26.8.13

၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ကို ထောက်ခံလမ်းလျှောက်ပွဲ ဒလတွင် ကျင်းပ

ရန်ကုန်- သြဂုတ် ၂၆
 
၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ကို ထောက်ခံလမ်းလျှောက်ပွဲ ဒလတွင် ကျင်းပ

ရန်ကုန်- သြဂုတ် ၂၆
၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ကို ထောက်ခံမှုအဖြစ် ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်မှ
ရာဇာသင်္ကြန်ရပ်ကွက်အတိ လူပေါင်း ၁၀၀ ကျော်မှ ထောက်ခံလမ်းလျှောက်ခဲ့ကြကြောင်းဒလမြို့ခံတစ်ဦးကပြောသည်။
“ရပ်ကွက်ပေါင်းစုံမှာရှိတဲ့ ဓမ္မာရုံက လူတွေ ဒီလမ်းလျှောက်ပွဲမှာ ပါခဲ့ကြတယ်။
ဒီနေ့ကို ဂုဏ်ပြုသင့်လို့ ကျွန်တော်တို့ ထောက်ခံလမ်းလျှောက်ခဲ့ကြတာပါ”ဟု အမျိုးသားဗုဒ္ဓဘာသာအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းထောက်ခံလမ်းလျှောက်ပွဲအား မွန်းတည့် ၁၂ နာရီအချိန်တွင် စတင်ကာ ရာဇသင်္ကြန်ရပ်ကွက်ရှိ
ဆုတောင်းပြည့်ဘုရားတွင် မွန်းလွဲ ၂ နာရီထိ ၀တ်ပြုဆုတောင်းခဲ့ကြကြောင်းသိရသည်။
အဆိုပါ ထောက်ခံလမ်းလျှောက်ပွဲမှာ တရားဝင်ခွင့်ပြုမိန့် ရရှိခဲ့ပြီး မြို့နယ်ရှိ လူပေါင်း ၅၀၀ ကျော်ခန့် လာရောက်ခဲ့ကြကြောင်း သိရသည်။
နိုင်ငံတော်သာသနာနေ့ ထောက်ခံမှု လမ်းလျှောက်ပွဲကို ဒလမြို့နယ်ရှိ အမျိုးသားဗုဒ္ဓဘာသာ အစည်းအရုံး၊ ဘာသာရေးအသင်းအဖွဲ့ များ၊
ရပ်ကွက်ဆွမ်းလောင်းအသင်းများ၊ သာရေး နာရေးအသင်းအဖွဲ့များ ပါဝင်ခဲ့ကြသည်။ရန်နိုင်၊ စိုင်းလမင်း
— 
Popular
 
၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ကို ထောက်ခံမှုအဖြစ် ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်မှ ရာဇာသင်္ကြန်ရပ်ကွက်အတိ လူပေါင်း ၁၀၀ ကျော်မှ ထောက်ခံလမ်းလျှောက်ခဲ့ကြကြောင်းဒလမြို့ခံတစ်ဦးကပြောသည်။ “ရပ်ကွက်ပေါင်းစုံမှာရှိတဲ့ ဓမ္မာရုံက လူတွေ ဒီလမ်းလျှောက်ပွဲမှာ ပါခဲ့ကြတယ်။ဒီနေ့ကို ဂုဏ်ပြုသင့်လို့ ကျွန်တော်တို့ ထောက်ခံလမ်းလျှောက်ခဲ့ကြတာပါ”ဟု အမျိုးသားဗုဒ္ဓဘာသာအစည်းအရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယင်းထောက်ခံလမ်းလျှောက်ပွဲအား မွန်းတည့် ၁၂ နာရီအချိန်တွင် စတင်ကာ ရာဇသင်္ကြန်ရပ်ကွက်ရှိဆုတောင်းပြည့်ဘုရားတွင် မွန်းလွဲ ၂ နာရီထိ ၀တ်ပြုဆုတောင်းခဲ့ကြကြောင်းသိရသည်။ အဆိုပါ ထောက်ခံလမ်းလျှောက်ပွဲမှာ တရားဝင်ခွင့်ပြုမိန့် ရရှိခဲ့ပြီး မြို့နယ်ရှိ လူပေါင်း ၅၀၀ ကျော်ခန့် လာရောက်ခဲ့ကြကြောင်း သိရသည်။ နိုင်ငံတော်သာသနာနေ့ ထောက်ခံမှု လမ်းလျှောက်ပွဲကို ဒလမြို့နယ်ရှိ အမျိုးသားဗုဒ္ဓဘာသာ အစည်းအရုံး၊ ဘာသာရေးအသင်းအဖွဲ့ များ၊ ရပ်ကွက်ဆွမ်းလောင်းအသင်းများ၊ သာရေး နာရေးအသင်းအဖွဲ့များ ပါဝင်ခဲ့ကြသည်။
 
Popular

0 comments:

Post a Comment