2.5.16

Black List ရေးသွင်းထားသူများနှင့် ပြည်ဝင်ဗီဇာကိစ္စရပ်များအား ဖြေလျှော့ဆောင်ရွက်ခြင်း အပါအ၀င် လုပ်ငန်းစဉ်ခြောက်ရပ်ကို ရက် ၁၀၀ သစ္စာစီမံချက်ဖြင့် ဆောင်ရွက်နေ

အမည်မည်းစာရင်း ရေးသွင်းထားသူများနှင့် ပြည်ဝင်ဗီဇာကိစ္စရပ်များအား ဖြေလျှော့ဆောင်ရွက်ခြင်း အပါအ၀င် လုပ်ငန်းစဉ်ခြောက်ရပ်ကို ရက် ၁၀၀ သစ္စာစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာများနှင့် ပတ်သက်ပြီး သစ္စာစီမံချက်ဖြင့် ရွှေ့ပြောင်းနေထိုင်သူများနှင့် အလုပ် သမားများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်တစ်မျိုးမျိုး ထုတ်ပေးရေး ဆောင်ရွက်ခြင်း၊ အခြေခံ ပညာကျောင်းများတွင် အသက် ၁၀ နှစ်ပြည့် ကျောင်းသားကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြား သို့မဟုတ် ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်တစ်မျိုးမျိုး ထုတ်ပေးရေးဆောင်ရွက်ခြင်း၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ သက်ဆိုင်သော ကတ်ပြားတစ် မျိုးမျိုး စိစစ်ထုတ်ပေးရေး ဆောင်ရွက်ခြင်း၊ အမည်မည်းစာရင်း ရေးသွင်းထားသူများအား ဖြေလျှော့ဆောင်ရွက်ခြင်း၊ ပြည်ဝင်ဗီဇာကိစ္စရပ်များအား ဖြေလျှော့ဆောင်ရွက်ခြင်းနှင့် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှရရှိသည့် ဘာသာရေးဆိုင် ရာအချက်အလက်များထုတ်ပြန်ခြင်း စသည် လုပ်ငန်းစဉ်ခြောက်ရပ်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဧပြီ ၂၉ ရက်က နေပြည်တော်၌ကျင်းပသည့် ရက် ၁၀၀ သစ္စာစီမံချက်နှင့် သက်ဆိုင်သည့် ရှင်းလင်း ဆွေးနွေးပွဲတွင် ပြောကြားသည်။

အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က "အမည်မည်းစာရင်းကိစ္စကတော့ ကျွန်တော်တို့က သူသတ်မှတ်တဲ့ လုပ်ထုံးလုပ်နည်း ဥပဒေအရ အမျိုးမျိုးရှိ တယ်။ ပထမတစ်ခုကတော့ ဒီနိုင်ငံတကာ အင်တာပိုအဖွဲ့ကနေပြီးတော့ ပြစ်မှုအရ၊ ကမ္ဘာသူကမ္ဘာသားတွေကို အသက်အန္တရယ် ပေးလောက်အောင် ခြိမ်းခြောက်မှုအရ အင်တာပိုကနေပြီးတော့ သွင်းထားတဲ့အမည်မည်းစာရင်းတွေ ရှိတယ်။ အဲဒါက နိုင်ငံတကာကို ပို့လိုက်တယ်။ ကျွန်တော်တို့ကလည်း အင်တာပိုနဲ့ ဒီလိုဆက်စပ်ပြီး ဆောင်ရွက်နေတဲ့ နိုင်ငံဖြစ်တဲ့အတွက် ကျွန်တော်တို့ဆီလည်း  ပို့တယ်။ အဲဒါ ကျွန်တော်တို့က အဲဒီ အင်တာပိုကပို့တဲ့ စာရင်းတွေမှန်သမျှ အန္တရာယ်ရှိတဲ့ စာရင်းတွေကို အမည်မည်းစာရင်း သွင်းတယ်။ အမည်မည်းစာရင်းမှာပါတဲ့လူက ခန့်မှန်းခြေ အားဖြင့်တော့ ၈၀၀၀ ပတ်ဝန်းကျင်လောက်တော့ ရှိတယ်” ဟု မေ ၁ရက်က ပြောကြားသည်။

၎င်းအမည်မည်းစာရင်းတွင် ပါဝင်သူ ၈၀၀၀ ၀န်းကျင်အနက် ၄၀၀၀ ခန့်သည် ပတ်စ်ပို့စာအုပ် ပျောက်ဆုံးခြင်းများ၊ ပျက်စီးခြင်းများ၊ ခိုးယူခံရခြင်းများရှိသဖြင့် ပတ်စ်ပို့စာအုပ် အတုအပပြုလုပ်၍သော်လည်းကောင်း၊ တစ်စုံတစ်ယောက်က ခိုးယူသုံးစွဲခြင်းဖြင့် သော်လည်းကောင်း ပြည်တွင်းသို့ ၀င်ရောက်လာမည့် အခြေအနေကို စိုးရိမ်သောကြောင့်  အမည်မည်းစာရင်း သွင်းထားရခြင်းဖြစ်သည်ဟု ဦးမြင့်ကြိုင်က ဆိုသည်။

ရက် ၁၀၀ စီမံချက်နှင့် ပတ်သက်ပြီး ဦးမြင့်ကြိုင်က "အဓိကကတော့ ရက် ၁၀၀ စီမံ ချက်နဲ့ လုပ်တယ်ဆိုတာ ဒီပြည်သူလူထု အမှန်တကယ် အခက်အခဲရှိနေတဲ့ဟာတွေကို ကျွန်တော်တို့ ထိထိရောက်ရောက် လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေနဲ့အညီ ဖြေလျှော့တာဖြစ်ပါတယ်”ဟု ရှင်းပြသည်။
Credit To >>> Eleven Media Group 

0 comments:

Post a Comment