26.8.13

ဒါလားဟဲ့ ….. ဖက်ဒရယ်နိုင်ငံ

Monday, August 26, 2013

ကျွန်တော်မြန်မာပြည်ကို ပြန်ရောက်တာ ၃ လ ၀န်းကျင်လောက်ရှိပါပြီ။ မြန် မာပြည်ကိုပြန်ရောက်လို့ ထူးထူးခြားခြားတွေ့လာရ တာတွေကတော့ မော်တော်ကားလမ်းတွေကြပ်တာ၊ စည်းကမ်းမရှိတာတွေအပြင် သတင်း စာတွေ၊ ဂျာနယ်တွေမှာ တာဝန်ယူမှု၊ တာဝန်သိမှု၊ တာဝန်ခံမှု စတဲ့ စကားလုံး အသုံးအနှုန်းတွေ အများအပြား တွေ့နေရပေမဲ့လို့ လက်တွေ့ ကျင့်သုံး လိုက်နာမှု မရှိတာတွေ၊ နောက်ပြီး လူလေး သုံးယောက်တစ်ပိုင်းနဲ့ အသင်းအပင်း ဖွဲ့စည်းနေတာတွေ၊ NGO အဖွဲ့အစည်း မျိုးစုံ၊   ကျောင်းသား သမဂ္ဂပေါင်းစုံ၊ MPC ဆိုတဲ့ ငြိမ်းချမ်းရေးစင်တာ တွေမှာဆွေးနွေး ပွဲခေါင်း စဉ်တွေ အမျိုးမျိုးတပ်ပြီး အုပ်စုဖွဲ့ဆွေးနွေးနေတဲ့ ဆွေးနွေးပွဲတွေ၊ တိုင်း ရင်းသားအဖွဲ့အစည်း အမျိုးမျိုးရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု ဆိုတဲ့အသံတွေ၊ ဆူညံရှုပ်ထွေးစွာ ကြားသိမြင်တွေ့လာရပါတယ်။ အဲဒီအထဲက အထူးခြားဆုံးနဲ့ စိတ်ဝင်စားဆုံးကတော့ မြန်မာပြည်ကို ပြည်နယ် (၈) ခုသတ်မှတ်ဖို့၊ တန်းတူ အခွင့် အရေးတွေပေး ဖို့၊ ပြည်နယ်တွေအလိုက် ဗဟိုအစိုးရရဲ့ ထိန်းချုပ်မှုတွေ လျော့ပေးဖို့၊ ပြည်နယ်တွေကိုယ်တိုင် သီးခြား လွတ်လပ်စွာ စီမံခန့်ခွဲနိုင် ခွင့်နဲ့ သယံဇာတ ခွဲဝေအသုံးပြုခွင့်တွေ စသဖြင့် တောင်းဆိုလာတာတွေကို တွေ့ရတဲ့ အပြင် တစ်ပြိုင်နက်ထဲမှာပဲ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတွေကလဲ တိုင်းရင်းသားလူမျိုးတွေအလိုက် အာဇာနည်နေ့၊ ဘာနေ့၊ ညာနေ့ဆိုပြီး သူတို့ကိုယ်ပိုင် သတ်မှတ်ထား တဲ့နေ့တွေမှာ ကရင်တပ်မတော်၊ ကချင် တပ်မတော်၊ “၀”ပြည်သွေးစည်းညီ ညွတ်ရေးတပ်မတော်၊ ရှမ်းပြည်တပ်မတော်စသည်ဖြင့် မြန်မာနိုင်ငံအတွင်း ပြည်နယ်အလိုက် တပ်မတော်ပေါင်းစုံဖြင့် တရားဝင်၊ မ၀င် ဘေးချိတ်ပြောဆို သုံးနှုန်းပြီး အခမ်းအနားတွေ ကျင်းပ လာနေတာလည်း တွေ့နေရပါတယ်။ အလားတူပဲ မြန်မာနိုင်ငံကို ဖက်ဒရယ်စနစ်နဲ့သွားမှ ငြိမ်းချမ်းရေးရနိုင်မယ်။

ကျန်တဲ့နိုင်ငံရေးစနစ်နဲ့သွားရင် ငြိမ်းချမ်းရေးမရနိုင်ဘူး ဆိုတဲ့ပြောဆိုသံတွေ လဲ ကြားနေရပါတယ်။ ကျွန်တော့် အတွေ့အကြုံ အနေနဲ့ ဒီမိုကရေစီဘိုးအေ ကြီးလို့ခေါ်လို့ရတဲ့ အမေရိကားမှာ ကြုံတွေ့ခဲ့ရတာတွေကတော့ အမေရိကလည်း ဖက်ဒရယ်စနစ် ကျင့်သုံးတာပါပဲ။ ပြည်နယ်တွေကို လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့်ပေးထားပါတယ်။ ဒါပေမဲ့ US Army ကိုတော့ ဗဟိုအစိုးရအ ဖွဲ့ကပဲ ချုပ်ကိုင်ထားတာ တွေ့ရပါတယ်။ အခု မြန်မာနိုင်ငံမှာကြားနေရတဲ့ ကရင် တပ်မတော်၊ ကချင်တပ်မတော်တို့နဲ့ အလား သဏ္ဍာန်တူတဲ့ မေရီလန်း တပ်မတော်၊ ၀ါရှင်တန်တပ်မတော်၊ နယူးယောက် တပ်မတော်၊ တက္ကဆက် တပ် မတော် ဆိုပြီး   ပြည်နယ်တွေကို အစွဲပြုခေါ်တဲ့ တပ်မတော်တွေကိုတော့ မကြားဖူးတာအမှန်ပါ။ ကျွန်တော်တို့နိုင်ငံလိုချင်နေတဲ့ ဖက်ဒရယ်နိုင်ငံရေး စနစ် က ပြည်နယ်တွေကိုလည်း လွတ်လပ် စွာစီမံခန့်ခွဲပိုင်ခွင့်လည်း လို ချင်သေး၊ သီးခြား ပြည်နယ် တပ်မတော်ဆိုတာမျိုးလည်း လိုချင်နေသေး တာတွေ တွေ့နေ ရတဲ့အတွက် ဒါလားဟဲ့ … ဖက်ဒရယ်နိုင်ငံ လို့ မေးရမ လိုတောင် ဖြစ်နေကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။

ရွှေဥသြ

0 comments:

Post a Comment