26.8.13

ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်အုတ်ဂူအား မြေးများက ပြုပြင်ရန် တောင်ကြီးစည်ပင်သို့ ခွင့်ပြုချက်တောင်းခံ

ဦး ကျော်သူ (နာရေးကူညီမှုအသင်း၊ ရန်ကုန်)က စော်ဘွားကြီးအုတ် ဂူသို့သွားရောက်ကာ မှတ်တမ်း တင်သည့် ဩဂုတ် ၂၄ရက်ထုတ် ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ (စာ-၁၇)သတင်းကိုဖတ်ပြီးနောက် တောင်ကြီးမြို့ ချမ်းသာရပ်ကွက် အတွင်းတည်ရှိနေသော ဝန်းသို စော်ဘွားကြီးဦးအောင်မြတ်အုတ် ဂူအား မြေးတော်စပ်သူများက ဝိုင်းဝန်းပြုပြင်မွမ်းမံလိုသဖြင့် မန္တလေးမြို့မှ ဩဂုတ်၂၅ရက်က ရောက်ရှိလာကြောင်း
သိရသည်။

မန္တလေးမြို့တွင်နေထိုင် သောမြေးဖြစ်သူ ဒေါ်မြင့်မြင့် ၇၀ နှစ်နှင့် မြစ်ဖြစ်သူ ဒေါ်နန်းသူဇာ အောင်တို့က တောင်ကြီးမြို့သို့ စော်ဘွားကြီးအုတ်ဂူအားမွမ်းမံ ရန် ရောက်ရှိလာခြင်းဖြစ်ပြီး တောင် ကြီးမြို့စည်ပင်ဌာနသို့ ခွင့်ပြုချက် တောင်းခံထား သည်ဟု ကာယကံ ရှင်များက ပြောကြားသည်။ စော်ဘွားကြီး၏မြေးများ ဖြစ်သော တောင်ကြီးမြို့နေ ဒေါ် သိန်းသိန်း(ခ)ဒေါ်စောကြည်သိန်း ၇၈နှစ်၊ ဒေါ်ခင်ဦး ၆၆နှစ်တို့နှင့် လည်း တွေ့ဆုံကြပြီး ၎င်းတို့အ နေဖြင့် ယခုကဲ့သို့ မထင်မရှား ဖြစ်နေသော ဂူအား အုတ်တံတိုင်း ကာရံထိန်းသိမ်းလိုကြောင်း သိရ သည်။

စော်ဘွားကြီး ၏မြစ်တစ်ဦး က ''နိုင်ငံတော်က သမိုင်းဝင် ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ အသိအ မှတ်ပြုတဲ့နေရာတစ်ခုရွှေ့ပြောင်း ပေးနိုင်ရင်လဲကောင်းမယ်။ အစ က နေရာအကျယ်ကြီး။ အခုတော့ အိမ်တွေကြားထဲ အိမ်သာတွေ က အမြင့်ကဖြစ်နေပြီ။ နောင်ဆို လုံးဝပျောက်မသွားဘူး မပြော နိုင်ဘူး။ သပ်သပ်ရပ်ရပ်သီးသန့် နေရာလေးပြောင်းရွှေ့ပေးရင်လဲ ကောင်းမယ်လို့ထင်ပါတယ်''ဟု ၎င်း၏ဆန္ဒကို ပြောကြားသည်။

စော်ဘွားကြီး မကွယ်လွန် မီအထိ နိုင်ငံတော်အစိုးရ(သမ္မ တကြီးစဝ်ရွှေသိုက်)က ထောက်ပံ့ ငွေ လစဉ် ၅ဝဝကျပ်ပေးခဲ့ကြောင်း၊ ကွယ်လွန်သောအခါလည်း နိုင်ငံ တော်ဈာပနအဖြစ် တာဝန်ပေးခဲ့ ကြောင်း၊ နာရေးကူငွေ ၅၀၀၀ ကျပ်ပေးခဲ့ပြီး ခုနစ် ရက်လုံး ဧည့် ပရိသတ်များကိုဧည့်ခံသည်အ ထိ တာဝန်ယူပေးခဲ့ကြောင်း မြေးဖြစ်သူ ဒေါ်ခင်ဦးက ပြောပြ သည်။ ထိုစဉ်က သူမမှာ စော်ဘွား ကြီးနှင့်အတူနေရပြီး အသက်၁၃ နှစ်သာရှိသေးသည်ဟု သိရသည်။
စည်ပင် ကခွင့်ပြုပါက ပြုပြင် ရန်မြေးသုံးဦးက ငွေကျပ် ၁၁သိန်း မတည်ထားသည်ဟု သိရသည်။

မြဝန်းရံ
Yangon Media Group

ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်အုတ်ဂူအား တွေ့ရစဉ် ။ ဓာတ်ပုံ - မြဝန်းရံ

0 comments:

Post a Comment