2.5.16

အခွန်ဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များ ရှင်းလင်းဆွေးနွေး


ရှမ်းပြည်နယ်တောင်ပိုင်း မိုးနဲမြို့နယ် မြို့နယ်အခွန်ဦးစီးဌာနအစီအစဉ်ဖြင့် 
၂ဝ၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေဆိုင်ရာ ပြင်ဆင်ပြောင်းလဲမှုများနှင့် အထူးကုန်စည်ခွန်ဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များ ရှင်းလင်းဆွေးနွေးပွဲ ကို ဧပြီ ၂၈ ရက် နံနက် ၉ နာရီက မိုးနဲမြို့ ကမ္ဘောဇခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်နန်းမိုခမ်းက အခွန်ဥပဒေဆိုင်ရာနှင့် အထူးကုန်စည်ခွန်ဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများ၏ သိရှိလိုသောအချက်များအား ပြန်လည်ဆွေးနွေးပေးခဲ့ကြသည်။
Credit To >>> The Mirror Daily 

0 comments:

Post a Comment