုင်ငံ နယ်စပ်ဒေသ အသီးသီးရှိ မြို့နယ်ပေါင်း လေးဆယ် တွင် နော်ဝေနိုင်ငံ အခြေစိုက် NRC (Norwegian Refugee Council) ၏ အကူအညီဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြား ကိုးသောင်းကျော် အခမဲ့ ထုတ်ပေးထားကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနက ထုတ်ပြန်သည်။

မြင့်မြတ် အသည်းကင်ဆာမဖြစ်ပါ

မင်းသားမြင့်မြတ် အသည်းကင်ဆာဝေဒနာ ခံစားနေရသည်ဆိုသည့် လတ်တလောတွင် ထွက်ပေါ်နေသည့် သတင်းများမှာ မှန်ကန်မှုမရှိကြောင်း၊ ဗီဒီယိုဇာတ်ကားများလည်း ဆက်တိုက်ရိုက်ကူးလျက်ရှိကြောင်း မြင့်မြတ်က မဇ္ဈိမသတင်းစာသို့ ဖြေကြားခဲ့သည်။

Sony Xperia Z1 သတင်းများထွက်ရှိ



Sony Xperia Z1 သတင်းများထွက်ရှိ

Sony က တရားဝင်ကြေညာခြင်း မဟုတ်ပေမယ့် Sony Xperia Z1 နဲ့ ပက်သက်တဲ့ သတင်း များကတော့ ထွက်ရှိနေပြီ ဖြစ်ပါတယ်။

ရေစိုခံ Xperia Z ထွက်တုန်းက ကမ္ဘာဈေးကွက်အပြင် မြန်မာပြည် ဈေး ကွက် မှာပါ ရေပန်းစားလူကြိုက် များခဲ့ပါတယ်။ ယနေ့အထိလည်း ရေပန်း စားနေဆဲ ဖြစ်ပါတယ်။ ရေစိုခံမှု အချက် တစ်ခုအပြင် ကင်မရာ ကောင်းမွန် မှု ကြောင့်လည်း ပါဝင်ပါတယ်။ နောက်ထပ် ထွက်ရှိမယ့် Xperia Z1 က ပိုလို တောင် ကင်မရာ ကောင်းမှာပါ။ 20 Megapixel အထက်မှာရှိပြီး လက်ရှိ Nokia 1020 နဲ့တောင် ယှဉ်ပြိုင်နိုင်မယ့် ရုပ်ထွက် အရည်အသွေး ရှိမယ်လို့ ပြောဆိုလျက် ရှိကြ ပါတယ်။

အရောင်အားဖြင့် အဖြူ၊ အနက်၊ ခရမ်းရောင်တို့ နဲ့ ထွက်ရှိမယ့် Xepria Z1 ရဲ့  Specification အချို့ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Snapdragon 800 quad-core chip
2GB of RAM
16GB of storage (expandable through microSD)
3,000mAh battery
2 MP for video call (front facing)
4G LTE , NFC

ဒါက Sony ရဲ့  Official ပြောကြားချက် မဟုတ်သေးပါဘူး။ လာမယ့် စက်တင်ဘာလ ၄ ရက်မှာပဲ Sony လည်း Press Event တစ်ခု ရှိတာမို့ Xperia Z1 နဲ့ ပက်သက်တဲ့ သတင်း အစုံအလင် သိရဖို့ အခွင့်အလမ်း များကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/08/sony-xperia-z1.html

အေးချမ်းမွန် Credit To >TechSpace Journal < Thanks
Re-posted By ACM 26-8-2013 
https://www.facebook.com/excellencemedia

Sony က တရားဝင်ကြေညာခြင်း မဟုတ်ပေမယ့် Sony Xperia Z1 နဲ့ ပက်သက်တဲ့ သတင်း များကတော့ ထွက်ရှိနေပြီ ဖြစ်ပါတယ်။

၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ကို ထောက်ခံလမ်းလျှောက်ပွဲ ဒလတွင် ကျင်းပ

ရန်ကုန်- သြဂုတ် ၂၆
 
၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ကို ထောက်ခံလမ်းလျှောက်ပွဲ ဒလတွင် ကျင်းပ

ရန်ကုန်- သြဂုတ် ၂၆
၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ကို ထောက်ခံမှုအဖြစ် ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်မှ
ရာဇာသင်္ကြန်ရပ်ကွက်အတိ လူပေါင်း ၁၀၀ ကျော်မှ ထောက်ခံလမ်းလျှောက်ခဲ့ကြကြောင်းဒလမြို့ခံတစ်ဦးကပြောသည်။
“ရပ်ကွက်ပေါင်းစုံမှာရှိတဲ့ ဓမ္မာရုံက လူတွေ ဒီလမ်းလျှောက်ပွဲမှာ ပါခဲ့ကြတယ်။
ဒီနေ့ကို ဂုဏ်ပြုသင့်လို့ ကျွန်တော်တို့ ထောက်ခံလမ်းလျှောက်ခဲ့ကြတာပါ”ဟု အမျိုးသားဗုဒ္ဓဘာသာအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းထောက်ခံလမ်းလျှောက်ပွဲအား မွန်းတည့် ၁၂ နာရီအချိန်တွင် စတင်ကာ ရာဇသင်္ကြန်ရပ်ကွက်ရှိ
ဆုတောင်းပြည့်ဘုရားတွင် မွန်းလွဲ ၂ နာရီထိ ၀တ်ပြုဆုတောင်းခဲ့ကြကြောင်းသိရသည်။
အဆိုပါ ထောက်ခံလမ်းလျှောက်ပွဲမှာ တရားဝင်ခွင့်ပြုမိန့် ရရှိခဲ့ပြီး မြို့နယ်ရှိ လူပေါင်း ၅၀၀ ကျော်ခန့် လာရောက်ခဲ့ကြကြောင်း သိရသည်။
နိုင်ငံတော်သာသနာနေ့ ထောက်ခံမှု လမ်းလျှောက်ပွဲကို ဒလမြို့နယ်ရှိ အမျိုးသားဗုဒ္ဓဘာသာ အစည်းအရုံး၊ ဘာသာရေးအသင်းအဖွဲ့ များ၊
ရပ်ကွက်ဆွမ်းလောင်းအသင်းများ၊ သာရေး နာရေးအသင်းအဖွဲ့များ ပါဝင်ခဲ့ကြသည်။ရန်နိုင်၊ စိုင်းလမင်း
— 
Popular
 
၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ကို ထောက်ခံမှုအဖြစ် ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်မှ ရာဇာသင်္ကြန်ရပ်ကွက်အတိ လူပေါင်း ၁၀၀ ကျော်မှ ထောက်ခံလမ်းလျှောက်ခဲ့ကြကြောင်းဒလမြို့ခံတစ်ဦးကပြောသည်။ “ရပ်ကွက်ပေါင်းစုံမှာရှိတဲ့ ဓမ္မာရုံက လူတွေ ဒီလမ်းလျှောက်ပွဲမှာ ပါခဲ့ကြတယ်။

ဒါလားဟဲ့ ….. ဖက်ဒရယ်နိုင်ငံ

Monday, August 26, 2013

ကျွန်တော်မြန်မာပြည်ကို ပြန်ရောက်တာ ၃ လ ၀န်းကျင်လောက်ရှိပါပြီ။ မြန် မာပြည်ကိုပြန်ရောက်လို့ ထူးထူးခြားခြားတွေ့လာရ တာတွေကတော့ မော်တော်ကားလမ်းတွေကြပ်တာ၊ စည်းကမ်းမရှိတာတွေအပြင် သတင်း စာတွေ၊ ဂျာနယ်တွေမှာ တာဝန်ယူမှု၊ တာဝန်သိမှု၊ တာဝန်ခံမှု စတဲ့ စကားလုံး အသုံးအနှုန်းတွေ အများအပြား တွေ့နေရပေမဲ့လို့ လက်တွေ့ ကျင့်သုံး လိုက်နာမှု မရှိတာတွေ၊ နောက်ပြီး လူလေး သုံးယောက်တစ်ပိုင်းနဲ့ အသင်းအပင်း ဖွဲ့စည်းနေတာတွေ၊ NGO အဖွဲ့အစည်း မျိုးစုံ၊   ကျောင်းသား သမဂ္ဂပေါင်းစုံ၊ MPC ဆိုတဲ့ ငြိမ်းချမ်းရေးစင်တာ တွေမှာဆွေးနွေး ပွဲခေါင်း စဉ်တွေ အမျိုးမျိုးတပ်ပြီး အုပ်စုဖွဲ့ဆွေးနွေးနေတဲ့ ဆွေးနွေးပွဲတွေ၊ တိုင်း ရင်းသားအဖွဲ့အစည်း အမျိုးမျိုးရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု ဆိုတဲ့အသံတွေ၊ ဆူညံရှုပ်ထွေးစွာ ကြားသိမြင်တွေ့လာရပါတယ်။

ကလေးတွေလည်း လူ့အခွင့်အရေးဆိုတာသိစေချင်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီး

Monday, August 26, 2013
 
ကလေးတွေလည်း လူ့အခွင့်အရေးဆိုတာသိစေချင်သူ
ဒါရိုက်တာ မင်းထင်ကိုကိုကြီး
Monday, August 26, 2013

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ကြီးတွင် Human Right For Kid ဆိုသည့် ကဏ္ဍတစ်ရပ်တို့ ထည့်သွင်းပြီး ကလေးငယ်များလူ့အခွင့်အရေးဆိုသည်ကို နားလည် 
နိုင်ရေးအတွက်ရည်ရွယ် ပြသခဲ့ ခြင်းရှိခဲ့သည်။ ကလေးသူငယ် ဆိုင်ရာ အခွင့်အရေးနှင့်ပတ် သက်သည့် ရုပ်ရှင်ပြပွဲပရိုဂရမ် ကဏ္ဍတစ်ခုကို လူ့အခွင့်အရေး၊ လူ့ ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော် ကြီး၌ထည့်သွင်းခဲ့ရခြင်းနှင့် စပ် လျဉ်းပြီး ဒါရိုက်တာမင်းထင် ကိုကိုကြီးက " ပရိုဂရမ်ရေးဆွဲတဲ့ အခါမှာကလေးတွေအတွက်လည်း ချန်မထားခဲ့ဘူး။ ကလေးတွေလည်း 
လူ့အခွင့်အရေးဆိုတာကို သိစေချင်တယ်။ 

ကျွန်တော်တို့တုန်းက အသက်အတော်ကြီးပြီး၁၉၈၈ အရေးအခင်းကျတော့မှသိတာ။ ဒါတောင်မှဒေါ်အောင်ဆန်း စုကြည်ပြောလိုက်တော့မှ လူ့အခွင့်အရေးဆိုတာကို နားနဲ့ ဆတ်ဆတ်ကြားဖူးတာလေ။ ဘာမှန်းတောင်မသိဘူး။ ၁၉၈၈ မတိုင်ခင်တုန်းက ဘယ်မှာမှ မကြားခဲ့ဖူးဘူး။ 

အခုနှစ်အစိတ် လောက်ကြာသွားပြီး အသက် 
တွေလည်း ကြီးသွားပြီး ကျွန် တော်တို့အနေနဲ့ တာဝန်ရှိလာ တာဘာလဲဆိုတော့ ကလေးတွေ လည်း လူ့အခွင့်အရေးဆိုတာ ဘာလဲဆိုတာကို သိအောင် ဒီ အချိန်ကတည်းကလုပ်မှရ 
တော့ မှာလေ။ အဲဒါမှလည်း တကယ့် ကိုလူ့အခွင့်အရေးကိုဒီမိုကရေ စီနည်းလမ်းကျကျနဲ့ ခံစားရတဲ့ တိုင်းပြည်ဖြစ်ဖို့ကိုဒီလို Institutionတွေဖန်တီးရမှာ လေ။ 

အဲဒီရည်ရွယ်ချက်နဲ့ ကလေးတွေကိုလည်း လူ့အခွင့်အရေးနဲ့ ပတ်သက်တာလေးတွေ ကိုပြတာပါ။ ဒီအတိုင်းလူကြီး တစ်ယောက်က ပြောတာထက် စာရင်ရုပ်ရှင်ကားတွေ ကြည့်ပြီး တော့လူ့အခွင့်အရေး ဆိုတာကို သိလာမယ်။ ခေါင်းထဲမှာဒါကို အမြင်အကြားလေးတွေနဲ့ ယဉ်ပါးလာမယ်။ 

ရုပ်ရှင်ပွဲတော်လုပ်ခဲ့တုန်းကလည်း ၂ရက်ကို ရုံအပြည့် တကူး တကကို Bus ကားတွေနဲ့ သွားခေါ်တယ်။ ဘုန်းကြီးကျောင်း ကကလေးတွေနဲ့တိုင်းရင်း သား တွေကိုခေါ်ပြီးတော့အဲဒါ လေးတွေကိုသေချာပြခဲ့တယ်။ နယ်မှာပြရင် အဲဒီလိုလုပ်ဖြစ် မှာမဟုတ်ပေမယ့်လည်း သေ ချာအောင် ကြိုတင်ကြေညာပြီး လာကြည့်ဖြစ်အောင် လုပ်မှာ ပါ။

လူ့အခွင့်အရေးဆိုတာကို ၁ဝ နှစ်သားလေးက လူ့အခွင့် အရေးဆိုတဲ့အကြောင်းကို ရုပ် ရှင်ရုံထဲမှာ လာကြည့်ပြီး လူ့ အခွင့်အရေးဆိုတဲ့ဟာကို စကား လုံးတစ်လုံးအနေနဲ့ရသွားရ သွား။ သူ့မိဘကြောင့်ပဲဖြစ် ဖြစ်၊ ဆရာကြောင့် ပဲဖြစ်ဖြစ်၊ ဆွေမျိုးတွေကြောင့်ပဲဖြစ်ဖြစ် လူ့အခွင့်ရေးကို ပိုပြီးသိရ မယ်ဆိုရင်ဒါမျိုးတွေကို လုပ် ရကျိုးနပ်ပါတယ်" လို့ ပြောပါ တယ်။ 

ထက်လူလူ

(ကလေးသူငယ်တို့အခွင့်အရေး အထူးပြုအချပ်ပိုသတင်းလွှာ) မှ

Popular Journal

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ကြီးတွင် Human Right For Kid ဆိုသည့် ကဏ္ဍတစ်ရပ်တို့ ထည့်သွင်းပြီး ကလေးငယ်များလူ့အခွင့်အရေးဆိုသည်ကို နားလည်
နိုင်ရေးအတွက်ရည်ရွယ် ပြသခဲ့ ခြင်းရှိခဲ့သည်။ ကလေးသူငယ် ဆိုင်ရာ အခွင့်အရေးနှင့်ပတ် သက်သည့် ရုပ်ရှင်ပြပွဲပရိုဂရမ် ကဏ္ဍတစ်ခုကို လူ့အခွင့်အရေး၊ လူ့ ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော် ကြီး၌ထည့်သွင်းခဲ့ရခြင်းနှင့် စပ် လျဉ်းပြီး ဒါရိုက်တာမင်းထင် ကိုကိုကြီးက " ပရိုဂရမ်ရေးဆွဲတဲ့ အခါမှာကလေးတွေအတွက်လည်း ချန်မထားခဲ့ဘူး။ ကလေးတွေလည်း
လူ့အခွင့်အရေးဆိုတာကို သိစေချင်တယ်။

နိုင်ငံခြားသားများ ထိုင်း-မြန်မာ နယ်စပ် ဂိတ်များမှ ဝင်ထွက်နိုင်တော့မည်

ပြည်ထဲရေး ၀န်ကြီးဌာနက ကန့်သတ် ထားသည့် နယ်မြေများနှင့် သက်ဆိုင်ရာ ဒေသ အာဏာပိုင်များက လုံခြုံရေးအရ အခါအားလျော်စွာ တားမြစ်ထားသည့် နယ်မြေများမှ အပ ကျန်နယ်မြေများကို သွားလာခွင့် ပြုမည်ဟုလည်း သိရှိရသည်။

http://burma.irrawaddy.org/archives/47050

ဦးသိန်းစိန်နဲ့ ဦးရွှေမန်း အကွဲအပြဲ ဘယ်ကို ဦးတည်မလဲ

Monday, 26 August 2013


သူရဦးရွှေမန်းနဲ့ ဦးသိန်းစိန်တို့အကြား အာဏာလွန်ဆွဲပွဲက တဖြည်းဖြည်းပြင်းထန်လာပြီး အာဏာရ   ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီ အတွင်းမှာ သမ္မတဦးသိန်းစိန်ရဲ့လူ၊ သူရဦးရွှေမန်းရဲ့ လူဆိုပြီး ခွဲခြားမှုတွေ ရှိနေကြပြီလို့ နေပြည်တော် လွှတ်တော် ကိုယ်စားလှယ် တွေဆီက စုံစမ်း သိရှိရပါတယ်။

Facebook ပေါ်က ကျောင်းသားများကို မြှူဆွယ်သည့် ဆရာမအား ဖမ်းဆီး

နာမည်ကျော် လူမှုကွန်ရက် တစ်ခုဖြစ်သည့် Facebook ကွန်ရက်ပေါ်က တစ်ဆင့် ကျောင်းသား များအား လိင်ကိစ္စ မြှူဆွယ်သော ဆရာမ တစ်ဦးကို တာဝန်ရှိသူများက ဖမ်းဆီးလိုက်ကြောင်း USA Today သတင်းတွင် ဖော်ပြ ထားသည်။

သွားတိုက်ဆေး အသုံးဝင်ပုံ

Monday, August 26, 2013

 
(၁)ရေစက်ခေါင်းတွေ ပြောင်လက်တောက်ပချင်ရင် အဝတ်စမှာ သွားတိုက်ဆေးနည်းနည်းထည့်ပြီး ပွတ်တိုက်ပေးနိုင် ပါတယ်။

(၂)မျက်နှာသစ်ဘေစင်၊ ရေချိုးဘေစင်တွေပြောင်လက်ချင်ရင် ဖောမှာ သွားတိုက်ဆေး နည်းနည်းထည့်ပြီး   ဆေးကြောပေးနိုင်ပါတယ်။

မလေးရှားရောက် တရားမဝင် လုပ်သားများကို ရက်ပိုင်းအတွင်း ဖမ်းဆီးမည်

Monday, August 26, 2013



မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ အပါအဝင် တရားမဝင် နေထိုင် သည့် အခြားနိုင်ငံသားများကို စက်တင်ဘာလ ၁ ရက်နေ့မှ စတင် ဖမ်းဆီးမည် ဖြစ်ကြောင်း The Star သတင်းဌာနတွင် ဖော်ပြသည်။

ဂျပန်နိုင်ငံမှာ ခေတ်စားလာတဲ့ ငှက်ပျောသီး ဖြင့် ၀ိတ်ချခြင်း

Monday, August 26, 2013


၂၀၀၈ ခုနစ်က စပြီး ဂျပန်နိုင်ငံမှာ ခေတ်စားလာတဲ့ The Morning Banana Diet plan ဟာ စိတ်ဝင်စားလည်းကောင်း၊ လွယ်လည်းလွယ်ပြီး ကျန်းမာရေးနဲ့ လည်း ညီညွတ်လို့ ပြန်လည်ဝေမျှချင် ပါတယ်။